ရှေ့ဟောင်းပစ္စည်းတွေစုဆောင်းပြီး ပြတိုက်ဖွင့်ထားပေမဲ့ ခိုးယူသူတွေကြောင့် ပြတိုက်ပိတ်လိုက်ရတဲ့ ၈၁နှစ်အရွယ်အဖိုးအိုရဲ့အဖြစ်

0
44

ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ လောဘကြီးတဲ့ လူချို့ကြောင့် ရှေ့ဟောင်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့အတူ ပြတိုက်တစ်ခု ဆုံးရှုံးလိုက်ရတာပါ။ ဒီပြတိုက်လေးကို မလေးရှားက အသက် ၈၁နှစ်အရွယ်ရှိ Nordin Ali ဆိုသူ အဖိုးအိုက တည်ထောင်ခဲ့တာဖြစ်ပြီး Rumahku Muziumku လို့ အမည်ပေးခဲ့တာပါ။ ဒီပြတိုက်မှာတော့ ရှေးဟောင်း အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေ အမြောက်အများတွေ့မြင်ရမှာဖြစ်ပြီး အခုအချိန်မှာတော့ လာရောက်ကြည့်ရှု့သူတွေရဲ့ ခိုးယူမှုကြောင့် ပြတိုက်ကို လုံးဝ ပိတ်ပစ်လိုက်ရပါတယ်။

Harian Metro ရဲ့ အဆိုအရ Nordin Ali ဟာ ဒီတန်ဖိုးရှိတဲ့ ရှေ့ဟောင်းပစ္စည်းတွေကို သူ့ဘဝတစ်လျှောက်လုံး ခက်ခက်ခဲခဲ စုဆောင်းခဲ့ရတာဖြစ်ပြီး ခရီးသွားတွေ လေ့လာနိုင်အောင် Kampung Padang Temu မှာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ Nardin Ali နဲ့ သူ့ရဲ့ ဇနီး Maznah ali တို့ဟာ အသက်အရွယ်အရ ၆၀ကျော်လောက် ရောက်သွားတဲ့ အခါမှာတော့ သူတို့ ထူထောင်ထားတဲ့ ဒီပြတိုက်လေးကို သေသေချာချာ မကြပ်မတ်နိုင်တော့ပါဘူး။

ဒီအချက်ကို လောဘကြီးတဲ့ လူအချို့က အခွင့်ကောင်းယူပြီး တဖြည်းဖြည်းနဲ့ ပြတိုက်ထဲက အဖိုးတန်ရှေးဟောင်းပစ္စည်းတွေကို ခိုးယူခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေထဲမှာ – RM 1800 တန်ဖိုးရှိ ကြေးနီ ပန်းကန်လုံး၊ လွန်ခဲ့တဲ့ ၁၀လောက်က ဝယ်ယူခဲ့တဲ့ ရှေးဟောင်းမီးပူ၊ နှစ် ၁၀၀ သက်တမ်းရှိတဲ့ ကြေးနီးရုတ်တုလေး၊ ရှေ့ဟောင်း ဓားမြှောင်၊ နဂါးရုပ်ထုပါဝင်တဲ့ နံ့သာခွက်၊ ရှေးဟောင်းဆွမ်းအုပ်၊ ရှေးခေတ်တရုတ်တွေအသုံးပြုခဲ့တဲ့ သော့၊ ၁၈၀၀ခုနှစ်လောက်က ထုတ်ဝေခဲ့တဲ့ အကြွေစေ့၊ ရှေးဟောင်း ဘဏ်စာအုပ်၊ ရွှေသွား၊ ကြေးနီဗန်း နဲ့အခြားပစ္စည်းတွေ
အမြောက်အများ ပျောက်ဆုံးခဲ့ပါတယ်။

