ရိုက်နှက်ဆုံးမအပြစ်ပေးခြင်းဟာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဘာ့ကြောင့် ဆိုးရွားသော နည်းလမ်းတစ်ခု ဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်း (၅)ခု

0
1094

ကိုယ်ထိလက်ရောက် အပြစ်ပေးခြင်းဟာ ပြောစကားနားမထောင်တဲ့ကလေးတွေ၊ ဆိုးဝါးတဲ့ကလေးတွေကို ပညာပေးဖို့ မိဘတွေ သုံးနေကျ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မိဘ ငါးယောက်မှာ အနည်းဆုံး ၄ယောက်လောက်က၊ အမေ ဖြစ်စေ အုပ်ထိန်းသူဖြစ်စေ ၁၀ကြိမ်မှာ ၉ကြိမ်လောက်က ဒီနည်းလမ်းကို အသုံးပြုခဲ့ကြပါတယ်။ တချို့မိဘတွေက ကိုယ့်ကလေးကို ခါးပတ်ကဲ့သို့သော လက်ထဲမှာရှိတဲ့ အရာတစ်ခုခုနှင့် ရိုက်ဖို့၊ တင်ပါးကို လက်ဝါးနှင့် ရိုက်ဆုံးမဖို့ ဝန်မလေးပါဘူး။ သူတို့အနေနဲ့ ဒီလိုဆုံးမတာဟာ ကလေးကို မှန်ကန်တဲ့လမ်းကြောင်းပေါ် တင်ပေးတာလို့ ထင်ကြပေမယ့် ၊သူတို့ရဲ့ လုပ်ရပ်တွေက အန္တရာယ်မရှိလောက်ဘူးလို့ ယုံကြည်ကြပေမယ့် သုတေသနမှာ ဒါက ကလေးကို ထိခိုက်ပျက်စီးစေယုံသာမက ဒီနည်းလမ်းက အလုပ်မဖြစ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ကလေးတွေကို ဒီလိုဆုံးမတာက ဘာအကျိုးဆက်တွေ ဖြစ်လာစေသလဲ? ကလေးကို ဆုံးမတဲ့နေရာမှာ မှန်ကန်တဲ့နည်းလမ်းက ဘာဖြစ်မလဲဆိုတာ မိခင်၊ ဖခင်တွေ သိရှိစေဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ ဒါကအလုပ်မဖြစ်သလို ကိစ္စတွေကို ပိုပြီးဆိုးရွားစေပါတယ်

ကလေးဆိုတာ ပြောမရဆိုမရ တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်ရှိပြီး မိဘတွေအနေနဲ့ သည်းခံမှုအတိုင်းအတာက အကန့်အသတ်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ကို ရိုက်နှက်ဆုံးမလိုက်လို့လဲ ဘာမှအောင်မြင်လာမှာ မဟုတ်ပါဘူး။ သုတေသနမှာ အကြမ်းဖတ်မှုက သူတို့လုပ်မိလိုက်တဲ့ မကောင်းသော အပြုအမှု နောက်ကွယ်က အကြောင်းရင်းကို စိတ်ထဲမှာ တနုံ့နုံခံစားရစေတာကြောင့် ကလေးတစ်ယောက်ကို ဆုံးမပဲ့ပြင်ဖို့ နည်းလမ်းတစ်ခုအဖြစ် ရေရှည်မှာ အလုပ်မဖြစ်ဘူးလို့ ပြသထားပါတယ်။ တနည်းအားဖြင့် သူတို့ရဲ့ အပြုအမှုတွေက ဘာ့ကြောင့် မသင့်လျော်ဘူးဆိုတာ ရှင်းပြချက်တစ်ခု လိုအပ်သလို ကလေးတွေ နားလည်ဖို့လည်း လိုပါတယ်။ အကြမ်းဖက်မှုက ကလေးရဲ့ လုပ်ရပ်များကို ရပ်တန့်စေဖို့ အမြန်နည်းသာ ဖြစ်ပါတယ်။

