လက္သည္းရွည္ခ်စ္တဲ့ ပ်ိဳေမေတြအတြက္ မိမိလက္သည္းကို အားနည္းခ်က္မရွိေအာင္ထိန္းသိမ္းနည္း

0
427
လက္သည္း ထိန္းသိမ္းနည္း
လက္သည္း ထိန္းသိမ္းနည္း

မိန္းကေလးတိုင္းက လက္သည္းရွည္ထားရတာကို ျမတ္ႏိုးၾကပါတယ္။ ဒါေပမဲ့ မိမိရဲ႕ လက္သည္းက အျခားသူေတြရဲ႕ လက္သည္းေတြလို ၾကည့္မေကာင္းဘဲ အားနည္းခ်က္ေတြရွိေနတဲ့အခါ စိတ္ပ်က္ဝမ္းနည္းဖို႔ေကာင္းပါတယ္။ ဒါ့ေၾကာင့္ လက္သည္းအရွည္ထားခ်င္တဲ့သူေတြ မိမိရဲ႕ လက္သည္းကို အားနည္းခ်က္မရွိေအာင္ ဘယ္လိုျပဳျပင္ထိန္းသိမ္းရမလဲဆိုတဲ့နည္းလမ္းေကာင္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁။ ဗီတာမင္ E


ဗီတာမင္ E သုတ္လိမ္းေပးျခင္းဟာ လက္သည္းအေျခအေနကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါေပမဲ့ သင့္လက္သည္းအေပၚက အလႊာကို အရင္ဦးဆုံး ျခစ္ထုတ္ေပးရပါမယ္။ ဒါဟာ သင့္လက္သည္း ေကာ့ျခင္း၊ ၾကြပ္ဆတ္ျခင္း နဲ႔ လက္သည္းမ်က္ႏွာျပင္ ညီညာမႈမရွိဘဲ အသားမာတက္သလိုျဖစ္ျခင္းစတဲ့ ျပႆနာေတြကို ပိုမိုေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ ေသြးလည္ပတ္မႈစနစ္နဲ႔ လက္သည္းႀကီးထြားႏႈန္းကို ပိုမိုတိုးတက္ေကာင္းမြန္ေစပါတယ္။ ဒါ့ေၾကာင့္သင့္လက္သည္း/ေျခသည္း အေပၚက အလႊာကို အနည္းငယ္ျခစ္ထုတ္ၿပီး ဗီတာမင္ E သုတ္လိမ္းေပးပါ။

၂။ အုန္းဆီ


အုန္းဆီဟာ လက္သည္းနဲ႔ ပတ္သတ္တဲ့ ျပႆနာေတာ္ေတာ္မ်ားမ်ားကို တာဝန္ယူေျဖရွင္ေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အုန္ဆီးထဲမွာ အလြန္ေကာင္းတ့ Antibacterial နဲ႔ Antifungal ဂုဏ္သတၱိေတြ ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ သင့္လက္သည္းပတ္လည္က အေရျပားေနရာတစ္ဝိႈက္ကို အုန္ဆီသုတ္လိမ္းေပးပါ။ သင့္အတြက္ ထူးျခားေကာင္းမြန္တဲ့ ရလဒ္ကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

၃။ ပန္းသီးရွာလကာရည္


ပန္းသီးရွာလကာရည္ဟာ လက္သည္းခြံကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစၿပီး လက္သည္းေကာ့ျခင္းမ်ားအတြက္ အလြန္ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ လက္သည္းႀကီးထြားႏႈန္းကို ပိုမိုတိုးတက္ေကာင္းမြန္ေစပါတယ္။ ျပဳလုပ္နည္းကေတာ့ဖန္ခြက္တစ္ခြက္ထဲ ေရေႏြး ၁ဇြန္းထည့္ၿပီး ရွာလကာရည္ျဖစ္ ေရာစပ္ပါ။ ၿပီးလွ်င္ သင့္လက္သည္းကို ထိုခြက္ထဲမွာ မိနစ္အနည္းငယ္ၾကာေအာင္ စိမ္ထားေပးပါ။ သင့္လက္သည္းေကာင္းမြန္လာတဲ့အထိ ေန႔စဥ္ျပဳလုပ္ႏိုင္ပါတယ္။

