ရုပ်ပိုင်းထိတွေ့မှုကို မကြိုက်တဲ့တိုင်း မနှစ်မြိုမှုကိုဖြစ်စေနိုင်တဲ့ သာမာန်အရာ (၉) ခု

0
885

လူတွေတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူညီကြသလို စရိုက်တွေလည်းကွဲပြားကြပါတယ်။ တချို့က ဘယ်လောက်ရင်းနှီးနှီး အသားချင်းထိတွေ့ခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းခြင်းတို့ကို မနှစ်သက်ကြပဲ အမြဲတမ်းရှောင်ရှားဖို့ ကြိုးစားနေကြတာကို သင်တွေ့ဖူးနိုင်သလို သင်ကိုယ်တိုင်လည်း အဆိုပါစရိုက်ရှိသူတစ်ယောက် ဖြစ်နိုင်ပါတယ်။ သူတို့တွေဘာကြောင့် အသားချင်းထိမိတာတွေ၊ ခင်မင်မှုနဲ့ပွေ့ဖက်ခြင်းတွေကို မနှစ်သက်ကြတာလဲဆိုတာ သင်အံ့သြနေမယ့်အစား သူတို့ရဲ့မနှစ်သက်မှုတွေကို သင်ကိုယ်တိုင်ကမပြုလုပ်မိအောင် ဂရုစိုက်ခြင်းက အကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ယခုလိုစရိုက်ရှိသူတွေအတွက် စိတ်ကျဉ်းကျပ်မှုနဲ့ ခက်ခဲမှုကို ဖြစ်စေတတ်တဲ့ သာမာန်အခိုက်အတန့်လေး တွေကိုဖော်ပြပေးလိုက်ပါတယ်။

-Advertisement-

၁။ အခြားသူတွေရဲ့ကလေးတွေ
လူတိုင်းလိုလို ကလေးတွေကိုချစ်တတ်ကြပါတယ်။ ကိုယ့်ရဲ့သားသမီးတွေကို ချစ်သလိုပဲ အခြားကလေးတွေလည်း ချစ်ကြပေမယ့် ချစ်တဲ့အကြောင်းကိုပြသဖို့အတွက် ကလေးတွေကိုပွေ့ဖက်ဖို့ လိုအပ်တယ်လို့ သူတို့က မထင်ကြပါဘူး။ ဒါကြောင့် သူတို့တွေရဲ့ ကိုယ်ပိုင်သားသမီးတွေကိုသာ ပွေ့ဖက်ကြပါတယ်။

၂။ နွေရာသီ
နွေရာသီဟာ ကြီးမားတဲ့အားနည်းချက်တစ်ခု ရှိပါတယ်။ လူတိုင်းလိုလိုချွေးထွက်နေကြပြီး ပူအိုက်တာကြောင့် လက်တိုလက်ပြတ်ဝတ်ဆင်ထားတတ်ကြပါတယ်။ ဒီအထိပြဿနာမဟုတ်သော်လည်း ကားပေါ်လိုလူများတဲ့နေရာတွေမှာ ချွေးထွက်နေတဲ့အသားအချင်းချင်း ထိတွေ့မိခြင်းဟာ အချို့လူတွေအတွက် စိတ်အနှောက်အယှက်ကြီးကြီးမားမား ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် လူစိမ်းတွေနဲ့ အတူတူထိုင်တဲ့အခါ အသားချင်းမထိမိအောင် ဂရုစိုက်သင့်ပါတယ်။

၃။ အကြောင်းပြချက်မရှိ ပွေ့ဖက်ခြင်း
့ လူတွေတွေ့ဆုံရင်ပဲဖြစ်ဖြစ် နှုတ်ဆက်ရင်ပဲဖြစ်ဖြစ် ဘာကြောင့်တစ်ယောက်ကိုတစ်ယောက် ဖက်ပြီးနှုတ်ဆက်ရလဲဆိုတာကို နားလည်ဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့တွေ စစ်ပွဲကနေပြန်လာကြတာ မဟုတ်ပါဘူး။ သူစိမ်းကိုဖက်ရတာမကြိုက်တဲ့သူတွေအတွက် ပြဿနာတစ်ခုပါပဲ။

၄။ အကြောင်းပြချက်နဲ့ ဖက်ခြင်း
လူစိမ်းတစ်ယောက်က ကျွန်တော်တို့ကို အကြောင်းတစ်ခုခုကြောင့် ရုပ်ပိုင်းဆိုင်ရာထိတွေပြီး ပွေ့ဖက်ဖို့ကြိုးစားတဲ့အချိန်ဟာ တကယ့်ကိုဆိုဆိုးရွားရွားနဲ့ အဆင်မပြေတဲ့ အခြေအနေပါပဲ။ ယခုလိုအခြေအနေကို ငြင်းဆန်ဖို့ကြိုးစားရင်လည်း အထင်လွဲနိုင်ပြီး အဖက်ခံရတဲ့အခါလည်း ရှက်စရာလိုလိုနဲ့ အဆင်မပြေတဲ့အချိန်ပါပဲ။

