ရာႏႈန္းျပည့္ ကိုယ့္ခ်စ္သူအေပၚ စိတ္ႏွစ္ၿပီး အ႐ူးအမူး ခ်စ္ၾကသူေတြ ျဖစ္တတ္တဲ့ ဆိုးက်ိဳး ၅မ်ိဳး

0
777
အ႐ူးအမူး ခ်စ္ၾကသူေတြ ျဖစ္တတ္တဲ့ ဆိုးက်ိဳ
အ႐ူးအမူး ခ်စ္ၾကသူေတြ ျဖစ္တတ္တဲ့ ဆိုးက်ိဳ

၁။ ရည္မွန္းခ်က္ေတြ ေနာက္ေႏွးျခင္း

လူတစ္ေယာက္ကို ရာႏႈန္းျပည့္ သူ႔အေပၚမွာ စိတ္ႏွစ္ၿပီး ခ်စ္ရတဲ့အခါ တျဖည္းျဖည္းနဲ႔ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ၊ ရည္ရြယ္ခ်က္ေတြမွာ ေနာက္ေႏွးႀကံ႕ၾကာမႈေတြ ျဖစ္ေပၚတတ္ပါတယ္။ အခ်ိန္တိုင္းလိုလို သူ႔အေပၚ စိတ္က ေရာက္ေနတဲ့အတြက္အလုပ္လုပ္တဲ့ေနရာမွာလည္း အလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္တတ္ၿပီး ထင္ထားသေလာက္လည္း ေအာင္ျမင္မႈ မရရွိႏိုင္ေတာ့ပါဘူး။ ကိုယ့္ဘဝတက္လမ္းအတြက္ ကိစၥတစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ေတာင္ သူက ကိုယ့္သြားမဲ့ ပန္းတိုင္းမွာ အတားအဆီးတစ္ခုလိုျဖစ္လာပါလိမ့္မယ္။ ဒီကိစၥကို လုပ္လိုက္လို႔ ေအာင္ျမင္မယ္ဆိုေပမဲ့ သူမႀကိဳက္မွာ၊ သူရဲ႕ အေဝးကို ေရာက္သြားမွာ စသျဖင့္ သူ႔အတြက္ သူ႔အတြက္နဲ႔ ကိုယ့္ရဲ႕ ကိုယ္ပိုင္တိုးတက္ခ်ိန္ေတြ ကုန္ဆုံးရပါလိမ့္မယ္။ ဒါ့ေၾကာင့္ ခ်စ္သူထားတဲ့အခါႏွစ္ဦးစလုံးအျပန္အလွန္နားလည္မႈရွိၿပီး ကိုယ့္ဘဝအတြက္ ဝန္ထုပ္ဝန္းပိုးမျဖစ္ေအာင္ ကိုယ္ဘဝအတြက္ ေပးရမဲ့အခ်ိန္၊ သူ႔အတြက္ ေပးရမဲ့အခ်ိန္ အားလုံးကို သီးျခားပိုင္းျခားထားႏိုင္ဖို႔လိုအပ္ပါတယ္။

