ရေဘေးနဲ့ နာရေးပါမကျန် အကူအညီပေးတတ်တဲ့ ၆နှစ်အရွယ်စေတနာ့ဝန်ထမ်းမလေး

0
192
စေတနာ့ဝန်ထမ်းမလေး

ထိုင်းနိုင်ငံ Nakhon Ratchasima မှာ နေထိုင်တဲ့ အသက် ၆နှစ်အရွယ် Nakhon ဆိုတဲ့ကောင်မလေးဟာ အခြားသော သာမန်ကလေးတွေနဲ့ မတူညီတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ မွေးဖွားလာသူတစ်ယောက်ပါ။ သူမဟာ လူတွေရဲ့ ဘဝကို ကယ်တင်နိုင်ဖို့နဲ့ စေတနာ့ဝန်ထမ်းအလုပ်ကို လုပ်ကိုင်ရတာ ကြိုက်နှစ်သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်းမှာ သူမကို “နတ်မိမယ် သေးသေးလေး” လို့တောင် ချစ်စနိုးနဲ့ ခေါ်ဝေါ်နေကြပါတယ်။

ထိပ်တန်းသတင်းတွေရဲ့ အဆိုအရ သူမရဲ့ မိဘနှစ်ပါးကလည်း စေတနာ့ဝန်ထမ်းအလုပ်တွေကို လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ မိခင်ဖြစ်သူက သူနာပြုအလုပ်ကို လုပ်ကိုင်ပြီး သူမရဲ့ ဖခင်ကတော့ လူနာတင်ယာဥ်မောင်းတဲ့ ကားဒရိုင်ဘာတစ်ဦးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သူမလည်း စေတနာ့ဝန်ထမ်းအလုပ်ကို လိုက်ကိုင်လာခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ ပြောပုံအရ သူမ ၂နှစ်သားအရွယ်ကတည်းက မိခင်နဲ့ အတူ ရေဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာဖြန့်ဝေပေးတဲ့နေရာမှာ သူတတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးခဲ့ပြီး အဲ့ဒီအချိန်ကနေ ယနေ့ထိ ညည်းညူးတာတွေ ပန်ပန်းတာတွေမရှိဘူး
လို့ဆိုပါတယ်။

သူမဟာ အသက်အရွယ်အားဖြင့် ကလေးတစ်ယောက်လို့ ဆိုပေမဲ့ တစ်ခါတလေ သွေးသံတရဲရဲနဲ့ ထွက်နေတဲ့ လူနာတွေကို ဆေးထည့်ပေးရတာတွေ၊ သေသွားတဲ့ အလောင်းကောင်တွေကို ထိတွေကိုင်တွယ်ပြီး ကူညီပေးရတာတွေ လုပ်ဆောင်ပေးရပါတယ်။ တခါတလေ အချို့သူတွေက သူမကို မကြောက်ဘူးလားလို့တောင် လာလာမေးတတ်ကြပါတယ်။ သူမလည်း လူကြီး/လူငယ်မရွေး အလောင်းကောင်တွေ အမြောက်အများ တွေ့ဖူး၊ မြင်ဖူး၊ ထိတွေဖူးနေတဲ့အတွက် ဒါတွေက သူမအတွက် ကြောက်စရာမဟုတ်တော့ဘူးလို့ ပြန်လည်ဆိုပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူကလည်း လူတွေကိုကယ်တင်ချင်စိတ်ရှိရင် ဒီအရာတွေကို မကြောက်တတ်ရဘူးလို့ ပြောပြထားပါတယ်။

၄နှစ်ကြာပြီးတဲ့နောက်မှာတော့ ဒီအလုပ်တွေက သူမအတွက် အကျွမ်းတဝင်ဖြစ်လာခဲ့ပြီး သင်္ချိုင်းကုန်းကို သန့်ရှင်ရေးလုပ်ဖို့ကအစ အကူအညီပေးခဲ့ပါတယ်။ Nakhon ရဲ့ ကိုယ်ကျိုး မငဲ့တဲ့စိတ်၊ ကိုယ်ချင်းစိတ်ရှိပုံက အသက်အရွယ်နဲ့ မလိုက်အောင် နူးညံ့လွန်းပါတယ်။

#Lifestyle_Myanmar
#Thar_Nage

ဆူညံလို့ဆိုပြီး ၁၁လသားကလေးငယ်ကို ဟင်းရည်ပူနဲ့ ပက်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

