ရိုးမြေကျ ပေါင်းဖက်ခါနီးမှ သေကွဲ ခွဲခံရတဲ့ ကြေကွဲဖွယ် စုံတွဲတစ်တွဲရဲ့ ဖြစ်ရပ်

0
1720
သေကွဲ ခွဲခံရတဲ့ ကြေကွဲဖွယ် စုံတွဲ

ချစ်သူ ရည်းစားဘဝမှာ စိတ်အခက်မသင့်လို့ ကွဲကွာသွားတာတောင် တော်တော်လေးခံစားနေရတာ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်ဖို့ ကျိန်သေနေတဲ့ အချိန်ကာလတစ်ခုမှာ သေကွဲ အခွဲ ခံရတယ်ဆိုရင်တော့ တကယ့်ကို ရင်နဲ့ မဆန့်အောင် ခံစားရမှာ သေချာပါတယ်။ လောကမှာ ဒီလို ကြံကမ္မာက မျက်နှာသာ မပေးတဲ့ အဖြစ်အပျက်တွေ များစွာ ရှိပါတယ်။

Nguoi Dua Tin ရဲ့ အဆိုအရ ဂျပန်နိုင်ငံမှာ အတူတူအလုပ်လုပ်နေတဲ့ အသက် ၂၅နှစ်အရွယ် လူငယ်စုံတွဲတစ်တွဲဟာ လာမည့် စက်တင်ဘာလထဲမှာ လက်ထပ်ဖို့ ဆုံးဖြတ်ထားခဲ့ကြပါတယ်။ စက်တင်ဘာ ၂၉လောက်မှာ မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ဖို့ ထားတာကြောင့် ကောင်မလေးဟာ ဂျပန်ကို နှုတ်ဆက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံကို အရင်ပြန်လာခဲ့ကြပါတယ်။

အဲ့ဒီနောက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့မှာတော့ ကောင်မလေးဟာ Scooter စီးပြီး အပြင်သွားရင်း တစ်ဖက်က လာတဲ့ ကားနဲ့ တိုက်မိပြီး ထိုနေရာမှာတင် ဆုံးပါးသွားခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အွန်လိုင်းပေါ်မှာ အချိန်တိုအတွင်း ပျံ့နှံခဲ့ပြီး လက်ထပ်မဲ့ သတိုသားလောင်းကိုယ်တိုင်လည်း သူ့ကိုယ်သူ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။

ဒီသတင်းကို ကြားကြားချင်း လေယာဉ်လက်မှတ်ဖြတ်ပြီး ဗီယက်နမ်ကို အမြန်ပြန်လာပေမဲ့ ချစ်သူရဲ့ နာရေးက ကြိုဆိုနေတာကြောင့် ကာယကံရှင်သာမက သူတို့နှစ်ဦးရဲ့ အကြောင်းကို သိနေတဲ့သူတွေကအစ ဖြေမဆည်နိုင်အောင် ကြေကွဲခဲ့ရပါတယ်။ ကာယကံရှင် ကောင်လေးကတော့”ကျွန်တော်တို့ရဲ့ မင်္ဂလာဆောင်မဲ့ အချိန်တွေကို နှမြောမိတယ်၊ ဒီအချိန်ကို ရောက်ဖို့ အများကြီး မျှော်လင့်ခဲ့ရတာ” ဆိုပြီး သူ့ရဲ့ facebook အကောင့်မှာ ရင်ဖွင့်ထားပါတယ်။

ချစ်သူသေဆုံးသွားပေမဲ့ ကောင်လေးကတော့ သူ့ရဲ့ ချစ်သူ သက်ရှိထင်ရှားရှိသလို ပုံစံမျိုးပဲ ပြုမူခဲ့ပါတယ်။ သူမရဲ့ အခေါင်းရှေ့မှာ ဒူးထောက်ရက်သားထိုင်ချပြီး စေ့စပ်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ မင်္ဂလာဆောင် အခမ်းအနားတစ်ခုလို ကျင်းပခဲ့ပြီး သီးချင်းတွေဆိုကာ ငိုကျွေးခဲ့ပါတယ်။

“သူမက လည်ဆွဲ ပါးပါးလေးတွေဆို ချစ်တတ်လို့ သူမအတွက်တောင် လည်ဆွဲလေးတောင် လုပ်ထားပါသေးတယ်။ မင်္ဂလာဆောင်ပြီးရင် နှစ်ယောက်စလုံး ဂျပန်မှာ အခြေချဖို့အထိ အားလုံး စီစဉ်ထားခဲ့တာ။ အခုတော့ ဒီအရာတွေက သဲထဲ ရေသွန်လိုက်သလို ဘာတစ်ခုမှ အဓိပ္ပာယ် မရှိတော့ပါဘူး” ဆိုပြီးတော့လည်း သူတို့ရဲ့ အနာဂတ်ကို ဖွင့်ဟပြောဆိုထားပါတယ်။

#Lifestyle_Myanmar

#Thar_Nage

နေမကောင်းတဲ့ ဇနီးသည်ကို ကောက်ညှင်းကျည်တောင့် ရောင်းကျွေးရင်း ဘဝကို ရုန်းကန်နေရတဲ့ မျက်မမြင်အဖိုး

