ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါေတြကို ေလ်ာ့ခ်ေပးျခင္း

ၾကက္ဥတစ္လုံးမွာ ျမင့္မားတဲ့ ကိုလက္စထေရာ ပမာဏ ၄၀၀ မီလီဂရမ္ထိပါရွိပါတယ္။ ကိုလက္စထေရာအဆင့္ျမင့္မားလာတဲ့အခါ ႏွလုံးနဲ႔ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါမ်ားကိုျဖစ္ေပၚေစပါတယ္။ ဒါေပမဲ့ ၾကက္ဥမွာ ကိုလက္စထေရာပမာဏျမင့္မားစြာပါဝင္ေပမဲ့ကိုလက္စထေရာအဆင့္ကို ျမႇင့္တင္မေပးပါဘူး။ ဒါ့အျပင္၎က ကိုလက္စထေရာထုတ္လုပ္မႈကို ေႏွးေကြးေအာင္လုပ္ေဆာင္ေပးပါတယ္။ ၾကက္ဥမွာ Omega 3 Fatty အက္ဆစ္ဓာတ္ကလည္း ျမင့္မားစြာပါဝင္တာေၾကာင့္ ၎က ေသြးေၾကာထဲမွာရွိတဲ့ Triglyceride အဆင့္ကိုေလ်ာ့နည္းေစဖို႔ ကူညီေပးပါတယ္။ Triglyceride အဆင့္ပိုမိုျမင့္မာလာလွ်င္ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါေတြကို ပိုမိုျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ ၾကက္ဥစားသုံးျခင္းက ထိုေရာဂါခံစားေနရတဲ့သူေတြအတြက္ ေဝဒနာကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။
ကိုယ္ဝန္ေဆာင္သူမ်ား ေမြးဖြားရလြယ္ကူျခင္း

ၾကက္ဥမွာ လူသိမ်ားတဲ့ ဗီတာမင္ B9 ေဖာလစ္အက္ဆစ္ဓာတ္ ၀.၇ မိုက္ခ႐ိုဂရမ္ပါဝင္ပါတယ္။ အဆိုပါ ေဖာလစ္အက္ဆစ္မရွိလွ်င္ ကေလးမီးဖြာသူအတြက္ မီးမဖြားႏိုင္ျခင္းနဲ႔ ကေလးရဲ႕ ဗဟိုအာ႐ုံေၾကာစနစ္ပ်က္စီးျခင္းကိုျဖစ္ေပၚေစပါတယ္။ အဆိုးဆုံးကေတာ့ ေက်ာ႐ိုးနဲ႔ ဦးေနာက္ပုံမွန္အေျခအေနမရရွိတာမ်ိဳးျဖစ္တတ္ပါတယ္။ ၾကက္က ေဖာလစ္အက္ဆစ္ level ကိုထိန္းေပးႏိုင္တာေၾကာင့္ မီးဖြားသူေတြအတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္ ၾကက္ဥစားေပးျခင္းကအေကာင္းဆုံး ေဆးတစ္လတ္ပဲျဖစ္ပါတယ္။
အိုမင္းျခင္းျဖစ္စဥ္ကို ေႏွးေကြးျခင္း

ဘာလင္ၿမိဳ႕ရဲ႕ ေဆးဘက္ဆိုင္ရာစင္တာတစ္ခုက ေလ့လာမႈအရ ၾကက္ဥကို စားသုံးေပးျခင္းဟာ အိုးမင္ျခင္းျဖစ္စဥ္ကို ေႏွးေကြးေစတဲ့အျပင္ အေရျပားကင္ဆာကိုပါ တာဆီးေပးႏိုင္ေၾကာင္ ဆိုထားပါတယ္။ ေဒါက္တာ Karoline Hesterberg နဲ႔ ပါေမာကၡ Jurgen Lademann ရဲ႕ သုေတသနျပဳလုပ္မႈအရ ၾကက္ဥမွာပါဝင္တဲ့ အဝါေရာင္အႏွစ္ဟာ Carotenoids (antioxidants) ပါဝင္တာေၾကာင့္ အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစပါတယ္။ ၾကက္ဥကို အစိမ္းေသာက္သုံးျခင္းထက္ စနစ္တက်ခ်က္ျပဳတ္စားေသာက္ျခင္းက ပိုၿပီးထိေရာက္မႈရွိပါတယ္။ အပူရွိန္တဲ့ထိေတြ႕တဲ့အခါ ၾကက္ဥမွာပါဝင္တဲ့ Carotenoids ဓာတ္ေတြက အပူရွိန္ေၾကာင့္ပိုၿပီး အာနိသင္ရွိတယ္လို႔ ပါေမာကၡ Lademann က ဆိုပါတယ္။
ကင္ဆာအႏၱရာယ္ကို ေလ်ာ့ခ်ေပးႏိုင္ျခင္း

