အိမ္ေထာင္တစ္ခုတည္ေဆာက္ဖို႔အတြက္ အခ်စ္ဟာအေရးအပါဆံုး အစိတ္အပိုင္းျဖစ္ေသာ္လည္း ဦးေႏွာက္ကအခန္းက႑ကိုေတာ့ ေမ့ထားလို႔မရပါဘူး။ ႏွလံုးသားရဲ႕ဆႏၵအတိုင္းေရြးခ်ယ္လိုက္ေပမယ့္ ေရြးခ်ယ္မႈမွားယြင္းတဲ့အခါ ဘ၀တစ္ေလွ်ာက္လံုး ျပႆနာမ်ားစြာကို ရင္ဆိုင္ရပါလိမ့္မယ့္။ ဒါေၾကာင့္ သင့္အတြက္အေႏွာက္အယွက္ျဖစ္ေစႏိုင္တဲ့ ေယာက်္ားေလးတစ္ေယာက္ရဲ႕ ဆိုး၀ါးတဲ့အက်င့္စ႐ိုက္ (၁၅)ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ သူ႔ရဲ႕အလုပ္ကိုပဲ အာ႐ံုစိုက္တတ္သူ
သင္အိမ္ေထာင္ျပဳၿပီးတဲ့အခါ တာ၀န္ယူမႈေတြဟာ အရမ္းကိုႀကီးလာပါၿပီ။ တကယ္လို႔သာ သင့္ရဲ႕ခင္ပြန္းက သင့္ကိုဂ႐ုမစိုက္ပဲ သူ႔ရဲ႕အလုပ္ကိုသာ အာ႐ံုစိုက္ေနမယ္ဆိုရင္ ဘယ္လိုအရာေတြ ျဖစ္လာလိမ့္မယ္လို႔ သင္ထင္ပါသလဲ?
၂။ ေတာက္တဲ့လိုကပ္ေနတတ္သူ
သင့္ရဲ႕ေဘးနားမွာပဲ ေတာက္တဲ့လိုအျမဲတမ္းကပ္ေနမယ့္ သူမ်ိဳးကိုလည္း ေရွာင္ရွားသင့္ပါတယ္။ လူတိုင္းဟာ personal space လို႔ေခၚတဲ့ ကိုယ္ပိုင္နယ္ပယ္ေလးတစ္ခု ရွိဖို႕လိုအပ္တာေၾကာင့္ အျမဲတမ္းလိုက္ကပ္ေနတတ္ရင္လည္း အဆင္မေျပပါဘူး။
၃။ ၾကမ္းတမ္းၿပီး ႐ိုင္းစိုင္းသူ
သင့္ရဲ႕လက္တြဲေဖာ္က သင့္ကိုေလးစားမႈမထားပဲ ၾကမ္းတမ္းစြာေျပာဆိုဆက္ဆံတတ္သူ၊ ႐ိုင္းစိုင္းတတ္သူတစ္ေယာက္ဆိုရင္ေတာ့ ေစာေစာစီးစီးလမ္းခြဲလိုက္တာ ပိုေကာင္းမယ္လို႔ထင္ပါတယ္။ ၾကာလာတာနဲ႔အမွ် သင့္အတြက္႐ုပ္ပိုင္းစိတ္ပိုင္းဆိုင္ရာ နစ္နာမႈေတြၾကံဳေတြ႕လာႏုိင္ပါလိမ့္မယ္။
၄။ ေဆးလိပ္ေသာက္သူ
သင့္ရဲ႕လက္တြဲေဖာ္က ေဆးလိပ္ကိုအလြန္အကၽြံေသာက္တတ္သူတစ္ေယာက္ဆိုပါက သင္လည္းက်န္းမာေရးထိခိုက္ႏိုင္ပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ ႏွစ္ဦးစလံုးအတြက္ မေကာင္းတဲ့အရာျဖစ္တာေၾကာင့္ ေဆးလိပ္နဲ႔ သင္ ဘယ္ဟာကိုေရြးမလဲလို႔ ေမးလိုက္ပါ။
၅။ အတၱႀကီးသူ
ဒီလိုလူမ်ိဳးေတြကေတာ့ သူတို႔ကိုယ္သူတို႔သာ အရမ္းခ်စ္ၾကသူေတြ ျဖစ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔သာလွ်င္ျပည့္စံုသူေတြလို႔ ထင္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ေတြဟာ သင္နဲ႔အိမ္ေထာင္ျပဳဖို႔အတြက္ မျပည့္စံုတဲ့သူေတြ ျဖစ္ေၾကာင္း သင္ဖက္ကသိေနသင့္ပါတယ္။