၂။ ပူပင္ေသာကေရာက္ျခင္း

ကိုယ့္ရဲ႕ အခ်စ္စိတ္ေတြအားလုံးက သူမွ သူဘဲျဖစ္ေနတဲ့အခါ သူ႔ဘက္က ကိုယ့္ကို ထားသြားမွာ၊ အမွားလုပ္မိမွာ၊ ကိုယ့္အေပၚ သစၥာေဖာက္မွာ စသျဖင့္ အခ်ိန္တိုင္း စိုးရိမ္ပူပန္စိတ္ေတြနဲ႔ ျဖတ္သန္းေနရပါလိမ့္မယ္။ ျဖစ္ႏိုင္ရင္ ကိုယ့္အနားမွာဘဲ အခ်ိန္တိုင္းရွိခ်င္တဲ့အတြက္ သူ႔ရဲ႕ ကိုယ္ပိုင္အခ်ိန္ေတြကို ကိုယ့္ဘက္က ခ်ဳပ္ခ်ယ္ေကာင္း ခ်ဳပ္ခ်ယ္လာမိပါလိမ့္မယ္။ ဒီအေျခအေနေတြအားလုံးဟာ တျဖည္းျဖည္းနဲ႔ ခ်စ္တဲ့စိတ္ကေန အတၱဘက္ကို ေရာက္မွန္းမသိေရာက္သြားတတ္ပါတယ္။ ကိုယ့္ဘက္က ဆုံး႐ႈံးရမွာေၾကာက္လို႔ သူ႔အေပၚ ခ်ဳပ္ခ်ယ္မႈေတြမ်ားလာတဲ့အခါတစ္ဖက္သူက ကိုယ့္ကို ၿငီးေငြ႕ၿပီး ကိုယ့္အနားက ထြက္သြားခ်င္စိတ္ေတြျဖစ္ေပၚတတ္ပါတယ္။ ဒီလိုနဲ႔ ကိုယ္ေတြရဲ႕ Relationship က အဆုံးသတ္တဲ့အေျခအေနထိ ေရာက္သြားတတ္ၾကပါတယ္။

၃။ အရမ္းနာက်င္ရျခင္း

အခ်စ္ႀကီးတဲ့သူအတြက္ ခံစားမႈကလည္း အတိုင္းမသိႀကီးမားတတ္ၾကပါတယ္။ သူ႔အေပၚ အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္သေလာက္ သူ႔ဘက္က တုံ႕ျပန္မႈက ကိုယ့္အေပၚ အသိအမွတ္မျပဳတဲ့အခါ အရမ္းကို နာက်င္ခံစားလြယ္ပါတယ္။ အျခားသူေတြအျမင္မွာေတာ့ကိုယ္ေတြရဲ႕ အျဖစ္အပ်က္က သာမန္ကိစၥတစ္ခုလိုျမင္ေနေပမဲ့ ကိုယ့္ဘက္က သူ႔ကို အမ်ားႀကီး ေမွ်ာ္လင့္ထားၿပီး ေမွ်ာ္လင့္ထားသလို မျဖစ္လာတဲ့အခါ ဝမ္းနည္းမႈေတြ တေပြ႕တပိုက္နဲ႔ ရင္ဆိုင္ရတတ္ပါတယ္။ အရမ္းကိုဂ႐ုစိုက္ၿပီး ခ်စ္တတ္တဲ့အတြဲေတြအတြက္ေတာ့ျပႆနာမဟုတ္ေပမဲ့ ကိုယ္တစ္ဦးထဲကပဲ သူ႔အေပၚ အ႐ူးအမူးခ်စ္ျပေနရင္ေတာ့ အဆုံးသတ္မွာ ကိုယ္ဘဲ နာက်င္ခံစားရမယ္ဆိုတာ မလြဲမေသြပါဘဲ။

၄။ မိသားစုနဲ႔ အဆင္မေျပျဖစ္ျခင္း

စားလဲ သူ၊ သြားလဲ သူ အရာအားလုံးအေပၚ သူ႔က လႊမ္းမိုးေနတဲ့အခါ မိသားစုေရးရာမွာလည္း ေခါင္းထဲ သိပ့္မရွိတတ္ၾကေတာ့ပါဘူး။ အိမ္က မိသားစုအတြက္ အေရးႀကီးတဲ့အခ်ိန္ေတြမွာ မိသားစုနဲ႔အတူ မေနေပးႏိုင္ဘဲ ခ်စ္သူက ခ်ိန္းလို႔ သြားရတာမ်ိဳး၊ ခ်စ္သူက စိတ္ ကြက္မွာဆိုလို႔ သူ႔အတြက္ ျဖည့္ဆည္းေပးတာမ်ိဳး စတဲ့ အျဖစ္အပ်က္ေတြက ၾကာလာတဲ့အခါ သင္ဟာ မိသားစုဝင္ထဲကေန အျပင္ကို ခြဲထြက္သြားၿပီး မိသားစုနဲ႔လည္း အဆင္မေျပျဖစ္တတ္ၾကပါတယ္။ ခ်စ္သူနဲ႔ မိသားစုေရးရာ ကိစၥအခ်ိဳ႕ ယွဥ္လာတဲ့အခါ ဘယ္ကိစၥကအေရးႀကီးလည္းေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးမွ ျပဳလုပ္တာအေကာင္းဆုံးပါ။ (အေမေနမေကာင္းတဲ့ ေန႔မွာ ခ်စ္သူနဲ႔ ခ်ိန္းထားတယ္ဆိုရင္ေရာ သင္သူ႔ကို ေရြးခ်ယ္မလဲ။)