၂။ ဒါက နှိပ်စက်ခံရတဲ့ ကလေးတစ်ယောက်၊ ကြမ်းတမ်းတဲ့မိဘတစ်ယောက် ဖြစ်လာစေဖို့ လမ်းကြောင်းပါပဲ

child abuse ဆိုတဲ့ ကလေးသူငယ် နှိပ်စက်ညင်းပန်းမှု အခြေအနေအများစုက လက်ဝါးနှင့် ရိုက်ဆုံးမခြင်းကနေ စတင်တယ်လို့ သုတေသနက ဖော်ပြထားပါတယ်။ ကိုယ်ထိလက်ရောက်အပြစ်ပေးတာက အလုပ်မဖြစ်ပါဘူး။ မိဘတွေက အများအားဖြင့် သူတို့ကလေးတွေကို တစ်ကြိမ်၊ နှစ်ကြိမ်မက ရိုက်ပါများရင် လက်သံပိုပြောင်လာတယ် ပြောရမလိုပါပဲ။ ဥပမာ- မိဘက ဒါမလုပ်နဲ့ဆိုတာကို လုပ်လို့ ပထမတစ်ကြိမ် သင့်ကလေးကို ရိုက်လိုက်တယ်၊ ဒါပေမယ့် နောက်တခါ ထပ်လုပ်တယ်၊ နောက်တစ်ကြိမ်ရိုက်လိုက်ရင် နောက်တခါ သူတို့ထပ်မလုပ်တော့ဘူး၊ အမြဲတမ်းစည်းကမ်းရှိသွားမယ်လို့ သင့်မျှော်လင့်ထားမိပါလိမ့်မယ်။ ရလဒ်တစ်ခုအနေနဲ့ မိဘတွေမှာ ခွန်အားအသုံးပြုမှု မြင့်လာပြီး အဆုံးသတ်မှာ ဘယ်တော့မှ စိတ်မကူးထားတဲ့ နည်းလမ်းဖြင့် ကိုယ့်ကလေးတွေကို နှိပ်စက်ညင်းပန်းသူ ဖြစ်လာစေပါတယ်။

၃။ အကြမ်းဖက်မှုက အနာဂတ်မှာ ရန်လိုသူ တစ်ယောက်ဖြစ်စေပါတယ်

ငယ်စဉ်ကလေးဘဝ တစ်လျှောက်လုံး ကိုယ်ထိလက်ရောက် အပြစ်ပေးခံရတဲ့ ကလေးတွေဟာ သူတို့မိဘတွေ ဖြစ်လာရင်၊ ကလေးတွေရလာရင် ဒီအကြမ်းဖက်မှုနည်းလမ်းကို သုံးလာနိုင်ပါတယ်။ သုတေသနတွေအရ မိဘတွေရဲ့ ပြုစုပျိုးထောင်မှု မကောင်းခဲ့တဲ့ ကလေးငယ်တွေမှာ ရုန်ရင်းကြမ်းတမ်းတဲ့အပြုအမူတွေ ရှိလာနိုင်ကြောင်းသိရပါတယ်။ သူတို့မှာ ဥပဒေပြစ်မှုကျူးလွန်သူတွေ ဖြစ်လာစေနိုင်တဲ့ အန္တရာယ်မြင့်မားပါတယ်။ မိဘတွေစကားက ကလေးတွေနားထဲ ရိုက်သွင်းသလိုဖြစ်လာပြီး သူတို့ရဲ့ ဥပမာက ကလေးတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ရှိလာပါတယ်။ ဥပမာ- အမေ ဒါမှမဟုတ် အဖေက ပဋိပက္ခတစ်ခုကို ဖြေရှင်းဖို့ ရိုက်နှက်ခြင်းကို အသုံးပြုမယ်ဆိုရင် ဒါကို ကလေး သင်ယူပြီး ပြန်လုပ်မှာဖြစ်ပါတယ်။