၆။ ရန္ၿငိဳးထားတတ္သူ
သင္နဲ႔အဆင္မေျပတဲ့ အခ်ိန္ေတြမွာ ကေတာက္ကဆျဖစ္သမွ်ကို မေမ့တတ္ပဲ အမွတ္ရေနတတ္ရင္ ဒါဟာမေကာင္းတဲ့လကၡဏာပဲ ျဖစ္ပါတယ္။ ရန္ၿငိဳးထားတတ္ျခင္းဟာ ျပႆနာေတြကို ေမြးျမဴျခင္းျဖစ္တာေၾကာင့္ လက္တြဲဖို႔ အဆင္ေျပမွာမဟုတ္ပါဘူး။
၇။ ကတိဖ်က္တတ္သူ
တစ္ခါတစ္ေလ ကတိပ်က္တာဟာ ကိစၥမရွိပါဘူး။ ဒါေပမယ့္ ဒီလိုကတိပ်က္မႈေတြဟာ မၾကာခဏျဖစ္ေနတတ္ၿပီး သင့္စိတ္ခံစားခ်က္ေတြကို အေႏွာက္အယွက္ျဖစ္လာရင္ေတာ့ သိပ္မေကာင္းေတာ့ပါဘူး။
တစ္ကိုယ္ေရက်န္မာေရး နဲ႔ သန္႔ရွင္းေရးအတြက္ မျပဳလုပ္သင့္တဲ့ အမွားေတြ
၈။ ေဖာက္ျပန္တတ္သူ
တကယ္လို႔ သူဟာတစ္ႀကိမ္တစ္ခါေလာက္ ေဖာက္ျပန္တတ္တာနဲ႔ ေနာက္ထပ္ထပ္လုပ္ဖို႔ ၀န္မေလးေတာ့ပါဘူး။ ဒါေၾကာင့္ ဒီလိုေဖာက္ျပန္တတ္သူေတြကို ေရွာင္က်ဥ္ပါ။
၉။ စိတ္သေဘာထား က်ဥ္းေျမာင္းသူ
ယခုလိုေခတ္ကာလမွာ သင္ဘာ၀တ္၀တ္ ဘယ္သြားသြား အျမင္က်ဥ္ေျမာင္းစြာ ပိတ္ပင္တတ္ရင္ သင့္အတြက္အဆင္ေျပမွာ မဟုတ္ပါဘူး။ လူတိုင္းမွာ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ ရွိသင့္ပါတယ္။
၁၀။ မရင့္က်က္၊ မျပတ္သားသူ
မရင့္က်က္ျခင္းဟာ တစ္ခါတစ္ရံမွာ ခ်စ္စရာေကာင္းတယ္လို႔ ထင္ႏိုင္ပါတယ္။ ဒါေပမယ့္ အိမ္ေထာင္ေရးမွာေတာ့ မရင့္က်က္၊ မျပတ္သားျခင္းဟာ ခင္ပြန္းေကာင္းတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြမဟုတ္ပါဘူး။
၁၁။ သင့္တို႔ရဲ႕အခ်စ္ေရးကို ေလးေလးနက္နက္မထားတတ္သူ
သင္တို႔ရဲ႕ ဆက္ဆံေရးကို မေလးမထားပဲေပါ့ပ်က္ပ်က္ ေနတတ္သူနဲ႔ တစ္မိနစ္ေတာင္မွ သင္အတူမေနသင့္ပါဘူး။ ဒါေၾကာင့္ ေစာေစာစီးစီးလမ္းခြဲလိုက္တာ ပိုေကာင္းပါလိမ့္မယ္။
၁၂။ တိရိစာၦန္ေတြကို မုန္းတီးသူ
တိရိစာၦန္ေလးေတြကို မုန္းတီးတဲ့အမ်ိဳးသားေတြဟာ ႏွလံုးသားမရွိတဲ့သူေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ လက္ထပ္ဖို႔အထိ စဥ္းစားတဲ့အခါ ယခုအခ်က္ကိုပါ ထည့္သြင္းစဥ္းစားသင့္ပါတယ္။
