နည်းလမ်း ၁
နည်းလမ်း ၂
နည်းလမ်း ၃
#Lifestyle_Myanmar
#LM_Nandar
Source-fabiosa
Unicode
လက်သည်းနီဆိုးတဲ့အခါ မြန်မြန်ခြောက်စေမယ့် နည်လမ်း (၃)မျိုး
လက်သည်းနီဆိုးတဲ့အခါ လက်သည်းဆိုးဆေးခြောက်ဖို့ 15 မိနစ်- မိနစ် 20လောက်စောင့်ရပါတယ်။ တစ်ခါတလေမှာ အလျင်လိုတဲ့ ပျိုမေတို့အတွက် ဒီမိနစ် 20လောက်က တော်တော်ကြာတယ်ထင်ရပါတယ်။ ဒါ့ကြောင့် လက်သည်းဆိုးဆေး ခြောက်ဖို့ ထိုင်မစောင့်နိုင်တဲ့သူတွေအတွက်၊ လက်သည်းနီမြန်မြန်ခြောက်စေတဲ့ နည်းလမ်း (၃)မျိုးကို မျှဝေပေးလိုက်ပါတယ်။
နည်းလမ်း ၁
လက်သည်းနီဆိုးပြီးတဲ့အခါ အနည်းငယ်ခြောက်သွားရင် သင့်ရဲ့လက်ကို ရေခဲတုံးထည့်ထားတဲ့ ရေခဲရေထဲမှာ နှစ်လိုက်ပါ။ အအေးက လက်သည်းနီကို တင်းမာလာစေပါလိမ့်မယ်။ အချိန်ကုန်လည်း သက်သာစေပါတယ်။ သင့်ရဲ့လက်ကို ရေထဲမှာ 1မိနစ် 2မိနစ်လောက်ပဲ စိမ်ပေးရပါမယ်။
နည်းလမ်း ၂
ဒုတိယနည်းလမ်းက cold mode ချိန်ထားတဲ့ ဆံပင်လေမှုတ်စက်တစ်ခုဖြစ်ပါတယ်။ ပန်ကာ သို့မဟုတ် လေအေးပေးစက်ကိုလည်း အသုံးပြုလို့ရပါတယ်။ ၂မိနစ်ထဲနဲ့ သင့်လက်သည်းနီကို မြန်မြန်ခြောက်သွေ့ပါလိမ့်မယ်။
နည်းလမ်း ၃
တတိယနည်းလမ်းက လက်သည်းဆိုးဆေးပုလင်းကို မိနစ်အနည်းငယ်လောက် ရေခဲသေတ္တာထဲမှာ ထည့်ထားပေးတာပါ။ လက်သည်းနီအအေးခံခြင်းက ဆိုးတဲ့အခါ ပိုကောင်းပြီး မြန်မြန်ခြောက်စေပါတယ်။ အဓိကအရာက ညီညာအောင် ဆိုးပေးဖို့နဲ့ ခပ်ပါးပါးလေး ဆိုးပေးဖို့ပါပဲ။
#Lifestyle_Myanmar
#LM_Nandar
Source-fabiosa