Zawgyi Fonts

ေရေဘးနဲ႔ နာေရးပါမက်န္ အကူအညီေပးတတ္တဲ့ ၆ႏွစ္အရြယ္ေစတနာ့ဝန္ထမ္းမေလး
ထိုင္းနိုင္ငံ Nakhon Ratchasima မွာ ေနထိုင္တဲ့ အသက္ ၆ႏွစ္အရြယ္ Nakhon ဆိုတဲ့ေကာင္မေလးဟာ အျခားေသာ သာမန္ကေလးေတြနဲ႔ မတူညီတဲ့ ကိုယ္ပိုင္အရည္အခ်င္းနဲ႔ ေမြးဖြားလာသူတစ္ေယာက္ပါ။ သူမဟာ လူေတြရဲ့ ဘဝကို ကယ္တင္နိုင္ဖို႔နဲ႔ ေစတနာ့ဝန္ထမ္းအလုပ္ကို လုပ္ကိုင္ရတာ ႀကိဳက္ႏွစ္သူတစ္ဦးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ထိုင္းမွာ သူမကို “နတ္မိမယ္ ေသးေသးေလး” လို႔ေတာင္ ခ်စ္စနိုးနဲ႔ ေခၚေဝၚေနၾကပါတယ္။

ထိပ္တန္းသတင္းေတြရဲ့ အဆိုအရ သူမရဲ့ မိဘႏွစ္ပါးကလည္း ေစတနာ့ဝန္ထမ္းအလုပ္ေတြကို လုပ္ကိုင္ေနၾကသူေတြျဖစ္ပါတယ္။ မိခင္ျဖစ္သူက သူနာျပဳအလုပ္ကို လုပ္ကိုင္ၿပီး သူမရဲ့ ဖခင္ကေတာ့ လူနာတင္ယာဥ္ေမာင္းတဲ့ ကားဒရိုင္ဘာတစ္ဦးပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူမလည္း ေစတနာ့ဝန္ထမ္းအလုပ္ကို လိုက္ကိုင္လာခဲ့တာျဖစ္ပါတယ္။ ဖခင္ျဖစ္သူရဲ့ ေျပာပုံအရ သူမ ၂ႏွစ္သားအရြယ္ကတည္းက မိခင္နဲ႔ အတူ ေရေဘးဒုကၡသည္ေတြကို စားနပ္ရိကၡာျဖန္႔ေဝေပးတဲ့ေနရာမွာ သူတတ္နိုင္သေလာက္ ဝိုင္းဝန္းကူညီေပးခဲ့ၿပီး အဲ့ဒီအခ်ိန္ကေန ယေန႔ထိ ညည္းညဴးတာေတြ ပန္ပန္းတာေတြမရွိဘူး
လို႔ဆိုပါတယ္။

သူမဟာ အသက္အရြယ္အားျဖင့္ ကေလးတစ္ေယာက္လို႔ ဆိုေပမဲ့ တစ္ခါတေလ ေသြးသံတရဲရဲနဲ႔ ထြက္ေနတဲ့ လူနာေတြကို ေဆးထည့္ေပးရတာေတြ၊ ေသသြားတဲ့ အေလာင္းေကာင္ေတြကို ထိေတြကိုင္တြယ္ၿပီး ကူညီေပးရတာေတြ လုပ္ေဆာင္ေပးရပါတယ္။ တခါတေလ အခ်ိဳ႕သူေတြက သူမကို မေၾကာက္ဘူးလားလို႔ေတာင္ လာလာေမးတတ္ၾကပါတယ္။ သူမလည္း လူႀကီး/လူငယ္မေရြး အေလာင္းေကာင္ေတြ အေျမာက္အမ်ား ေတြ႕ဖူး၊ ျမင္ဖူး၊ ထိေတြဖူးေနတဲ့အတြက္ ဒါေတြက သူမအတြက္ ေၾကာက္စရာမဟုတ္ေတာ့ဘူးလို႔ ျပန္လည္ဆိုပါတယ္။ ဒါ့အျပင္ ဖခင္ျဖစ္သူကလည္း လူေတြကိုကယ္တင္ခ်င္စိတ္ရွိရင္ ဒီအရာေတြကို မေၾကာက္တတ္ရဘူးလို႔ ေျပာျပထားပါတယ္။

၄ႏွစ္ၾကာၿပီးတဲ့ေနာက္မွာေတာ့ ဒီအလုပ္ေတြက သူမအတြက္ အကၽြမ္းတဝင္ျဖစ္လာခဲ့ၿပီး သခၤ်ိဳင္းကုန္းကို သန္႔ရွင္ေရးလုပ္ဖို႔ကအစ အကူအညီေပးခဲ့ပါတယ္။ Nakhon ရဲ့ ကိုယ္က်ိဳး မငဲ့တဲ့စိတ္၊ ကိုယ္ခ်င္းစိတ္ရွိပုံက အသက္အရြယ္နဲ႔ မလိုက္ေအာင္ ႏူးညံ့လြန္းပါတယ္။ သူမအေနနဲ႔လည္း

LEAVE A REPLY

Please enter your comment!
Please enter your name here