Home Relationship လက်တွဲဖော်အဖြစ် မရွေးချယ်သင့်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အကျင့်စရိုက် ၁၀ ချက်
လက်တွဲဖော်အဖြစ် မရွေးချယ်သင့်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အကျင့်စရိုက် ၁၀ ချက်
0
1240
၁။ အမြင်ကျဉ်းမြောင်းသူ
သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာတဖတ်သတ်ဖြစ်နေပြီး relationship အတွက် ဂရုစိုက်ခြင်းမရှိတဲ့သူ၊ အမြဲတမ်းပေါ့ပေါ့နေတတ်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် စဉ်းစားတွေးတောခြင်း မရှိတဲ့သူ၊ လိုက်နာရမယ့် အခြေခံစည်းမျဉ်းတွေကို ဂရုမစိုက်တဲ့သူ စတဲ့သူမျိုးကို သင်ရွေးချယ်လိုက်ရင် သင်တို့ရဲ့ relationship ကသိပ်ကြာကြာခံမှာ မဟုတ်ပါဘူး။
၎။ ကတိတွေကို ဖျက်တတ်သူ
၅။ ဆင်ခြေအလွန်ပေးတတ်သူ
၈။ လူလိမ်
၁၀။ ကြမ်းတမ်းသူ
LM_Naung_Naung
Lifestyle_Myanmar
၁။ အမြင်ကျဉ်းမြောင်းသူ
အမြင်ကျဉ်းမြောင်းပြီး အုံပုန်းစိတ်ရှိတဲ့ အမျိုးသားတစ်ယောက်နဲ့ သင့်ဘဝတစ်ခုလုံးစာ လက်တွဲရမယ်ဆိုရင် အိမ်မက်ဆိုးတစ်ခုလိုပါပဲ။ ထိုသူမျိုးကို သင်လက်ထပ်လိုက်ရင် ဘဝတစ်လျှောက်လုံး နောင်တရနေပြီး သူ့ရဲ့အဆိုးမြင်စိတ်ကြောင့် အမြဲတမ်းစိတ်ဒုက္ခရောက်ပါလိမ့်မယ်။
၂။ တိရိစ္ဆာန်တွေကို မုန်းသူ
တိရိစ္ဆာန်တွေကို အကြောင်းပြချက် မည်မည်ရရမရှိပဲ အလိုလျှောက်မုန်းတီးနေတတ်သူတွေဟာ စာနာစိတ်ကင်းမဲ့တဲ့ စိတ်ထားရှိကြပြီး ရက်စက်ကြမ်းကြုတ်တတ်ကြပါတယ်။
ထိုသူမျိုးနဲ့ သင်လက်ထပ်လိုက်ရင်တော့ သူကိုယ်တိုင်တိရိစ္ဆာန်အရိုင်းတစ်ကောင်လို သင့်အပေါ်စာနာစိတ်ကင်းမဲ့နိုင်ပါတယ်။
၃။ Relationship ဟာသူ့အတွက်အဓိပ္ပာယ်မရှိဘူး
သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာတဖတ်သတ်ဖြစ်နေပြီး relationship အတွက် ဂရုစိုက်ခြင်းမရှိတဲ့သူ၊ အမြဲတမ်းပေ့ါပေါ့နေတတ်ပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် စဉ်းစားတွေးတောခြင်း မရှိတဲ့သူ၊ လိုက်နာရမယ့် အခြေခံစည်းမျဉ်းတွေကို ဂရုမစိုက်တဲ့သူ စတဲ့သူမျိုးကို သင်ရွေးချယ်လိုက်ရင် သင်တို့ရဲ့ relationship ကသိပ်ကြာကြာခံမှာ မဟုတ်ပါဘူး။
၄။ ကတိတွေကို ဖျက်တတ်သူ
တချို့အမှားလေးတွေနဲ့ ကတိပျက်မှုတွေကို သင်သည်းခံခွင့်လွှတ်သင့်ပေမယ့် အမြဲတမ်းကတိတွေကို အလေးမထားပဲ အကြိမ်ကြိမ်ကတိဖျက်မှုတွေ ကျူးလွန်နေရင်တော့ သင့်အတွက်မကောင်းပါဘူး။ ကိုယ်ပေးထားတဲ့ ကတိကိုတောင် တည်အောင်မစောင့်ထိန်းနိုင်ပဲ အလွယ်တကူဖောက်ဖျက်ဖို့ ဝန်မလေးတတ်သူဟာ ယောကျ်ားကောင်းတစ်ယောက်
မဟုတ်ပါဘူး။
၅။ ဆင်ခြေအလွန်ပေးတတ်သူ
ဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် ဘယ်တော့မှအမှားကို ဝန်မခံတတ်သလို အမြဲတမ်းဆင်ခြေပေးနေတတ်သူကို သင့်ရဲ့လက်တွဲဖော်အဖြစ် မရွေးချယ်သင့်ပါဘူး။ ထိုအကျင့်စရိုက်ရှိသူဟာ သင့်ကိုလှည့်ဖျားဖို့ အမြဲကြိုးစားနေတတ်ပါတယ်။
၆။ ရန်ဖြစ်ဖို့ စိတ်အားထက်သန်သူ
ထိုသူမျိုးကတော့ သင့်ရဲ့အမြင်တွေနဲ့ အမြဲတမ်းပြောင်းပြန်တွေးတတ်ပြီး ငြင်ခုံခြင်းနဲ့ ရန်ဖြစ်ဖို့စိတ်အားထက်သန်လျှက်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မတူညီတဲ့အမြင်နှစ်ခုကို လေးစားမှုနဲ့ နားလည်လက်ခံပေးဖို့လိုအပ်ပါတယ်။ အမှန်အမှားကိုတော့ အချိန်ယူပြီး ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သင့်ကိုဘယ်တော့မှ အလျှော့မပေးပဲ ရန်ဖြစ်ငြင်းခုန်ရခြင်းကို နှစ်သက်သူဆိုရင်တော့ ဘယ်တော့မှအဆင်ပြေမှာ မဟုတ်ပါဘူး။
၇။ စကားဖြတ်ပြောတတ်လေ့ရှိသူ
သင်ကဘာအကြောင်းကိုပဲပြောပြော အမြဲတမ်းသေသေချာချာနဲ့ ဆုံးအောင်နားမထောင်တတ်ပဲ သူပြောချင်တာတွေကို ဖြတ်ပြီးပြောတတ်တဲ့ စရိုက်ရှိရင်လည်း ကြာရှည်မှာ သင်နဲ့အဆင်ပြေမှာမဟုတ်ပါဘူး။
၈။ လူလိမ်
လိမ်ညာခြင်းဟာ သစ်သားကိုခြစားသလိုပဲ သင်တို့ရဲ့ relationship ကိုတမြေ့မြေ့နဲ့ ဆွေးမြေ့ပျက်စီးစေပါလိမ့်မယ်။ တခါ၊ နှစ်ခါအလိမ်ခံရရင် သည်းခံနိုင်ပေမယ့် အကြိမ်ပေါင်းများစွာအလိမ်ခံရတဲ့အခါ relationship တစ်ခုရဲ့ အရေးအကြီးဆုံးအရာဖြစ်တဲ့ ယုံကြည်မှုကိုပျက်စီးသွားစေပါတယ်။
၉။ မိသားစုကို မုန်းတဲ့သူ
မိသားစုကြောင့် ကျွန်တော်တို့ဘယ်လောက်ပဲ စိတ်ဒုက္ခရောက်ပါစေ၊ မိသားစုကို မုန်းဖို့နဲ့ တစ်ဘဝလုံးအဆက်ဖြတ်လိုက်ဖို့လောက်ထိတော့ ကျွန်တော်တို့လုပ်နိုင်မှာမဟုတ်ပါဘူး။
တကယ်လို့သူက သူရဲ့မိသားစုဟာ သူ့ကိုစိတ်ညစ်စေလို့ မုန်းတီး၍သော်လည်းကောင်း အခြားအားနည်းတဲ့အကြောင်းပြချက်တစ်ခုခုနဲ့ သူ့ရဲ့မိသားစုကို မုန်းတီးသူတစ်ယောက်ဆိုရင်
ဘယ်လိုလူနဲ့ပဲ သူလက်ထပ်ပါစေ အံဝင်ဂွင်ကျဖြစ်မှာ မဟုတ်ပါဘူး။ အိမ်ထောင်တစ်ခုဟာ မိသားစုကနေစတင်ပါတယ်။ မိသားစုကိုမုန်းတဲ့သူတစ်ယောက်ဟာ
ကောင်းမွန်တဲ့မိသားစုတစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
၁၀။ ကြမ်းတမ်းသူ
သင့်အပေါ်မှာ စိတ်ပိုင်း ရုပ်ပိုင်းကြမ်းတမ်းပြီး အကြမ်းဖက်တတ်သူတစ်ယောက်နဲ့ဘယ်တော့မှလက်မတွဲပါနဲ့။ သူတို့ဟာ အကြမ်းဖက်တတ်တဲ့ဗီဇပါတတ်တာကြောင့်
သင်က နောက်မှသူ့ကိုပြောင်းလဲမယ်ဆိုပြီး လက်ထပ်လိုက်ရင်တော့ သင့်ဘဝအတွက်ကြီးမားတဲ့အမှားကြီးကို ကျူးလွန်မိသလို ဖြစ်ပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here