၄။ ကလေးတွေဟာ စိတ်ကျရောဂါကို စတင်ခံစားရနိုင်ပါတယ်

သင့်အိမ်ထာင်ဘက်က သင့်ကို ရိုက်နှက်တယ်ဆိုပါစို့၊ သင့်ကို ချစ်လို့ ရိုက်တယ်လို့ သင်ထင်ပါသလား? ကလေးမှာလည်း အလားတူ တွေ့ကြုံရတတ်ပါတယ်။ သူတို့အပေါ်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက််ခြင်းကြောင့် ကလေးဟာ အမေနဲ့ အဖေရဲ့ ချစ်ခြင်းမေတ္တာနှင့် ပတ်သတ်ပြီး သံသယရှိလာပါတယ်။ ကလေးတစ်ယောက်ရဲ့ ဘဝက မိဘတွေကို ဗဟိုပြုပေးထားတာကြောင့် သူတို့ကို လုံးဝမချစ်ဘူးဆိုတဲ့ ခံစားချက် ခံစားရစေပြီး စိတ်ကျရောဂါ စတင်ခံစားရနိုင်ပါတယ်။ ဒါက သူတို့အတွက် စိတ်ပျက်စရာဖြစ်စေပြီး ကလေးတစ်ယောက်ရဲ့ ပတ်ဝန်းကျင်နှင့်ဝင်ဆံ့မှု ဖြစ်စဉ်ပေါ်ကို အကျိုးသက်ရောက်စေပါတယ်။

၅။ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်

Sick boy

အကြမ်းဖက်မှုကို အမြဲတမ်း မျက်မြင်တွေ့နေရတဲ့ ကလေးတစ်ယောက်ဟာ သူရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ဆိုးကျိုးသက်ရောက်စေတဲ့ စိတ်ဖိစီးမှု ရလာနိုင်ပါတယ်။။ ကိုယ်ထိလက်ရောက်ရိုက်နှက်မှုကို ပုံမှန်ရင်ဆိုင်ရခြင်းဟာ ကလေးတစ်ယောက်အတွက် ရောဂါ ပိုဖြစ်စေနိုင်တဲ့ နည်းလမ်းတစ်ခုလိုပါပဲ။ ပိုဆိုးလာရင် ပြင်းထန်တဲ့ ကျန်းမာရေးအခြေအနေတွေကိုတောင် ကြုံတွေရနိုင်ပါတယ်။

သည်းခံစိတ်အတိုင်းအတာ ကုန်ဆုံးလာတဲ့အခါ သင်ဘာလုပ်မလဲ

သင့်ရဲ့ မျှော်လင့်ချက်တွေကို ပြန်စဉ်းစားပါ။ သင့်ကလေးရဲ့ အပြုအမှုက သူ့အသက်အရွယ်၊ သူ့ဖွံ့ဖြိုးမှုအဆင့်နှင့် ညီပါက ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ကလေးအပေါ်မှာ ဒီလောက်ဒေါသထွက်သင့်သလားပေါ့။ ဒါက သင့်ရဲ့ ဒေါသစိတ်ကို နှောင့်နှေးစေပြီး ဒီကိစ္စပေါ်မှာ အပြုသဘောထားတွေ ဖြစ်လာစေပါလိမ့်မယ်။

