ရေပန်းဥယျာဉ်မှာ ရေးကူးရင်း ဦးနှောက်စား အမီးဗားပိုး နှာခေါင်းထဲဝင်ပြီး သေဆုံးသွားတဲ့ အမျိုးသား

0
136
ဦးနှောက်စား အမီးဗား

ကျွန်တော်တို့နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ သက်ရှိမျိုးစိတ်တွေရှိသလို သာမန်မျက်စိနဲ့ သေချာမမြင်နိုင်သက်ရှိမျိုးစိတ်တွေလည်းရှိပါတယ်။ ထိုထဲကမှ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ သက်ရှိမျိုးစိတ်တွေက ကျွန်တော်တို့ကို ပိုပြီး အသက်အန္တရာယ်ဖြစ်စေပါတယ်။ ယခုလည်း မြောက်ကာရိုလိုင်းနားမှာနေထိုင်တဲ့ အသက် ၅၉နှစ်အရွယ်အမျိုးသားတစ်ဦးဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

The New York Times ရဲ့ အဆိုအရ အဆိုပါ အမျိုးသားရဲ့ နာမည်ဟာ Eddie Gray ဖြစ်ပြီး Cumberland မှာ တည်ရှိတဲ့ Fantasy ရေပန်းဥယျာဉ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ရက်နေ့က သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၀ရက်ကြာတဲ့နောက်မှာပဲ နာမကျန်ဖြစ်ပြီးကွယ်လွန်သွားခဲ့တယ်လို့ ကာရိုလိုင်းနားမြောက်ပိုင်း ကျန်းမာရေးနဲ့ လူမှုရေး ဦးစီးဌာနက ဖော်ပြခဲ့ပါတယ်။

ဦးနှောက်စား အမီးဗားလို့ လူသိများတဲ့ Naegleria fowleri ပိုးဟာ အရွယ်အစားသေးငယ်ပြီး မကြာခဏဆိုသလို အနွေးဓာတ်ရှိတဲ့ ရေချိုကန်တွေမှာ တွေ့ရတတ်ပါတယ်။ အဆိုပိုးဟာ နှာခေါင်းကနေတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်သွားလျှင် လူကို သေစေနိုင်ပါတယ်။ အမေရိကန်မှာ အဆိုပါ ပိုးကြောင့်သေဆုံးသူ ၁၉၆၂ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိဆို ၁၄၅ ဦးအထိ ရှိခဲ့ပါတယ်။

လူတွေ အပန်ဖြေလေ့ရှိတဲ့ ရေချိုကန်တွေ၊ မြစ်တွေ၊ ရေပူစမ်းတွေမှာ အများဆုံးဖြစ်ပွားတတ်တာကြောင့် ထိုလိုနေရာမျိုးကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ သတိထားဖို့ လိုအပ်ပါတယ်။ Naegleria Fowleri ပိုးဟာ ရေကူး ရေငုပ်တဲ့အခါ အများဆုံး နှာခေါင်းထဲက ဝင်တတ်ပြီး မကြာခင်ရက်ပိုင်းမှာပဲ နာမကျန်းဖြစ်ပြီး သေဆုံးတတ်တာပါ။

အမီးဗား ကူးစက်ခံရတဲ့အခါ ပုံမှန်တုပ်ကွေးဖြစ်သလိုမျိုး ခေါက်ကိုက်ခြင်း၊ ပျို့အန်ခြင်းမျိုးဖြစ်ပွားတတ်ပြီး အမီးဗားပိုး ကူးစက်ခံရတာဟု သိလျှင် ချက်ခြင်းကုသသင့်ပါတယ်။ အချိန်မှီကုသမှုမရှိပါက ၂ပတ်အတွင်း အသက်ဆုံးရှုံးချေ ပိုများပါတယ်။ Naegleria Fowleri ဟာ နှာခေါင်းကနေ တစ်ဆင့်ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားတဲ့ အခါမှာတော့ ဦးနှောက်ထဲက တစ်သျှူးဆဲလ်တွေကို ဖျက်စီးနိုင်ပစ်ပါတယ်။ ဒါ့ကြောင့် ၎င်းကို ဦးနှောက်စားပိုးလို့ လူအများက ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