၅။ ေနာင္တေတြနဲ႔ အဆုံးသတ္ျခင္း

ကိုယ့္ဘက္က အခ်ိန္ျပည့္ဂ႐ုစိုက္ၿပီး သူ႔အေပၚခ်စ္ေပးေနေပမဲ့ သူ႔ဘက္က တုံ႕ျပန္မႈက ကိုယ့္အေပၚ မေကာင္းတဲ့အခါ အခ်ိန္ေတြၾကာလာတာနဲ႔ အမွ် ပူေဆြးေသာကေရာက္တတ္ၾကပါတယ္။ အစပုိင္းမွာ သူ႔ရဲ႕ လုပ္ရပ္ကို ၾကည့္ၿပီး ဝမ္းနည္းရာကေန တျဖည္းျဖည္းမ်ားလာ တဲ့အခါ ေဒါသစိတ္ေတြ၊ ေပါက္ကြဲခ်င္စိတ္ေတြ တျဖည္းျဖည္းျဖစ္ေပၚလာပါလိမ့္မယ္။ အတိတ္ေတြကို စဥ္းစားမိတိုင္း ကိုယ့္ရဲ႕ ေပးဆပ္မႈက သူနဲ႔ မတန္ဘူး သူ႔အတြက္ ေပးဆပ္ခဲ့ရတာေတြအတြက္ ကိုယ့္ကိုကိုယ္ ေဒါသလည္းထြက္ ေနာင္တလည္းရ ဆိုတဲ့ အျဖစ္မ်ိဳးနဲ႔ အဆုံးသတ္သြားပါလိမ့္မယ္။ ဒီလို အတိတ္က ရရွိခဲ့တဲ့အမာရြတ္ေတြက ႀကီးတဲ့အထိ ကိုယ့္ရဲ႕စိတ္ကို ခတ္ထန္ေစပါတယ္။