သင်က သူတို့ကို ဒီလိုမလုပ်နဲ့ဆိုပြီး ထပ်ခါထပ်ခါပြောပေမယ့် သူတို့မလိုက်နာဘူးဆိုရင်

သင်က သူတို့ကို “ကောင်းကောင်းကစား”လို့ပြောတဲ့အခါ သင် ဘာကိုဆိုလိုတာလဲ? ဒါမှမဟုတ် သူဘာအမှားလုပ်မိသလဲ? ဆိုတာ သိတယ်လို့ ယူဆလို့မရပါဘူး။ ဘာ့ကြောင့်လဲ? ဘာမှားနေတာလဲ? ဆိုတာ အတိအကျရှိပါစေ။ ဥပမာ- “သမီး..ကိုကြီးကို သွားမဆိတ်နဲ့ ၊အဲ့ဒါ နာတယ်လေ” လို့ ရိုးရိုးရှင်းရှင်းပြောပါ။
တချို့ကလေးတွေက အော်ဟစ်ပြီး မာမာထန်ထန်ပြောရင် ပိုပြီးရွဲ့တတ်တာကြောင့် အခြေအနေကို ပိုဆိုးစေပါတယ်။ ကိုယ့်ကလေးက ဒီလိုကလေးမျိုးဖြစ်တယ်ဆိုရင် မိဘအနေနဲ့ တည်တည်ငြိမ်ငြိမ်နေပြီး သူတို့နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ သင့်အသံကို လျှော့ပြီးပြောပါ။

သင့်ရဲ့ ကလေးဟာ ဒေါသအရမ်းကြီးပြီး ဝုန်းဒိုင်းကြဲတတ်သူဖြစ်လျှင်

အခန်းတစ်ခုထဲမှာ ထိုင်နေရမယ်ဆိုတဲ့ အပြစ်ပေးနည်းကို သုံးပါ။ တိတ်ဆိတ်တဲ့နေရာက သင့်ကလေးကို တည်ငြိမ်စေပါတယ်။ သူတို့ရဲ့ အပြုအမူက လက်ခံနိုင်စရာ မဟုတ်ကြောင်းကို ရှင်းပြပေးပါ။ ၂မိနစ်လောက်စောင့်ပြီး သူတို့ငြိမ်သွားပြီဆိုရင် သွားကစားဖို့ ခွင့်ပြုပေးပါ။ ပြန်ပြီးတော့ ငြင်းခုံနေတာ၊ အော်ဟစ်နေတာဆိုရင် ၂မိနစ်လောက်ထပ်ပြီး အခန်းထဲမှာနေခိုင်းပါ။

သင့်ရဲ့ သားကြီး သို့မဟုတ် သမီးကြီးက သင့်စကားကို နားမထောင်ချင်ဘူးဆိုရင်

အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးအများစုက မိဘက ဒါမလုပ်နဲ့ဆိုရင် သိပ်လက်မခံချင်ကြပါဘူး။ သူတို့ကို မထိခိုက်စေမယ့် တချို့ကိစ္စတွေမှာ ပြောမရ ဆိုမရဘူးဆိုရင် သူတို့ရဲ့ မကောင်းတဲ့ အပြုအမှုရဲ့ အကျိုးဆက်များကို ဖြစ်ပေါ်ခွင့်ပေးလိုက်ပါ။ ဒါက ခက်ခဲပေမယ့် သူတို့ဟာ သူတို့ အမှားတွေထဲကနေ လေ့လာသင့်ယူနိုင်ပါလိမ့်မယ်။ ဒါမှသာ အမေပြာတာ မှန်နေပါလား! လို့သူတို့သိလာပါလိမ့်မယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

