Home News လက်နှစ်ဖက်မရှိပေမဲ့ လူကောင်းလိုအဖွားအိုကို ပြုစုစောက်ရှောက်နေတဲ့ အမျိုးသား

လက်နှစ်ဖက်မရှိပေမဲ့ လူကောင်းလိုအဖွားအိုကို ပြုစုစောက်ရှောက်နေတဲ့ အမျိုးသား

0
1
Chen Xinyin
Chen Xinyin

ကိုယ်လက်အင်္ဂါပြည့်စုံတဲ့ လူတစ်ယောက်တောင် ဘဝမှာနေထိုင်ဖို့အတွက် အခက်အခဲတွေ အများကြီး ကြုံဆုံနေရတာ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေတဲ့သူဆိုတော့ သူတို့အခက်အခဲတွေရဲ့ ၂ဆလောက်ကို ရင်ဆိုင်နေရမှာ အသေအချာပါပဲ။ ဒါပေမဲ့ သူတို့က လူကောင်းတွေထက်ကို ပိုပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာကြံခိုင်မှုရှိသလို တစ်ခါတလေမှာ လူကောင်းတွေထက်ကို ပိုပြီး စိတ်ဓာတ်ရော၊ အရည်အချင်းပါ သာလွန်ကြပါတယ်။

ထိုထဲမှာမှ ၉၁နှစ်အရွယ် အဖွားအိုနဲ့ အတူနေထိုင်တဲ့ အသက် ၄၈နှစ်အရွယ်အမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။ Chen Xinyin ဆိုတဲ့ ထိုအမျိုးသားဟာ သူ အသက် ၂၀အရွယ်တုန်းက မတော်တဆ လျှပ်စစ်အန္တရာယ်တစ်ခုကြောင့် လက် ၂ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင်မိဘနှစ်ပါးစလုံးကလည်း ကွယ်လွန်သွားတာကြောင့် Chen အဖို့ ဘဝကို ဘဝရုန်းကန်ဖို့ အတွက် အတ်ောလေး အခက်အခဲရှိနေခဲ့ပါတယ်။

အဲ့ဒီနောက် အဖွားနဲ့ အတူတူနေပြီး အဖွားကို ပြုစုစောက်ရှောက်ခဲ့ပါတယ်။ အချို့သူတွေက သူ့ကို အလုပ်မလုပ်ဘဲ တောင်းရမ်းစားသောက်ဖို့အကြံပြုပေမဲ့ သူကတော့ သူမှာ ခြေနှစ်ဖက်ရှိသေးတယ် ဒီခြေ ၂ဖက်နဲ့ဘဲ သူ့ဘဝကို ရုန်းကန်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းမယ်လို့ ပြောထားပါတယ်။ စားဝတ်နေရေးအတွက် ပြောင်းဖူး အစေ့ချွေတဲ့ အလုပ်ကို လုပ်ကိုင်ပြီး အိမ်တွင်းဝေယျာဝစ္စတွေ၊ အချက်အပြုတ်တွေ အပါအတွင် အဖွားကိုပါ ပြုစုစောက်ရှောက်ရတာတွေအားလုံးက သူ့ရဲ့ တာဝန်တစ်ခုလို ဖြစ်နေခဲ့ပါတယ်။

ဒီလို ဆင်းဆင်းရဲရဲ ဘဝထဲမှာ အသက်ရှင်ပြီး အဖွားအိုကို အလုပ်အကျွေးပြုနေတာ သူ့အတွက်တော့ နှစ်ပေါင်းမနည်းတော့ပါဘူး။ လက်နှစ်ဖက်သာ မရှိပေမဲ့ ဘဝကို အရှုံးမပေးဘဲ ရဲရဲကြီး ရင်ဆိုင်နေတဲ့ သူ့ရဲ့ စိတ်ဓာတ်ကတော့ လေးစားအားကျချင်စရာ အပြုအမူမျိုးပါပဲ။

#Lifestyle_Myanmar

#Thar_Nage

တစ်ကိုယ်တော် စက်ဘီးနဲ့ ခရီးထွက်ပေမဲ့ မထင်မှတ်ဘဲ အဖော်ရသွားတဲ့ အမျိုးသား

Zawgyi fonts




NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here