Home Relationship လက်တွဲဖော်ကို နေ့စဉ်နမ်းခြင်းဟာ တကယ်ပဲသင့်ကိုအသက်ရှည်စေသလား
0
162
ကောင်းစေပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
လက်တွဲဖော်ကို နေ့စဉ်နမ်းခြင်းဟာ တကယ်ပဲသင့်ကိုအသက်ရှည်စေသလား
နမ်းခြင်းဟာ အမြဲတမ်းရိုမန်တစ်ဆန်ခြင်း၊ လှပချိုမြိန်ခြင်းနဲ့ ချစ်ခြင်းမေတ္တာခံစားချက်တွေကို ဖော်ပြဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နမ်းခြင်းဟာ လူမှုဆက်ဆံရေးနဲ့ သံယောဇဉ်ကိုဖော်ပြတဲ့အရာအဖြစ် အစောဆုံးပေါ်ပေါက်လာတဲ့ သတ်မှတ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။
သိပ္ပံပညာလေ့လာချက်တွေအရ လက်တွဲဖော်ကို နေ့စဉ်နမ်းခြင်းကြောင့် အသက်ရှည်စေတယ်လို့ ဖော်ပြကြပြီး ဘာကြောင့်ယခုလိုအကျိုးကျေးဇူးတွေ ရတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။
၁။ နမ်းခြင်းဟာ ဓါတ်မတည့်မှုတွေကို ကင်းဝေးစေတယ်
သုတေသနပြုချက်တွေအရ သွေးထဲမှာရှိတဲ့ IgE antibodies တွေကြီးထွားမှုကို နှေးကွေးစေနိုင်ပါတယ်။ ဒီ antibodies တွေဟာ histamine လို့ခေါ်တဲ့ ဓါတ်မတည့်တဲ့အရာတွေနဲ့ထိတွေ့တဲ့အခါ ဒုက္ခပေးတတ်တဲ့အရာတွေကို ထုတ်လွှတ်ပေးပါတယ်။
၂။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်
နမ်းခြင်းဟာ ကော်တီဇောလို့ခေါ်တဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေ ထုတ်လွှတ်မှုကို တိုက်ရိုက်လျှော့ချပေးနိုင်ပြီး စိတ်ဖိစီးမှုကို သက်သာစေဖို့အတွက် ဥပမာတစ်ခုလည်းဖြစ်ပါတယ်။
၃။ နမ်းခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တယ်
မျက်နှာပြင်ကြွက်သားတွေကို အသုံးပြုပြီးနမ်းရတာကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။တနာရီလောက်နမ်းရင်တောင် ကယ်လိုရီ ၁၂၀ လောက်လောင်ကျွမ်းစေပါတယ်။ သင်ဝိတ်ချချင်တာကြောင့် တစ်နေ့ကိုဆယ်နာရီလောက် နမ်းနေဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ အဆီကျချင်ရင်တော့ ချွေးထွက်အောင်ဆော့မှရမှာပါ။
၄။ နမ်းခြင်းကြောင့် အရွယ်တယ်လိမ့်မယ်
နမ်းခြင်းကြောင့် မျက်နှာပြင်ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်ပြီး သင့်ရဲ့မျက်နှာနဲ့လည်ပင်းကို ပိုမိုနုပျိုပြီး အရွယ်တင်စေမှာပါ။
၅။ အဆုတ်ရောဂါကို ကာကွယ်ပေးနိုင်တယ်
နမ်းနေတဲ့အခါ အဆုတ်ကသုံးကြိမ်လောက် ပိုမိုခက်ခဲစွာအလုပ်လုပ်ရပါတယ်။ တစ်မိနစ်ကို အသက်ရှုတာ ၆၀ လောက်လုပ်ရတဲ့အတွက် အဆုတ်ရောဂါဖြစ်မှုကို ကာကွယ်ပေးနိုင်တာပါ
၆။ သွေးဖိအားကိုလျှော့ချပေးနိုင်တယ်
နမ်းခြင်းဟာ ရိုမန်တစ်ဆန်တဲ့ နည်းလမ်းသက်သက်သာမဟုတ်ပဲ သင့်ရဲ့နှလုံးအတွက် ကောင်းစေပါတယ်။ သင်ရဲ့နှလုံးခုန်နှုန်းမှန်မှု၊ ကော်တီဇောပမာဏလျှော့ချမှုစတာတွေကို နမ်းတဲ့အခါ သွေးကြောတွေကားလာခြင်းကနေ ရရှိစေပါတယ်။
၇။ ကြွက်တက်ခြင်းနဲ့ ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်တယ်
နမ်းခြင်းကြောင့် သွေးကြောတွေဖောင်းကားလာပြီး ကြွက်တက်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို သက်သာစေပါတယ်။
၈။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်
လူရဲ့တံထွေးမှာ ဘက်တီးရီးယား ၈၀% လောက်ပါရှိနေပြီး ၂၀%လောက်ကတော့ သင့်အတွက်ထူးခြားစေပါတယ်။ သင်တို့နှစ်ယောက်က ဘက်တီးရီးယားတွေကို ဖလှယ်နေတာကြောင့် ကွဲပြားတဲ့ ရောဂါကူးစက်မှုတွေကို တိုက်ထုတ်နိုင်တဲ့ antibodies တွေကို ပိုမိုဖွံ့ဖြိုးစေပြီး ကိုယ်တွင်းခုခံအားကို
ကောင်းစေပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here