႐ိုက္ႏွက္ဆုံးမအျပစ္ေပးျခင္းဟာ ကေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ဖို႔ ဘာ့ေၾကာင့္ ဆိုး႐ြားတဲ့နည္းလမ္းတစ္ခု ျဖစ္ရသလဲဆိုတဲ့ အေၾကာင္းရင္း (၅)ခု
ကိုယ္ထိလက္ေရာက္ အျပစ္ေပးျခင္းဟာ ေျပာစကားနားမေထာင္တဲ့ကေလးေတြ၊ ဆိုးဝါးတဲ့ကေလးေတြကို ပညာေပးဖို႔ မိဘေတြ သုံးေနက် နည္းလမ္းတစ္ခုျဖစ္ပါတယ္။ မိဘ ငါးေယာက္မွာ အနည္းဆုံး ၄ေယာက္ေလာက္က၊ အေမ ျဖစ္ေစ အုပ္ထိန္းသူျဖစ္ေစ ၁၀ႀကိမ္မွာ ၉ႀကိမ္ေလာက္က ဒီနည္းလမ္းကို အသုံးျပဳခဲ့ၾကပါတယ္။ တခ်ိဳ႕မိဘေတြက ကိုယ့္ကေလးကို ခါးပတ္ကဲ့သို႔ေသာ လက္ထဲမွာရွိတဲ့ အရာတစ္ခုခုႏွင့္ ႐ိုက္ဖို႔၊ တင္ပါးကို လက္ဝါးႏွင့္ ႐ိုက္ဆုံးမဖို႔ ဝန္မေလးပါဘူး။ သူတို႔အေနနဲ႔ ဒီလိုဆုံးမတာဟာ ကေလးကို မွန္ကန္တဲ့လမ္းေၾကာင္းေပၚ တင္ေပးတာလို႔ ထင္ၾကေပမယ့္ ၊သူတို႔ရဲ႕ လုပ္ရပ္ေတြက အႏၲရာယ္မရွိေလာက္ဘူးလို႔ ယုံၾကည္ၾကေပမယ့္ သုေတသနမွာ ဒါက ကေလးကို ထိခိုက္ပ်က္စီးေစယုံသာမက ဒီနည္းလမ္းက အလုပ္မျဖစ္ဘူးလို႔ ေဖာ္ျပထားပါတယ္။

ဒါ့ေၾကာင့္ ကေလးေတြကို ဒီလိုဆုံးမတာက ဘာအက်ိဳးဆက္ေတြ ျဖစ္လာေစသလဲ? ကေလးကို ဆုံးမတဲ့ေနရာမွာ မွန္ကန္တဲ့နည္းလမ္းက ဘာျဖစ္မလဲဆိုတာ မိခင္၊ ဖခင္ေတြ သိရွိေစဖို႔ မွ်ေဝေပးလိုက္ပါတယ္။

၁။ ဒါကအလုပ္မျဖစ္သလို ကိစၥေတြကို ပိုၿပီးဆိုး႐ြားေစပါတယ္

ကေလးဆိုတာ ေျပာမရဆိုမရ တဇြတ္ထိုးလုပ္တတ္တဲ့အက်င့္ရွိၿပီး မိဘေတြအေနနဲ႔ သည္းခံမႈအတိုင္းအတာက အကန္႔အသတ္ရွိတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ သူတို႔ကို ႐ိုက္ႏွက္ဆုံးမလိုက္လို႔လဲ ဘာမွေအာင္ျမင္လာမွာ မဟုတ္ပါဘူး။ သုေတသနမွာ အၾကမ္းဖတ္မႈက သူတို႔လုပ္မိလိုက္တဲ့ မေကာင္းေသာ အျပဳအမႈ ေနာက္ကြယ္က အေၾကာင္းရင္းကို စိတ္ထဲမွာ တႏုံ႔ႏုံခံစားရေစတာေၾကာင့္ ကေလးတစ္ေယာက္ကို ဆုံးမပဲ့ျပင္ဖို႔ နည္းလမ္းတစ္ခုအျဖစ္ ေရရွည္မွာ အလုပ္မျဖစ္ဘူးလို႔ ျပသထားပါတယ္။ တနည္းအားျဖင့္ သူတို႔ရဲ႕ အျပဳအမႈေတြက ဘာ့ေၾကာင့္ မသင့္ေလ်ာ္ဘူးဆိုတာ ရွင္းျပခ်က္တစ္ခု လိုအပ္သလို ကေလးေတြ နားလည္ဖို႔လည္း လိုပါတယ္။ အၾကမ္းဖက္မႈက ကေလးရဲ႕ လုပ္ရပ္မ်ားကို ရပ္တန္႔ေစဖို႔ အျမန္နည္းသာ ျဖစ္ပါတယ္။

