လက္ထက္ဖို႔ ရက္ပိုင္းအလိုမွ တန္းဖိုးမရွိတဲ့ ဂိမ္းစက္တစ္ခုေၾကာင့္ အသက္ဆုံး႐ႈံးသြားတဲ့ သတိုသားေလာင္း

0
1641
ေသကြဲ ကြဲရတဲ့ခ်စ္သူ
ေသကြဲ ကြဲရတဲ့ခ်စ္သူ

ဘာမွ တန္းဖိုးမရွိတဲ့ အရာေလးတစ္ခုေၾကာင့္ အရမ္းခ်စ္ရတဲ့ သူႏွစ္ဦး ေသကြဲကြဲရတဲ့ ျဖစ္ရပ္ဟာ အရမ္းကို ရင္နာစရာေကာင္းလြန္းလွပါတယ္။ ယခုလည္း အသက္ ၂၂ႏွစ္အရြယ္ Sara Baluch နဲ႔ အသက္ ၂၄ႏွစ္အရြယ္ Mohammad Sharifi တို႔ဟာ ခ်စ္သူေတြျဖစ္ၿပီး Tennessee တကၠသိုလ္မွာ ေက်ာင္းတတ္ေနတဲ့ ေက်ာင္းသားေက်ာင္းသူေတြပဲျဖစ္ပါတယ္။

သူတို႔ဟာ လာမည့္ တနဂၤေႏြေန႔မွာ လက္ထပ္ဖို႔ ဆုံးျဖတ္ထားၾကေပမဲ့ ကံတရားရဲ႕ ရက္စက္မႈေၾကာင့္ Sharifi ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၉ရက္ေန႔မွာပဲ ကားပါကင္ေနရာမွာ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဟာ မေသခင္ရက္ပိုင္းအတြင္းမွာ Facebook Marketplace ကေန သူ႔ရဲ႕ Xbox ဂိမ္းစက္တစ္ခုကို ေဒၚလာ ၂၀၀ ျဖင့္ ေရာင္းခ်ခဲ့တာေၾကာင့္ပဲျဖစ္ပါတယ္။

Sharifi ရဲ႕ အေရာင္းအဝယ္ကို D’Marcus ဆိုသူက ခ်ိတ္ဆက္လာၿပီး Facebook ေပၚမွာ အေရာင္းအဝယ္ျဖစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ေဖေဖာ္ဝါရီလ ၁၉ရက္ေန႔က အေရာင္းအဝယ္လုပ္ဖို႔ D’Marcus ခ်ိန္းဆိုတဲ့ေနရာကို သြားေရာက္ ခဲ့ၾကၿပီး ကားပါကင္ကိုေရာက္တဲ့အခါမွာေတာ့ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရတာျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ဘာမွ ရန္ၿငိဳးရန္စလည္း မရွိတဲ့အတြက္ တရားခံဘက္က ဘာမွ တန္းဖိုးမရွိတဲ့ ဂိမ္းစက္ကိုလိုခ်င္ၿပီး ပိုက္ဆံမေပးခ်င္တာေၾကာင့္ အခုလို လုပ္ခဲ့တာလို႔ ယူဆရပါတယ္။

မေသခင္က Sharifi အတြက္ ေပးဖို႔ စီစဥ္ထားတဲ့ Rolex နာရီေလးေတာင္မေပးလိုက္ရရွာပါဘူး။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္လက္ထပ္ၿပီးတဲ့အခါ Hawaiian ကမ္းေျခကို ဟန္းနီးမြန္း ထြက္ၾကမယ္လို႔အတူတူ ကတိေတြေပးထာခဲ့တာေတြလည္း တစ္ခုမွ အေကာင္အထည္မေဖာ္ခဲ့ရလိုက္ပါဘူး။

Sharifi ေသဆုံးသြားေပမဲ့ သူနဲ႔အတူ မက်င္းပလိုက္ရတဲ့ မဂၤလာပြဲကို အမွတ္တရအေနနဲ႔ Baluch ဟာ သူတို႔မဂၤလာေဆာင္မွာ ဝတ္မဲ့သတို႔သမီးဝတ္စုံ ဂါဝန္အျဖဴေလးကိုဝတ္ၿပီး ခ်စ္သူ Sharifi ရွိရာ သုႆန္ေျမဆီလာေရာက္ခဲ့ပါတယ္။

ႏွစ္ဦးသားေပါင္းဖက္ခံနီးမွ ေသကြဲ ကြဲခဲ့ရတာေၾကာင့္ Baluch တစ္ေယာက္ မခံစားႏိုင္ေအာင္ ယူႀကံဳးမရျဖစ္ခဲ့ရပါတယ္။ ခ်စ္သူရဲ႕ ဓာတ္ပုံေလးကိုၾကည့္ၿပီး မ်က္ရည္က်ေနတဲ့ Baluch ရဲ႕ အျဖစ္ကိုျမင္ရင္ သူဘယ္ေလာက္ေၾကကြဲဝမ္းနည္းၿပီး ခံစားေနရမလဲဆိုတာ ကိုယ္ခ်င္းစားႏိုင္ၾကမွာပါ။

