ရေအေးနေရာမှာ ရေနွေးကိုအစားထိုးပြီးတော့ သောက်သုံးလာမယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးတွေ

0
54

ကမ္ဘာပေါ်မှာရှိတဲ့လူတွေတော်တော်များများ နေ့စဉ်သောက်သုံးနေကြတဲ့ ရေတွေကရေအေးတွေပိုများပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ရေနွေးသောက်တဲ့အကျင့်က လူကြီးတွေဆီမှာပဲအတွေ့များပြီးတော့ လူငယ်တွေတော်တော်များများကတော့ ရေအေးတွေကိုပဲ သောက်သုံးနေကြတာပါ။

-Advertisement-

မြန်မာနိုင်ငံလို ပူအိုက်နေတဲ့ရာသီဥတာမှာဆိုရင်လည်း ရေအေးလေးသောက်လိုက်မှ အမောပြေတယ်လို့ ခံစားရတာဆိုတော့ ရေအေးကိုပဲ ဦးစားပေးပြီးသောက်လာကြတော့တာပေါ့။ ဒီလိုမဟုတ်ပဲ ရေအေးနေရာမှာ ရေနွေးကိုအစားထိုးပြီးတော့ သောက်သုံးလာမယ်ဆိုရင် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ပြောပြပေးလိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက်ဆိုရင်လည်း ရေနွေးကအထောက်အကူပြုနေပါတယ်။ မနက်မိုးလင်းလို့ အိပ်ယာနိုးလာတဲ့အချိန်တွေမှာ ရေနွေးတစ်ခွက်ကိုရှောက်သီးအရည်လေးညစ်ပြီးတော့ သောက်သုံးပေးမယ်ဆိုရင် အဆီပိုတွေကိုဖယ်ရှားပေးနိုင်ဖို့ အထောက်အပံ့ပေးနိုင်ပါတယ်နော်။

လည်ချောင်းကိုလည်းရှင်းလင်းစေပြီး နေလို့ထိုင်လို့ကောင်းသွားစေနိုင်ပါတယ်။ အေးတဲ့အချိန်မျိုးတွေမှာ ဖြစ်တတ်တဲ့လည်ချောင်းနာတာ၊ ချောင်းဆိုးတာတွေကိုမဖြစ်ရအောင် ကာကွယ်ပြီးသားဖြစ်တာကြောင့် နေ့တိုင်းသောက်ပေးဖို့ အဆင်ပြေပါတယ်နော်။

အသားအရေအတွက်ဆိုရင်လည်း အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ အိုမင်းရင့်ရော်မှုတွေနဲ့ ပျက်စီးနေတဲ့အသားအရေတွေကို ရေနွေးနေ့တိုင်းသောက်ပေးနေရုံနဲ့ လျော့နည်းစေမှာပဲဖြစ်ပါတယ်။ ရေနွေးသောက်လိုက်တဲ့အခါမှာ ပူတဲ့အရသာကြောင့် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မလိုလားအပ်တဲ့အညစ်အကြေးတွေက ချွေးအနေနဲ့ထွက်လာပြီး အသားအရေကိုလည်း ကြည်လင်လာစေပါတယ်။ ချွေးပေါက်တွေပွင့်သွားတာကြောင့် သွေးလှည့်ပတ်မှုလည်းကောင်းလာပြီး ဝက်ခြံထွက်တာတွေကိုလည်း လျော့နည်းစေမှာပဲဖြစ်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref- lifehack

LEAVE A REPLY

Please enter your comment!
Please enter your name here