၂။ ဒါက ႏွိပ္စက္ခံရတဲ့ ကေလးတစ္ေယာက္၊ ၾကမ္းတမ္းတဲ့မိဘတစ္ေယာက္ ျဖစ္လာေစဖို႔ လမ္းေၾကာင္းပါပဲ

child abuse ဆိုတဲ့ ကေလးသူငယ္ ႏွိပ္စက္ညင္းပန္းမႈ အေျခအေနအမ်ားစုက လက္ဝါးႏွင့္ ႐ိုက္ဆုံးမျခင္းကေန စတင္တယ္လို႔ သုေတသနက ေဖာ္ျပထားပါတယ္။ ကိုယ္ထိလက္ေရာက္အျပစ္ေပးတာက အလုပ္မျဖစ္ပါဘူး။ မိဘေတြက အမ်ားအားျဖင့္ သူတို႔ကေလးေတြကို တစ္ႀကိမ္၊ ႏွစ္ႀကိမ္မက ႐ိုက္ပါမ်ားရင္ လက္သံပိုေျပာင္လာတယ္ ေျပာရမလိုပါပဲ။ ဥပမာ- မိဘက ဒါမလုပ္နဲ႔ဆိုတာကို လုပ္လို႔ ပထမတစ္ႀကိမ္ သင့္ကေလးကို ႐ိုက္လိုက္တယ္၊ ဒါေပမယ့္ ေနာက္တခါ ထပ္လုပ္တယ္၊ ေနာက္တစ္ႀကိမ္႐ိုက္လိုက္ရင္ ေနာက္တခါ သူတို႔ထပ္မလုပ္ေတာ့ဘူး၊ အၿမဲတမ္းစည္းကမ္းရွိသြားမယ္လို႔ သင့္ေမွ်ာ္လင့္ထားမိပါလိမ့္မယ္။ ရလဒ္တစ္ခုအေနနဲ႔ မိဘေတြမွာ ခြန္အားအသုံးျပဳမႈ ျမင့္လာၿပီး အဆုံးသတ္မွာ ဘယ္ေတာ့မွ စိတ္မကူးထားတဲ့ နည္းလမ္းျဖင့္ ကိုယ့္ကေလးေတြကို ႏွိပ္စက္ညင္းပန္းသူ ျဖစ္လာေစပါတယ္။

၃။ အၾကမ္းဖက္မႈက အနာဂတ္မွာ ရန္လိုသူ တစ္ေယာက္ျဖစ္ေစပါတယ္

ငယ္စဥ္ကေလးဘဝ တစ္ေလွ်ာက္လုံး ကိုယ္ထိလက္ေရာက္ အျပစ္ေပးခံရတဲ့ ကေလးေတြဟာ သူတို႔မိဘေတြ ျဖစ္လာရင္၊ ကေလးေတြရလာရင္ ဒီအၾကမ္းဖက္မႈနည္းလမ္းကို သုံးလာႏိုင္ပါတယ္။ သုေတသနေတြအရ မိဘေတြရဲ႕ ျပဳစုပ်ိဳးေထာင္မႈ မေကာင္းခဲ့တဲ့ ကေလးငယ္ေတြမွာ ႐ုန္ရင္းၾကမ္းတမ္းတဲ့အျပဳအမူေတြ ရွိလာႏိုင္ေၾကာင္းသိရပါတယ္။ သူတို႔မွာ ဥပေဒျပစ္မႈက်ဴးလြန္သူေတြ ျဖစ္လာေစႏိုင္တဲ့ အႏၲရာယ္ျမင့္မားပါတယ္။ မိဘေတြစကားက ကေလးေတြနားထဲ ႐ိုက္သြင္းသလိုျဖစ္လာၿပီး သူတို႔ရဲ႕ ဥပမာက ကေလးေတြအေပၚမွာ ႀကီးမားတဲ့ သက္ေရာက္မႈတစ္ခု ရွိလာပါတယ္။ ဥပမာ- အေမ ဒါမွမဟုတ္ အေဖက ပဋိပကၡတစ္ခုကို ေျဖရွင္းဖို႔ ႐ိုက္ႏွက္ျခင္းကို အသုံးျပဳမယ္ဆိုရင္ ဒါကို ကေလး သင္ယူၿပီး ျပန္လုပ္မွာျဖစ္ပါတယ္။

