ရေထဲမှာ ဆွေးမြေ့ပျက်စီးနိုင်တဲ့ ပလတ်စတစ်အသစ်တစ်မျိုးကို တီထွင်ခဲ့တဲ့ အမျိုးသမီး

0
59

ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာဟာ ဆယ်စုနှစ်များစွာကတည်းက ဖြေရှင်းရခက်တဲ့ ပြဿနာဖြစ်ခဲ့ပြီး ဖြေရှင်းဖို့နည်းလမ်း ရှာဖွေခြင်းဟာလည်း ထိပ်တန်းဦးစားပေးပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပလပ်စတစ်တန်ချိန် သန်းပေါင်းများစွာကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝှမ်းမှ ထုတ်လုပ်ပါတယ်။ ဒီထဲက တစ်ဝက်ကတော့ တစ်ခါသုံးပစ္စည်းတွေ ဖြစ်ကြပေမယ့် သဘာဝအလျောက် ဆွေးမြေ့ပျက်စီးဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ Israel မှဓါတုအင်ဂျင်နီယာ တစ်ဦးဖြစ်သူ Sharon Barak ဟာ ရာစုနှစ်များစွာကနေ မိနစ်အတွင်း ပလပ်စတစ်ယိုယွင်းမှု ကာလကို လျော့ချဖို့ နည်းလမ်းတစ်ခု တွေ့ရှိခဲ့ပါတယ်။

ကျွန်မတို့အားလုံးဟာ နေ့စဉ်နေ့တိုင်း ပလပ်စတစ်ပစ္စည်းများကိုသာ အသုံးပြုခဲ့ကြပါတယ်။ သမားရိုးကျပလပ်စတစ်တွေဟာ ဂေဟစနစ်နဲ့ လိုက်လျောညီထွေမရှိသလို စွန့်ပစ်လိုက်တဲ့အခါမှာ ရာစုနှစ်များစွာ သဘာဝအတိုင်း ရှိနေနိုင်ပြီး ဆယ်စုနှစ်များစွာ လူနှင့်တိရိစ္ဆာန်နှစ်မျိုးစလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။

ကျွမ်းကျင်သူများရဲ့ အဆိုအရ ပလပ်စတစ်တွေ ဆွေးမြေ့ပျက်စီးမှုရဲ့ ပျမ်းမျှအချိန်ဟာ ပလတ်စတစ်ခွက်ဆိုရင် နှစ် ၅၀ဖြစ်ပြီး ပိုက်တံတွေဆိုရင် နှစ် ၂၀၀ဖြစ်ပါတယ်။ ပလပ်စတစ်ပုလင်းတွေဆိုရင် နှစ် ၄၅၀မှ ဆွေးမြေ့ပျက်စီးပါတယ်။ ဓါတုအင်ဂျင်နီယာ ရှာရွန်ဗာရက်ဟာ ပလပ်စတစ်နဲ့ ပုံစံတူပြီး ပလပ်စတစ်လို အသုံးဝင်မယ့် ထုတ်ကုန်တစ်ခုကို ပြုလုပ်ချင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ သဘာဝကို မထိခိုက်စေဘဲ ရေထဲမှာ ပျော်ဝင်တဲ့ ထုတ်ကုန်ဖြစ်ရမယ်လို့ ရည်မှန်းချက်ထားခဲ့ပါတယ်။ ပြီးနောက် သူမပြုလုပ်ခဲ့ပါတယ်။

ရှာရွန်နှင့် သူမအဖွဲ့ဟာ နောက်ဆုံးမှန်ကန်တဲ့ ဖော်မြူလာကို ရှာတွေ့တဲ့အထိ ကွဲပြားခြားနားသော components တွေ အများကြီးကို ရောနှောခြင်းဖြင့် အချိန်များစွာ သုံးစွဲခဲ့ရပါတယ်။ ရှာရွန်တီထွင်ခဲ့တဲ့ ပလပ်စတစ်အတုဟာ သဘာဝအစိတ်အပိုင်းတစ်ရပ်ဖြစ်လာပြီး ရေထဲမှာ အလွယ်တကူပျော်ဝင်တဲ့ 100% eco-friendly ပစ္စည်းများ ပါဝင်ပါတယ်။

