လက်ရှိအသက်ထက် သင့်ကို ပိုပြီးရုပ်ရင့်သွားစေနိုင်တဲ့ ဆံပင်ပြင်ဆင်မှု အမှားများ

0
920

မိန်းကလေးအများစုအတွက် ဆံပင်စတိုင်က အင်မတန်အရေးကြီးလှပါတယ်။ ဆံပင်ကို သေချာသပ်သပ်ရပ်ရပ် ဖြီးလိမ်းပြင်ဆင်ထားခြင်းက လူတစ်ယောက်ရဲ့ မျက်နှာအင်္ဂါအစိတ်အပိုင်းတွေကို ပိုပေါ်လွင်စေကာ အပြစ်အနာအဆာတွေကိုလည်း ဖုံးလွှမ်းသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့မလိုက်ဖက်တဲ့ ဆံပင်ပုံစံ သို့မဟုတ် ဆံပင်အရောင်တွေကို ရွေးချယ်မိခြင်းက သူ့ရဲ့အသွင်အပြင်ကို ကြည့်ရဆိုးသွားစေနိုင်လို့ အထူးသတိထားရပါမယ်။

ဒါကြောင့် လူတစ်ယောက်ကို လက်ရှိအသက်ထက် ပိုပြီးကြီးတယ်လို့ ထင်သွားစေနိုင်လောက်မယ့် ဆံကေသာဆိုင်ရာ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမှားသိတော့ အမှန်ပြင်နိုင်ဖို့အတွက် သိထားသင့်တဲ့ အချက်လေးတွေလည်းပါလို့ အားလုံးအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

၁။ ဆံပင်အရောင်တအားမဲနက်ခြင်း

ဦးစွာအနေနဲ့ နက်မှောင်တဲ့အရောင်တွေက ဆံပင်အမြစ်တွေကို ဖုံးလွှမ်းသွားစေနိုင်တာပါတယ်။ ဒုတိယအချက်အနေနဲ့ ကိုယ့်အသားအရေက ဖြူဥနေတယ်ဆိုရင် အသားအရေရဲ့ အပြစ်အနာအဆာတွေကို ဆံပင်အမည်းရောင်က ပိုပြီးပေါ်လွင်သွားစေပါလိမ့်မယ်။ ဒါကြောင့် ဆံပင်အရောင်ကို ခပ်ဖျော့ဖျော့လေးဆိုးပေးပြီး Highlight တောက်တောက်လေးတွေ ဆိုးပေးလိုက်ခြင်းက ဆံပင်ကိုပိုပြီးထူသလိုဖြစ်စေကာ ငယ်ရွယ်တဲ့အသွင်ကို ဖြစ်စေနိုင်ပါတယ်။

၂။ အရမ်းဖျော့တဲ့ Blonde အရောင်ဆိုးခြင်း

အသားနည်းနည်းလေးညိုရောင်သမ်းတဲ့ မိန်းကလေးတွေဟာ အရမ်းဖျော့တဲ့ဆံပင်အဖြူရောင်ဆိုးပေးလို့မရပါဘူး။ လူကဖြူဖပ်ဖြူရော်ဖြစ်သွားစေနိုင်ပြီး မျက်နှာရဲ့အပြစ်အနာအဆာတွေလည်း ပိုပြီးပေါ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဆိုးချင်တယ်ဆိုရင် ပျားရည်၊ Caramel သို့မဟုတ် Wheat အရောင်လေးတွေ ရွေးပြီးဆိုးပါ။

၃။ ဆံပင်ကို မာတောင့်တောင့်ပုံစံသွင်းခြင်း

တစ်ချို့လူတွေက ဆံပင်ပြင်တဲ့အခါမှာ သပ်သပ်ရပ်ရပ်ရှိစေဖို့ဆိုပြီး ဆံပင်ဖြန်းဆေးတွေမတရားသုံးလို့ ဆံပင်က တောင့်တောင့်ကြီးဖြစ်ကာ မလှုပ်တော့ပါဘူး။ ဒီလိုဆံပင်ပုံစံတွေက ဒိတ်အောက်သွားပါပြီ။ ဒါကြောင့် ဒီလိုမျိုးဆံပင်ဖြန်းဆေးတွေကို အများကြီးမသုံးပါနဲ့။