Zawgyi fonts

ရိုးေျမက် ေပါင္းဖက္ခါနီးမွ ေသကြဲ ခြဲခံရတဲ့ ေၾကကြဲဖြယ္ စုံတြဲတစ္တြဲရဲ့ ျဖစ္ရပ္
ခ်စ္သူ ရည္းစားဘဝမွာ စိတ္အခက္မသင့္လို႔ ကြဲကြာသြားတာေတာင္ ေတာ္ေတာ္ေလးခံစားေနရတာ တစ္ေယာက္နဲ႔တစ္ေယာက္ လက္ထပ္ဖို႔ က်ိန္ေသေနတဲ့ အခ်ိန္ကာလတစ္ခုမွာ ေသကြဲ အခြဲ ခံရတယ္ဆိုရင္ေတာ့ တကယ့္ကို ရင္နဲ႔ မဆန္႔ေအာင္ ခံစားရမွာ ေသခ်ာပါတယ္။ ေလာကမွာ ဒီလို ႀကံကမၼာက မ်က္ႏွာသာ မေပးတဲ့ အျဖစ္အပ်က္ေတြ မ်ားစြာ ရွိပါတယ္။

Nguoi Dua Tin ရဲ့ အဆိုအရ ဂ်ပန္နိုင္ငံမွာ အတူတူအလုပ္လုပ္ေနတဲ့ အသက္ ၂၅ႏွစ္အရြယ္ လူငယ္စုံတြဲတစ္တြဲဟာ လာမည့္ စက္တင္ဘာလထဲမွာ လက္ထပ္ဖို႔ ဆုံးျဖတ္ထားခဲ့ၾကပါတယ္။ စက္တင္ဘာ ၂၉ေလာက္မွာ မဂၤလာပြဲလုပ္ဖို႔ စီစဥ္ဖို႔ ထားတာေၾကာင့္ ေကာင္မေလးဟာ ဂ်ပန္ကို ႏွုတ္ဆက္ခဲ့ၿပီး ဗီယက္နမ္နိုင္ငံကို အရင္ျပန္လာခဲ့ၾကပါတယ္။

အဲ့ဒီေနာက္ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၅ရက္ေန႔မွာေတာ့ ေကာင္မေလးဟာ Scooter စီးၿပီး အျပင္သြားရင္း တစ္ဖက္က လာတဲ့ ကားနဲ႔ တိုက္မိၿပီး ထိုေနရာမွာတင္ ဆုံးပါးသြားခဲ့ရပါတယ္။ ဒီအျဖစ္အပ်က္ဟာ အြန္လိုင္းေပၚမွာ အခ်ိန္တိုအတြင္း ပ်ံ႕ႏွံခဲ့ၿပီး လက္ထပ္မဲ့ သတိုသားေလာင္းကိုယ္တိုင္လည္း သူ႔ကိုယ္သူ မယုံနိုင္ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္။

ဒီသတင္းကို ၾကားၾကားခ်င္း ေလယာဥ္လက္မွတ္ျဖတ္ၿပီး ဗီယက္နမ္ကို အျမန္ျပန္လာေပမဲ့ ခ်စ္သူရဲ့ နာေရးက ႀကိဳဆိုေနတာေၾကာင့္ ကာယကံရွင္သာမက သူတို႔ႏွစ္ဦးရဲ့ အေၾကာင္းကို သိေနတဲ့သူေတြကအစ ေျဖမဆည္နိုင္ေအာင္ ေၾကကြဲခဲ့ရပါတယ္။ ကာယကံရွင္ ေကာင္ေလးကေတာ့”ကၽြန္ေတာ္တို႔ရဲ့ မဂၤလာေဆာင္မဲ့ အခ်ိန္ေတြကို ႏွေျမာမိတယ္၊ ဒီအခ်ိန္ကို ေရာက္ဖို႔ အမ်ားႀကီး ေမၽွာ္လင့္ခဲ့ရတာ” ဆိုၿပီး သူ႔ရဲ့ facebook အေကာင့္မွာ ရင္ဖြင့္ထားပါတယ္။

ခ်စ္သူေသဆုံးသြားေပမဲ့ ေကာင္ေလးကေတာ့ သူ႔ရဲ့ ခ်စ္သူ သက္ရွိထင္ရွားရွိသလို ပုံစံမ်ိဳးပဲ ျပဳမူခဲ့ပါတယ္။ သူမရဲ့ အေခါင္းေရွ႕မွာ ဒူးေထာက္ရက္သားထိုင္ခ်ၿပီး ေစ့စပ္လက္စြပ္နဲ႔ လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ ၿပီးတဲ့အခါမွာေတာ့ မဂၤလာေဆာင္ အခမ္းအနားတစ္ခုလို က်င္းပခဲ့ၿပီး သီးခ်င္းေတြဆိုကာ ငိုေကၽြးခဲ့ပါတယ္။

“သူမက လည္ဆြဲ ပါးပါးေလးေတြဆို ခ်စ္တတ္လို႔ သူမအတြက္ေတာင္ လည္ဆြဲေလးေတာင္ လုပ္ထားပါေသးတယ္။ မဂၤလာေဆာင္ၿပီးရင္ ႏွစ္ေယာက္စလုံး ဂ်ပန္မွာ အေျခခ်ဖို႔အထိ အားလုံး စီစဥ္ထားခဲ့တာ။ အခုေတာ့ ဒီအရာေတြက သဲထဲ ေရသြန္လိုက္သလို ဘာတစ္ခုမွ အဓိပၸာယ္ မရွိေတာ့ပါဘူး” ဆိုၿပီးေတာ့လည္း သူတို႔ရဲ့ အနာဂတ္ကို ဖြင့္ဟေျပာဆိုထားပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here