#Lifestyle_Myanmar

#Thar_Nage

အခ်ိန္ ၂မိနစ္ေၾကာင့္ အသက္ေဘးက သီသီေလး လြတ္ေျမာက္ခဲ့သူ

Unicode

လက်ထက်ဖို့ ရက်ပိုင်းအလိုမှ တန်းဖိုးမရှိတဲ့ ဂိမ်းစက်တစ်ခုကြောင့် အသက်ဆုံးရှုံးသွားတဲ့ သတိုသားလောင်း
ဘာမှ တန်းဖိုးမရှိတဲ့ အရာလေးတစ်ခုကြောင့် အရမ်းချစ်ရတဲ့ သူနှစ်ဦး သေကွဲကွဲရတဲ့ ဖြစ်ရပ်ဟာ အရမ်းကို ရင်နာစရာကောင်းလွန်းလှပါတယ်။ ယခုလည်း အသက် ၂၂နှစ်အရွယ် Sara Baluch နဲ့ အသက် ၂၄နှစ်အရွယ် Mohammad Sharifi တို့ဟာ ချစ်သူတွေဖြစ်ပြီး Tennessee တက္ကသိုလ်မှာ ကျောင်းတတ်နေတဲ့ ကျောင်းသားကျောင်းသူတွေပဲဖြစ်ပါတယ်။

သူတို့ဟာ လာမည့် တနင်္ဂနွေနေ့မှာ လက်ထပ်ဖို့ ဆုံးဖြတ်ထားကြပေမဲ့ ကံတရားရဲ့ ရက်စက်မှုကြောင့် Sharifi ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ရက်နေ့မှာပဲ ကားပါကင်နေရာမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ မသေခင်ရက်ပိုင်းအတွင်းမှာ Facebook Marketplace ကနေ သူ့ရဲ့ Xbox ဂိမ်းစက်တစ်ခုကို ဒေါ်လာ ၂၀၀ ဖြင့် ရောင်းချခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

Sharifi ရဲ့ အရောင်းအဝယ်ကို D’Marcus ဆိုသူက ချိတ်ဆက်လာပြီး Facebook ပေါ်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖေဖော်ဝါရီလ ၁၉ရက်နေ့က အရောင်းအဝယ်လုပ်ဖို့ D’Marcus ချိန်းဆိုတဲ့နေရာကို သွားရောက် ခဲ့ကြပြီး ကားပါကင်ကိုရောက်တဲ့အခါမှာတော့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘာမှ ရန်ငြိုးရန်စလည်း မရှိတဲ့အတွက် တရားခံဘက်က ဘာမှ တန်းဖိုးမရှိတဲ့ ဂိမ်းစက်ကိုလိုချင်ပြီး ပိုက်ဆံမပေးချင်တာကြောင့် အခုလို လုပ်ခဲ့တာလို့ ယူဆရပါတယ်။

မသေခင်က Sharifi အတွက် ပေးဖို့ စီစဉ်ထားတဲ့ Rolex နာရီလေးတောင်မပေးလိုက်ရရှာပါဘူး။ ဒါ့အပြင် သူတို့နှစ်ယောက်လက်ထပ်ပြီးတဲ့အခါ Hawaiian ကမ်းခြေကို ဟန်းနီးမွန်း ထွက်ကြမယ်လို့အတူတူ ကတိတွေပေးထာခဲ့တာတွေလည်းတစ်ခုမှ အကောင်အထည်မဖော်ခဲ့ရလိုက်ပါဘူး။

Sharifi သေဆုံးသွားပေမဲ့ သူနဲ့အတူ မကျင်းပလိုက်ရတဲ့ မင်္ဂလာပွဲကို အမှတ်တရအနေနဲ့ Baluch ဟာ သူတို့မင်္ဂလာဆောင်မှာ ဝတ်မဲ့သတို့သမီးဝတ်စုံ ဂါဝန်အဖြူလေးကိုဝတ်ပြီး ချစ်သူ Sharifi ရှိရာ သုဿန်မြေဆီလာရောက်ခဲ့ပါတယ်။

နှစ်ဦးသားပေါင်းဖက်ခံနီးမှ သေကွဲ ကွဲခဲ့ရတာကြောင့် Baluch တစ်ယောက် မခံစားနိုင်အောင် ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ ချစ်သူရဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး မျက်ရည်ကျနေတဲ့ Baluch ရဲ့ အဖြစ်ကိုမြင်ရင် သူဘယ်လောက်ကြေကွဲဝမ်းနည်းပြီး ခံစားနေရမလဲဆိုတာ ကိုယ်ချင်းစားနိုင်ကြမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here