ရင္သားကင္ဆာသုေတသနေတြရဲ႕ ေလ့လာမႈအရ ၾကက္ဥစားသုံးျခင္းဟာ ဖြံ႕ၿဖိဳးဆဲဆယ္ေက်ာ္သက္မိန္းကေလးေတြအတြက္ ရင္သားကင္ဆာ ၁၈% ေရာဂါကို ေလ်ာ့ခ်ေပးပါတယ္။ ၾကက္ဥမွာ အမိုင္ႏိုအက္ဆစ္၊ သတၱဳဓာတ္နဲ႔ ဗီတာမင္ေတြ ေပါမ်ားစြာပါဝင္တာေၾကာင့္ အမ်ိဳးသမီးေတြရဲ႕ estrogen ေဟာ္မုန္းကိုထိန္းညႇိေပးပါတယ္။
မ်က္ႏွာအေရျပား၊ ဆံပင္နဲ႔ အသည္းအတြက္ေကာင္းမြန္ျခင္း

ၾကက္ဥမွာပါဝင္တဲ့ ဗီတာမင္ B12 နဲ႔ ပ႐ိုတိန္းဓာတ္ဟာ ဆံသားကိုက်န္းမာဖြံ႕ၿဖိဳးေစၿပီး ေတာက္ပတဲ့ အေရျပားကိုရရွိေစပါတယ္။ ၾကက္ဥအႏွစ္မွာပါဝင္တဲ့ ပ႐ိုတိန္းနဲ႔ ဆာလဖာက ဆံပင္ေရာင္မြဲေျခာက္ေျခာက္ျဖစ္ျခင္းနဲ႔ ပ်က္စီးလြယ္ေသာဆံသားမ်ားကို ျပဳျပင္ထိန္းသိမ္းေပးႏိုင္ပါတယ္။ ၾကက္ဥအကာထဲမွာ Lecithin ဓာတ္မ်ားစြာပါဝင္တဲ့အတြက္ အသည္းထိခိုက္မႈကိုကာကြယ္ေပးႏိုင္ပါတယ္။
မ်က္စိက်န္းမာေရးအတြက္ ေကာင္းမြန္ျခင္း

ၾကက္ဥထဲမွာပါဝင္တဲ့ Lutein ဓာတ္၊ ဗီတာမင္A နဲ႔ Zeaxanthin ဟာ အျမင္အာ႐ုံကို သိသိသာသာေကာင္းမြန္ေစၿပီး အလင္းအေမွာက္ကိုလည္း ျပက္သားစြာျမင္ႏိုင္ပါတယ္။ အသက္ႀကီးတဲ့အခ်ိန္မ်ာျဖစ္တတ္တဲ့ မက္ကူလာခိ်ဳ႕ယြင္းပ်က္စီးျခင္း (Macular Degeneration) နဲ႔အတြင္းတိမ္ျဖစ္ျခင္း စတဲ့ျဖစ္ႏိုင္ေျခရွိတဲ့ေရာဂါေတြကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။
ကိုယ္အေလးခ်ိန္ကိုေလ်ာ့ခ်ေပးျခင္း

ကိုယ္အေလးခ်ိန္ျမင့္မားသူေတြအတြက္ ၾကက္ဥကိုစားသုံးျခင္းက ေရြးခ်ယ္မႈမမွားဘူးလို႔ဆိုရပါလိမ့္မယ္။ ၾကက္ဥထဲမွာ ကာဘိုဟိုက္ဒရိတ္ဓာတ္ဟာ ပ႐ိုတန္းထက္ပိုမိုျမင့္မားစြာပါဝင္ပါတယ္။ ေသြးထဲက သၾကားဓာတ္ကိုေလ်ာ့ခ်ေပးၿပီး အစာေခ်ဖ်က္ရလြယ္ကူေစပါတယ္။ဒါ့အျပင္ ၾကက္ဥကိုစားသုံးျခင္းျဖင့္ အဆာခံႏိုင္ၿပီး ဆာေလာင္မြတ္သိပ္ျခင္းကိုလည္း လ်င္ျမန္စြာ႐ုပ္သိမ္းေပးႏိုင္ပါတယ္။
ဦးေႏွာက္နဲ႔ဇီဝျဖစ္စဥ္ကို ထိန္းသိန္းေပးျခင္း