၁၃။ သင့္အေပၚပဲ မွီခိုတတ္သူ
သင္လက္ထပ္လိုက္တဲ့ အမ်ိဳးသားဟာ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္မခ်တတ္ပဲ အရာရာသင့္အေပၚမွာပဲ မွီခိုတတ္ျခင္းဟာ သင့္အတြက္ေနာင္တရေစႏိုင္ပါတယ္။ ဒါေၾကာင့္ သူ႕ကိုရဲရင့္လာေအာင္ ႀကိဳးစားပါ။ တကယ္လို႔သူက လက္မခံရင္ေတာ့ လမ္းခြဲလိုက္တာအေကာင္းဆံုးပါပဲ။
၁၄။ ဆင္ေျခေပးတတ္သူ
သင့္ရဲ႕ခင္ပြန္းျဖစ္လာမယ့္သူဟာ အရာရာကိုတာ၀န္ယူလိုစိတ္မရွိပဲ ဆင္ေျခေပးတတ္သူဆိုပါက သင့္အတြက္စိတ္အေႏွာက္အယွက္ အျမဲတမ္းျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ သင္တို႔ရဲ႕အိမ္ေထာင္ေရးမွာေတာ့ မယံုၾကည္မႈေတြ တိုးလာတတ္ပါတယ္။
၁၅။ သင့္ရဲ႕ အျမင္ေတြကို လစ္လ်ဴ႐ႈတတ္သူ
တကယ္လို႔ သင့္ရဲ႕လက္တြဲေဖာ္က သင့္ရဲ႕အေတြး၊ အျမင္ေတြကို ဂ႐ုမစိုက္တတ္ပဲ အျမဲတမ္းဂ႐ုမစိုက္တတ္သူဆိုပါက သူနဲ႔အေ၀းဆံုးမွာေနဖို႔ စတင္စဥ္းစားရေတာ့မယ့္ အခ်ိန္ပါပဲ။
#LM_Naung_Naung
Ref-gottadorightthing
#Lifestyle_Myanmar
Unicode version
လက်ထပ်ဖို့ထိ မဆုံးဖြတ်သင့်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အမူအကျင့် (၁၅) ချက်
အိမ်ထောင်တစ်ခုတည်ဆောက်ဖို့အတွက် အချစ်ဟာအရေးအပါဆုံး အစိတ်အပိုင်းဖြစ်သော်လည်း ဦးနှောက်ကအခန်းကဏ္ဍကိုတော့ မေ့ထားလို့မရပါဘူး။ နှလုံးသားရဲ့ဆန္ဒအတိုင်းရွေးချယ်လိုက်ပေမယ့် ရွေးချယ်မှုမှားယွင်းတဲ့အခါ ဘဝတစ်လျှောက်လုံး ပြဿနာများစွာကို ရင်ဆိုင်ရပါလိမ့်မယ့်။ ဒါကြောင့် သင့်အတွက်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ယောကျ်ားလေးတစ်ယောက်ရဲ့ ဆိုးဝါးတဲ့အကျင့်စရိုက် (၁၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သူ့ရဲ့အလုပ်ကိုပဲ အာရုံစိုက်တတ်သူ
သင်အိမ်ထောင်ပြုပြီးတဲ့အခါ တာဝန်ယူမှုတွေဟာ အရမ်းကိုကြီးလာပါပြီ။ တကယ်လို့သာ သင့်ရဲ့ခင်ပွန်းက သင့်ကိုဂရုမစိုက်ပဲ သူ့ရဲ့အလုပ်ကိုသာ အာရုံစိုက်နေမယ်ဆိုရင် ဘယ်လိုအရာတွေ ဖြစ်လာလိမ့်မယ်လို့ သင်ထင်ပါသလဲ?
