ရဲဌာနရဲ့ ထောက်လှမ်းရေးခွေးအဖြစ် ရွေးချယ်ခံရတဲ့ ချစ်စရာ ၁ လသားအရွယ်ခွေးလေး

0
9843
လက်ဗရာဒေါ ခွေး

ခွေးချစ်သူတွေမြင်ရုံနဲ့ သဲသဲလှုပ်အချစ်ခံရမဲ့ ပုံစံလေးရှိတဲ့ လက်ဗရာဒေါအမျိုးအစား ခွေးကလေးဟာ နယူးထိုင်းပေမြို့ရဲ့ ရဲဌာနမှာတော့ ထောက်လှမ်းရေး ခွေးအဖြစ် အသုံးကြပါတယ်။

-Advertisement-

နယူးထိုင်ပေမြိုမှာ ၆လအရွယ် ရောက်ပြီဖြစ်တဲ့ လက်ဗရာဒေါ ခွေးတွေကို ရဲဌာနတွေရဲ့ စစ်မှုထမ်းထောက်လှမ်းရေး ခွေးတွေအဖြစ် ရွေးချယ်အသုံးပြုလေ့ရှိတာပါ။

ယခု လက်ဗရာဒေါခွေးလေးကိုတော့ Lucky Star လို့ အမည်ပေးထားပြီး စစ်မှုထမ်းဖို့အတွက် ၁လသားအရွယ်ကတည်းက ရွေးချယ်ခံခဲ့ရတာပါ။

Lucky Star လေးမှာ Schuman, Federica, Eagle, AJ နဲ့ Sunny ဆိုတဲ့ မွေးချင်းမောင်နှမ ၅ယောက်ရှိပါတယ်။

Lucky Star လေး ရဲဌာနကို စရောက်တဲ့ အချိန်မှာပဲ ရဲအရာရှိက သူ့အတွက် အကောင့်သစ်တစ်ခုဖွင့်ပြီး ထိုအကောင့်မှာ ချစ်စရာကောင်းတဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကို တင်ပေးခဲ့ပါတယ်။

ဒါ့ကြောင့် ခွေးချစ်သူတွေက သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး သဲသဲလှုပ်ဝန်းရံမှုတွေ ရှိခဲ့ပါတယ်။

Lucky Star လေးရဲ့ မိဘတွေကလည်း ၂နှစ်အရွယ်ရှိသေးပြီး လက်ရှိမှာ မူးယစ်ဆေးဝါး၊ ဗုံး ရှာဖွေပေးရတဲ့ နယူးထိုင်ပေရဲဌာနရဲ့ ထောက်လှမ်းရေးအဖွဲ့ဝင် ခွေးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Lucky Star လေးအပါအဝင် မွေးချင်းမောင်နှမတွေအားလုံးကို ယခု အရွယ်ကတည်းက မူးယစ်ဆေးထောက်လှမ်းရေးခွေးအဖြစ် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

လက်ရှိလေ့လာချက်တွေအရ အားလုံးထဲမှာ Lucky Star လေးက ရဲရင့်ပြီး အရမ်းထူးခြားတဲ့ ခွေးလေးပါလို့ Captain Pan က MailOnline ကို ပြောခဲ့ပါတယ်။

လက်ရှိမှာ အနံ့ခံတာတွေ၊ မူးယစ်ဆေးဝါး ရှာဖွေတာတွေ၊ သံသယဖြစ်စရာ ရာဇဝတ်ကောင်ကို ခြေရာကောက်လိုက်တာတွေ စတဲ့ လေ့ကျင်ရေးတွေကို သေချာသင်ကြားပေးနေပါတယ်။

Captain Pan ဟာ စစ်မှုထမ်းနေတာ နှစ်ပေါင်း ၃၀ကျော်ရှိခဲ့ပြီး ထောက်လှမ်းရေးခွေးတွေရဲ့ အကူအညီနဲ့ မူးယစ်ဆေးဝါးကုန်သည်တွေ ဖမ်းမိတာလည်း အများကြီးရှိပါတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် သူဟာ စစ်မှုထမ်းဆောင်နေတဲ့ ထောက်လှမ်းရေးခွေးလေးတွေကို ချစ်ခင်လေးစားတယ် ယခုခွေးလေးဆိုပိုပြီးတောင် ချစ်မိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

လျှပ်တစ်ပြက်လှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းပြီး အမိအရ ဓာတ်ပုံရိုက်ထားသလားထင်ရတဲ့ ဓာတ်ပုံတွေ