၅။ အနှိပ်ခံခြင်း
တချို့တွေက အနှိပ်ခံခြင်းကိစ္စတွေကို သာမာန်လောက်သာ ခံစားကြပြီး ပုံမှန်လိုလိုတောင် အနှိပ်ခန်းသွားရတာကို ပျော်ရွင်နေတတ်ကြပါတယ်။ မနှစ်သက်တဲ့သူတွေကတော့ ဒါဟာသဘာဝမဟုတ်ဖူးလို့ယူဆကြသလို ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို သူစိမ်းကစိတ်ကြိုက်ကိုင်တွယ်မှုကိုလည်း မပေးသင့်ဘူးလို့ယူဆကြပါတယ်။

၆။ ရေကူးကန်
သူတို့တွေဟာ ရေကူးကန်ကို လူတွေရောပြုတ်ထားတဲ့ စွပ်ပြုတ်အိုးလို့ မြင်တတ်ကြပါတယ်။ ဒီလိုအချိန်ဟာ အခြားသူတွေရဲ့အောက်ပိုင်းဆေးကြောထားတဲ့ရေတွေ ကျွန်တော်တို့ရဲ့မျက်နှာနဲ့ ပါးစပ်ထဲထိအောင် ၀င်နိုင်တဲ့ အချိန်ဖြစ်တယ်လို့ တချို့ကယူဆကြတာကြောင့် တချို့ကစိတ်မသန့်ကြပါဘူး။

၇။ Relationship အသစ်
ကျွန်တော်တို့ဘဝရဲ့ အချို့အချိန်တွေမှာ လူအသစ်တွေပါ၀င်ပတ်သတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရင်းရင်းနှီးနှီး ပတ်သတ်မှုကတော့ ချက်ခြင်းမဖြစ်နိုင်ပါဘူး။ ဒါဟာသဘာဝပါပဲ။

၈။ သူငယ်ချင်းဟောင်းတွေ
ဘယ်လောက်ပဲ ရင်နှီးတဲ့သူငယ်ချင်းဖြစ်ပါစေ စကားပြောတဲ့အခါ ထိတွေ့တတ်ခြင်း ပခုံးပုတ်ပြီးပြောတတ်တာတွေကို ကိုယ်တိုင်ရှောင်ရှားသင့်တယ်လို့ မနှစ်သက်သူတွေက ယူဆကြပါတယ်။ ဒီလိုအပြုအမူမပါလည်း လူတိုင်း စေ့စေ့စပ်စပ်နားထောင်နိုင်ပါတယ်လို့ သူတို့ကယူဆကြပါတယ်။

၉။ အဓိကအရာ
တစ်စုံတစ်ယောက်ကို နေ့စဉ်ပုံမှန်လို ပွေ့ဖက်ခြင်းရဲ့အဓိပ္ပာယ်ဟာ သင့်အတွက်အရေးအကြီးဆုံးသူနဲ့ ဘဝမှာချစ်ရတဲ့သူသာဖြစ်သင့်တယ်လို့ ယူဆကြပါတယ်။ သူစိမ်းက ဒီလိုပွေ့ဖက်တဲ့့အပြုအမူဟာ တချို့တွေအတွက် အတင်းအကျပ်ဖျစ်ညှစ်ပြီး ပွေ့ပိုက်ခံရတဲ့ ကြောင်တစ်ယောက်ရဲ့ခံစားချက်နဲ့ တူတယ်လို့ယူဆကြတာကြောင့် သူတို့တွေက ယခုလိုမပြုလုပ်ဖို့၊ Personal space ကိုလေးစားတတ်ဖို့ လိုလားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့သာမန်အပြုအမူတစ်ခုဟာ အခြားသူတစ်ယောက်အတွက် စိတ်အနှောက်အယှက်ဖြစ်နေရင် မကောင်းဘူးလို့ ယူဆမိတာကြောင့် ဖော်ပြရခြင်းဖြစ်ပါတယ်။