၄။ ကေလးေတြဟာ စိတ္က်ေရာဂါကို စတင္ခံစားရႏိုင္ပါတယ္

သင့္အိမ္ထာင္ဘက္က သင့္ကို ႐ိုက္ႏွက္တယ္ဆိုပါစို႔၊ သင့္ကို ခ်စ္လို႔ ႐ိုက္တယ္လို႔ သင္ထင္ပါသလား? ကေလးမွာလည္း အလားတူ ေတြ႕ႀကဳံရတတ္ပါတယ္။ သူတို႔အေပၚမွာ ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္္ျခင္းေၾကာင့္ ကေလးဟာ အေမနဲ႔ အေဖရဲ႕ ခ်စ္ျခင္းေမတၱာႏွင့္ ပတ္သတ္ၿပီး သံသယရွိလာပါတယ္။ ကေလးတစ္ေယာက္ရဲ႕ ဘဝက မိဘေတြကို ဗဟိုျပဳေပးထားတာေၾကာင့္ သူတို႔ကို လုံးဝမခ်စ္ဘူးဆိုတဲ့ ခံစားခ်က္ ခံစားရေစၿပီး စိတ္က်ေရာဂါ စတင္ခံစားရႏိုင္ပါတယ္။ ဒါက သူတို႔အတြက္ စိတ္ပ်က္စရာျဖစ္ေစၿပီး ကေလးတစ္ေယာက္ရဲ႕ ပတ္ဝန္းက်င္ႏွင့္ဝင္ဆံ့မႈ ျဖစ္စဥ္ေပၚကို အက်ိဳးသက္ေရာက္ေစပါတယ္။

၅။ ကေလးရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္

အၾကမ္းဖက္မႈကို အၿမဲတမ္း မ်က္ျမင္ေတြ႕ေနရတဲ့ ကေလးတစ္ေယာက္ဟာ သူရဲ႕ ကိုယ္ခံစြမ္းအားစနစ္ကို ဆိုးက်ိဳးသက္ေရာက္ေစတဲ့ စိတ္ဖိစီးမႈ ရလာႏိုင္ပါတယ္။။ ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္မႈကို ပုံမွန္ရင္ဆိုင္ရျခင္းဟာ ကေလးတစ္ေယာက္အတြက္ ေရာဂါ ပိုျဖစ္ေစႏိုင္တဲ့ နည္းလမ္းတစ္ခုလိုပါပဲ။ ပိုဆိုးလာရင္ ျပင္းထန္တဲ့ က်န္းမာေရးအေျခအေနေတြကိုေတာင္ ႀကဳံေတြရႏိုင္ပါတယ္။

သည္းခံစိတ္အတိုင္းအတာ ကုန္ဆုံးလာတဲ့အခါ သင္ဘာလုပ္မလဲ

သင့္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ျပန္စဥ္းစားပါ။ သင့္ကေလးရဲ႕ အျပဳအမႈက သူ႔အသက္အ႐ြယ္၊ သူ႔ဖြံ႕ၿဖိဳးမႈအဆင့္ႏွင့္ ညီပါက ကိုယ့္ကိုယ္ကို ျပန္ေမးၾကည့္ပါ။ ကေလးအေပၚမွာ ဒီေလာက္ေဒါသထြက္သင့္သလားေပါ့။ ဒါက သင့္ရဲ႕ ေဒါသစိတ္ကို ေႏွာင့္ေႏွးေစၿပီး ဒီကိစၥေပၚမွာ အျပဳသေဘာထားေတြ ျဖစ္လာေစပါလိမ့္မယ္။

