ရေခဲမုန့်ဆိုင်က ပုံးတွေထဲမှာ ညစ်ညစ်ပတ်ပတ်တွေ နေ့စဥ်ပြုလုပ်ခဲ့တဲ့ ဘေးဆိုင်ကအမျိုးသမီး

0
16019

ဖရော်ရီဒါ စိန့်ပီတာဘတ်မှာ ရှိတဲ့ ရေခဲမုန့်ဆိုင်ထဲမှာ အမျိုးသမီးတစ်ဦးဟာ လက်မဆေးပဲ ရေခဲမုန့်ပုံးကိုကိုင်ခြင်း နှာခေါင်းနှိုက်ပြီးရေခဲမုန့်တွေကို သုတ်ခြင်းနဲ့ သေးပေါက်ထည့်ခြင်းတွေကို ပြုလုပ်ခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ ထိုအမျိုးသမီးရဲ့အမည်မှာ Jung Soon Wypcha အသက် ၆၆ နှစ်ပြီး Lu Lu’s ice cream and candy shop ရဲ့ဘေးနားက အစားအသောက်ဆိုင်မှာလုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပြီး toilet ခန်းကို နှစ်ဆိုင်မျှသုံးနေကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က သူမအိမ်သာကထွက်လာတိုင်း ရေခဲမုန့်ပြုလုပ်တဲ့အခန်းကို ငါးကြိမ်တိတိ ဝင်ခဲ့ပြီး လက်မဆေးပဲနဲ့ ရေခဲမုန့်တွေကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ စောင့်ကြည့်ဗီဒီယိုတွေရဲ့ ဖော်ပြချက်မှာလည်း သူမဟာရေခဲမုန့်သိုလှောင်တဲ့ ပုံးတွေကို နှာခေါင်းနှိုက်ပြီးကိုင်တွယ်တာတွေ၊ တံတွေးထွေးတာတွေလည်း ပြုလုပ်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

နောက်တစ်ရက်မှာတော့ ရေခဲသေတ္တာထဲကပုံးတွေကို ထုတ်ထားပြီးဖြစ်တာကြောင့် သူမဝင်ရောက်တဲ့အခါ အကြံအစည်မအောင်မြင်ခဲ့ပါဘူး။ ၂၂ရက်နေ့မှာ နောက်ထပ် toilet ခန်းကိုအသုံးပြုဖို့ သူမရောက်လာပေမယ့် တံခါးက သော့ပိတ်ထားခဲ့ပါတယ်။ ဒီလိုသော့ပိတ်ထားမှုကို မကျေနပ်တာကြောင့် ရေခဲမုန့်ပုံးတွေနဲ့ ခြင်းတောင်းတွေထဲကို သူမကသေးပေါက်ချခဲ့ကြောင်း cctv မှတ်တမ်းတွေအရ သိရှိရပါတယ်။

နောက်နေ့တွေမှာလည်း ယခုလိုအပြုမူမျိုးတွေ ထပ်မံလုပ်ခဲ့တာကို သတိထားမိတာကြောင့် လူတွေရဲ့ကျန်းမာရေးအန္တရာယ် ကာကွယ်မှုအဖြစ် ထုတ်ကုန် ဒေါ်လာ ၂၀၀၀ ဖိုးလောက် စွန့်ပစ်ခဲ့ရတဲ့အတွက် ဆိုင်ရှင်လည်း စိတ်ညစ်လျက်ရှိပါတယ်။ ဝန်ထမ်းတွေက ဒီလိုအပြုအမူမျိုးတွေ လုပ်နေရင် ကျွန်တော်တို့စီးပွားပျက်နိုင်တယ်။ လို့ ပူးတွဲတည်ထောင်သူ Paul Chiulli ကဆိုပါတယ်။

သူမက ရူးနေကြောင်းကို ကျွန်တော်တို့မသိခဲ့ကြကြောင်း သူကဆိုပါတယ်။ သူမမှာ စိတ်ပိုင်းချို့ယွင်းမှု မရှိကြောင်းနဲ့ မူးယစ်ဆေးသုံးစွဲထားတဲ့ လက္ခဏာမတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ကဖော်ပြခဲ့ပြီး လက်ခြင်းမြင်းမှုဥပဒေနဲ့ ဖမ်းဆီးခဲ့သော်လည်း ဒေါ်လာ ၅၅၀၀၀ နဲ့အာမခံပေးခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်တွေကြောင့် ရေခဲမုန့်ဆိုင်ကို ငါးရက်ပိတ်ခဲ့ရပြီး နောက်တစ်ပတ်မှာတော့ပြန်ဖွင့်နိုင်ခဲ့ပါတယ်။
Lifestyle_Myanmar
LM_Naung_Naung