#Lifestyle_Myanmar

#Thar_Nage

တည္ၿငိမ္တဲ့ relationship ေတြကို ရွာေဖြေတြ႕ရွိဖို႔အတြက္ အေကာင္းဆံုးနည္းလမ္း

Unicode

ချစ်သူအပေါ် ရာနှုန်းပြည့် စိတ်နှစ်ပြီး အရူးအမူး ချစ်ကြသူတွေ ဖြစ်တတ်တဲ့ ဆိုးကျိုး ၅မျိုး
၁။ ရည်မှန်းချက်တွေ နောက်နှေးခြင်း
လူတစ်ယောက်ကို ရာနှုန်းပြည့် သူ့အပေါ်မှာ စိတ်နှစ်ပြီး ချစ်ရတဲ့အခါ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေမှာ နောက်နှေးကြံ့ကြာမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အချိန်တိုင်းလိုလို သူ့အပေါ် စိတ်က ရောက်နေတဲ့အတွက်အလုပ်လုပ်တဲ့နေရာမှာလည်း အလွဲလွဲအချော်ချော်တွေဖြစ်တတ်ပြီး ထင်ထားသလောက်လည်း အောင်မြင်မှု မရရှိနိုင်တော့ပါဘူး။ ကိုယ့်ဘဝတက်လမ်းအတွက် ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင်တောင် သူက ကိုယ့်သွားမဲ့ ပန်းတိုင်းမှာ အတားအဆီးတစ်ခုလိုဖြစ်လာပါလိမ့်မယ်။ ဒီကိစ္စကို လုပ်လိုက်လို့ အောင်မြင်မယ်ဆိုပေမဲ့ သူမကြိုက်မှာ၊ သူရဲ့ အဝေးကို ရောက်သွားမှာ စသဖြင့် သူ့အတွက် သူ့အတွက်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်တိုးတက်ချိန်တွေ ကုန်ဆုံးရပါလိမ့်မယ်။ ဒါ့ကြောင့် ချစ်သူထားတဲ့အခါနှစ်ဦးစလုံးအပြန်အလှန်နားလည်မှုရှိပြီး ကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်းပိုးမဖြစ်အောင် ကိုယ်ဘဝအတွက် ပေးရမဲ့အချိန်၊ သူ့အတွက် ပေးရမဲ့အချိန် အားလုံးကို သီးခြားပိုင်းခြားထားနိုင်ဖို့လိုအပ်ပါတယ်။

၂။ ပူပင်သောကရောက်ခြင်း
ကိုယ့်ရဲ့ အချစ်စိတ်တွေအားလုံးက သူမှ သူဘဲဖြစ်နေတဲ့အခါ သူ့ဘက်က ကိုယ့်ကို ထားသွားမှာ၊ အမှားလုပ်မိမှာ၊ ကိုယ့်အပေါ် သစ္စာဖောက်မှာ စသဖြင့် အချိန်တိုင်း စိုးရိမ်ပူပန်စိတ်တွေနဲ့ ဖြတ်သန်းနေရပါလိမ့်မယ်။ ဖြစ်နိုင်ရင် ကိုယ့်အနားမှာဘဲ အချိန်တိုင်းရှိချင်တဲ့အတွက် သူ့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ကိုယ့်ဘက်က ချုပ်ချယ်ကောင်း ချုပ်ချယ်လာမိပါလိမ့်မယ်။ ဒီအခြေအနေတွေအားလုံးဟာ တဖြည်းဖြည်းနဲ့ ချစ်တဲ့စိတ်ကနေ အတ္တဘက်ကို ရောက်မှန်းမသိရောက်သွားတတ်ပါတယ်။ ကိုယ့်ဘက်က ဆုံးရှုံးရမှာကြောက်လို့ သူ့အပေါ် ချုပ်ချယ်မှုတွေများလာတဲ့အခါတစ်ဖက်သူက ကိုယ့်ကို ငြီးငွေ့ပြီး ကိုယ့်အနားက ထွက်သွားချင်စိတ်တွေဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုနဲ့ ကိုယ်တွေရဲ့ Relationship က အဆုံးသတ်တဲ့အခြေအနေထိ ရောက်သွားတတ်ကြပါတယ်။

၃။ အရမ်းနာကျင်ရခြင်း
အချစ်ကြီးတဲ့သူအတွက် ခံစားမှုကလည်း အတိုင်းမသိကြီးမားတတ်ကြပါတယ်။ သူ့အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သလောက် သူ့ဘက်က တုံ့ပြန်မှုက ကိုယ့်အပေါ် အသိအမှတ်မပြုတဲ့အခါ အရမ်းကို နာကျင်ခံစားလွယ်ပါတယ်။ အခြားသူတွေအမြင်မှာတော့ကိုယ်တွေရဲ့ အဖြစ်အပျက်က သာမန်ကိစ္စတစ်ခုလိုမြင်နေပေမဲ့ ကိုယ့်ဘက်က သူ့ကို အများကြီး မျှော်လင့်ထားပြီး မျှော်လင့်ထားသလို မဖြစ်လာတဲ့အခါ ဝမ်းနည်းမှုတွေ တပွေ့တပိုက်နဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အရမ်းကိုဂရုစိုက်ပြီး ချစ်တတ်တဲ့အတွဲတွေအတွက်တော့ပြဿနာမဟုတ်ပေမဲ့ ကိုယ်တစ်ဦးထဲကပဲ သူ့အပေါ် အရူးအမူးချစ်ပြနေရင်တော့ အဆုံးသတ်မှာ ကိုယ်ဘဲ နာကျင်ခံစားရမယ်ဆိုတာ မလွဲမသွေပါဘဲ။

