လက်နှစ်ဖက်မပါပေမဲ့ လက်လုပ်ကစားစရာသေးသေးလေးတွေ လုပ်ပြီး အသက်မွေးတဲ့ ဖိလစ်ပိုင်ကောင်လေး

0
172
Pediboxes
Pediboxes

ခြေလက်အင်္ဂါမစုံဘဲ ဘဝကိုရုန်းကန်ရတဲ့သူတွေဟာ သာမန်လူတွေထက် အဆပေါင်းများစွာ ခက်ခဲလွန်းပါတယ်။ ဘဝက မပြည့်စုံတဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး နေထိုင်စားသောက်ဖို့ဆိုတာ တကယ့်ကို မလွယ်လွန်းတဲ့ ကိစ္စတစ်ရပ်ပါ။ ဒါပေမဲ့ ဒီလို လူတွေထဲမှာ ဘဝကို အရှုံးမပေးဘဲ ဝမ်းစာအတွက် ကြိုးစားရုန်းကန်နေတဲ့သူတွေအများကြီးရှိပါတယ်။

အခုပြောပြမဲ့ သူကတော့ ဖိလစ်ပိုင်နိုင်ငံက လက်မပါတဲ့ ကောင်လေးပဲဖြစ်ပါတယ်။ သူဟာ လက်နှစ်ဖက်စလုံး မပါပေမဲ့ ကစားစရာ လက်လုပ်ကားသေးသေးလေးတွေကို သတ္တုနဲ့ အနုစိတ်ဖန်တီးပြီး ရောင်းချလို့ရတဲ့ဝင်ငွေနဲ့ အသက်မွေးဝမ်းကျောင်းပြုပါတယ်။

သူ့ရဲ့ အကြောင်းကိုတော့ ဖိလစ်ပိုင်ဓာတ်ပုံဆရာ Denniz Futalan ဆိုသူက ဓာတ်ပုံရိုက်ကူးပြီး ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

ထိုလက်နှစ်ဖက်မရှိတဲ့ကောင်လေးဟာ Dumaguete မြို့မှာနေထိုင်ပြီး သူ့ရဲ့ ကစားစရာသေးသေးလေးတွေဟာ အရမ်းကို အနုစိတ်ပြီး စိတ်ရှည်ရှည်နဲ့ ဖန်တီးထားတာဖြစ်တဲ့ကြောင့် လူတွေက အရမ်းကို စိတ်ဝင်စားမှုကိုဖြစ်ပေါ်စေပါတယ်။

လက်မပါဘဲ မွေးဖွားလာပေမဲ့ Hand made ပစ္စည်းတွေ ဖန်တီးတဲ့နေရာမှာ တကယ့်ကို ပရော်ဖက်ရှင်နယ်တစ်ဦးလိုပါပဲ။

သူဖန်တီးထားတဲ့ ကစားစရာလေးတွေကို အသေးစားသုံးဘီးဆိုင်ကယ် ဒါမှမဟုတ် Pediboxes လို့ လူသိများပြီး တစ်ခုကို ၂၆ ဒေါ်လာနဲ့ ရောင်းချပါတယ်။ အရမ်းကို အနုစိတ်ပြီး ပိုမိုကြီးမားတဲ့ ဒီဇိုင်းတွေကို ဖန်တီးပေးရတယ်ဆိုရင် ဒေါ်လာ ၄၀အထိ စျေးရရှိပါတယ်။

Dumaguete မြို့မှာသူ့ရဲ့ လက်ရာဟာ အပြောင်မြောက်ဆုံးအဖြစ် ဒုတိယအဆင့်မှာရှိပြီး နိုင်ငံခြား ခရီးသွားတွေရဲ့ အကြိုက်ဆုံး အမှတ်တရပစ္စည်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Paul တီးတဲ့ စန္ဒယား သံစဉ်တွေနားထောင်ပြီးမျက်ရည်ကျခဲ့ရတဲ့ မျက်မမြင်ဆင်ကြီး