အဆိုပါ ပိုးရန်က ကာကွယ်ဖို့အတွက် ရေထဲဆင်းတဲ့အခါ နှာခေါင်းထဲ မဝင်နိုင်အောင် ရေကူးတဲ့အခါမှာအသုံးပြုတဲ့ နှာခေါင်းညှပ်တဲ့ ကလစ်ပ် ဒါမှမဟုတ် နှာခေါင်းပိတ်တစ်ခုခုကို တပ်ဆင်ပြီးမှ ရေထဲဆင်းပါလို့ မြောက်ကာရိုလိုင်းနား ကျန်းမာရေးဌာနက အကြံပြုထားပါတယ်။ ဒါ့အပြင် အပူချိန်မြင့်မားတဲ့ရေချို ရေတိမ်ပိုင်းတွေ၊ အနည်အနှစ်တွေ ရေညှိတွေနဲ့ သန့်စင်မှုမရှိတဲ့ ရေတွေထဲမှာ အနေများတာကြောင့် ထိုနေရာတွေမှာ ရေကစားတွေ ရေကူးတာတွေ မပြုလုပ်သင့်ဘူးလို့လည်း ဆိုထားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ကီထိုင်လေ့ကျင့်ခန်း အကြိမ် ၁၀၀၀ လုပ်မိလို့ ကံကောင်းပြီး အသက်မသေခဲ့တဲ့ အမျိုးသမီး

Zawgyi Fonts

ေရပန္းဥယ်ာဥ္မွာ ေရးကူးရင္း ဦးေႏွာက္စား အမီးဗားပိုး ႏွာေခါင္းထဲဝင္ၿပီး ေသဆုံးသြားတဲ့ အမ်ိဳးသား
ကၽြန္ေတာ္တို႔ေနထိုင္ေနတဲ့ ပတ္ဝန္းက်င္မွာ သာမန္မ်က္စိနဲ႔ ျမင္နိုင္တဲ့ သက္ရွိမ်ိဳးစိတ္ေတြရွိသလို သာမန္မ်က္စိနဲ႔ ေသခ်ာမျမင္နိုင္သက္ရွိမ်ိဳးစိတ္ေတြလည္းရွိပါတယ္။ ထိုထဲကမွ သာမန္မ်က္စိနဲ႔ မျမင္နိုင္တဲ့ သက္ရွိမ်ိဳးစိတ္ေတြက ကၽြန္ေတာ္တို႔ကို ပိုၿပီး အသက္အႏၲရာယ္ျဖစ္ေစပါတယ္။ ယခုလည္း ေျမာက္ကာရိုလိုင္းနားမွာေနထိုင္တဲ့ အသက္ ၅၉ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးဟာ သာမန္မ်က္စိနဲ႔ မျမင္နိုင္တဲ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ အသက္ဆုံးရွုံးခဲ့ရပါတယ္။

The New York Times ရဲ့ အဆိုအရ အဆိုပါ အမ်ိဳးသားရဲ့ နာမည္ဟာ Eddie Gray ျဖစ္ၿပီး Cumberland မွာ တည္ရွိတဲ့ Fantasy ေရပန္းဥယ်ာဥ္ကို ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၂ရက္ေန႔က သြားေရာက္လည္ပတ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ၁၀ရက္ၾကာတဲ့ေနာက္မွာပဲ နာမက်န္ျဖစ္ၿပီးကြယ္လြန္သြားခဲ့တယ္လို႔ ကာရိုလိုင္းနားေျမာက္ပိုင္း က်န္းမာေရးနဲ႔ လူမွုေရး ဦးစီးဌာနက ေဖာ္ျပခဲ့ပါတယ္။

