ရေမွှေးဝယ်တော့မယ်ဆိုရင် သိထားသင့်တဲ့ ရေမွှေးအမျိုးအစား (၅)မျိုးအကြောင်း

0
576

လူအများစုက ရေမွှေးဝယ်တဲ့အခါ ရေမွှေးအမျိုးအစားတွေကို အာရုံမစိုက်မိကြပါဘူး။ ကိုယ်နှစ်သက်တဲ့ အရာကိုပဲ ဝယ်လေ့ရှိပါတယ်။ ကျွန်မတို့ဟာ ရေမွှေး brand တစ်ခုကို ကြော်ငြာအရမ်းကောင်းလို့ ဝယ်လိုက်တာမျိုး၊ အနံ့လေးကြိုက်လို့ ဝယ်တာမျိုးပဲရှိပါတယ်။ ကိုယ်ဝယ်တဲ့ ရေမွှေးက ဘာအမျိုးအစားလဲဆိုတာ မစူးစမ်းမိကြပါဘူး။ ဒီတော့ ရေမွှေးအမျိုးအစားတွေ ဘယ်လိုကွဲပြားသလဲဆိုတာ ချစ်တို့လည်းသိရအောင် မျှဝေပေးလိုက်ပါတယ်နော်။

၁။ Perfume

လူသားတွေဟာ ရှေးခေတ်ကတည်းက essential oils တွေရဲ့ အကူအညီဖြင့် အမွှေးဆီတွေကို ဖန်တီးကြတဲ့အခါ ရေမွှေးတွေနဲ့ အကျွမ်းတဝင်ဖြစ်ခဲ့ကြပါတယ်။ ယနေ့ခေတ် Perfume တွေမှာ essential oils ၂၀% မှ ၃၀% ခန့် ပါဝင်ပြီး ရနံ့က ကြာရှည်ခံပါတယ်။ ဒီရေမွှေးဆီရဲ့ ရနံ့က အရေပြားပေါ်မှာ ခန့်မှန်းခြေအားဖြင့် ၆နာရီလောက် စွဲနေပြီး တစ်ရက်ကျော်အထိ အနံ့က ပျက်ပျယ်မသွားပါဘူး။ အများအားဖြင့် ဒီအမျိုးအစားတွေကို စျေးအရမ်းကြီးတဲ့ ရေမွှေးတွေမှာသာ တွေ့ရပြီး နေ့တိုင်းအသုံးပြုဖို့အတွက် ရည်ရွယ်ထားတာ မဟုတ်ပါဘူး။

၂။ Eau de parfum

လူအတော်များများက Perfume အမျိုးအစားနဲ့ Eau de parfum အမျိုးအစားကို ရောထွေးတတ်ပါတယ်။ Eau de parfum က ရေမွှေးဆီအစစ် ပြီးရင် အမြင့်ဆုံးပါပဲ။ eau de parfum မှာ ရေမွှေးဆီက ၁၅% မှ ၂၀% ခန့် ပါဝင်ပါတယ်။ ဒီမွှေးရနံဟာ အရေပြားပေါ်မှာ ၄နာရီလောက် တာရှည်ခံပြီး ရေမွှေးဆီ(perfume ) အမျိုးအစားနှင့် နှိုင်းယှဉ်ရင် ရနံ့ပိုပျော့ပြီး တစ်ရက်အတွင်းသာ အသုံးပြုနိုင်ပါတယ်။ perfumeတွေ ထက်လည်း စျေးပိုသက်သာပါတယ်။

၃။ Eau de toilette

Eau de toilette ကို ၁၄ရာစုလောက်မှာ ပထမဆုံးထုတ်လုပ်ခဲ့ပြီး “heavenly water” လို့လည်း ခေါ်ပါတယ်။ ယနေ့မှာ အယ်ကိုဟောနှင့်အတူ ရေမွှေးဆီ ၅% မှ ၁၅% သာပါဝင်တဲ့ ရနံ့ပျော့ပျော့ ရေမွှေးအမျိုးအစား ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၂နာရီမှ ၃နာရီလောက်အထိ အနံ့စွဲပြီး ပူပြင်းတဲ့ နွေရာသီနေ့ရက်တွေမှာ သုံးစွဲဖို့ သင့်လျော်အောင် ပြုလုပ်ထားပြီး ရနံ့မပြင်းတဲ့ ရေမွှေးဖြစ်ပါတယ်။ ရေမွှေးအနံ့ပြင်းပြင်း မကြိုက်တဲ့ သူတွေ ရွေးချယ်တတ်ကြတဲ့ ရေမွှေးအမျိုးအစားလည်း ဖြစ်ပါတယ်။

