ရေသောက်ခြင်းကို ဘယ်အချိန်တွေမှာ ရှောင်ကျဉ်သင့်လဲ

0
911

ေရကို လုံေလာက္ေအာင္ ေသာက္သင့္သလိုပဲ ေရေသာက္ျခင္းကို ေရွာင္က်ဥ္သင့္တဲ့ အခ်ိန္ေတြလည္း ရွိပါတယ္။ ယခုလိုအခ်ိန္ေတြမွာ ေရေသာက္ျခင္းေၾကာင့္ သင့္အတြက္မလိုလားအပ္တဲ့ ျပႆနာေတြကို ျဖစ္ေစတတ္ပါတယ္။

-Advertisement-

အိပ္ရာမဝင္ခင္ေရေသာက္ျခင္း
အိပ္ရာဝင္ခါနီး ေရေသာက္ျခင္းဟာ သင့္ရဲ႕ဆီးကိုတင္းေစၿပီး ညအခ်ိန္ဆီးသြားျခင္းေၾကာင့္ အိပ္စက္ျခင္းကို ထိခိုက္ေစပါတယ္။ ညအခ်ိန္မွာဆိုရင္ သင့္ရဲ႕ေက်ာက္ကပ္လုပ္ငန္းေတြဟာ ေႏွးေကြးေနပါတယ္။ ဒါ့ေၾကာင့္ ေရကိုေသာက္ၿပီးအိပ္တဲ့အခါ မ်က္ႏွာနဲ႔ေျခေထာက္ေတြ ေဖာေယာင္ျခင္းျဖစ္ေစႏိုင္ပါတယ္။

ေလ့က်င့္ခန္းလုပ္ေနတဲ့အခ်ိန္
ေလ့က်င့္ခန္းလုပ္ေနတဲ့အခ်ိန္ေတြမွာ သင့္ရဲ႕ကိုယ္အပူခ်ိန္နဲ႔ ႏွလုံးခုန္ႏႈန္းဟာ ျမင့္တက္ေနၿပီး ေခြၽးထြက္ျခင္းေၾကာင့္ ေရကိုပိုေသာက္ခ်င္ေနပါလိမ့္မယ္။ ဒီလိုအခ်ိန္မွာ ေရကိုမဆင္ျခင္ပဲ ေသာက္သုံးျခင္းဟာ ေခါင္းကိုက္ျခင္း၊ ပ်ိဳ႕အန္ျခင္းနဲ႔ မူးေဝျခင္းလို က်န္းမာေရးအႏၲရာယ္ေတြ ျဖစ္ေစႏိုင္ပါတယ္။ ႏွလုံးေရာဂါရွိသူေတြဆိုရင္ ယခုအခ်ိန္မွာေရကို အလြန္အကြၽံေသာက္သုံးျခင္းေၾကာင့္ ႏွလုံးအေပၚဖိအားေတြမ်ားၿပီး အရမ္းအႏၲရာယ္မ်ားပါတယ္။ ဒါ့ေၾကာင့္ ေရအရမ္းဆာေနရင္ အာဆြတ္႐ုံေလာက္သာေသာက္ၿပီး ေလ့က်င့္ခန္းလုပ္ၿပီးခ်ိန္မွ ေသာက္တာအေကာင္းဆုံးပါပဲ။

ဆီးအေရာင္ၾကည္ေနတဲ့အခ်ိန္
သင့္ရဲ႕ဆီးဟာ အေရာင္မရွိပဲ ၾကည္ေနျခင္းဟာ ေရဓါတ္ျပည့္ဝေနေၾကာင္းကို ဆိုလိုပါတယ္။ ဒီအခ်ိန္မွာ သင္ခႏၶာကိုယ္မွာ ဆိုဒီယမ္ဓါတ္နည္းပါေနပါတယ္။ ဒါ့ေၾကာင့္ ေရကိုအလြန္အကြၽံထပ္မံေသာက္သုံးရင္ ႏွလုံးထိခိုက္မႈကို ျဖစ္ေစတတ္ၿပီး မူးေဝျခင္း၊ စိတ္က်ေရာဂါစတဲ့ က်န္းမာေရးျပႆနာေတြကို ႀကဳံေတြ႕ႏိုင္ပါတယ္။

