ဒီတစ်ပတ် Weekend ကိုဘယ်လိုမျိုး ဖြတ်သန်းကြမယ်လို့ စိတ်ကူးထားကြလဲ။ ရုံးပိတ်ရက် တွေ ဘယ်လောက်ပဲ ရခဲ့ရခဲ့ အကြိမ်ရေများစွာ မရေမတွက်နိုင်အောင် ဖြတ်သန်းခဲ့ကြပေမယ့်လည်း လုံလုံလောက်လောက်နဲ့ ကောင်းကောင်းအနားယူခဲ့ကြရမယ် မထင်ပါဘူး။ ဒါကြောင့် အခုတစ်ပတ် ရုံးပိတ်ရက်မှာ အနားလည်းယူရင်း ကိုယ့်အတွက် အကျိုးလည်းရှိစေမယ့် Weekend ဖြတ်သန်းနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) အခန်းရှင်းပါ
ရာသီဥတုကလည်း နေပူလိုက် မိုးရွာလိုက်နဲ့မို့ အားလပ်ရက်မှာ အပြင်ထွက်လည်ဖို့ အဆင်မပြေနိုင်ဘူး ထင်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ နားနားနေနေနေရင်း ကိုယ့်အိမ်ခန်းလေးကို သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ပစ္စည်းလေးတွေ နေရာတကျပြန်ထားမယ်။ လွှင့်ပစ်သင့်တဲ့အရာတွေကို လွှင့်ပစ်ပြီး စိတ်သစ်၊ လူသစ် ၊ အသုံးအဆောင်ပစ္စည်းအသစ်တွေနဲ့ လန်းလန်းဆန်းဆန်းဖြတ်သန်းပါ။

(၂) Free Seminar တွေတက်ပါ
အခုခေတ် လူတွေတော်တော်များများ ပညာရေးနဲ့ ဗဟုသုတပိုင်းဆိုင်ရာကို အဓိကဦးစားပေးလာကြပြီပဲဖြစ်ပါတယ်။ ဒီလို ပညာလိုလားတဲ့သူတွေအတွက် မကြာခဏဆိုသလိုလည်း ပညာရေးနဲ့ ပတ်သက်တဲ့ပွဲတွေ ၊ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံဖလှယ်ပွဲတွေ အများကြီးပြုလုပ်လာတာ တွေ့ရပါတယ်။ Online မှာလည်း ပြုလုပ်မယ့်ပွဲတွေကို ကြော်ငြာပေးထားတာကြောင့် ကိုယ်စိတ်ဝင်စားတဲ့ Seminar တွေတွေ့ရင် လိုက်တက်ကြည့်ဖို့ တိုက်တွန်းပါတယ်။ တကယ်ကို အတွေ့အကြုံပြည့်ဝပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် အောင်မြင်နေသူတွေက ပြန်လည် Sharing လုပ်ပေးတဲ့ ပွဲတွေဖြစ်တာမလို့ အများကြီးအကျိုးရှိစေမှာ သေချာပါတယ်။

(၄) စာအုပ်ဆိုင်သွားပါ
ခန္ဓာကိုယ်မှာ အဆီတွေကျပြီး ခန္ဓာကိုယ်ကိတ်လာဖို့ Gym ဆော့ရသလို ကိုယ့်ရဲ့ ဦးနောက်လေးကိတ်လာပြီး ဗဟုသုတတွေ အများကြီးရှိနေဖို့ စာဖတ်များများ ဖတ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ စာအုပ်အရောင်းဆိုင်ကြီးတွေကို သွားပြီး ကိုယ်ကြိုက်တဲ့စာအုပ်လေးတွေ စိတ်ကြိုက်ရွေးချယ် ဝယ်ယူပါ။ Social Media တွေ လျော့သုံးပြီး စာအုပ်လေးတွေ ဖတ်မယ်ဆိုရင် တကယ့်ကို အကျိုးရှိတဲ့ ရုံးပိတ်ရက်လေးဖြစ်မယ်ဆိုတာ အာမခံပါတယ်။

Lifestyle_Myanmar
ref-realbuzz