၄။ ဆံပင်အကုန်လုံးကို အနောက်သို့ပို့ထားခြင်း

နဖူးပေါ်ဆံပင်လုံးဝချမထားဘဲ အကုန်လုံးကို အနောက်ပို့ထားခြင်းက အသားအရေရဲ့ အပြစ်အနာအဆာ အကုန်လုံးကို လှစ်ဟထားသလိုဖြစ်သွားစေလို့ အသက်ကြီးတဲ့ပုံပိုပေါ်စေပါတယ်။ ဒါကြောင့် အရှေ့ကိုဆံပင်လေးနည်းနည်းချပေးထားလိုက်ပါ။

၅။ အလယ်ခွဲခြင်း

ဆံပင်ကို အလယ်ခွဲမယ့်အစား ဘေးခွဲပြီး ဆံပင်ချထားခြင်းက မျက်နှာအချိုးအစားကို ဟန်ချက်ညီစေကာ ဆံပင်ကိုလည်း ပိုပြီး အုံထူတဲ့အသွင်ပိုပေါက်စေမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က ဆံပင်ပုံပြောင်းပြီး ညှပ်တော့မယ်၊ ပြင်တော့မယ်ဆိုရင် ဘယ်လိုမျိုးပြင်သင့်လဲ၊ ဘယ်လိုပုံစံမျိုးကိုရွေးချယ်ရမလဲဆိုတာကို သေချာစဥ်းစားကြပါလို့ အကြံပေးလိုက်ရပါတယ်။

Lifestyle_Myanmar

Thinzar

Source-brightside.

Zawgyi

လက္ရွိအသက္ထက္ သင့္ကို ပိုၿပီး႐ုပ္ရင့္သြားေစႏိုင္တဲ့ ဆံပင္ျပင္ဆင္မႈ အမွားမ်ား

မိန္းကေလးအမ်ားစုအတြက္ ဆံပင္စတိုင္က အင္မတန္အေရးႀကီးလွပါတယ္။ ဆံပင္ကို ေသခ်ာသပ္သပ္ရပ္ရပ္ ၿဖီးလိမ္းျပင္ဆင္ထားျခင္းက လူတစ္ေယာက္ရဲ႕ မ်က္ႏွာအဂၤါအစိတ္အပိုင္းေတြကို ပိုေပၚလြင္ေစကာ အျပစ္အနာအဆာေတြကိုလည္း ဖုံးလႊမ္းသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္နဲ႔မလိုက္ဖက္တဲ့ ဆံပင္ပုံစံ သို႔မဟုတ္ ဆံပင္အေရာင္ေတြကို ေ႐ြးခ်ယ္မိျခင္းက သူ႔ရဲ႕အသြင္အျပင္ကို ၾကည့္ရဆိုးသြားေစႏိုင္လို႔ အထူးသတိထားရပါမယ္။

ဒါေၾကာင့္ လူတစ္ေယာက္ကို လက္ရွိအသက္ထက္ ပိုၿပီးႀကီးတယ္လို႔ ထင္သြားေစႏိုင္ေလာက္မယ့္ ဆံေကသာဆိုင္ရာ အမွားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ အမွားသိေတာ့ အမွန္ျပင္ႏိုင္ဖို႔အတြက္ သိထားသင့္တဲ့ အခ်က္ေလးေတြလည္းပါလို႔ အားလုံးအတြက္ အသုံးဝင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

၁။ ဆံပင္အေရာင္တအားမဲနက္ျခင္း

ဦးစြာအေနနဲ႔ နက္ေမွာင္တဲ့အေရာင္ေတြက ဆံပင္အျမစ္ေတြကို ဖုံးလႊမ္းသြားေစႏိုင္တာပါတယ္။ ဒုတိယအခ်က္အေနနဲ႔ ကိုယ့္အသားအေရက ျဖဴဥေနတယ္ဆိုရင္ အသားအေရရဲ႕ အျပစ္အနာအဆာေတြကို ဆံပင္အမည္းေရာင္က ပိုၿပီးေပၚလြင္သြားေစပါလိမ့္မယ္။ ဒါေၾကာင့္ ဆံပင္အေရာင္ကို ခပ္ေဖ်ာ့ေဖ်ာ့ေလးဆိုးေပးၿပီး Highlight ေတာက္ေတာက္ေလးေတြ ဆိုးေပးလိုက္ျခင္းက ဆံပင္ကိုပိုၿပီးထူသလိုျဖစ္ေစကာ ငယ္႐ြယ္တဲ့အသြင္ကို ျဖစ္ေစႏိုင္ပါတယ္။