အစပ္ေတြစားၿပီးေနာက္
အစပ္ေတြစားၿပီးတဲ့ အခ်ိန္မွာ အစပ္ေျပေပ်ာက္ဖို႔အတြက္ သင္ေရကိုအလြန္အကြၽံေသာက္သုံးတတ္ပါလိမ့္မယ္။ ေသာက္ေနတဲ့အခ်ိန္မွာ အစပ္ေျပသလိုထင္ရေပမယ့္ ေရဟာအစပ္ေျပေစတဲ့ ပစၥည္းမဟုတ္ပါဘူး။ ဒီလိုအခ်ိန္မွာ ေရကိုလိုတာထက္ပိုေသာက္မိႏိုင္တဲ့အတြက္ အေပၚကေဖာ္ျပခဲ့တဲ့ က်န္းမာေရးျပႆနာေတြ မျဖစ္ေအာင္ဆင္ျခင္ဖို႔လိုပါတယ္။

အစားမစားခင္နဲ႔ စားၿပီးေရေသာက္ျခင္း
လူအေတာ္မ်ားမ်ား အစားမစားခင္နဲ႔ အစာစားၿပီးၿပီးျခင္း ေရေသာက္တတ္တဲ့ အက်င့္ရွိတတ္ပါတယ္။ ယခုလိုအခ်ိန္ေရသာက္ျခင္းဟာ တံေတြးမွာပါတဲ့ မ်ားျပားေသာ အစာေျခအင္ဇိုင္းေတြကို ဆုံးရႈံးေစပါတယ္။ ဒါ့အျပင္ အစာမေက်မႈကိုပါ ျဖစ္ေစႏိုင္တဲ့အတြက္ အခ်ိန္အနည္းငယ္ျခားၿပီးမွေသာက္တာ ပိုေကာင္းပါတယ္။

ပိုက္လုံးကေန ထြက္တဲ့ေရ
သင္ဘယ္ေတာ့မွ ေရပိုက္ကေန ထြက္လာတဲ့ ေရကိုတိုက္႐ိုက္မေသာက္သုံးသင့္ပါဘူး။ အဆိုပါပိုက္လုံးကထြက္လာတဲ့ေရမွာ organotin , antimony လို႔ေခၚတဲ့ ျဒပ္စင္ေတြပါတတ္ပါတယ္။
ဒီျဒပ္စင္ေတြဟာ သင့္ရဲ႕အသည္းနဲ႔ ေက်ာက္ကပ္ကိုထိခိုက္ေစႏိုင္တဲ့အတြက္ တိုက္႐ိုက္ေသာ္သုံးျခင္းကို ေရွာင္က်ဥ္ပါ။

ပင္လယ္ေရ
ပင္လယ္ေရမွာ လူအတြက္ေရာဂါျဖစ္ပြားေစတဲ့ ဗိုင္းရပ္ေတြအေျမာက္အမ်ားပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္ပင္လယ္မွာေရကူးရင္း သင့္ပါးစပ္ထဲ ပင္လယ္ေရေတြမေတာ္တဆဝင္တဲ့အခါ ျပန္လည္ေထြးထုတ္ပါ။ တကယ္လိုေသာက္မိသြားရင္လည္း ေရသန္႔ကိုမ်ားမ်ားျပန္ေသာက္ဖို႔ မေမ့ပါနဲ႔။


LM_Naung_Naung
Lifestyle_Myanmar

ရေသောက်ခြင်းကို ဘယ်အချိန်တွေမှာ ရှောင်ကျဉ်သင့်လဲ
ရေကို လုံလောက်အောင် သောက်သင့်သလိုပဲ ရေသောက်ခြင်းကို ရှောင်ကျဉ်သင့်တဲ့ အချိန်တွေလည်း ရှိပါတယ်။ ယခုလိုအချိန်တွေမှာ ရေသောက်ခြင်းကြောင့် သင့်အတွက်မလိုလားအပ်တဲ့ ပြဿနာတွေကို ဖြစ်စေတတ်ပါတယ်။

အိပ်ရာမဝင်ခင်ရေသောက်ခြင်း
အိပ်ရာဝင်ခါနီး ရေသောက်ခြင်းဟာ သင့်ရဲ့ဆီးကိုတင်းစေပြီး ညအချိန်ဆီးသွားခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ ညအချိန်မှာဆိုရင် သင့်ရဲ့ကျောက်ကပ်လုပ်ငန်းတွေဟာ နှေးကွေးနေပါတယ်။ ဒါ့ကြောင့် ရေကိုသောက်ပြီးအိပ်တဲ့အခါ မျက်နှာနဲ့ခြေထောက်တွေ ဖောယောင်ခြင်းဖြစ်စေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်
လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်တွေမှာ သင့်ရဲ့ကိုယ်အပူချိန်နဲ့ နှလုံးခုန်နှုန်းဟာ မြင့်တက်နေပြီး ချွေးထွက်ခြင်းကြောင့် ရေကိုပိုသောက်ချင်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာ ရေကိုမဆင်ခြင်ပဲ သောက်သုံးခြင်းဟာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနဲ့ မူးဝေခြင်းလို ကျန်းမာရေးအန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။ နှလုံးရောဂါရှိသူတွေဆိုရင် ယခုအချိန်မှာရေကို အလွန်အကျွံသောက်သုံးခြင်းကြောင့် နှလုံးအပေါ်ဖိအားတွေများပြီး အရမ်းအန္တရာယ်များပါတယ်။ ဒါ့ကြောင့် ရေအရမ်းဆာနေရင် အာဆွတ်ရုံလောက်သာသောက်ပြီး လေ့ကျင့်ခန်းလုပ်ပြီးချိန်မှ သောက်တာအကောင်းဆုံးပါပဲ။