ၾကက္ဥမွာပါဝင္တဲ့ Choline နဲ႔ Fats ဟာ ခႏၶာကိုယ္အတြင္း အမ်ိဳးမ်ိဳးေသာဇီဝျဖစ္စဥ္မ်ားကို ထိန္းသိမ္းေပးၿပီး Choline ဟာ သင့္ဦးႏွာက္နဲ႔အာ႐ုံေၾကာစနစ္ကို ေကာင္မြန္းေအာင္လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ Choline မရွိတဲ့အခါ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ား အခ်ိန္မတိုင္ခင္ေမြးဖြားေပးျခင္း ဒါမွမဟုတ္ မီးမဖြားႏိုင္ျခင္း နဲ႔ ကိုယ္အေလးခ်ိန္မျပည့္ျခင္းစတဲ့ အႏၱရာယ္ေတြႀကံဳေတြ႕ႏိုင္ပါတယ္။
အ႐ိုးကိုသန္မာေစၿပီး ကယ္လစီယမ္အဆင့္ကိုျမင့္မားျခင္း

လူသိမ်ားတဲ့ ဗီတာမင္ D နဲ႔ ကယ္လစီယမ္ဟာ အ႐ိုးနဲ႔ သြားမ်ားကိုက်န္းမာေစဖို႔ အေထာက္အကူျပဳပါတယ္။ Maryland ျပည့္နယ္မွာရွိတဲ့ ဇီဝနည္းပညာမ်ားနဲ႔ပတ္သတ္တဲ့အမ်ိဳးသားစင္တာတစ္ခုရဲ႕ ေလ့လာမႈအရ ကယ္လစီယမ္နဲ႔ ပ႐ိုတိန္းဟာ အ႐ိုးထဲမွာရွိတဲ့ ဇီဝျဖစ္စဥ္မ်ားကိုက်န္းမာေအာင္လုပ္ေဆာင္ေပးႏိုင္တယ္လို႔ဆိုပါတယ္။ ဒါ့ေၾကာင့္ ၾကက္ဥထဲမွာ ဗီတာမင္ D နဲ႔ ပ႐ိုးတိန္းဓာတ္ၾကြယ္ဝစြာပါဝင္ေနတာေၾကာင့္ သင့္ရဲ႕ အ႐ုိးမ်ားကို သန္မာေစပါတယ္။
#Lifestyle_Myanmar
#Thar_Nage
စိတ္ခ်မ္းသာမႈရွိတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတဲ့သူေတြက ကိုယ္အေလးခ်ိန္တိုးပါတယ္တဲ့ ဒါေပမဲ့….
Unicode
လကုန်ခံနီးတိုင်း ကြက်ဥနဲ့ နှစ်ပါးသွားရလို့ စိတ်ကုန်နေပြီလား။ အားမငယ်ပါနဲ့ ကြက်ဥရဲ့ ကောင်းကျိုးက သင့်အတွက် အံ့မခန်းပဲနော်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို လျော့ချပေးခြင်း
ကြက်ဥတစ်လုံးမှာ မြင့်မားတဲ့ ကိုလက်စထရော ပမာဏ ၄၀၀ မီလီဂရမ်ထိပါရှိပါတယ်။ ကိုလက်စထရောအဆင့်မြင့်မားလာတဲ့အခါ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ ကြက်ဥမှာ ကိုလက်စထရောပမာဏမြင့်မားစွာပါဝင်ပေမဲ့ကိုလက်စထရောအဆင့်ကို မြှင့်တင်မပေးပါဘူး။ ဒါ့အပြင်၎င်းက ကိုလက်စထရောထုတ်လုပ်မှုကို နှေးကွေးအောင်လုပ်ဆောင်ပေးပါတယ်။ ကြက်ဥမှာ Omega 3 Fatty အက်ဆစ်ဓာတ်ကလည်း မြင့်မားစွာပါဝင်တာကြောင့် ၎င်းက သွေးကြောထဲမှာရှိတဲ့ Triglyceride အဆင့်ကိုလျော့နည်းစေဖို့ ကူညီပေးပါတယ်။ Triglyceride အဆင့်ပိုမိုမြင့်မာလာလျှင် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ကြက်ဥစားသုံးခြင်းက ထိုရောဂါခံစားနေရတဲ့သူတွေအတွက် ဝေဒနာကိုလျော့ချပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်သူများ မွေးဖွားရလွယ်ကူခြင်း
