ရိုက်ကူးလိုက်သမျှဓာတ်ပုံတိုင်းကို ပုံထွက်ကောင်းစေဖို့အတွက် သိထားသင့်တဲ့နည်းလမ်းလေးတွေ

0
1968

စာဖတ်သူက ဓာတ်ပုံရိုက်ရတာ ဝါသနာပါပြီး ပို့စ်အမျိုးမျိုးပေးချင်ပေမယ့်လည်း နည်းမှန်လမ်းမှန်မသိလို့ ပုံထွက်တွေက မကောင်းဘူးဖြစ်နေပါသလား။ အခုဆောင်းပါးလေးမှာတော့ ဓာတ်ပုံရိုက်တဲ့အခါ ကျွမ်းကျင်ပညာရှင်တစ်ယောက်လို ဖြစ်စေဖို့အတွက် ကူညီပေးမယ့် နည်းလမ်းလေးတေွကို စုစည်းဖော်ပြပေးသွားမှာြဖစ်ပါတယ်။ စိတ်ရှည်သည်းခံတတ်ဖို့တော့ လိုမယ်နော်။

၁။ နောက်ခံကိုဂရုစိုက်ပါ။

ဓာတ်ပုံရိုက်တာလှသွားရင်တောင်မှ နောက်ဖက်က အဖျက်ကယက်တွေပါလာရင် ဘယ်လိုမှကြည့်မကောင်းနိုင်ပါဘူး။ ဒါကြောင့် အသေးစိတ်ကအစ ဂရုစိုက်ရမှာဖြစ်ပြီး ကြည့်လို့ကောင်းမယ့် နောက်ခံ Background ကိုသေချာရွေးချယ်ပါ။

၂။ အနီးကပ်ရိုက်တဲ့အခါ သတိထားပါ။

မတူတဲ့ပုံစံမျိုးလေးရိုက်ဖို့အတွက် အနီးကပ်ဆွဲတဲ့အခါမှာ ကင်မရာကို အတန်ငယ်ဝေးဝေးမှာထားပေးပါ။ ဒီလိုမဟုတ်ရင် မျက်နှာက ပြည့်ဖောင်းနေပြီးတော့ မျက်နှာပေါ်ကအပြစ်အနာအဆာတွေအကုန် ပေါ်သွားပါလိမ့်မယ်။

၃။ ကင်မရာ Angle တွေကို စဥ်းစားပါ။

နောက်ခံရှုခင်းလေးကလှပေမယ့်လည်း ဓာတ်ပုံရိုက်တဲ့အခါ ထိပ်ပြတ်အောက်ပြတ်ဖြစ်နေရင် ဘယ်လိုမှကြည့်လို့လှမှာမဟုတ်ပါဘူး။ ပုံမှန်ရိုက်နေကျ ရှုထောင့်တည့်တည့်ကြီးတွေအပြင် တစ်စောင်းလေးတွေရိုက်ကြည့်တာမျိုးကို စမ်းကြည့်လိုက်ပါ။

၄။ အရာဝတ္ထုပစ္စည်းကို အလယ်မှာထားပြီးမရိုက်ပါနဲ့။

ကိုယ်ကလူမဟုတ်ဘဲ အရာဝတ္ထုတစ်ခုခုကို ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ဓာတ်ပုံအလယ်မှာ ဘယ်တော့မှထားပြီးမရိုက်ပါနဲ့။ အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ ဘေးတစ်ဖက်တစ်ချက်စီမှာသာ ထားပြီးရိုက်ပေးပါ။

၅။ အလင်းအမှောင်ဂရုစိုက်ပါ။

ဓာတ်ပုံကောင်းတစ်ခုရဖို့အတွက် အလင်းကောင်းကောင်းရှိဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ကိုယ်ရွေးချယ်ပြီးရိုက်လိုက်တဲ့နေရာက အလင်းကောင်းကောင်းမရဘဲ မှောင်နေမယ်ဆိုရင် ဘာတစ်ခုမှကိုကောင်းကောင်းမြင်ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်က အရိပ်ကိုပဲဓာတ်ပုံရိုက်ချင်တာမဟုတ်ဘူးဆိုရင်တော့ အလင်းရောင်ကိုမျက်နှာအရှေ့မှာထားပေးပါ။

၆။ Filter တွေအများကြီးမသုံးပါနဲ့။

ကိုယ်ရိုက်လိုက်တာအဆင်မပြေပေမယ့်လည်း ဖေ့စ်ဘွတ်ပေါ် အင်စတာဂရမ်ပေါ်တင်ချင်လို့ Filter တွေသုံးတာများသွားရင် နဂိုထက်ပိုပြီး ကြည့်ရဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ပုံလေးကို သဘာဝကျကျနဲ့ ပုံထွက်ကောင်းစေချင်ရင် HDR တွေသုံးခြင်းမှ ရှောင်ကြဥ်ပါ။

#Lifestyle_Myanmar

#Thinzar

Ref-brightside

Zawgyi Font

႐ိုက္ကူးလိုက္သမွ်ဓာတ္ပုံတိုင္းကို ပုံထြက္ေကာင္းေစဖို႔အတြက္ သိထားသင့္တဲ့နည္းလမ္းေလးေတြ