၄။ လက္ဖက္ဆီ


လက္ဖက္ဆီမွာ အလြန္အားေကာင္းတဲ့ ပိုးသတ္ေဆးနဲ႔ Antifungal ဓာတ္တို႔ ပါဝင္ပါတယ္။ ဒါ့ေပမဲ့ သူတစ္မ်ိဳးထဲကို လိမ္းရင္ေတာ့ သင့္လက္သည္းအေရာင္ကို ေမွးမိွန္ေစပါတယ္။ ဒါ့ေၾကာင့္ အဆိုပါ လက္ဖက္ဆီ ဇြန္း တစ္ဝက္ကို သံလြင္ဆီ၊ ဗာဒံဆီ၊ အုန္းဆီတစ္ေပါက္ ႏွစ္ေပါက္ေလာက္ ေရာစပ္ၿပီး သင့္လက္သည္းေပၚမွာ သုတ္လိမ္းေပးပါ။

၅။ သံပုရာရည္


သံပုရာရည္မွာ ေကာ္လဂ်င္အားထုတ္လုပ္မႈအရွိန္ကို ျမႇင့္တင္ေပးႏိုင္ၿပီး လက္သည္းကို အားေကာင္းေစတဲ့ ဗီတာမင္ C ဓာတ္ အျပည့္အဝပါဝင္ပါတယ္။ ဒါ့အျပင္ အဆိုပါ သံပုရာရည္မွာ Alpha-hydroxy acid ဓာတ္ပါဝင္တာေၾကာင့္ လက္သည္းပါးျခင္းနဲ႔က်ိဳးလြယ္ျခင္းတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္။ ေရေႏြးထည့္ထားတဲ့ ခြက္တစ္ခြက္ထဲသို႔ သံပုရသီးတစ္လုံးကို တစ္ဝက္ ဝက္ၿပီး အရည္ညႇပ္ထည့္ပါ။ ၿပီးလွ်င္ အဆိုပါ ရည္ထဲသို႔ သင့္လက္ကို ၅-၁၀ မိနစ္ေလာက္ စိမ္ထားေပးလိုက္ပါ။

၆။ သံလြင္ဆီ


သံလြင္ဆီမွာ လက္သည္းအတြက္ လိုအပ္တဲ့ Moisturizing နဲ႔ အျခားအဟာရမ်ားစြာပါဝင္ပါတယ္။ လက္သည္းပ်က္စီးမႈမ်ားကို ထိန္းသိမ္းေပးႏိုင္ၿပီး ဗီတာမင္ E လိုပဲ ႀကီးထြားႏႈန္းကုိလႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ အဆုိပါသံလြင္ဆီကိုအနည္းငယ္ အပူေပးၿပီး သင့္လက္သည္းေနရာတစ္ဝႈိက္မွာ သုတ္လိမ္းၿပီ ႏွိပ္နယ္ေပးပါ။

၇။ ၾကက္ဥအႏွစ္ ပ်ားရည္


ၾကက္ဥအႏွစ္ဟာ လက္သည္းပါးလႊာျခင္းနဲ႔ ၾကြပ္ဆတ္ျခင္းတို႔ကို ကာကြယ္ေပးၿပီး လက္သည္းကို ပိုမိုခိုင္ခံ့ေစပါတယ္။ ဒါ့အျပင္ လက္သည္းမ်က္ႏွာျပင္ အသားမာတက္ျခင္းကို ေခ်ာ့ေမြ႕တဲ့ Moisturizing ဓာတ္ပါဝင္ၿပီး အလြန္ထိေရာက္တဲ့ဗီတာမင္ A နဲ႔ ဖက္တီးအက္ဆစ္တို႔ ပါဝင္ပါတယ္။ ပိုမိုထိေရာက္မႈရွိေအာင္ Antifungal ဓာတ္ရရွိဖို႔အတြက္ ပ်ားရည္ကို ထည့္ၿပီး အသုံးျပဳေပးပါ။ ပ်ားရည္ကို အနည္းငယ္အပူေပးပါ။ ၿပီးလွ်င္အဆုိပါပ်ားရည္ ဇြန္းတစ္ဝက္ခန္႔ နဲ႔ ၾကက္ဥအႏွစ္ကိုေရာစပ္ေပးပါ။ လက္သည္းေနရာ အေရျပားေနရာတစ္ဝိႈက္ကို ၁၅မိနစ္ေလာက္ သုတ္လိမ္းေပးပါ။ ၿပီးမွ ေရျဖင့္ ေသခ်ာစြာ ေဆးေၾကာေပးလိုက္ပါ။