၂။ တောက်တဲ့လိုကပ်နေတတ်သူ
သင့်ရဲ့ဘေးနားမှာပဲ တောက်တဲ့လိုအမြဲတမ်းကပ်နေမယ့် သူမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။ လူတိုင်းဟာ personal space လို့ခေါ်တဲ့ ကိုယ်ပိုင်နယ်ပယ်လေးတစ်ခု ရှိဖို့လိုအပ်တာကြောင့် အမြဲတမ်းလိုက်ကပ်နေတတ်ရင်လည်း အဆင်မပြေပါဘူး။
၃။ ကြမ်းတမ်းပြီး ရိုင်းစိုင်းသူ
သင့်ရဲ့လက်တွဲဖော်က သင့်ကိုလေးစားမှုမထားပဲ ကြမ်းတမ်းစွာပြောဆိုဆက်ဆံတတ်သူ၊ ရိုင်းစိုင်းတတ်သူတစ်ယောက်ဆိုရင်တော့ စောစောစီးစီးလမ်းခွဲလိုက်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ကြာလာတာနဲ့အမျှ သင့်အတွက်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေကြုံတွေ့လာနိုင်ပါလိမ့်မယ်။
၄။ ဆေးလိပ်သောက်သူ
သင့်ရဲ့လက်တွဲဖော်က ဆေးလိပ်ကိုအလွန်အကျွံသောက်တတ်သူတစ်ယောက်ဆိုပါက သင်လည်းကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ နှစ်ဦးစလုံးအတွက် မကောင်းတဲ့အရာဖြစ်တာကြောင့် ဆေးလိပ်နဲ့ သင် ဘယ်ဟာကိုရွေးမလဲလို့ မေးလိုက်ပါ။
၅။ အတ္တကြီးသူ
ဒီလိုလူမျိုးတွေကတော့ သူတို့ကိုယ်သူတို့သာ အရမ်းချစ်ကြသူတွေ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သာလျှင်ပြည့်စုံသူတွေလို့ ထင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေဟာ သင်နဲ့အိမ်ထောင်ပြုဖို့အတွက် မပြည့်စုံတဲ့သူတွေ ဖြစ်ကြောင်း သင်ဖက်ကသိနေသင့်ပါတယ်။
၆။ ရန်ငြိုးထားတတ်သူ
သင်နဲ့အဆင်မပြေတဲ့ အချိန်တွေမှာ ကတောက်ကဆဖြစ်သမျှကို မမေ့တတ်ပဲ အမှတ်ရနေတတ်ရင် ဒါဟာမကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။ ရန်ငြိုးထားတတ်ခြင်းဟာ ပြဿနာတွေကို မွေးမြူခြင်းဖြစ်တာကြောင့် လက်တွဲဖို့ အဆင်ပြေမှာမဟုတ်ပါဘူး။
၇။ ကတိဖျက်တတ်သူ
တစ်ခါတစ်လေ ကတိပျက်တာဟာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဒီလိုကတိပျက်မှုတွေဟာ မကြာခဏဖြစ်နေတတ်ပြီး သင့်စိတ်ခံစားချက်တွေကို အနှောက်အယှက်ဖြစ်လာရင်တော့ သိပ်မကောင်းတော့ပါဘူး။။
၈။ ဖောက်ပြန်တတ်သူ
တကယ်လို့ သူဟာတစ်ကြိမ်တစ်ခါလောက် ဖောက်ပြန်တတ်တာနဲ့ နောက်ထပ်ထပ်လုပ်ဖို့ ၀န်မလေးတော့ပါဘူး။ ဒါကြောင့် ဒီလိုဖောက်ပြန်တတ်သူတွေကို ရှောင်ကျဉ်ပါ။