LM_Naung_Naung
Ref-Brightside
Lifestyle_Myanmar

လူေတြတိုင္းဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အႀကိဳက္မတူညီၾကသလို စ႐ိုက္ေတြလည္းကြဲျပားၾကပါတယ္။ တခ်ိဳ႕က ဘယ္ေလာက္ရင္းႏွီးႏွီး အသားခ်င္းထိေတြ႕ျခင္း၊ ေပြ႕ဖက္ျခင္း၊ နမ္းျခင္းတို႔ကို မႏွစ္သက္ၾကပဲ အၿမဲတမ္းေရွာင္ရွားဖို႔ ႀကိဳးစားေနၾကတာကို သင္ေတြ႕ဖူးႏိုင္သလို သင္ကိုယ္တိုင္လည္း အဆိုပါစ႐ိုက္ရွိသူတစ္ေယာက္ ျဖစ္ႏိုင္ပါတယ္။ သူတို႔ေတြဘာေၾကာင့္ အသားခ်င္းထိမိတာေတြ၊ ခင္မင္မႈနဲ႔ေပြ႕ဖက္ျခင္းေတြကို မႏွစ္သက္ၾကတာလဲဆိုတာ သင္အံ့ၾသေနမယ့္အစား သူတို႔ရဲ႕မႏွစ္သက္မႈေတြကို သင္ကိုယ္တိုင္ကမျပဳလုပ္မိေအာင္ ဂ႐ုစိုက္ျခင္းက အေကာင္းဆုံးပဲျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ ယခုလိုစ႐ိုက္ရွိသူေတြအတြက္ စိတ္က်ဥ္းက်ပ္မႈနဲ႔ ခက္ခဲမႈကို ျဖစ္ေစတတ္တဲ့ သာမာန္အခိုက္အတန႔္ေလး ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

၁။ အျခားသူေတြရဲ႕ကေလးေတြ
လူတိုင္းလိုလို ကေလးေတြကိုခ်စ္တတ္ၾကပါတယ္။ ကိုယ့္ရဲ႕သားသမီးေတြကို ခ်စ္သလိုပဲ အျခားကေလးေတြလည္း ခ်စ္ၾကေပမယ့္ ခ်စ္တဲ့အေၾကာင္းကိုျပသဖို႔အတြက္ ကေလးေတြကိုေပြ႕ဖက္ဖို႔ လိုအပ္တယ္လို႔ သူတို႔က မထင္ၾကပါဘူး။ ဒါေၾကာင့္ သူတို႔ေတြရဲ႕ ကိုယ္ပိုင္သားသမီးေတြကိုသာ ေပြ႕ဖက္ၾကပါတယ္။

၂။ ေႏြရာသီ
ေႏြရာသီဟာ ႀကီးမားတဲ့အားနည္းခ်က္တစ္ခု ရွိပါတယ္။ လူတိုင္းလိုလိုေခြၽးထြက္ေနၾကၿပီး ပူအိုက္တာေၾကာင့္ လက္တိုလက္ျပတ္ဝတ္ဆင္ထားတတ္ၾကပါတယ္။ ဒီအထိျပႆနာမဟုတ္ေသာ္လည္း ကားေပၚလိုလူမ်ားတဲ့ေနရာေတြမွာ ေခြၽးထြက္ေနတဲ့အသားအခ်င္းခ်င္း ထိေတြ႕မိျခင္းဟာ အခ်ိဳ႕လူေတြအတြက္ စိတ္အေႏွာက္အယွက္ႀကီးႀကီးမားမား ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္မယ္ဆိုရင္ လူစိမ္းေတြနဲ႔ အတူတူထိုင္တဲ့အခါ အသားခ်င္းမထိမိေအာင္ ဂ႐ုစိုက္သင့္ပါတယ္။

၃။ အေၾကာင္းျပခ်က္မရွိ ေပြ႕ဖက္ျခင္း
့ လူေတြေတြ႕ဆုံရင္ပဲျဖစ္ျဖစ္ ႏႈတ္ဆက္ရင္ပဲျဖစ္ျဖစ္ ဘာေၾကာင့္တစ္ေယာက္ကိုတစ္ေယာက္ ဖက္ၿပီးႏႈတ္ဆက္ရလဲဆိုတာကို နားလည္ဖို႔ခက္ခဲပါတယ္။ ကြၽန္ေတာ္တို႔ေတြ စစ္ပြဲကေနျပန္လာၾကတာ မဟုတ္ပါဘူး။ သူစိမ္းကိုဖက္ရတာမႀကိဳက္တဲ့သူေတြအတြက္ ျပႆနာတစ္ခုပါပဲ။

၄။ အေၾကာင္းျပခ်က္နဲ႔ ဖက္ျခင္း
လူစိမ္းတစ္ေယာက္က ကြၽန္ေတာ္တို႔ကို အေၾကာင္းတစ္ခုခုေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာထိေတြၿပီး ေပြ႕ဖက္ဖို႔ႀကိဳးစားတဲ့အခ်ိန္ဟာ တကယ့္ကိုဆိုဆိုး႐ြား႐ြားနဲ႔ အဆင္မေျပတဲ့ အေျခအေနပါပဲ။ ယခုလိုအေျခအေနကို ျငင္းဆန္ဖို႔ႀကိဳးစားရင္လည္း အထင္လြဲႏိုင္ၿပီး အဖက္ခံရတဲ့အခါလည္း ရွက္စရာလိုလိုနဲ႔ အဆင္မေျပတဲ့အခ်ိန္ပါပဲ။