Zawgyi Fonts

ရဲဌာနရဲ့ ေထာက္လွမ္းေရးေခြးအျဖစ္ ေရြးခ်ယ္ခံရတဲ့ ခ်စ္စရာ ၁ လသားအရြယ္ေခြးေလး
ေခြးခ်စ္သူေတြျမင္႐ုံနဲ႔ သဲသဲလွုပ္အခ်စ္ခံရမဲ့ ပုံစံေလးရွိတဲ့ လက္ဗရာေဒါအမ်ိဳးအစား ေခြးကေလးဟာ နယူးထိုင္းေပၿမိဳ႕ရဲ့ ရဲဌာနမွာေတာ့ ေထာက္လွမ္းေရး ေခြးအျဖစ္ အသုံးၾကပါတယ္။

နယူးထိုင္ေပၿမိဳမွာ ၆လအရြယ္ ေရာက္ၿပီျဖစ္တဲ့ လက္ဗရာေဒါ ေခြးေတြကို ရဲဌာနေတြရဲ့ စစ္မွုထမ္းေထာက္လွမ္းေရး ေခြးေတြအျဖစ္ ေရြးခ်ယ္အသုံးျပဳေလ့ရွိတာပါ။

ယခု လက္ဗရာေဒါေခြးေလးကိုေတာ့ Lucky Star လို႔ အမည္ေပးထားၿပီး စစ္မွုထမ္းဖို႔အတြက္ ၁လသားအရြယ္ကတည္းက ေရြးခ်ယ္ခံခဲ့ရတာပါ။

Lucky Star ေလးမွာ Schuman, Federica, Eagle, AJ နဲ႔ Sunny ဆိုတဲ့ ေမြးခ်င္းေမာင္ႏွမ ၅ေယာက္ရွိပါတယ္။

Lucky Star ေလး ရဲဌာနကို စေရာက္တဲ့ အခ်ိန္မွာပဲ ရဲအရာရွိက သူ႔အတြက္ အေကာင့္သစ္တစ္ခုဖြင့္ၿပီး ထိုအေကာင့္မွာ ခ်စ္စရာေကာင္းတဲ့ သူ႔ရဲ့ ပုံရိပ္ေလးေတြကို တင္ေပးခဲ့ပါတယ္။

ဒါ့ေၾကာင့္ ေခြးခ်စ္သူေတြက သူ႔ရဲ့ ခ်စ္စရာေကာင္းတဲ့ ပုံရိပ္ေလးေတြကိုၾကည့္ၿပီး သဲသဲလွုပ္ဝန္းရံမွုေတြ ရွိခဲ့ပါတယ္။

Lucky Star ေလးရဲ့ မိဘေတြကလည္း ၂ႏွစ္အရြယ္ရွိေသးၿပီး လက္ရွိမွာ မူးယစ္ေဆးဝါး၊ ဗုံး ရွာေဖြေပးရတဲ့ နယူးထိုင္ေပရဲဌာနရဲ့ ေထာက္လွမ္းေရးအဖြဲ႕ဝင္ ေခြးအျဖစ္ တာဝန္ထမ္းေဆာင္ေနပါတယ္။

Lucky Star ေလးအပါအဝင္ ေမြးခ်င္းေမာင္ႏွမေတြအားလုံးကို ယခု အရြယ္ကတည္းက မူးယစ္ေဆးေထာက္လွမ္းေရးေခြးအျဖစ္ ေလ့က်င့္သင္ၾကားေပးသြားမွာျဖစ္ပါတယ္။

လက္ရွိေလ့လာခ်က္ေတြအရ အားလုံးထဲမွာ Lucky Star ေလးက ရဲရင့္ၿပီး အရမ္းထူးျခားတဲ့ ေခြးေလးပါလို႔ Captain Pan က MailOnline ကို ေျပာခဲ့ပါတယ္။

လက္ရွိမွာ အနံ့ခံတာေတြ၊ မူးယစ္ေဆးဝါး ရွာေဖြတာေတြ၊ သံသယျဖစ္စရာ ရာဇဝတ္ေကာင္ကို ေျခရာေကာက္လိုက္တာေတြ စတဲ့ ေလ့က်င္ေရးေတြကို ေသခ်ာသင္ၾကားေပးေနပါတယ္။

Captain Pan ဟာ စစ္မွုထမ္းေနတာ ႏွစ္ေပါင္း ၃၀ေက်ာ္ရွိခဲ့ၿပီး ေထာက္လွမ္းေရးေခြးေတြရဲ့ အကူအညီနဲ႔ မူးယစ္ေဆးဝါးကုန္သည္ေတြ ဖမ္းမိတာလည္း အမ်ားႀကီးရွိပါတယ္လို႔ဆိုပါတယ္။

ဒါ့ေၾကာင့္ သူဟာ စစ္မွုထမ္းေဆာင္ေနတဲ့ ေထာက္လွမ္းေရးေခြးေလးေတြကို ခ်စ္ခင္ေလးစားတယ္ ယခုေခြးေလးဆိုပိုၿပီးေတာင္ ခ်စ္မိတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here