၄။ Eau de cologne

“water from cologne”လို့ အဓိပ္ပာယ်ရတဲ့ ဒီရေမွှေးအမျိုးအစားကို အမျိုးသားတွေအတွက် မြောက်အမေရိကမှာ သုံးခဲ့ကြပါတယ်။ ယနေ့မှာ eau de cologne ကို fresh ဖြစ်တဲ့ ရနံ့သင်းသင်းလေးတွေ၊ fruity သစ်သီးရနံ့လေးတွေနဲ့ တွေ့ရပြီး အမျိုးသားကော၊ အမျိုးသမီးတွေပါ သုံးနိုင်ပါတယ်။ အော်ဒီကလုန်းမှာ အယ်ကိုဟော၊ ရေနှင့် essential oils ၂% မှ ၄%အထိ ပါဝင်ပါတယ်။ အများအားဖြင့် ရနံ့က ၂နာရီလောက် ကြာရှည်ခံပါတယ်။ ဒီရနံ့ပျော့ပျော့လေးတွေကို လူငယ်တွေ မကြာခဏ အသုံးပြုကြပါတယ်။

၅။ Eau fraiche

“Eau fraiche” ကို ‘လတ်ဆတ်တဲ့ရေ’လို့ ဘာသာပြန်ပြီး ရနံ့အပျော့ဆုံး ရေမွှေးအမျိုးအစားဖြစ်ပါတယ်။ အဆီပါဝင်မှုနှုန်းက ခန့်မှန်းခြေအားဖြင့် ၁% မှ ၃% သာရှိပါတယ်။ အမွှေးရနံက အသားအရေပေါ်မှာ တစ်နာရီလောက်သာ ကြာရှည်ခံပါတယ်။ ၎င်းရနံ့က ပုံမှန်အားဖြင့် ရိုးရှင်းပြီး refresh ဖြစ်ပါတယ်။ Eau fraiche အမျိုးအစားက အများအားဖြင့် စျေးပေါပြီး အားကစားလုပ်နေစဉ်အတွင်းမှာတောင် ဘယ်အချိန်မဆို သုံးနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

ေရေမႊးဝယ္ေတာ့မယ္ဆိုရင္ သိထားသင့္တဲ့ ေရေမႊးအမ်ိဳးအစား (၅)မ်ိဳးအေၾကာင္း
လူအမ်ားစုက ေရေမႊးဝယ္တဲ့အခါ ေရေမႊးအမ်ိဳးအစားေတြကို အာ႐ုံမစိုက္မိၾကပါဘူး။ ကိုယ္ႏွစ္သက္တဲ့ အရာကိုပဲ ဝယ္ေလ့ရွိပါတယ္။ ကြၽန္မတို႔ဟာ ေရေမႊး brand တစ္ခုကို ေၾကာ္ျငာအရမ္းေကာင္းလို႔ ဝယ္လိုက္တာမ်ိဳး၊ အနံ႔ေလးႀကိဳက္လို႔ ဝယ္တာမ်ိဳးပဲရွိပါတယ္။ ကိုယ္ဝယ္တဲ့ ေရေမႊးက ဘာအမ်ိဳးအစားလဲဆိုတာ မစူးစမ္းမိၾကပါဘူး။ ဒီေတာ့ ေရေမႊးအမ်ိဳးအစားေတြ ဘယ္လိုကြဲျပားသလဲဆိုတာ ခ်စ္တို႔လည္းသိရေအာင္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

၁။ Perfume

လူသားေတြဟာ ေရွးေခတ္ကတည္းက essential oils ေတြရဲ႕ အကူအညီျဖင့္ အေမႊးဆီေတြကို ဖန္တီးၾကတဲ့အခါ ေရေမႊးေတြနဲ႔ အကြၽမ္းတဝင္ျဖစ္ခဲ့ၾကပါတယ္။ ယေန႔ေခတ္ Perfume ေတြမွာ essential oils ၂၀% မွ ၃၀% ခန္႔ ပါဝင္ၿပီး ရနံ႔က ၾကာရွည္ခံပါတယ္။ ဒီေရေမႊးဆီရဲ႕ ရနံ႔က အေရျပားေပၚမွာ ခန္႔မွန္းေျခအားျဖင့္ ၆နာရီေလာက္ စြဲေနၿပီး တစ္ရက္ေက်ာ္အထိ အနံ႔က ပ်က္ပ်ယ္မသြားပါဘူး။ အမ်ားအားျဖင့္ ဒီအမ်ိဳးအစားေတြကို ေစ်းအရမ္းႀကီးတဲ့ ေရေမႊးေတြမွာသာ ေတြ႕ရၿပီး ေန႔တိုင္းအသုံးျပဳဖို႔အတြက္ ရည္႐ြယ္ထားတာ မဟုတ္ပါဘူး။