ကြေးနီပန်းကန်လုံးလေးနဲ့ ရှေးဟောင်း မီးပူဆိုရင် ပြီးခဲ့ စတင်ဘာလကမှ ပူပူနွေးနွေး အခိုးခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Nordin Ali တို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ရက်နေ့က ရဲတပ်ဖွဲ့ကို အစီရင်စာတင်ပြီး အဆိုပါ ပြတိုက်အတွင်း ဝင်ရောက်ကြည့်ရှု့ခွင့်ကို ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Nordin ဟာ သူ့အတွက် ပိုက်ဆံဆုံးရှုံးသွားရတာ ခံသာပေမဲ့ အခုလို အချိန်အမြောက်အများပေးပြီး ခက်ခက်ခဲခဲ စုဆောင်းထားတဲ့ ရှေးဟောင်း အဖိုးတန်ပစ္စည်းတွေ ဆုံးရှုံးလိုက်ရတာ အလွန် ဝမ်းနည်းစိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

သူတို့ ဇနီးမောင်နှံဟာ အသက်အရွယ်အရလည်း အရမ်းအိုမင်းလာသူတွေဖြစ်ပြီး သွေးပေါင်ချိန် မမှန်တာတွေ၊ နှလုံးရောဂါတွေ ရှိနေတာကြောင့် မကြာခဏဆိုသလို ဆေးကုသမှုခံယူရပါတယ်။ လောဘကြီးအချောင်လိုချင်တဲ့လူအချို့ကလည်း ဒီလို အချိန်တွေကို အခွင့်ကောင်းယူပြီး အခုလို လုပ်ရပ်မျိုး ကျူးလွန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပြတိုက်လေးကို ၁၉၈၂ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၂ခုနှစ်မှာတော့ ခရီးသွားတွေ ဝင်ရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဒီပြတိုက်လေးရဲ့ သက်တမ်းဟာ ၁၇နှစ်သာ တည်မြဲခဲ့တယ်လို့ ဆိုရမလိုပါပဲ။ ပြတိုက်ကို မပိတ်ပစ်ဘဲ ရေရှည်ဆက်ထားမယ်ဆို ပြတိုက်ထဲမှာ ကျန်ရှိနေသေးတဲ့ ရှေးဟောင်းပစ္စည်းပါ တစ်စစနဲ့ ပျောက်ဆုံးသွားမှာ အမှန်ပါ။ အဆိုပါ ပြတိုက်မှာ ရှေးဟောင်းပစ္စည်း ၂၅၀၀ကျော်တွေ့မြင်နိုင်ပြီး SPM အရည်အချင်းနဲ့ ပြည့်မှီပြတိုက်လေးတစ်ခုပဲဖြစ်ပါတယ်။

ရှေးခေတ်တူရကီတွေရဲ့ နှစ် ၁၅၀၀ လောက်သက်တမ်းရှိတဲ့ အမြှောက်ဆံတွေ၊ ကင်းထောက်မျှော်စင်မှာ တပ်ဆင်ထားတဲ့ နှစ် ၄၀၀ ကျော်သက်တမ်းရှိ မီးအိမ်တွေကအစ အဆိုပါပြတိုက်မှာ ရှိပါတယ်။ Nordin ဟာ သူ့ဘဝတစ်လျှောက်လုံး ဒီပစ္စည်းတွေကို ခက်ခက်ခဲခဲ စုဆောင်းခဲ့ရတာဖြစ်ပြီး ခရီးသွားတွေ ကိုလည်း လွပ်လွပ်လပ်လပ် လေ့လာခွင့်ပေးထားတာပါ။ ဒါပေမဲ့ လူတွေက ဒါကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့အတွက် တကယ့်ကို ဝမ်းနည်းမိတာတော့ အမှန်ပါပဲ။

သူ့ရဲ့ စျာပနအခမ်းအနားမှာ ဖွင့်ဖို့ နှုတ်ဆက်စကား ကြိုတင်သွင်းထားခဲ့တဲ့ အိုင်ယာလန်အမျိုးသား

#Lifestyle_Myanmar

#Thar_Nage

Ref-worldofbuzz

LEAVE A REPLY

Please enter your comment!
Please enter your name here