၂။ အသုံးချမယ့်သူ
၃။ အယူသီးလွန်းသူ
၎။ အလှပြင်လွန်းသူ
လက်ထပ်ဖို့ထိ မဆုံးဖြတ်သင့်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အမူအကျင့် (၁၅) ချက်
၆။ အတင်းပြောတတ်သူ
၁၀။ လိမ်လည်တတ်သူ
၁၁။ အပျင်းကြီးသူ
#LM_Naung_Naung
#Lifestyle_Myanmar
Unicode Version
လက်ထပ်ဖို့ထိ မဆုံးဖြတ်သင့်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အမူအကျင့် (၁၃)ချက်
အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက် အချစ်ဟာအရေးအပါဆုံး အစိတ်အပိုင်းဖြစ်သော်လည်း ဦးနှောက်ကအခန်းကဏ္ဍကိုတော့ မေ့ထားလို့မရပါဘူး။ နှလုံးသားရဲ့ဆန္ဒအတိုင်းရွေးချယ်လိုက်ပေမယ့် ရွေးချယ်မှုမှားယွင်းတဲ့အခါ ဘဝတစ်လျှောက်လုံး ပြဿနာများစွာကို ရင်ဆိုင်ရပါလိမ့်မယ့်။ ဒါကြောင့် သင့်အတွက်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆိုးဝါးတဲ့အကျင့်စရိုက် (၁၃)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ မိမိကိုယ်သာ ဗဟိုပြုသူ
သူမက အမြဲတမ်းဦးစားပေးခံလိုပြီး ကိုယ်သာလျှင်အရေးအကြီးဆုံးလို့ ထင်နေတတ်တာကြောင့် ဘဝတစ်လျှောက်လုံး သင်သည်းခံပြီး ဦးစားပေးနိုင်မယ်ဆိုရင်တော့ ရွေးချယ်ပါ။
၂။ အသုံးချမယ့်သူ
ဒီလိုမိန်းကလေးမျိုးကတော့ စည်းမျဉ်းစည်းကမ်းတွေကို သူကိုယ်တိုင်ချမှတ်နေရတာကို နှစ်သက်တတ်ပါတယ်။ ဒါကြောင့် သူမနှစ်သက်တဲ့အရာတွေ ဖြစ်လာတဲ့အချိန်ထိ ယခုလိုစရိုက်ကို ရပ်တန့်မှာမဟုတ်တဲ့အတွက် သူမဆီကနေ ဝေးဝေးကိုပြေးတာ အကောင်းဆုံးပါပဲ။
၃။ အယူသီးလွန်းသူ
အယူသီးလွန်းပြီး ဘာသာရေးယုံကြည်စိတ်လွန်ကဲတဲ့ မိန်းကလေးတွေဟာ သူတို့မျက်လုံးထဲမှာ ဘယ်လိုကိစ္စမျိုးကိုတွေ့တွေ့ ရှေးထုံးတမ်းစဉ်လာတွေ၊ တရားဓမ္မကျမ်းတွေနဲ့ ကိုးကားတတ်တာကြောင့် စိတ်ညစ်ရပါလိမ့်မယ်။ သူမတို့ဆီမှာ ဟာသဉာဏ်မရှိသလို ဘုရားနဲ့နတ်တွေကသာ ဘဝအတွက်အရေးအကြီးဆုံးတွေလို့ ယူဆကြပါတယ်။
၄။ အလှပြင်လွန်းသူ
ယောကျ်ားလေးတော်တော်များကတော့ အချိန်တိုင်းမျက်နှာကိုသနေပြီး အလှအပကိုပဲ စိတ်ဝင်စားတတ်တဲ့ မိန်းကလေးတွေကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် လှတာတစ်ခုတည်းက အရည်းအချင်းမဟုတ်သလို ကောင်မွန်တဲ့အိမ်ထောင်ရေးတစ်ခု တည်ဆောင်ဖို့အတွက် အဓိကကျတဲ့အချက်တစ်ခုလည်း မဟုတ်ပါဘူး။ အခြားအိမ်မှုကိစ္စတွေ စီးပွားရေးတွေကို စိတ်မဝင်စားပဲ အမြဲတမ်းသနေရုံနဲ့ အဆင်ပြေမှာမဟုတ်တဲ့အတွက် ခပ်လန်းလန်းချစ်သူလေးကို ရထားရင်တောင် သေချာလေ့လာပြီးမှ လက်ထပ်သင့်ပါတယ်။
၅။ အကောင်းဆုံးတွေပဲ လိုချင်တတ်သူ
ဒီလိုမိန်းကလေးတွေကတော့ အကောင်းဆုံးကား၊ အကောင်းဆုံးအိမ်၊ အကောင်းဆုံးအဝတ်အစားတွေကိုပဲ မက်မောတတ်ပါတယ်။ သူမဟာ ဘယ်တော့မှစိတ်ကျေနပ်မှု မပြည့်ဝတတ်သလို အမြဲတမ်းညည်းညူနေတတ်ပါတယ်။
၆။ အတင်းပြောတတ်သူ
