ရာသီအကြို ဝေဒနာများကို ပိုခံရခက်စေတဲ့ အစားအစာ (၆)မျိုး

0
681

PMS လို့ခေါ်တဲ့ Pre-menstrual Syndrome (ရာသီအကြိုဝေဒနာများ)ဟာ အရွယ်ရောက်ပြီး အမျိုးသမီးတွေ ခံစားရတဲ့ ဆေးပညာဆိုင်ရာ အခြေအနေတစ်ခုပါ၊ ရာသီလာစဉ်အတွင်း အမျိုးသမီးတွေဟာ တချို့ပြောင်းလဲမှုတွေကို တွေ့ကြုံခံစားရပါတယ်။ စိတ်ဖိစီးမှုများတာ၊ စိတ်ဓါတ်ကျလွယ်တာ၊ ဝမ်းနည်းမှုခံစားရတာ၊ စိတ်အပြောင်းအလဲမြန်တာ၊ အိပ်မပျော်တာတွေကို တွေ့ကြုံ ခံစားရတတ်ပါတယ်။

အမျိုးသမီးတချို့က အစာစားချင်စိတ်မရှိတာကို ရင်ဆိုင်ရပြီး တချို့အမျိုးသမီးတွေက အစားအသောက် အာသာပြင်းပြခြင်းကို ခံစားကြရပါတယ်။ အစားအစာပမာဏသာ မဟုတ်ပါဘူး၊ အစားအသောက်ထုတ်ကုန်များကလည်း ရာသီကာလအတွင်း ကျန်းမာပျော်ရွင်မှုအပေါ် အကြီးအကျယ် သက်ရောက်မှုရှိပါတယ်။

၁။ ကော်ဖီ

ကဖိန်းဓါတ်က သွေးကြောတွေကို ကျဉ်းမြောင်းစေဖို့ အထောက်အပံ့ပေးပါတယ်။ ရလဒ်အနေနဲ့ ရာသီလာစဉ် ပိုပြီးပြင်းထန်တဲ့ ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ အစပ်အစားအစာများ

အစပ်အစားအစာများက ရာသီလာစဉ်အတွင်း မအီမသာဖြစ်ခြင်းကို ပိုပြီးဆိုးရွားစေတဲ့ ဗိုက်ပွခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစပ်အစားအစာကိုမှ စားချင်ဆဲပဲဆိုရင် ဖာလာစေ့တို့ နံနံပင်တို့လို အော်ဂဲနစ်နံ့သာမျိုးကို ဦးစားပေးပါ။

၃။ သကြားလုံးများနှင့် သကြားဓါတ်မြင့်မားသော အစားအစာများ

ဒီရက်တွေအတွင်းမှာ သကြားလုံးတွေ၊ သကြားဓါတ်မြင့်မားတဲ့ အစားအစာတွေအစား သစ်သီးများကို အစားထိုးတာက ပိုကောင်းပါတယ်။ သကြားလုံးတွေ၊ ဒိုးနပ်တွေ နဲ့ တခြားအချိုအစားအစာတွေက လေပွခြင်းကိုဖြစ်စေနိုင်ပါတယ်။

၄။ ငန်တဲ့အစားအစာများ

အာလူးကြော်နှင့် တခြား ဆိုဒီယမ်(ဆား)မြင့်မားတဲ့ အစားအစာများက ခန္ဓာကိုယ်မှာ ရေဖောခြင်းကို ဖြစ်ပေါ်စေပြီး ရလဒ်အနေနဲ့ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။

၆။ ဆီများသော အစားအစာများ

ဆီများသော အစားအစာများက ဒီရက်တွေအတွင်းမှာ ရင်သားအထိမခံနိုင်ခြင်းနှင့် လေပွခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၇။ နို့ထွက်ပစ္စည်းများ

ရာသီလာစဉ်အတွင်း သင့်အစားအသောက်ထဲကနေ နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်တို့ကို ဖယ်ပစ်တာ ပိုကောင်းပါတယ်။ ဒီအစားအစာများမှာ ရာသီလာစဉ်နာကျင်မှုကို ပိုဆိုးစေနိုင်တဲ့ ပြည့်ဝဆီတွေ ပါဝင်ပါတယ်။

အစာစားချင်စိတ်အပြောင်းအလဲကို ဘယ်လိုကျော်လွှားမလဲ

ရေများများသောက်ပါ။
ရေနွေးထဲ သစ်ကြံပိုးထည့်သောက်ပါ။
လေ့ကျင့်ခန်းလုပ်ပါ။
ဗိုက်ဆာတဲ့အခါ သစ်သီးတွေ၊ အခွံမာတဲ့ အသီးတွေ ကဲ့သို့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ သရေစာမုန့်တွေကို စားပေးပါ။
ရာသီကာလက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ နှစ်လိုဖွယ် အကောင်းဆုံးအရာမဟုတ်ပေမယ့် သင့်လျော်တဲ့ အာဟာရတွေနဲ့ မှန်ကန်တဲ့ လူနေမှုပုံစံကို ရွေးချယ်ပြီး နာကျင်မှုလျော့နည်းအောင် ပြုလုပ်နိုင်ပါတယ်။
#Lifestyle_Myanmar

