ဝိတ်ချဖို့စဉ်းစားကြတဲ့အခါ တော်တော်များများက အစားအသောက်ထိန်းတာ အားကစားအပြင်းထန်လုပ်တာတွေလောက်ပဲ တွေးမိကြပါတယ်။ သင်ဟာ ချွေးသံရွှဲရွှဲလုပ်ရတဲ့ အားကစားနည်းတွေနဲ့ ဝိတ်ချရတာ အဆင်မပြေဘူးဆိုရင်တော့ ရေကူးခြင်းဟာ အကောင်းဆုံး အားကစားနည်းတစ်ခုလို့ ညွှန်းပေးချင်ပါတယ်။ ရေကူးခြင်းဟာ ဝိတ်ကျစေတဲ့အပြင် စိတ်ဖိစီးမှုလျော့စေခြင်း ၊ အမောခံနိုင်ခြင်း ၊ လန်းဆန်းတက်ကြွခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။ ရေကူးနည်းများစွာရှိတဲ့အထဲမှ ဘယ်လိုရေကူးနည်းတွေဟာ သင့်ကိုဝိတ်ကျစေမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) Freestyle
Freestyle ရေကူးနည်းဟာ ရေကူးနည်းများစွာထဲကမှ အခြေခံကျတဲ့နည်းတစ်နည်း ဖြစ်ပါတယ်။ လက် (၂) ဖက်ကို ရှေ့သို့ဆန့်ထုတ်ပြီး ရေကူးကန်မျက်နှာပြင် အောက်ဖက်ကို မျက်နှာမူထားရပါတယ်။ အဲ့ဒီနောက်မှာ ခန္ဓာကိုယ်ကို ဘယ်ညာယိမ်းကာ ခန္ဓာကိုယ်ယိမ်းတဲ့အတိုင်း လက်ကိုလည်း ဘယ်ညာ ပြောင်းပြီး ကူးခတ်ရတဲ့နည်းဖြစ်ပါတယ်။ ဒီနည်းအတိုင်း (၄၅) မိနစ်ခန့် ကူးမယ်ဆိုရင် ကယ်လိုရီ ၄၀၀ ကနေ ၅၀၀ ကြား လောင်ကျွမ်းစေနိုင်ပါတယ်။

(၂) Breaststroke
Breatstroke ရေကူးနည်းကတော့ လက် (၂) ဖက်ကို ရှေ့သို့ဆန့်ထုတ်ပြီး ကိုယ့်ရဲ့အရှေ့တည့်တည့်ကို မျက်နှာမူထားရပါတယ်။ ဒါပေမယ့် ဒီနည်းကတော့ ဆန့်ထုတ်ထားတဲ့လက် (၂) ဖက်နဲ့ ရေပြင်ကိုထိုးခွင်းပြီး ခန္ဓာကိုယ်ကိုဆန့်ထုတ်ကာ ကူးခတ်ရတဲ့ရေကူးနည်းပဲ ဖြစ်ပါတယ်။ လက် (၂) ဖက်ရဲ့ အားကိုအဓိကအသုံးပြုရတဲ့အတွက် Chest နဲ့ Back Muscle တွေကို အဓိက သန်မာစေမှာဖြစ်ပါတယ်။ ဒီနည်းအတိုင်း (၄၅) နာရီခန့် ကူးမယ်ဆိုရင် ကယ်လိုရီ ၂၀၀ ကနေ ၄၀၀ ကြားလောင်ကျွမ်းစေနိုင်ပါတယ်။

(၃) Backstroke
Backstroke ရေကူးနည်းဟာ အားလုံးသိတဲ့ ပက်လက်အနေအထား ရေကူးခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ပက်လက် အနေအထားနဲ့ ရေပြင်ပေါ်တွင်ပေါ်နေစေပြီး ခန္ဓာကိုယ်ကို ဘယ်ညာယိမ်းကာ လက် (၂) ဖက်ကိုလည်း ခန္ဓာကိုယ်နဲ့အညီ ကူးခတ်ပေးရတဲ့ ရေကူးနည်းတစ်မျိုးဖြစ်ပါတယ်။ ဒီနည်းဟာလည်း ကယ်လိုရီလောင်ကျွမ်းတဲ့နေရာမှာ တော်တော်လေး အထောက်အကူပြုပြီး (၄၅) မိနစ်ခန့် ကူးမယ်ဆိုရင် ကယ်လိုရီ ၃၀၀ ကနေ ၆၀၀ ကြား လောင်ကျွမ်းစေမှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-greatist