၅။ အႏွိပ္ခံျခင္း
တခ်ိဳ႕ေတြက အႏွိပ္ခံျခင္းကိစၥေတြကို သာမာန္ေလာက္သာ ခံစားၾကၿပီး ပုံမွန္လိုလိုေတာင္ အႏွိပ္ခန္းသြားရတာကို ေပ်ာ္႐ြင္ေနတတ္ၾကပါတယ္။ မႏွစ္သက္တဲ့သူေတြကေတာ့ ဒါဟာသဘာဝမဟုတ္ဖူးလို႔ယူဆၾကသလို ကိုယ့္ရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းအားလုံးကို သူစိမ္းကစိတ္ႀကိဳက္ကိုင္တြယ္မႈကိုလည္း မေပးသင့္ဘူးလို႔ယူဆၾကပါတယ္။

၆။ ေရကူးကန္
သူတို႔ေတြဟာ ေရကူးကန္ကို လူေတြေရာျပဳတ္ထားတဲ့ စြပ္ျပဳတ္အိုးလို႔ ျမင္တတ္ၾကပါတယ္။ ဒီလိုအခ်ိန္ဟာ အျခားသူေတြရဲ႕ေအာက္ပိုင္းေဆးေၾကာထားတဲ့ေရေတြ ကြၽန္ေတာ္တို႔ရဲ႕မ်က္ႏွာနဲ႔ ပါးစပ္ထဲထိေအာင္ ၀င္ႏိုင္တဲ့ အခ်ိန္ျဖစ္တယ္လို႔ တခ်ိဳ႕ကယူဆၾကတာေၾကာင့္ တခ်ိဳ႕ကစိတ္မသန႔္ၾကပါဘူး။

၇။ Relationship အသစ္
ကြၽန္ေတာ္တို႔ဘဝရဲ႕ အခ်ိဳ႕အခ်ိန္ေတြမွာ လူအသစ္ေတြပါ၀င္ပတ္သတ္ဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ ရင္းရင္းႏွီးႏွီး ပတ္သတ္မႈကေတာ့ ခ်က္ျခင္းမျဖစ္ႏိုင္ပါဘူး။ ဒါဟာသဘာဝပါပဲ။

၈။ သူငယ္ခ်င္းေဟာင္းေတြ
ဘယ္ေလာက္ပဲ ရင္ႏွီးတဲ့သူငယ္ခ်င္းျဖစ္ပါေစ စကားေျပာတဲ့အခါ ထိေတြ႕တတ္ျခင္း ပခုံးပုတ္ၿပီးေျပာတတ္တာေတြကို ကိုယ္တိုင္ေရွာင္ရွားသင့္တယ္လို႔ မႏွစ္သက္သူေတြက ယူဆၾကပါတယ္။ ဒီလိုအျပဳအမူမပါလည္း လူတိုင္း ေစ့ေစ့စပ္စပ္နားေထာင္ႏိုင္ပါတယ္လို႔ သူတို႔ကယူဆၾကပါတယ္။

၉။ အဓိကအရာ
တစ္စုံတစ္ေယာက္ကို ေန႔စဥ္ပုံမွန္လို ေပြ႕ဖက္ျခင္းရဲ႕အဓိပၸာယ္ဟာ သင့္အတြက္အေရးအႀကီးဆုံးသူနဲ႔ ဘဝမွာခ်စ္ရတဲ့သူသာျဖစ္သင့္တယ္လို႔ ယူဆၾကပါတယ္။ သူစိမ္းက ဒီလိုေပြ႕ဖက္တဲ့့အျပဳအမူဟာ တခ်ိဳ႕ေတြအတြက္ အတင္းအက်ပ္ဖ်စ္ညႇစ္ၿပီး ေပြ႕ပိုက္ခံရတဲ့ ေၾကာင္တစ္ေယာက္ရဲ႕ခံစားခ်က္နဲ႔ တူတယ္လို႔ယူဆၾကတာေၾကာင့္ သူတို႔ေတြက ယခုလိုမျပဳလုပ္ဖို႔၊ Personal space ကိုေလးစားတတ္ဖို႔ လိုလားၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕သာမန္အျပဳအမူတစ္ခုဟာ အျခားသူတစ္ေယာက္အတြက္ စိတ္အေႏွာက္အယွက္ျဖစ္ေနရင္ မေကာင္းဘူးလို႔ ယူဆမိတာေၾကာင့္ ေဖာ္ျပရျခင္းျဖစ္ပါတယ္။

LM_Naung_Naung

Ref-Brightside

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here