LM_Nandar

ZawGyi

ရာသီအႀကိဳ ေဝဒနာမ်ားကို ပိုခံရခက္ေစတဲ့ အစားအစာ (၆)မ်ိဳး
PMS လို႔ေခၚတဲ့ Pre-menstrual Syndrome (ရာသီအႀကိဳေဝဒနာမ်ား)ဟာ အ႐ြယ္ေရာက္ၿပီး အမ်ိဳးသမီးေတြ ခံစားရတဲ့ ေဆးပညာဆိုင္ရာ အေျခအေနတစ္ခုပါ၊ ရာသီလာစဥ္အတြင္း အမ်ိဳးသမီးေတြဟာ တခ်ိဳ႕ေျပာင္းလဲမႈေတြကို ေတြ႕ႀကဳံခံစားရပါတယ္။ စိတ္ဖိစီးမႈမ်ားတာ၊ စိတ္ဓါတ္က်လြယ္တာ၊ ဝမ္းနည္းမႈခံစားရတာ၊ စိတ္အေျပာင္းအလဲျမန္တာ၊ အိပ္မေပ်ာ္တာေတြကို ေတြ႕ႀကဳံ ခံစားရတတ္ပါတယ္။ အမ်ိဳးသမီးတခ်ိဳ႕က အစာစားခ်င္စိတ္မရွိတာကို ရင္ဆိုင္ရၿပီး တခ်ိဳ႕အမ်ိဳးသမီးေတြက အစားအေသာက္ အာသာျပင္းျပျခင္းကို ခံစားၾကရပါတယ္။ အစားအစာပမာဏသာ မဟုတ္ပါဘူး၊ အစားအေသာက္ထုတ္ကုန္မ်ားကလည္း ရာသီကာလအတြင္း က်န္းမာေပ်ာ္႐ြင္မႈအေပၚ အႀကီးအက်ယ္ သက္ေရာက္မႈရွိပါတယ္။

၁။ ေကာ္ဖီ

ကဖိန္းဓါတ္က ေသြးေၾကာေတြကို က်ဥ္းေျမာင္းေစဖို႔ အေထာက္အပံ့ေပးပါတယ္။ ရလဒ္အေနနဲ႔ ရာသီလာစဥ္ ပိုၿပီးျပင္းထန္တဲ့ ကိုက္ခဲျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၂။ အစပ္အစားအစာမ်ား

အစပ္အစားအစာမ်ားက ရာသီလာစဥ္အတြင္း မအီမသာျဖစ္ျခင္းကို ပိုၿပီးဆိုး႐ြားေစတဲ့ ဗိုက္ပြျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အစပ္အစားအစာကိုမွ စားခ်င္ဆဲပဲဆိုရင္ ဖာလာေစ့တို႔ နံနံပင္တို႔လို ေအာ္ဂဲနစ္နံ႔သာမ်ိဳးကို ဦးစားေပးပါ။

၃။ သၾကားလုံးမ်ားႏွင့္ သၾကားဓါတ္ျမင့္မားေသာ အစားအစာမ်ား

ဒီရက္ေတြအတြင္းမွာ သၾကားလုံးေတြ၊ သၾကားဓါတ္ျမင့္မားတဲ့ အစားအစာေတြအစား သစ္သီးမ်ားကို အစားထိုးတာက ပိုေကာင္းပါတယ္။ သၾကားလုံးေတြ၊ ဒိုးနပ္ေတြ နဲ႔ တျခားအခ်ိဳအစားအစာေတြက ေလပြျခင္းကိုျဖစ္ေစႏိုင္ပါတယ္။

၄။ ငန္တဲ့အစားအစာမ်ား

အာလူးေၾကာ္ႏွင့္ တျခား ဆိုဒီယမ္(ဆား)ျမင့္မားတဲ့ အစားအစာမ်ားက ခႏၶာကိုယ္မွာ ေရေဖာျခင္းကို ျဖစ္ေပၚေစၿပီး ရလဒ္အေနနဲ႔ ေရာင္ရမ္းျခင္းကို ျဖစ္ေပၚေစပါတယ္။

၆။ ဆီမ်ားေသာ အစားအစာမ်ား

ဆီမ်ားေသာ အစားအစာမ်ားက ဒီရက္ေတြအတြင္းမွာ ရင္သားအထိမခံႏိုင္ျခင္းႏွင့္ ေလပြျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၇။ ႏို႔ထြက္ပစၥည္းမ်ား

ရာသီလာစဥ္အတြင္း သင့္အစားအေသာက္ထဲကေန ႏို႔၊ ဒိန္ခဲ၊ ဒိန္ခ်ဥ္တို႔ကို ဖယ္ပစ္တာ ပိုေကာင္းပါတယ္။ ဒီအစားအစာမ်ားမွာ ရာသီလာစဥ္နာက်င္မႈကို ပိုဆိုးေစႏိုင္တဲ့ ျပည့္ဝဆီေတြ ပါဝင္ပါတယ္။

အစာစားခ်င္စိတ္အေျပာင္းအလဲကို ဘယ္လိုေက်ာ္လႊားမလဲ
ေရမ်ားမ်ားေသာက္ပါ။
ေရေႏြးထဲ သစ္ႀကံပိုးထည့္ေသာက္ပါ။
ေလ့က်င့္ခန္းလုပ္ပါ။
ဗိုက္ဆာတဲ့အခါ သစ္သီးေတြ၊ အခြံမာတဲ့ အသီးေတြ ကဲ့သို႔ က်န္းမာေရးႏွင့္ညီၫြတ္တဲ့ သေရစာမုန္႔ေတြကို စားေပးပါ။
ရာသီကာလက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘဝမွာ ႏွစ္လိုဖြယ္ အေကာင္းဆုံးအရာမဟုတ္ေပမယ့္ သင့္ေလ်ာ္တဲ့ အာဟာရေတြနဲ႔ မွန္ကန္တဲ့ လူေနမႈပုံစံကို ေ႐ြးခ်ယ္ၿပီး နာက်င္မႈေလ်ာ့နည္းေအာင္ ျပဳလုပ္ႏိုင္ပါတယ္။
#Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here