၈။ ႏွမ္းၾကတ္ဆီ


ႏွမ္းၾကတ္ဆီမွာ ဖက္တီးအက္ဆစ္ဓာတ္၊ သတၱဳဓာတ္နဲ႔ လက္သည္းႀကီးထြားႏႈန္းကို ထိထိေရာက္ေရာက္တိုးတက္ေစတဲ့ Antioxidants ဓာတ္တို႔ ျမင့္မားစြာပါဝင္ပါတယ္။ လက္သည္းေနရာတစ္ဝိႈက္ကို အဆိုပါ ႏွမ္းၾကတ္ဆီသုတ္လိမ္းေပးၿပီး ႏွိပ္နယ္ေပးပါ။

၉။ ဗာဒံသီးဆီ


ဗာဒံသီးဆီမွာ ဗီတာမင္ A, B, E တို႔ ပါဝင္ၿပီး လက္သည္းကို ျပဳျပင္ထိန္းသိမ္းေပးႏိုင္တဲ့ Moisturizes ဓာတ္နဲ႔ အသားမာတက္ျခင္းကိုကာကြယ္ၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းေစပါတယ္။ သင့္လက္သည္းနဲ႔ လက္သည္းအေရျပားေနရာတစ္ဝိႈက္မွာ ဗာဒံဆီသုတ္လိမ္းေပးၿပီး ၂-၃မိနစ္ေလာက္ ႏွိပ္နယ္ေပးပါ။

၁၀။ ဂ်ိဳဂ်ိဳးဘားဆီ


အဆိုပါ ဂ်ိဳဂ်ိဳးဘားဆီမွာ လက္သည္းအတြက္ အလြန္အားေကာင္းတဲ့ ဖက္တီးအက္ဆစ္၊ ဗီတာမင္၊ သတၱဳဓာတ္နဲ႔ Antioxidants ဓာတ္တို႔ ပါဝင္ပါတယ္။ အဆိုပါအဆီကို အနည္းငယ္ အပူေပးၿပီး သင့္လက္သည္းနဲ႔ လက္သည္းဝန္းက်င္အေရျပားတစ္ေလွ်ာက္ကို သုတ္လိမ္းၿပီး ၂-၃ မိနစ္ေလာက္ ႏွိပ္နယ္ေပးလိုက္ပါ။

#Lifestyle_Myanmar

#Thar_Nage

အခက္မသင့္ရင္ ေဆး႐ုံတက္ရမဲ့ အဆင့္ရွိတဲ့ အလွအပဆိုင္ရာ လုပ္ထုံးလုပ္နည္းအမွား ၆မ်ိဳး


Unicode

လက်သည်းအရှည်ထားသူတိုင်း မိမိလက်သည်းအတွက် အားနည်းချက်မရှိအောင် သိထားသင့်တဲ့ နည်းလမ်း ၁၀မျိုး
မိန်းကလေးတိုင်းက လက်သည်းရှည်ထားရတာကို မြတ်နိုးကြပါတယ်။ ဒါပေမဲ့ မိမိရဲ့ လက်သည်းက အခြားသူတွေရဲ့ လက်သည်းတွေလို ကြည့်မကောင်းဘဲ အားနည်းချက်တွေရှိနေတဲ့အခါ စိတ်ပျက်ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒါ့ကြောင့် လက်သည်းအရှည်ထားချင်တဲ့သူတွေ မိမိရဲ့ လက်သည်းကို အားနည်းချက်မရှိအောင် ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲဆိုတဲ့နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဗီတာမင် E
ဗီတာမင် E သုတ်လိမ်းပေးခြင်းဟာ လက်သည်းအခြေအနေကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ သင့်လက်သည်းအပေါ်က အလွှာကို အရင်ဦးဆုံး ခြစ်ထုတ်ပေးရပါမယ်။ ဒါဟာ သင့်လက်သည်း ကော့ခြင်း၊ ကြွပ်ဆတ်ခြင်း နဲ့ လက်သည်းမျက်နှာပြင် ညီညာမှုမရှိဘဲ အသားမာတက်သလိုဖြစ်ခြင်းစတဲ့ ပြဿနာတွေကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုစနစ်နဲ့ လက်သည်းကြီးထွားနှုန်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်သင့်လက်သည်း/ခြေသည်း အပေါ်က အလွှာကို အနည်းငယ်ခြစ်ထုတ်ပြီး ဗီတာမင် E သုတ်လိမ်းပေးပါ။