Zawgyi fonts

လက္ႏွစ္ဖက္မပါေပမဲ့ လက္လုပ္ကစားစရာေသးေသးေလးေတြ လုပ္ၿပီး အသက္ေမြးတဲ့ ဖိလစ္ပိုင္ေကာင္ေလး
ေျခလက္အဂၤါမစုံဘဲ ဘဝကို႐ုန္းကန္ရတဲ့သူေတြဟာ သာမန္လူေတြထက္ အဆေပါင္းမ်ားစြာ ခက္ခဲလြန္းပါတယ္။ ဘဝက မျပည့္စုံတဲ့အခါ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၿပီး ေနထိုင္စားေသာက္ဖို႔ဆိုတာ တကယ့္ကို မလြယ္လြန္းတဲ့ ကိစၥတစ္ရပ္ပါ။ ဒါေပမဲ့ ဒီလို လူေတြထဲမွာ ဘဝကို အရွုံးမေပးဘဲ ဝမ္းစာအတြက္ ႀကိဳးစား႐ုန္းကန္ေနတဲ့သူေတြအမ်ားႀကီးရွိပါတယ္။

အခုေျပာျပမဲ့ သူကေတာ့ ဖိလစ္ပိုင္နိုင္ငံက လက္မပါတဲ့ ေကာင္ေလးပဲျဖစ္ပါတယ္။ သူဟာ လက္ႏွစ္ဖက္စလုံး မပါေပမဲ့ ကစားစရာ လက္လုပ္ကားေသးေသးေလးေတြကို သတၱဳနဲ႔ အႏုစိတ္ဖန္တီးၿပီး ေရာင္းခ်လို႔ရတဲ့ဝင္ေငြနဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳပါတယ္။သူ႔ရဲ့ အေၾကာင္းကိုေတာ့ ဖိလစ္ပိုင္ဓာတ္ပုံဆရာ Denniz Futalan ဆိုသူက ဓာတ္ပုံရိုက္ကူးၿပီး ဆိုရွယ္မီဒီယာေပၚမွာ မၽွေဝေပးခဲ့တာျဖစ္ပါတယ္။

ထိုလက္ႏွစ္ဖက္မရွိတဲ့ေကာင္ေလးဟာ Dumaguete ၿမိဳ႕မွာေနထိုင္ၿပီး သူ႔ရဲ့ ကစားစရာေသးေသးေလးေတြဟာ အရမ္းကို အႏုစိတ္ၿပီး စိတ္ရွည္ရွည္နဲ႔ ဖန္တီးထားတာျဖစ္တဲ့ေၾကာင့္ လူေတြက အရမ္းကို စိတ္ဝင္စားမွုကိုျဖစ္ေပၚေစပါတယ္။ လက္မပါဘဲ ေမြးဖြားလာေပမဲ့ Hand made ပစၥည္းေတြ ဖန္တီးတဲ့ေနရာမွာ တကယ့္ကို ပေရာ္ဖက္ရွင္နယ္တစ္ဦးလိုပါပဲ။

သူဖန္တီးထားတဲ့ ကစားစရာေလးေတြကို အေသးစားသုံးဘီးဆိုင္ကယ္ ဒါမွမဟုတ္ Pediboxes လို႔ လူသိမ်ားၿပီး တစ္ခုကို ၂၆ ေဒၚလာနဲ႔ ေရာင္းခ်ပါတယ္။ အရမ္းကို အႏုစိတ္ၿပီး ပိုမိုႀကီးမားတဲ့ ဒီဇိုင္းေတြကို ဖန္တီးေပးရတယ္ဆိုရင္ ေဒၚလာ ၄၀အထိ ေစ်းရရွိပါတယ္။ Dumaguete ၿမိဳ႕မွာသူ႔ရဲ့ လက္ရာဟာ အေျပာင္ေျမာက္ဆုံးအျဖစ္ ဒုတိယအဆင့္မွာရွိၿပီး နိုင္ငံျခား ခရီးသြားေတြရဲ့ အႀကိဳက္ဆုံး အမွတ္တရပစၥည္းတစ္ခုလည္းျဖစ္လာခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here