၁။ Ice Paris
၂။ Pon Nawasch
၃။ Donut Phattarapon
#Lifestyle_Myanmar
#LM_Nandar
Unicode
ရုပ်ချောသလို သရုပ်ဆောင်အရည်အချင်းရှိတဲ့ နာမည်ကြီးထိုင်းမင်းသားသစ် ၃ဦး
ထိုင်းဇာတ်လမ်းလေးတွေက အာရှရုပ်ရှင်လောကထဲကို တဖြည်းဖြည်းထိုးဖောက်ဝင်ရောက်လာတာကို တွေ့ရပါတယ်။ အရင်က ကိုရီးယားဇာတ်လမ်းတွဲလေးတွေကို နှစ်ခြိုက်စွာအားပေးခဲ့ကြတဲ့ မြန်မာပရိတ်သတ်တွေလည်း ထိုင်းဇာတ်လမ်းတွေ၊ ထိုင်းအနုပညာရှင်ကို အားပေးလာကြပါပြီနော်။ ဒါ့ကြောင့် ရုပ်ရည်ချောမောပြီး သရုပ်ဆောင်မှုမှာ အရည်အချင်းရှိတဲ့ ထိုင်းမင်းသားတွေ အများကြီးထဲကမှ လက်ရှိမှာ လူကြိုက်များနေတဲ့ ထိုင်းမင်းသားသစ် ၃ဦးကို ထိုင်းဒရမ်မာချစ်သူတွေ သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ Ice Paris
Ice Paris ဟာ ဒီနှစ်မှာ ONE 31 channel ကထုတ်လွှင့်တဲ့ ‘In Family We Trust’ တီဗီစီးရီးနှင့်အတူ debut လုပ်ခဲ့ပါတယ်။ သူဟာ 1998 အောက်တိုဘာလ 22ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ယခုဆိုရင် အသက် ၂ဝရှိပါပြီ။ သူဟာ လက်ရှိမှာ အမေနှင့် အစ်မဖြစ်သူနှင့်အတူ နေထိုင်ပါတယ်။ သူဟာ ချူလာလောင်ကွန်းတက္ကသိုလ်မှာ Communication Studies ဘာသာရပ်ကို လေ့လာနေပါတယ်။
၂။ Pon Nawasch
သူဟာ Boy Pakorn နဲ့ Patricia Good တို့ အဓိကဇာတ်ကောက်အဖြစ်ပါဝင်တဲ့ ‘Sai Lub Jub Aab’တီဗီဒရမ်မာနှင့်အတူ 2017 မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် debuted လုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ သူဟာ မင်းသမီးချော Bua Nalinthip နှင့်အတူ ‘Tra Barb See Chompoo’ တီဗီဒရမ်မာမှာ ခေါင်းဆောင်မင်းသားဖြစ်လာပါတယ်။ သူဟာ 1996 ဇန်နဝါရီလ 15ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ယခုဆိုရင် အသက် 22နှစ်ရှိပါပြီ။
၃။ Donut Phattarapon
Donut Phattarapon ဟာ ‘Paya Soke‘ဆိုတဲ့ တီဗီဒရမ်မာတစ်ကားနှင့်အတူ 2015 မှာ debuted လုပ်ခဲ့ပါတယ်။ သူ့ရဲ့တီဗီဒရမ်မာကားသစ်ဖြစ်တဲ့ ‘Por Mod Jao Sanae’ ဟာ ထိုင်းချန်နယ်7မှာ လက်ရှိထုတ်လွှင့်နေပါတယ်။ သူဟာ1998 ဇူလိုင်လ 13ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် ယခုဆိုရင် အသက်20 ရှိပါပြီ။
#Lifestyle_Myanmar
#LM_Nandar