၄။ မိသားစုနဲ့ အဆင်မပြေဖြစ်ခြင်း
စားလဲ သူ၊ သွားလဲ သူ အရာအားလုံးအပေါ် သူ့က လွှမ်းမိုးနေတဲ့အခါ မိသားစုရေးရာမှာလည်း ခေါင်းထဲ သိပ့်မရှိတတ်ကြတော့ပါဘူး။ အိမ်က မိသားစုအတွက် အရေးကြီးတဲ့အချိန်တွေမှာ မိသားစုနဲ့အတူ မနေပေးနိုင်ဘဲ ချစ်သူက ချိန်းလို့ သွားရတာမျိုး၊ ချစ်သူက စိတ် ကွက်မှာဆိုလို့ သူ့အတွက် ဖြည့်ဆည်းပေးတာမျိုး စတဲ့ အဖြစ်အပျက်တွေက ကြာလာတဲ့အခါ သင်ဟာ မိသားစုဝင်ထဲကနေ အပြင်ကို ခွဲထွက်သွားပြီး မိသားစုနဲ့လည်း အဆင်မပြေဖြစ်တတ်ကြပါတယ်။ ချစ်သူနဲ့ မိသားစုရေးရာ ကိစ္စအချို့ ယှဉ်လာတဲ့အခါ ဘယ်ကိစ္စကအရေးကြီးလည်းသေချာစဉ်းစားဆုံးဖြတ်ပြီးမှ ပြုလုပ်တာအကောင်းဆုံးပါ။ (အမေနေမကောင်းတဲ့ နေ့မှာ ချစ်သူနဲ့ ချိန်းထားတယ်ဆိုရင်ရော သင်သူ့ကို ရွေးချယ်မလဲ။)

၅။ နောင်တတွေနဲ့ အဆုံးသတ်ခြင်း
ကိုယ့်ဘက်က အချိန်ပြည့်ဂရုစိုက်ပြီး သူ့အပေါ်ချစ်ပေးနေပေမဲ့ သူ့ဘက်က တုံ့ပြန်မှုက ကိုယ့်အပေါ် မကောင်းတဲ့အခါ အချိန်တွေကြာလာတာနဲ့ အမျှ ပူဆွေးသောကရောက်တတ်ကြပါတယ်။ အစပိုင်းမှာ သူ့ရဲ့ လုပ်ရပ်ကို ကြည့်ပြီး ဝမ်းနည်းရာကနေ တဖြည်းဖြည်းများလာ တဲ့အခါ ဒေါသစိတ်တွေ၊ ပေါက်ကွဲချင်စိတ်တွေ တဖြည်းဖြည်းဖြစ်ပေါ်လာပါလိမ့်မယ်။ အတိတ်တွေကို စဉ်းစားမိတိုင်း ကိုယ့်ရဲ့ ပေးဆပ်မှုက သူနဲ့ မတန်ဘူး သူ့အတွက် ပေးဆပ်ခဲ့ရတာတွေအတွက် ကိုယ့်ကိုကိုယ် ဒေါသလည်းထွက် နောင်တလည်းရ ဆိုတဲ့ အဖြစ်မျိုးနဲ့ အဆုံးသတ်သွားပါလိမ့်မယ်။ ဒီလို အတိတ်က ရရှိခဲ့တဲ့အမာရွတ်တွေက ကြီးတဲ့အထိ ကိုယ့်ရဲ့စိတ်ကို ခတ်ထန်စေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here