၂။ Eau de parfum

လူအေတာ္မ်ားမ်ားက Perfume အမ်ိဳးအစားနဲ႔ Eau de parfum အမ်ိဳးအစားကို ေရာေထြးတတ္ပါတယ္။ Eau de parfum က ေရေမႊးဆီအစစ္ ၿပီးရင္ အျမင့္ဆုံးပါပဲ။ eau de parfum မွာ ေရေမႊးဆီက ၁၅% မွ ၂၀% ခန္႔ ပါဝင္ပါတယ္။ ဒီေမႊးရနံဟာ အေရျပားေပၚမွာ ၄နာရီေလာက္ တာရွည္ခံၿပီး ေရေမႊးဆီ(perfume ) အမ်ိဳးအစားႏွင့္ ႏႈိင္းယွဥ္ရင္ ရနံ႔ပိုေပ်ာ့ၿပီး တစ္ရက္အတြင္းသာ အသုံးျပဳႏိုင္ပါတယ္။ perfumeေတြ ထက္လည္း ေစ်းပိုသက္သာပါတယ္။

၃။ Eau de toilette

Eau de toilette ကို ၁၄ရာစုေလာက္မွာ ပထမဆုံးထုတ္လုပ္ခဲ့ၿပီး “heavenly water” လို႔လည္း ေခၚပါတယ္။ ယေန႔မွာ အယ္ကိုေဟာႏွင့္အတူ ေရေမႊးဆီ ၅% မွ ၁၅% သာပါဝင္တဲ့ ရနံ႔ေပ်ာ့ေပ်ာ့ ေရေမႊးအမ်ိဳးအစား ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ၂နာရီမွ ၃နာရီေလာက္အထိ အနံ႔စြဲၿပီး ပူျပင္းတဲ့ ေႏြရာသီေန႔ရက္ေတြမွာ သုံးစြဲဖို႔ သင့္ေလ်ာ္ေအာင္ ျပဳလုပ္ထားၿပီး ရနံ႔မျပင္းတဲ့ ေရေမႊးျဖစ္ပါတယ္။ ေရေမႊးအနံ႔ျပင္းျပင္း မႀကိဳက္တဲ့ သူေတြ ေ႐ြးခ်ယ္တတ္ၾကတဲ့ ေရေမႊးအမ်ိဳးအစားလည္း ျဖစ္ပါတယ္။

၄။ Eau de cologne

“water from cologne”လို႔ အဓိပၸာယ္ရတဲ့ ဒီေရေမႊးအမ်ိဳးအစားကို အမ်ိဳးသားေတြအတြက္ ေျမာက္အေမရိကမွာ သုံးခဲ့ၾကပါတယ္။ ယေန႔မွာ eau de cologne ကို fresh ျဖစ္တဲ့ ရနံ႔သင္းသင္းေလးေတြ၊ fruity သစ္သီးရနံ႔ေလးေတြနဲ႔ ေတြ႕ရၿပီး အမ်ိဳးသားေကာ၊ အမ်ိဳးသမီးေတြပါ သုံးႏိုင္ပါတယ္။ ေအာ္ဒီကလုန္းမွာ အယ္ကိုေဟာ၊ ေရႏွင့္ essential oils ၂% မွ ၄%အထိ ပါဝင္ပါတယ္။ အမ်ားအားျဖင့္ ရနံ႔က ၂နာရီေလာက္ ၾကာရွည္ခံပါတယ္။ ဒီရနံ႔ေပ်ာ့ေပ်ာ့ေလးေတြကို လူငယ္ေတြ မၾကာခဏ အသုံးျပဳၾကပါတယ္။

၅။ Eau fraiche

“Eau fraiche” ကို ‘လတ္ဆတ္တဲ့ေရ’လို႔ ဘာသာျပန္ၿပီး ရနံ႔အေပ်ာ့ဆုံး ေရေမႊးအမ်ိဳးအစားျဖစ္ပါတယ္။ အဆီပါဝင္မႈႏႈန္းက ခန္႔မွန္းေျခအားျဖင့္ ၁% မွ ၃% သာရွိပါတယ္။ အေမႊးရနံက အသားအေရေပၚမွာ တစ္နာရီေလာက္သာ ၾကာရွည္ခံပါတယ္။ ၎ရနံ႔က ပုံမွန္အားျဖင့္ ႐ိုးရွင္းၿပီး refresh ျဖစ္ပါတယ္။ Eau fraiche အမ်ိဳးအစားက အမ်ားအားျဖင့္ ေစ်းေပါၿပီး အားကစားလုပ္ေနစဥ္အတြင္းမွာေတာင္ ဘယ္အခ်ိန္မဆို သုံးႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here