ဦးေႏွာက္စား အမီးဗားလို႔ လူသိမ်ားတဲ့ Naegleria fowleri ပိုးဟာ အရြယ္အစားေသးငယ္ၿပီး မၾကာခဏဆိုသလို အေႏြးဓာတ္ရွိတဲ့ ေရခ်ိဳကန္ေတြမွာ ေတြ႕ရတတ္ပါတယ္။ အဆိုပိုးဟာ ႏွာေခါင္းကေနတစ္ဆင့္ ခႏၶာကိုယ္ထဲ ဝင္သြားလၽွင္ လူကို ေသေစနိုင္ပါတယ္။ အေမရိကန္မွာ အဆိုပါ ပိုးေၾကာင့္ေသဆုံးသူ ၁၉၆၂ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိဆို ၁၄၅ ဦးအထိ ရွိခဲ့ပါတယ္။

လူေတြ အပန္ေျဖေလ့ရွိတဲ့ ေရခ်ိဳကန္ေတြ၊ ျမစ္ေတြ၊ ေရပူစမ္းေတြမွာ အမ်ားဆုံးျဖစ္ပြားတတ္တာေၾကာင့္ ထိုလိုေနရာမ်ိဳးကို သြားေရာက္လည္ပတ္မယ္ဆိုရင္ေတာ့ သတိထားဖို႔ လိုအပ္ပါတယ္။ Naegleria Fowleri ပိုးဟာ ေရကူး ေရငုပ္တဲ့အခါ အမ်ားဆုံး ႏွာေခါင္းထဲက ဝင္တတ္ၿပီး မၾကာခင္ရက္ပိုင္းမွာပဲ နာမက်န္းျဖစ္ၿပီး ေသဆုံးတတ္တာပါ။

အမီးဗား ကူးစက္ခံရတဲ့အခါ ပုံမွန္တုပ္ေကြးျဖစ္သလိုမ်ိဳး ေခါက္ကိုက္ျခင္း၊ ပ်ိဳ႕အန္ျခင္းမ်ိဳးျဖစ္ပြားတတ္ၿပီး အမီးဗားပိုး ကူးစက္ခံရတာဟု သိလၽွင္ ခ်က္ျခင္းကုသသင့္ပါတယ္။ အခ်ိန္မွီကုသမွုမရွိပါက ၂ပတ္အတြင္း အသက္ဆုံးရွုံးေခ် ပိုမ်ားပါတယ္။ Naegleria Fowleri ဟာ ႏွာေခါင္းကေန တစ္ဆင့္ခႏၶာကိုယ္အတြင္း ေရာက္ရွိသြားတဲ့ အခါမွာေတာ့ ဦးေႏွာက္ထဲက တစ္သၽွဴးဆဲလ္ေတြကို ဖ်က္စီးနိုင္ပစ္ပါတယ္။ ဒါ့ေၾကာင့္ ၎ကို ဦးေႏွာက္စားပိုးလို႔ လူအမ်ားက ေခၚေဝၚၾကတာျဖစ္ပါတယ္။

အဆိုပါ ပိုးရန္က ကာကြယ္ဖို႔အတြက္ ေရထဲဆင္းတဲ့အခါ ႏွာေခါင္းထဲ မဝင္နိုင္ေအာင္ ေရကူးတဲ့အခါမွာအသုံးျပဳတဲ့ ႏွာေခါင္းညႇပ္တဲ့ ကလစ္ပ္ ဒါမွမဟုတ္ ႏွာေခါင္းပိတ္တစ္ခုခုကို တပ္ဆင္ၿပီးမွ ေရထဲဆင္းပါလို႔ ေျမာက္ကာရိုလိုင္းနား က်န္းမာေရးဌာနက အႀကံျပဳထားပါတယ္။ ဒါ့အျပင္ အပူခ်ိန္ျမင့္မားတဲ့ေရခ်ိဳ ေရတိမ္ပိုင္းေတြ၊ အနည္အႏွစ္ေတြ ေရညႇိေတြနဲ႔ သန္႔စင္မွုမရွိတဲ့ ေရေတြထဲမွာ အေနမ်ားတာေၾကာင့္ ထိုေနရာေတြမွာ ေရကစားေတြ ေရကူးတာေတြ မျပဳလုပ္သင့္ဘူးလို႔လည္း ဆိုထားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here