သူမကတော့ လူတိုင်းကို အရာရာတိုင်းအတင်းအဖျင်း လိုက်ပြောနေရတာကို နှစ်သက်တတ်ပါတယ်။ ဒါကြောင့် လူတိုင်းအပေါ် အပျက်သဘောမြင်တတ်ပြီး သူမအတင်းပြောတတ်တဲ့အကျင့်က ဘယ်တော့မှရပ်သွားမှာမဟုတ်ပါဘူး။
၇။ မကောင်းတဲ့အရာစွဲနေသူ
တချို့အမျိုးသမီးတွေဟာ အရက်၊ ဆေးလိပ်၊ လောင်းကစား ဒါမှမဟုတ်အစားအသောက် တစ်ခုခုကိုစွဲနေတတ်ပါတယ်။ ဒီလိုမိန်းကလေးတွေနဲ့ ဆိုရင်လည်း အဆင်မပြေနိုင်လောက်ပါဘူး။
၈။ လူတိုင်းကို အကြွေးတင်နေတတ်သူ
ဒီလိုအမျိုးသမီးတွေဟာ အချေးအငှားဝါသနာပါတတ်ကြပြီး လူတိုင်းနဲ့ငွေးရေးကြေးရေးကိစ္စ မကင်းတာကြောင့် သင်စိတ်ရှုပ်ရတတ်ပါတယ်။ သူတို့တွေဟာသင့်ရဲ့လစာကို ကောင်းကောင်းမထိန်းချုပ်သုံးစွဲနိုင်ကြတာကြောင့် သင်မသိပဲငွေချေးတာတွေ၊ အကြွေးတင်နေတာတွေ ဖြစ်လာတဲ့အခါ မိသားစုစီးပွားရေးကို ကောင်းကောင်းထိခိုက်ပါလိမ့်မယ်။
၉။ ရည်းစားရှိပြီး ပရောပရည်လုပ်တတ်သူ
တကယ်လို့ ရည်စားရှိတဲ့ကောင်မလေးတစ်ယောက်က သင့်ကိုပရောပရည်လုပ်တဲ့အခါ သင်ဘယ်လောက်နှစ်သက်သက် လက်ထပ်ဖို့တော့ သေချာစဉ်းစားစေချင်ပါတယ်။ အဆိုပါမိန်းကလေးမျိုးဟာ သင်နဲ့လက်ထပ်ပြီးရင်တောင်မှ အခြားသူတွနဲ့ ပရောပရည်လုပ်တတ်တာကြောင့် ဖြစ်ပါတယ်။
၁၀။ လိမ်လည်တတ်သူ
အရာရာကိုလိမ်ညာတတ်သူ မိန်းကလေးတွေကို လက်ထပ်ဖို့တဲ့ရည်ရွယ်တဲ့အခါ နောင်တချိန်မှာ သင်တို့မိသားစုနဲ့ အခြားသူတွေ ယုံကြည်မှုဆိုင်ရာပြဿနာတွေ ကြုံလာနိုင်တာကို သတိရစေချင်ပါတယ်။
၁၁။ အပျင်းကြီးသူ
ဒီလိုအမျိုးသမီးတွေရဲ့ အခန်းဟာရှုပ်ပွနေတတ်ပြီး သူမကိုယ်သူမ ဘယ်လိုဂရုစိုက်ရမယ်၊ တန်ဖိုးထားရမယ်ဆိုတာကို နားမလည်ပါဘူး။ ဒါကြောင့် သင့်ကိုလည်း ညားပြီးရင်ဂရုစိုက်မှာ မဟုတ်ပဲအပျင်းကြီးတဲ့မိန်းမရလို့ သင်နောင်တရနေပါလိမ့်မယ်။
၁၂။ ၀မ်းနည်းတတ်ပြီး အဆိုးမြင်သူ
သူမဟာအဆက်မပြတ် ၀မ်းနည်းနေတတ်ပြီး လောကကြီးကို မကောင်းတဲ့ဖက်ကမြင်နေတတ်ပါတယ်။ သူမနဲ့လက်ထပ်မယ်ဆိုရင်တော့ သူမကိုအမြဲတမ်းပျော်ရွင်အောင် လုပ်ပေးဖို့ သင်လိုအပ်ပါလိမ့်မယ်။
၁၃။ ကြောက်ရွံ့စိတ်ကြီးသူ
အဆိုပါမိန်းကလေးတွေဟာ သက်တောင့်သက်သာအခြေအနေကနေ ကင်းကွာမှာကို ကြောက်ရွံ့တာကြောင့် ဘယ်အရာကိုမှ မကြိုးစားချင်တော့ပါဘူး။ သူတို့ဟာ ကိုယ်ဝန်ဆောင်ရမှာ လန့်တတ်သလို၊ လူတွေရဲ့ရှေ့မှာ မျက်နှာပြဖို့လည်း ကြောက်တတ်ကြပါတယ်။ ဘယ်လိုမိန်းကလေးပဲဖြစ်ဖြစ် သူတို့ရဲ့အားနည်းချက်တွေကို သင်တတ်နိုင်သလောက်ပြုပြင်ပေးသင့်ပါတယ်။ အရာရာပြီးပြည့်စုံသူဆိုတာမရှိပေမယ့် သင့်ရဲ့ပြုပြင်ပေးမှုကို ငြင်းဆန်ရင်တော့ သင့်အတွက်သိပ်မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ မကောင်းတဲ့စရိုက်တွေဟာ တချို့လူတွေအတွက် လုံးဝခွဲခြားမရတဲ့ ဘဝအစိတ်အပိုင်းတွေ ဖြစ်နေကြလို့ပါပဲ။
#LM_Naung_Naung
Ref-gonnadorightthing
#Lifestyle_Myanmar