ဆီးအရောင်ကြည်နေတဲ့အချိန်
သင့်ရဲ့ဆီးဟာ အရောင်မရှိပဲ ကြည်နေခြင်းဟာ ရေဓါတ်ပြည့်ဝနေကြောင်းကို ဆိုလိုပါတယ်။ ဒီအချိန်မှာ သင်ခန္ဓာကိုယ်မှာ ဆိုဒီယမ်ဓါတ်နည်းပါနေပါတယ်။ ဒါ့ကြောင့် ရေကိုအလွန်အကျွံထပ်မံသောက်သုံးရင် နှလုံးထိခိုက်မှုကို ဖြစ်စေတတ်ပြီး မူးဝေခြင်း၊ စိတ်ကျရောဂါစတဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့နိုင်ပါတယ်။

အစပ်တွေစားပြီးနောက်
အစပ်တွေစားပြီးတဲ့ အချိန်မှာ အစပ်ပြေပျောက်ဖို့အတွက် သင်ရေကိုအလွန်အကျွံသောက်သုံးတတ်ပါလိမ့်မယ်။ သောက်နေတဲ့အချိန်မှာ အစပ်ပြေသလိုထင်ရပေမယ့် ရေဟာအစပ်ပြေစေတဲ့ ပစ္စည်းမဟုတ်ပါဘူး။ ဒီလိုအချိန်မှာ ရေကိုလိုတာထက်ပိုသောက်မိနိုင်တဲ့အတွက် အပေါ်ကဖော်ပြခဲ့တဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင်ဆင်ခြင်ဖို့လိုပါတယ်။

အစားမစားခင်နဲ့ စားပြီးရေသောက်ခြင်း
လူအတော်များများ အစားမစားခင်နဲ့ အစာစားပြီးပြီးခြင်း ရေသောက်တတ်တဲ့ အကျင့်ရှိတတ်ပါတယ်။ ယခုလိုအချိန်ရေသာက်ခြင်းဟာ တံတွေးမှာပါတဲ့ များပြားသော အစာခြေအင်ဇိုင်းတွေကို ဆုံးရှုံးစေပါတယ်။ ဒါ့အပြင် အစာမကျေမှုကိုပါ ဖြစ်စေနိုင်တဲ့အတွက် အချိန်အနည်းငယ်ခြားပြီးမှသောက်တာ ပိုကောင်းပါတယ်။

ပိုက်လုံးကနေ ထွက်တဲ့ရေ
သင်ဘယ်တော့မှ ရေပိုက်ကနေ ထွက်လာတဲ့ ရေကိုတိုက်ရိုက်မသောက်သုံးသင့်ပါဘူး။ အဆိုပါပိုက်လုံးကထွက်လာတဲ့ရေမှာ organotin , antimony လို့ခေါ်တဲ့ ဒြပ်စင်တွေပါတတ်ပါတယ်။
ဒီဒြပ်စင်တွေဟာ သင့်ရဲ့အသည်းနဲ့ ကျောက်ကပ်ကိုထိခိုက်စေနိုင်တဲ့အတွက် တိုက်ရိုက်သော်သုံးခြင်းကို ရှောင်ကျဉ်ပါ။

ပင်လယ်ရေ
ပင်လယ်ရေမှာ လူအတွက်ရောဂါြဖစ်ပွားစေတဲ့ ဗိုင်းရပ်တွေအမြောက်အများပါဝင်နေပါတယ်။ ဒါ့ကြောင့်ပင်လယ်မှာရေကူးရင်း သင့်ပါးစပ်ထဲ ပင်လယ်ရေတွေမတော်တဆဝင်တဲ့အခါ ပြန်လည်ထွေးထုတ်ပါ။ တကယ်လိုသောက်မိသွားရင်လည်း ရေသန့်ကိုများများပြန်သောက်ဖို့ မမေ့ပါနဲ့။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here