၂။ အုန်းဆီ
အုန်းဆီဟာ လက်သည်းနဲ့ ပတ်သတ်တဲ့ ပြဿနာတော်တော်များများကို တာဝန်ယူဖြေရှင်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အုန်ဆီးထဲမှာ အလွန်ကောင်းတ့ Antibacterial နဲ့ Antifungal ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် သင့်လက်သည်းပတ်လည်က အရေပြားနေရာတစ်ဝှိုက်ကို အုန်ဆီသုတ်လိမ်းပေးပါ။ သင့်အတွက် ထူးခြားကောင်းမွန်တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၃။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ဟာ လက်သည်းခွံကို နူးညံ့ပျော့ပျောင်းစေပြီး လက်သည်းကော့ခြင်းများအတွက် အလွန်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် လက်သည်းကြီးထွားနှုန်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ပြုလုပ်နည်းကတော့ဖန်ခွက်တစ်ခွက်ထဲ ရေနွေး ၁ဇွန်းထည့်ပြီး ရှာလကာရည်ဖြစ် ရောစပ်ပါ။ ပြီးလျှင် သင့်လက်သည်းကို ထိုခွက်ထဲမှာ မိနစ်အနည်းငယ်ကြာအောင် စိမ်ထားပေးပါ။ သင့်လက်သည်းကောင်းမွန်လာတဲ့အထိ နေ့စဉ်ပြုလုပ်နိုင်ပါတယ်။

၄။ လက်ဖက်ဆီ
လက်ဖက်ဆီမှာ အလွန်အားကောင်းတဲ့ ပိုးသတ်ဆေးနဲ့ Antifungal ဓာတ်တို့ ပါဝင်ပါတယ်။ ဒါ့ပေမဲ့ သူတစ်မျိုးထဲကို လိမ်းရင်တော့ သင့်လက်သည်းအရောင်ကို မှေးမှိန်စေပါတယ်။ ဒါ့ကြောင့် အဆိုပါ လက်ဖက်ဆီ ဇွန်း တစ်ဝက်ကို သံလွင်ဆီ၊ ဗာဒံဆီ၊ အုန်းဆီတစ်ပေါက် နှစ်ပေါက်လောက် ရောစပ်ပြီး သင့်လက်သည်းပေါ်မှာ သုတ်လိမ်းပေးပါ။

၅။ သံပုရာရည်
သံပုရာရည်မှာ ကော်လဂျင်အားထုတ်လုပ်မှုအရှိန်ကို မြှင့်တင်ပေးနိုင်ပြီး လက်သည်းကို အားကောင်းစေတဲ့ ဗီတာမင် C ဓာတ် အပြည့်အဝပါဝင်ပါတယ်။ ဒါ့အပြင် အဆိုပါ သံပုရာရည်မှာ Alpha-hydroxy acid ဓာတ်ပါဝင်တာကြောင့် လက်သည်းပါးခြင်းနဲ့ကျိုးလွယ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးထည့်ထားတဲ့ ခွက်တစ်ခွက်ထဲသို့ သံပုရသီးတစ်လုံးကို တစ်ဝက် ဝက်ပြီး အရည်ညှပ်ထည့်ပါ။ ပြီးလျှင် အဆိုပါ ရည်ထဲသို့ သင့်လက်ကို ၅-၁၀ မိနစ်လောက် စိမ်ထားပေးလိုက်ပါ။