သင္က သူတို႔ကို ဒီလိုမလုပ္နဲ႔ဆိုၿပီး ထပ္ခါထပ္ခါေျပာေပမယ့္ သူတို႔မလိုက္နာဘူးဆိုရင္

သင္က သူတို႔ကို “ေကာင္းေကာင္းကစား”လို႔ေျပာတဲ့အခါ သင္ ဘာကိုဆိုလိုတာလဲ? ဒါမွမဟုတ္ သူဘာအမွားလုပ္မိသလဲ? ဆိုတာ သိတယ္လို႔ ယူဆလို႔မရပါဘူး။ ဘာ့ေၾကာင့္လဲ? ဘာမွားေနတာလဲ? ဆိုတာ အတိအက်ရွိပါေစ။ ဥပမာ- “သမီး..ကိုႀကီးကို သြားမဆိတ္နဲ႔ ၊အဲ့ဒါ နာတယ္ေလ” လို႔ ႐ိုး႐ိုးရွင္းရွင္းေျပာပါ။
တခ်ိဳ႕ကေလးေတြက ေအာ္ဟစ္ၿပီး မာမာထန္ထန္ေျပာရင္ ပိုၿပီး႐ြဲ႕တတ္တာေၾကာင့္ အေျခအေနကို ပိုဆိုးေစပါတယ္။ ကိုယ့္ကေလးက ဒီလိုကေလးမ်ိဳးျဖစ္တယ္ဆိုရင္ မိဘအေနနဲ႔ တည္တည္ၿငိမ္ၿငိမ္ေနၿပီး သူတို႔နဲ႔ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ပါ။ သင့္အသံကို ေလွ်ာ့ၿပီးေျပာပါ။

သင့္ရဲ႕ ကေလးဟာ ေဒါသအရမ္းႀကီးၿပီး ဝုန္းဒိုင္းႀကဲတတ္သူျဖစ္လွ်င္

အခန္းတစ္ခုထဲမွာ ထိုင္ေနရမယ္ဆိုတဲ့ အျပစ္ေပးနည္းကို သုံးပါ။ တိတ္ဆိတ္တဲ့ေနရာက သင့္ကေလးကို တည္ၿငိမ္ေစပါတယ္။ သူတို႔ရဲ႕ အျပဳအမူက လက္ခံႏိုင္စရာ မဟုတ္ေၾကာင္းကို ရွင္းျပေပးပါ။ ၂မိနစ္ေလာက္ေစာင့္ၿပီး သူတို႔ၿငိမ္သြားၿပီဆိုရင္ သြားကစားဖို႔ ခြင့္ျပဳေပးပါ။ ျပန္ၿပီးေတာ့ ျငင္းခုံေနတာ၊ ေအာ္ဟစ္ေနတာဆိုရင္ ၂မိနစ္ေလာက္ထပ္ၿပီး အခန္းထဲမွာေနခိုင္းပါ။

သင့္ရဲ႕ သားႀကီး သို႔မဟုတ္ သမီးႀကီးက သင့္စကားကို နားမေထာင္ခ်င္ဘူးဆိုရင္

အ႐ြယ္ေရာက္ေနၿပီျဖစ္တဲ့ ကေလးအမ်ားစုက မိဘက ဒါမလုပ္နဲ႔ဆိုရင္ သိပ္လက္မခံခ်င္ၾကပါဘူး။ သူတို႔ကို မထိခိုက္ေစမယ့္ တခ်ိဳ႕ကိစၥေတြမွာ ေျပာမရ ဆိုမရဘူးဆိုရင္ သူတို႔ရဲ႕ မေကာင္းတဲ့ အျပဳအမႈရဲ႕ အက်ိဳးဆက္မ်ားကို ျဖစ္ေပၚခြင့္ေပးလိုက္ပါ။ ဒါက ခက္ခဲေပမယ့္ သူတို႔ဟာ သူတို႔ အမွားေတြထဲကေန ေလ့လာသင့္ယူႏိုင္ပါလိမ့္မယ္။ ဒါမွသာ အေမျပာတာ မွန္ေနပါလား! လို႔သူတို႔သိလာပါလိမ့္မယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here