၉။ စိတ်သဘောထား ကျဉ်းမြောင်းသူ
ယခုလိုခေတ်ကာလမှာ သင်ဘာဝတ်ဝတ် ဘယ်သွားသွား အမြင်ကျဉ်မြောင်းစွာ ပိတ်ပင်တတ်ရင် သင့်အတွက်အဆင်ပြေမှာ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိသင့်ပါတယ်။
၁၀။ မရင့်ကျက်၊ မပြတ်သားသူ
မရင့်ကျက်ခြင်းဟာ တစ်ခါတစ်ရံမှာ ချစ်စရာကောင်းတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးမှာတော့ မရင့်ကျက်၊ မပြတ်သားခြင်းဟာ ခင်ပွန်းကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေမဟုတ်ပါဘူး။
၁၁။ သင့်တို့ရဲ့အချစ်ရေးကို လေးလေးနက်နက်မထားတတ်သူ
သင်တို့ရဲ့ ဆက်ဆံရေးကို မလေးမထားပဲပေါ့ပျက်ပျက် နေတတ်သူနဲ့ တစ်မိနစ်တောင်မှ သင်အတူမနေသင့်ပါဘူး။ ဒါကြောင့် စောစောစီးစီးလမ်းခွဲလိုက်တာ ပိုကောင်းပါလိမ့်မယ်။
၁၂။ တိရိစ္ဆာန်တွေကို မုန်းတီးသူ
တိရိစ္ဆာန်လေးတွေကို မုန်းတီးတဲ့အမျိုးသားတွေဟာ နှလုံးသားမရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် လက်ထပ်ဖို့အထိ စဉ်းစားတဲ့အခါ ယခုအချက်ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
၁၃။ သင့်အပေါ်ပဲ မှီခိုတတ်သူ
သင်လက်ထပ်လိုက်တဲ့ အမျိုးသားဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်မချတတ်ပဲ အရာရာသင့်အပေါ်မှာပဲ မှီခိုတတ်ခြင်းဟာ သင့်အတွက်နောင်တရစေနိုင်ပါတယ်။ ဒါကြောင့် သူ့ကိုရဲရင့်လာအောင် ကြိုးစားပါ။ တကယ်လို့သူက လက်မခံရင်တော့ လမ်းခွဲလိုက်တာအကောင်းဆုံးပါပဲ။
၁၄။ ဆင်ခြေပေးတတ်သူ
သင့်ရဲ့ခင်ပွန်းဖြစ်လာမယ့်သူဟာ အရာရာကိုတာဝန်ယူလိုစိတ်မရှိပဲ ဆင်ခြေပေးတတ်သူဆိုပါက သင့်အတွက်စိတ်အနှောက်အယှက် အမြဲတမ်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သင်တို့ရဲ့အိမ်ထောင်ရေးမှာတော့ မယုံကြည်မှုတွေ တိုးလာတတ်ပါတယ်။
၁၅။ သင့်ရဲ့ အမြင်တွေကို လစ်လျူရှုတတ်သူ
တကယ်လို့ သင့်ရဲ့လက်တွဲဖော်က သင့်ရဲ့အတွေး၊ အမြင်တွေကို ဂရုမစိုက်တတ်ပဲ အမြဲတမ်းဂရုမစိုက်တတ်သူဆိုပါက သူနဲ့အဝေးဆုံးမှာနေဖို့ စတင်စဉ်းစားရတော့မယ့် အချိန်ပါပဲ။
#LM_Naung_Naung
Ref-gottadorightthing
#Lifestyle_Myanmar