ကြက်ဥမှာ လူသိများတဲ့ ဗီတာမင် B9 ဖောလစ်အက်ဆစ်ဓာတ် ၀.၇ မိုက်ခရိုဂရမ်ပါဝင်ပါတယ်။ အဆိုပါ ဖောလစ်အက်ဆစ်မရှိလျှင် ကလေးမီးဖွာသူအတွက် မီးမဖွားနိုင်ခြင်းနဲ့ ကလေးရဲ့ ဗဟိုအာရုံကြောစနစ်ပျက်စီးခြင်းကိုဖြစ်ပေါ်စေပါတယ်။ အဆိုးဆုံးကတော့ ကျောရိုးနဲ့ ဦးနောက်ပုံမှန်အခြေအနေမရရှိတာမျိုးဖြစ်တတ်ပါတယ်။ ကြက်က ဖောလစ်အက်ဆစ် level ကိုထိန်းပေးနိုင်တာကြောင့် မီးဖွားသူတွေအတွက် ကိုယ်ဝန်ဆောင်ချိန် ကြက်ဥစားပေးခြင်းကအကောင်းဆုံး ဆေးတစ်လတ်ပဲဖြစ်ပါတယ်။
အိုမင်းခြင်းဖြစ်စဉ်ကို နှေးကွေးခြင်း
ဘာလင်မြို့ရဲ့ ဆေးဘက်ဆိုင်ရာစင်တာတစ်ခုက လေ့လာမှုအရ ကြက်ဥကို စားသုံးပေးခြင်းဟာ အိုးမင်ခြင်းဖြစ်စဉ်ကို နှေးကွေးစေတဲ့အပြင် အရေပြားကင်ဆာကိုပါ တာဆီးပေးနိုင်ကြောင် ဆိုထားပါတယ်။ ဒေါက်တာ Karoline Hesterberg နဲ့ ပါမောက္ခ Jurgen Lademann ရဲ့ သုတေသနပြုလုပ်မှုအရ ကြက်ဥမှာပါဝင်တဲ့ အဝါရောင်အနှစ်ဟာ Carotenoids (antioxidants) ပါဝင်တာကြောင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။ ကြက်ဥကို အစိမ်းသောက်သုံးခြင်းထက် စနစ်တကျချက်ပြုတ်စားသောက်ခြင်းက ပိုပြီးထိရောက်မှုရှိပါတယ်။ အပူရှိန်တဲ့ထိတွေ့တဲ့အခါ ကြက်ဥမှာပါဝင်တဲ့ Carotenoids ဓာတ်တွေက အပူရှိန်ကြောင့်ပိုပြီး အာနိသင်ရှိတယ်လို့ ပါမောက္ခ Lademann က ဆိုပါတယ်။
ကင်ဆာအန္တရာယ်ကို လျော့ချပေးနိုင်ခြင်း
ရင်သားကင်ဆာသုတေသနတွေရဲ့ လေ့လာမှုအရ ကြက်ဥစားသုံးခြင်းဟာ ဖွံ့ဖြိုးဆဲဆယ်ကျော်သက်မိန်းကလေးတွေအတွက် ရင်သားကင်ဆာ ၁၈% ရောဂါကို လျော့ချပေးပါတယ်။ ကြက်ဥမှာ အမိုင်နိုအက်ဆစ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ပေါများစွာပါဝင်တာကြောင့် အမျိုးသမီးတွေရဲ့ estrogen ဟော်မုန်းကိုထိန်းညှိပေးပါတယ်။
မျက်နှာအရေပြား၊ ဆံပင်နဲ့ အသည်းအတွက်ကောင်းမွန်ခြင်း
ကြက်ဥမှာပါဝင်တဲ့ ဗီတာမင် B12 နဲ့ ပရိုတိန်းဓာတ်ဟာ ဆံသားကိုကျန်းမာဖွံ့ဖြိုးစေပြီး တောက်ပတဲ့ အရေပြားကိုရရှိစေပါတယ်။ ကြက်ဥအနှစ်မှာပါဝင်တဲ့ ပရိုတိန်းနဲ့ ဆာလဖာက ဆံပင်ရောင်မွဲခြောက်ခြောက်ဖြစ်ခြင်းနဲ့ ပျက်စီးလွယ်သောဆံသားများကို ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ကြက်ဥအကာထဲမှာ Lecithin ဓာတ်များစွာပါဝင်တဲ့အတွက် အသည်းထိခိုက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။