အဆိုပါ ထုတ်ကုန်ဟာ ၎င်း၏ water solution ကိုတောင် သောက်လို့ရနိုင်တဲ့အထိ သဘာဝအတိုင်း အန္တရာယ်ကင်းတယ်လို့ဆိုပါတယ်။ အဆိုပါထုတ်ကုန်ဖြင့် ပြုလုပ်ထားတဲ့ အိတ်တစ်အိတ်က သမုဒ္ဒရာထဲကို မတော်တဆရောက်သွားခဲ့ရင် သာမန်ပလပ်စတစ်လို ပင်လယ်သတ္တဝါတွေကို ခြိမ်းခြောက်မှုမရှိဘဲ မိနစ်အနည်းငယ်အတွင်းမှာ သဘာဝအတိုင်း အလိုအလျောက်ပျက်စီးနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

ထို့အပြင် ဒီတီထွင်မှုအသစ်က recycling အတွက် အသေးစိတ်ဖြစ်စဉ်တစ်ခု မလိုအပ်ပါဘူး၊ ပစ္စည်းတစ်ခု သင်အသုံးပြုပြီးတဲ့အခါ ရိုးရှင်းစွာပဲ ရေမြောင်းထဲကို စွန့်ပစ်နိုင်ပါတယ်။ ထုတ်လုပ်မှု ဖြစ်စဉ်ကလည်း မရှုပ်ထွေးပါဘူး။ ပုံမှန်ပလပ်စတစ်အိတ် ထုတ်လုပ်တဲ့ စက်ယန္တရားကို ဒီဆန်းသစ်တဲ့ ပလတ်စတစ် ထုတ်ကုန် ထုတ်လုပ်ဖို့ ချိန်ညှိနိုင်တယ်လို့ အဖွဲ့၏ဝက်ဆိုဒ်မှာ ပြောခဲ့ပါတယ်။

ရှာရွန်ဟာ သူမတီထွင်ခဲ့သော ဒီဆွေးမြေ့ပျက်စီးနိုင်တဲ့ ပလပ်စတစ်အစားထိုးအတွက် ကြီးမားတဲ့ အလားအလာတစ်ခုကို မြင်ခဲ့ပါတယ်။ ၎င်းကို အစားအစာတွေထုပ်ပိုးခြင်း၊ ပုလင်းထုတ်လုပ်ခြင်းနှင့် ပုံမှန်ပလပ်စတစ်အသုံးပြုတဲ့ တခြားရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်ပါတယ်။ ရှာရွန်နှင့် သူမအဖွဲ့ဟာ ကမ္ဘာကို သူတို့ရဲ့ တီထွင်မှု မိတ်ဆက်ဖို့ ခက်ခဲစွာ အလုပ်လုပ်ခဲ့ရပါတယ်၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်တဲ့ ပလပ်စတစ်အတုတွေ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုဟာ ကမ္ဘာကြီးကို အသက်ရှင်နေထိုင်ဖို့ ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်လာစေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။

ရှာရွန်ရဲ့ ရည်မှန်းချက်စီမံကိန်းကြီးကို သင်ဘယ်လိုထင်ပါသလဲ?ဒီလို eco-friendly ဖြေရှင်းမှုတစ်ခုအတွက် ကမ္ဘာ့ပေါ်မှာ ရှိတဲ့ ပလပ်စတစ်အားလုံးကို အစားထိုးဖို့ အမြဲတမ်း စီမံခန့်ခွဲနိုင်မယ်လို့ သင်ထင်ပါသလား?

Lifestyle_Myanmar

LM_Nandar

Source_brightside

LEAVE A REPLY

Please enter your comment!
Please enter your name here