စာဖတ္သူက ဓာတ္ပုံ႐ိုက္ရတာ ဝါသနာပါၿပီး ပို႔စ္အမ်ိဳးမ်ိဳးေပးခ်င္ေပမယ့္လည္း နည္းမွန္လမ္းမွန္မသိလို႔ ပုံထြက္ေတြက မေကာင္းဘူးျဖစ္ေနပါသလား။ အခုေဆာင္းပါးေလးမွာေတာ့ ဓာတ္ပုံ႐ိုက္တဲ့အခါ ကြၽမ္းက်င္ပညာရွင္တစ္ေယာက္လို ျဖစ္ေစဖို႔အတြက္ ကူညီေပးမယ့္ နည္းလမ္းေလးေတြကို စုစည္းေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ စိတ္ရွည္သည္းခံတတ္ဖို႔ေတာ့ လိုမယ္ေနာ္။

၁။ ေနာက္ခံကိုဂ႐ုစိုက္ပါ။

ဓာတ္ပုံ႐ိုက္တာလွသြားရင္ေတာင္မွ ေနာက္ဖက္က အဖ်က္ကယက္ေတြပါလာရင္ ဘယ္လိုမွၾကည့္မေကာင္းႏိုင္ပါဘူး။ ဒါေၾကာင့္ အေသးစိတ္ကအစ ဂ႐ုစိုက္ရမွာျဖစ္ၿပီး ၾကည့္လို႔ေကာင္းမယ့္ ေနာက္ခံ Background ကိုေသခ်ာေ႐ြးခ်ယ္ပါ။

၂။ အနီးကပ္႐ိုက္တဲ့အခါ သတိထားပါ။

မတူတဲ့ပုံစံမ်ိဳးေလး႐ိုက္ဖို႔အတြက္ အနီးကပ္ဆြဲတဲ့အခါမွာ ကင္မရာကို အတန္ငယ္ေဝးေဝးမွာထားေပးပါ။ ဒီလိုမဟုတ္ရင္ မ်က္ႏွာက ျပည့္ေဖာင္းေနၿပီးေတာ့ မ်က္ႏွာေပၚကအျပစ္အနာအဆာေတြအကုန္ ေပၚသြားပါလိမ့္မယ္။

၃။ ကင္မရာ Angle ေတြကို စဥ္းစားပါ။

ေနာက္ခံရႈခင္းေလးကလွေပမယ့္လည္း ဓာတ္ပုံ႐ိုက္တဲ့အခါ ထိပ္ျပတ္ေအာက္ျပတ္ျဖစ္ေနရင္ ဘယ္လိုမွၾကည့္လို႔လွမွာမဟုတ္ပါဘူး။ ပုံမွန္႐ိုက္ေနက် ရႈေထာင့္တည့္တည့္ႀကီးေတြအျပင္ တစ္ေစာင္းေလးေတြ႐ိုက္ၾကည့္တာမ်ိဳးကို စမ္းၾကည့္လိုက္ပါ။

၄။ အရာဝတၳဳပစၥည္းကို အလယ္မွာထားၿပီးမ႐ိုက္ပါနဲ႔။

ကိုယ္ကလူမဟုတ္ဘဲ အရာဝတၳဳတစ္ခုခုကို ဓာတ္ပုံ႐ိုက္ေတာ့မယ္ဆိုရင္ ဓာတ္ပုံအလယ္မွာ ဘယ္ေတာ့မွထားၿပီးမ႐ိုက္ပါနဲ႔။ အလ်ားလိုက္ျဖစ္ေစ၊ ေဒါင္လိုက္ျဖစ္ေစ ေဘးတစ္ဖက္တစ္ခ်က္စီမွာသာ ထားၿပီး႐ိုက္ေပးပါ။

၅။ အလင္းအေမွာင္ဂ႐ုစိုက္ပါ။

ဓာတ္ပုံေကာင္းတစ္ခုရဖို႔အတြက္ အလင္းေကာင္းေကာင္းရွိဖို႔ကလည္း အင္မတန္အေရးႀကီးပါတယ္။ ကိုယ္ေ႐ြးခ်ယ္ၿပီး႐ိုက္လိုက္တဲ့ေနရာက အလင္းေကာင္းေကာင္းမရဘဲ ေမွာင္ေနမယ္ဆိုရင္ ဘာတစ္ခုမွကိုေကာင္းေကာင္းျမင္ရမွာမဟုတ္ပါဘူး။ ဒါ့အျပင္ ကိုယ္က အရိပ္ကိုပဲဓာတ္ပုံ႐ိုက္ခ်င္တာမဟုတ္ဘူးဆိုရင္ေတာ့ အလင္းေရာင္ကိုမ်က္ႏွာအေရွ႕မွာထားေပးပါ။

၆။ Filter ေတြအမ်ားႀကီးမသုံးပါနဲ႔။

ကိုယ္႐ိုက္လိုက္တာအဆင္မေျပေပမယ့္လည္း ေဖ့စ္ဘြတ္ေပၚ အင္စတာဂရမ္ေပၚတင္ခ်င္လို႔ Filter ေတြသုံးတာမ်ားသြားရင္ နဂိုထက္ပိုၿပီး ၾကည့္ရဆိုးသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ပုံေလးကို သဘာဝက်က်နဲ႔ ပုံထြက္ေကာင္းေစခ်င္ရင္ HDR ေတြသုံးျခင္းမွ ေရွာင္ၾကဥ္ပါ။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here