မျက်စိကျန်းမာရေးအတွက် ကောင်းမွန်ခြင်း
ကြက်ဥထဲမှာပါဝင်တဲ့ Lutein ဓာတ်၊ ဗီတာမင်A နဲ့ Zeaxanthin ဟာ အမြင်အာရုံကို သိသိသာသာကောင်းမွန်စေပြီး အလင်းအမှောက်ကိုလည်း ပြက်သားစွာမြင်နိုင်ပါတယ်။ အသက်ကြီးတဲ့အချိန်မျာဖြစ်တတ်တဲ့ မက်ကူလာချို့ယွင်းပျက်စီးခြင်း (Macular Degeneration) နဲ့အတွင်းတိမ်ဖြစ်ခြင်း စတဲ့ဖြစ်နိုင်ခြေရှိတဲ့ရောဂါတွေကိုလျော့ချပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ကိုလျော့ချပေးခြင်း
ကိုယ်အလေးချိန်မြင့်မားသူတွေအတွက် ကြက်ဥကိုစားသုံးခြင်းက ရွေးချယ်မှုမမှားဘူးလို့ဆိုရပါလိမ့်မယ်။ ကြက်ဥထဲမှာ ကာဘိုဟိုက်ဒရိတ်ဓာတ်ဟာ ပရိုတန်းထက်ပိုမိုမြင့်မားစွာပါဝင်ပါတယ်။ သွေးထဲက သကြားဓာတ်ကိုလျော့ချပေးပြီး အစာချေဖျက်ရလွယ်ကူစေပါတယ်။ဒါ့အပြင် ကြက်ဥကိုစားသုံးခြင်းဖြင့် အဆာခံနိုင်ပြီး ဆာလောင်မွတ်သိပ်ခြင်းကိုလည်း လျင်မြန်စွာရုပ်သိမ်းပေးနိုင်ပါတယ်။
ဦးနှောက်နဲ့ဇီဝဖြစ်စဉ်ကို ထိန်းသိန်းပေးခြင်း
ကြက်ဥမှာပါဝင်တဲ့ Choline နဲ့ Fats ဟာ ခန္ဓာကိုယ်အတွင်း အမျိုးမျိုးသောဇီဝဖြစ်စဉ်များကို ထိန်းသိမ်းပေးပြီး Choline ဟာ သင့်ဦးနှာက်နဲ့အာရုံကြောစနစ်ကို ကောင်မွန်းအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ Choline မရှိတဲ့အခါ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အချိန်မတိုင်ခင်မွေးဖွားပေးခြင်း ဒါမှမဟုတ် မီးမဖွားနိုင်ခြင်း နဲ့ ကိုယ်အလေးချိန်မပြည့်ခြင်းစတဲ့ အန္တရာယ်တွေကြုံတွေ့နိုင်ပါတယ်။
အရိုးကိုသန်မာစေပြီး ကယ်လစီယမ်အဆင့်ကိုမြင့်မားခြင်း
လူသိများတဲ့ ဗီတာမင် D နဲ့ ကယ်လစီယမ်ဟာ အရိုးနဲ့ သွားများကိုကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ Maryland ပြည့်နယ်မှာရှိတဲ့ ဇီဝနည်းပညာများနဲ့ပတ်သတ်တဲ့အမျိုးသားစင်တာတစ်ခုရဲ့ လေ့လာမှုအရ ကယ်လစီယမ်နဲ့ ပရိုတိန်းဟာ အရိုးထဲမှာရှိတဲ့ ဇီဝဖြစ်စဉ်များကိုကျန်းမာအောင်လုပ်ဆောင်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ကြက်ဥထဲမှာ ဗီတာမင် D နဲ့ ပရိုးတိန်းဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သင့်ရဲ့ အရိုးများကို သန်မာစေပါတယ်။