ယနေ့ခေတ်မှာ ကိုးရီးယားရုပ်လမ်းတွဲတွေ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တရုတ် စတဲ့ အတွဲရှည်ဇာတ်လမ်းတွဲတွေ မြန်မာနိုင်ငံမှာ ခေတ်စားလာတာ ကြာပါပြီ။ လူတွေက နောက်ပိုင်းမှာ အိပ်ရေးပျက်ခံပြီး ဇာတ်လမ်းတွဲတွေကို ကြည့်လာကြတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ ဆောင်းပါးမှာတော့ ရုပ်ရှင်စီးရီးတွေ အလွန်အကျွံ အိပ်ရေးပျက်ခံပြီးကြည့်ရင် ဘယ်လိုဆိုးကျိုးတွေရနိုင်မလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။
အိပ်ရေးပျက်မယ်
ဒါကေတော့ ဇာတ်လမ်းတွဲတွေ ကြည့်တတ်တဲ့ သူတော်တော်များများ ကြုံဖူးကြပါတယ်။ ညဖက်ဇာတ်လမ်းတွဲတွေ ကြည့်တဲ့အခါမှာ ဒီတစ်ကားပြီးရင် အိပ်တော့မယ် အိပ်တော့မယ်နဲ့ ညဥ့်နက်သွားတတ်ပါတယ်။ တချို့ဆို မိုးလင်းပေါက် ဇာတ်လမ်းတွဲတွေ ကြည့်ကြပါတယ်။ ညမအိပ်ရတဲ့အခါမှာ မနက်နဲ့နေခင်းတွေမှာ အိပ်ကြပါတော့မယ်။ ဒီလိုနေ့ည ပြောင်းပြန်အိပ်တာက ခန္ဓာကိုယ်အစိတ်အပိုင်း တချို့ကို ထိခိုက်စေတဲ့အပြင် ကျန်းမာရေးကိုလည်း ဆိုးရွားစွာထိခိုက်စေပါတယ်။

မျက်စိပြဿနာရှိလာမယ်
တီဗီဖန်သားပြင် ဒါမှမဟုတ် ဖုန်းဖန်သားပြင်တွေကနေ ထွက်လာတဲ့ အလင်းတွေကို အချိန်အကြာကြီး စိုက်ကြည့်တဲ့အခါမှာ မျက်စိညောင်းကိုက်လာပါမယ်။ ပြီးတော့ မျက်ရိုးကိုက်တာ၊ မျက်လုံးထဲမှာ အနီရောင်သွေးကြောတွေ ပေါ်လာတာ၊ မနတ်ထရင် မျက်လုံးအောင့်တာ နဲ့ မျက်စိမှုန်လာတာတွေ ဖြစ်လာနိုင်ပါတယ်။

ဝလာမယ်
တီဗီတွေ အချိန်အကြာကြီး ကြည့်တတ်တဲ့ သူတွေမှာ အဝလွန်တဲ့ရောဂါဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လက်လှုပ်ရှားမှု မရှိလို့ပါပဲ။ ဒါ့အပြင် တီဗီကြည့်ရင်း သရေစာမုန့်တွေ စားတတ်တာကြောင့် တဖြည်းဖြည်းနဲ့ ဝလာတာပါ။ ဒါက နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေ ဆီးချို ရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဒီလိုဆိုးကျိုးတွေ ရလာနိုင်တာကြောင့် ဇာတ်လမ်းတွဲတွေကို ညဖက်ကြည့်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဇာတ်လမ်းတွဲတွေကို မနက်ပိုင်း ကြည့်ပေးပါ။ တီဗီကြည့်နေတဲ့အချိန်မှာလည်း သရေစာအနေနဲ့ အသီးတွေကို စားသုံးပေးပါ။

Lifestyle_Myanmar
ref-sofarachon