Zawgyi font

ေရခဲမုန္႔ဆိုင္က ပုံးေတြထဲမွာ ညစ္ညစ္ပတ္ပတ္ေတြ ေန႔စဥ္ျပဳလုပ္ခဲ့တဲ့ ေဘးဆိုင္ကအမ်ိဳးသမီး
ဖေရာ္ရီဒါ စိန္႔ပီတာဘတ္မွာ ရွိတဲ့ ေရခဲမုန္႔ဆိုင္က အမ်ိဳးသမီးတစ္ဦးဟာ လက္မေဆးပဲ ေရခဲမုန္႔ပုံးကိုကိုင္ျခင္း ႏွာေခါင္းႏွိုက္ၿပီးေရခဲမုန္႔ေတြကို သုတ္ျခင္းနဲ႔ ေသးေပါက္ထည့္ျခင္းေတြကို ျပဳလုပ္ခဲ့လို႔ အဖမ္းခံခဲ့ရပါတယ္။ ထိုအမ်ိဳးသမီးရဲ့အမည္မွာ Jung Soon Wypcha အသက္ ၆၆ ႏွစ္ၿပီး Lu Lu’s ice cream and candy shop ရဲ့ေဘးနားက အစားအေသာက္ဆိုင္မွာလုပ္ကိုင္ေနသူတစ္ေယာက္ျဖစ္ၿပီး toilet ခန္းကို ႏွစ္ဆိုင္မၽွသုံးေနေၾကာင္း သိရပါတယ္။
လြန္ခဲ့တဲ့ ဇြန္လ ၁၇ ရက္ေန႔က သူမအိမ္သာကထြက္လာတိုင္း ေရခဲမုန္႔ျပဳလုပ္တဲ့အခန္းကို ငါးႀကိမ္တိတိ ဝင္ခဲ့ၿပီး လက္မေဆးပဲနဲ႔ ေရခဲမုန္႔ေတြကို ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။ ေစာင့္ၾကည့္ဗီဒီယိုေတြရဲ့ ေဖာ္ျပခ်က္မွာလည္း သူမဟာေရခဲမုန္႔သိုေလွာင္တဲ့ ပုံးေတြကို ႏွာေခါင္းႏွိုက္ၿပီးကိုင္တြယ္တာေတြ၊ တံေတြးေထြးတာေတြလည္း ျပဳလုပ္ခဲ့တာကို ေတြ႕ရွိခဲ့ရပါတယ္။
ေနာက္တစ္ရက္မွာေတာ့ ေရခဲေသတၱာထဲကပုံးေတြကို ထုတ္ထားၿပီးျဖစ္တာေၾကာင့္ သူမဝင္ေရာက္တဲ့အခါ အႀကံအစည္မေအာင္ျမင္ခဲ့ပါဘူး။ ၂၂ရက္ေန႔မွာ ေနာက္ထပ္ toilet ခန္းကိုအသုံးျပဳဖို႔ သူမေရာက္လာေပမယ့္ တံခါးက ေသာ့ပိတ္ထားခဲ့ပါတယ္။ ဒီလိုေသာ့ပိတ္ထားမွုကို မေက်နပ္တာေၾကာင့္ ေရခဲမုန္႔ပုံးေတြနဲ႔ ျခင္းေတာင္းေတြထဲကို
သူမကေသးေပါက္ခ်ခဲ့ေၾကာင္း cctv မွတ္တမ္းေတြအရ သိရွိရပါတယ္။ ေနာက္ေန႔ေတြမွာလည္း ယခုလိုအျပဳမူမ်ိဳးေတြ ထပ္မံလုပ္ခဲ့တာကို သတိထားမိတာေၾကာင့္ လူေတြရဲ့က်န္းမာေရးအႏၲရာယ္ ကာကြယ္မွုအျဖစ္ ထုတ္ကုန္ ေဒၚလာ ၂၀၀၀ ဖိုးေလာက္ စြန္႔ပစ္ခဲ့ရတဲ့အတြက္ ဆိုင္ရွင္လည္း စိတ္ညစ္လ်က္ရွိပါတယ္။ ဝန္ထမ္းေတြက ဒီလိုအျပဳအမူမ်ိဳးေတြ လုပ္ေနရင္ ကၽြန္ေတာ္တို႔စီးပြားပ်က္နိုင္တယ္။ လို႔ ပူးတြဲတည္ေထာင္သူ Paul Chiulli ကဆိုပါတယ္။
သူမက ႐ူးေနေၾကာင္းကို ကၽြန္ေတာ္တို႔မသိခဲ့ၾကေၾကာင္း သူကဆိုပါတယ္။ သူမမွာ စိတ္ပိုင္းခ်ိဳ႕ယြင္းမွု မရွိေၾကာင္းနဲ႔ မူးယစ္ေဆးသုံးစြဲထားတဲ့ လကၡဏာမေတြ႕ရွိရေၾကာင္း ရဲတပ္ဖြဲ႕ကေဖာ္ျပခဲ့ၿပီး လက္ျခင္းျမင္းမွုဥပေဒနဲ႔ ဖမ္းဆီးခဲ့ေသာ္လည္း ေဒၚလာ ၅၅၀၀၀ နဲ႔အာမခံေပးခဲ့ပါတယ္။ အဆိုပါ ျဖစ္ရပ္ေတြေၾကာင့္ ေရခဲမုန္႔ဆိုင္ကို ငါးရက္ပိတ္ခဲ့ရၿပီး ေနာက္တစ္ပတ္မွာေတာ့ျပန္ဖြင့္နိုင္ခဲ့ပါတယ္။
Lifestyle_Myanmar
LM_Naung_Naung

LEAVE A REPLY

Please enter your comment!
Please enter your name here