၆။ သံလွင်ဆီ
သံလွင်ဆီမှာ လက်သည်းအတွက် လိုအပ်တဲ့ Moisturizing နဲ့ အခြားအဟာရများစွာပါဝင်ပါတယ်။ လက်သည်းပျက်စီးမှုများကို ထိန်းသိမ်းပေးနိုင်ပြီး ဗီတာမင် E လိုပဲ ကြီးထွားနှုန်းကိုလှုံ့ဆော်ပေးနိုင်ပါတယ်။ အဆိုပါသံလွင်ဆီကိုအနည်းငယ် အပူပေးပြီး သင့်လက်သည်းနေရာတစ်ဝှိုက်မှာ သုတ်လိမ်းပြီ နှိပ်နယ်ပေးပါ။

၇။ ကြက်ဥအနှစ် ပျားရည်
ကြက်ဥအနှစ်ဟာ လက်သည်းပါးလွှာခြင်းနဲ့ ကြွပ်ဆတ်ခြင်းတို့ကို ကာကွယ်ပေးပြီး လက်သည်းကို ပိုမိုခိုင်ခံ့စေပါတယ်။ ဒါ့အပြင် လက်သည်းမျက်နှာပြင် အသားမာတက်ခြင်းကို ချော့မွေ့တဲ့ Moisturizing ဓာတ်ပါဝင်ပြီး အလွန်ထိရောက်တဲ့ဗီတာမင် A နဲ့ ဖက်တီးအက်ဆစ်တို့ ပါဝင်ပါတယ်။ ပိုမိုထိရောက်မှုရှိအောင် Antifungal ဓာတ်ရရှိဖို့အတွက် ပျားရည်ကို ထည့်ပြီး အသုံးပြုပေးပါ။ ပျားရည်ကို အနည်းငယ်အပူပေးပါ။ ပြီးလျှင်အဆိုပါပျားရည် ဇွန်းတစ်ဝက်ခန့် နဲ့ ကြက်ဥအနှစ်ကိုရောစပ်ပေးပါ။ လက်သည်းနေရာ အရေပြားနေရာတစ်ဝှိုက်ကို ၁၅မိနစ်လောက် သုတ်လိမ်းပေးပါ။ ပြီးမှ ရေဖြင့် သေချာစွာ ဆေးကြောပေးလိုက်ပါ။

၈။ နှမ်းကြတ်ဆီ
နှမ်းကြတ်ဆီမှာ ဖက်တီးအက်ဆစ်ဓာတ်၊ သတ္တုဓာတ်နဲ့ လက်သည်းကြီးထွားနှုန်းကို ထိထိရောက်ရောက်တိုးတက်စေတဲ့ Antioxidants ဓာတ်တို့ မြင့်မားစွာပါဝင်ပါတယ်။ လက်သည်းနေရာတစ်ဝှိုက်ကို အဆိုပါ နှမ်းကြတ်ဆီသုတ်လိမ်းပေးပြီး နှိပ်နယ်ပေးပါ။

၉။ ဗာဒံသီးဆီ
ဗာဒံသီးဆီမှာ ဗီတာမင် A, B, E တို့ ပါဝင်ပြီး လက်သည်းကို ပြုပြင်ထိန်းသိမ်းပေးနိုင်တဲ့ Moisturizes ဓာတ်နဲ့ အသားမာတက်ခြင်းကိုကာကွယ်ပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။ သင့်လက်သည်းနဲ့ လက်သည်းအရေပြားနေရာတစ်ဝှိုက်မှာ ဗာဒံဆီသုတ်လိမ်းပေးပြီး ၂-၃မိနစ်လောက် နှိပ်နယ်ပေးပါ။

၁၀။ ဂျိုဂျိုးဘားဆီ
အဆိုပါ ဂျိုဂျိုးဘားဆီမှာ လက်သည်းအတွက် အလွန်အားကောင်းတဲ့ ဖက်တီးအက်ဆစ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants ဓာတ်တို့ ပါဝင်ပါတယ်။ အဆိုပါအဆီကို အနည်းငယ် အပူပေးပြီး သင့်လက်သည်းနဲ့ လက်သည်းဝန်းကျင်အရေပြားတစ်လျှောက်ကို သုတ်လိမ်းပြီး ၂-၃ မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here