၂။ အရမ္းေဖ်ာ့တဲ့ Blonde အေရာင္ဆိုးျခင္း

အသားနည္းနည္းေလးညိဳေရာင္သမ္းတဲ့ မိန္းကေလးေတြဟာ အရမ္းေဖ်ာ့တဲ့ဆံပင္အျဖဴေရာင္ဆိုးေပးလို႔မရပါဘူး။ လူကျဖဴဖပ္ျဖဴေရာ္ျဖစ္သြားေစႏိုင္ၿပီး မ်က္ႏွာရဲ႕အျပစ္အနာအဆာေတြလည္း ပိုၿပီးေပၚသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဆံပင္ဆိုးခ်င္တယ္ဆိုရင္ ပ်ားရည္၊ Caramel သို႔မဟုတ္ Wheat အေရာင္ေလးေတြ ေ႐ြးၿပီးဆိုးပါ။

၃။ ဆံပင္ကို မာေတာင့္ေတာင့္ပုံစံသြင္းျခင္း

တစ္ခ်ိဳ႕လူေတြက ဆံပင္ျပင္တဲ့အခါမွာ သပ္သပ္ရပ္ရပ္ရွိေစဖို႔ဆိုၿပီး ဆံပင္ျဖန္းေဆးေတြမတရားသုံးလို႔ ဆံပင္က ေတာင့္ေတာင့္ႀကီးျဖစ္ကာ မလႈပ္ေတာ့ပါဘူး။ ဒီလိုဆံပင္ပုံစံေတြက ဒိတ္ေအာက္သြားပါၿပီ။ ဒါေၾကာင့္ ဒီလိုမ်ိဳးဆံပင္ျဖန္းေဆးေတြကို အမ်ားႀကီးမသုံးပါနဲ႔။

၄။ ဆံပင္အကုန္လုံးကို အေနာက္သို႔ပို႔ထားျခင္း

နဖူးေပၚဆံပင္လုံးဝခ်မထားဘဲ အကုန္လုံးကို အေနာက္ပို႔ထားျခင္းက အသားအေရရဲ႕ အျပစ္အနာအဆာ အကုန္လုံးကို လွစ္ဟထားသလိုျဖစ္သြားေစလို႔ အသက္ႀကီးတဲ့ပုံပိုေပၚေစပါတယ္။ ဒါေၾကာင့္ အေရွ႕ကိုဆံပင္ေလးနည္းနည္းခ်ေပးထားလိုက္ပါ။

၅။ အလယ္ခြဲျခင္း

ဆံပင္ကို အလယ္ခြဲမယ့္အစား ေဘးခြဲၿပီး ဆံပင္ခ်ထားျခင္းက မ်က္ႏွာအခ်ိဳးအစားကို ဟန္ခ်က္ညီေစကာ ဆံပင္ကိုလည္း ပိုၿပီး အုံထူတဲ့အသြင္ပိုေပါက္ေစမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုယ္က ဆံပင္ပုံေျပာင္းၿပီး ညႇပ္ေတာ့မယ္၊ ျပင္ေတာ့မယ္ဆိုရင္ ဘယ္လိုမ်ိဳးျပင္သင့္လဲ၊ ဘယ္လိုပုံစံမ်ိဳးကိုေ႐ြးခ်ယ္ရမလဲဆိုတာကို ေသခ်ာစဥ္းစားၾကပါလို႔ အႀကံေပးလိုက္ရပါတယ္။

Lifestyle_Myanmar

Thinzar

Source-brightside.

LEAVE A REPLY

Please enter your comment!
Please enter your name here