ရာသီခွင်တစ်ခုချင်းစီရဲ့ ဂုဏ်ယူနိုင်မယ့်မွေးရာပါစရိုက်လက္ခဏာများ

    0
    1982
    - Advertisement -

    လူတိုင်းမှာ သူ(သို့)သူမ ဂုဏ်ယူနိုင်မယ့်အားသာချက်များစွာရှိကြပါတယ်။ အဲ့တော့ သင့်ရဲ့ ဂုဏ်ယူနိုင်မယ့် အရင်းအမြစ်စရိုက်လက္ခဏာက ဘာဖြစ်မလဲ။ ဒီကနေ့ ကျွန်မတို့ Lifestyle Myanmarကနေပြီး မျှ၀ေပေးပါ့မယ်။

    -Advertisement-

    Aries(March 20-April 20)

    ဒီရာသီခွင်ရဲ့ ဂုဏ်ယူရမယ့် စရိုက်လက္ခဏာကတော့ sexyကျပြီး ဆွဲဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို ထိန်းချုပ်နိုင်စွမ်းရှိရုံမက သင်နဲ့ ရင်းနှီးသောသူများကိုပါ လှုံ့ဆော်နိုင်သည်အထိ ဆွဲဆောင်နိုင်ခြင်းဖြစ်ပါတယ်။

    Taurus(Apr-20-May-20)

    Taurusလေးတွေရဲ့ ဂုဏ်ယူရမယ့်မွေးရာပါ စရိုက်လက္ခဏာလေးက ထူးခြားသော အရသာတွေကို သိရှိခံစားနိုင်ခြင်းပဲဖြစ်ပါတယ်။ အကောင်းဆုံးတွေကို ကျွမ်းကျင်စွာရွေးချယ်နိုင်ပါတယ်။ ခေတ်မှီသော အ၀တ်အထည်တွေကနေပြီးတော့ နောက်ဆုံးဘ၀လက်တွဲဖော်အထိပေါ့။

    Gemini(May 21-June 20)

    ဒီGeminiရဲ့ ထူးခြားပြီးတော့ ဂုဏ်ယူရမယ့်စရိုက်လေးက မြင့်မားသော အသိညဏ်ရှိခြင်းပါပဲ။ သင့်ရဲ့ ကြီးမားကျယ်ပြန့်သော ကျွမ်းကျင်မှုက သင်နဲ့စကားပြောနေသူတိုင်း သင့်ကို အထင်ကြီးလာအောင်လုပ်နိုင်စွမ်းရှိပါတယ်။

    Cancer(June 21-July 22)

    ဒီရာသီရဲ့ အားသာချက်ကတော့ မိတ်ဆွေကောင်းဖြစ်ခြင်းပါပဲ။ သင်ဟာ စစ်မှန်တဲ့ စမ်းသပ်ပြီးချစ်ကြည်ရေးကို နားလည်တဲ့သူဖြစ်ပါတယ်။ ဒီကနေ့ကာလမှာ မိတ်ဆွေကောင်းဆိုတာ အရမ်းရှားသွားပြီဖြစ်တဲ့အတွက် Cancerလေးတို့ဟာ ရှားပါးလူစုလေးတွေပါ။

    Leo(July 23-August 22)

    သင်ကတော့ အပြင်းထန်ဆုံးဩဇာတိက္ကမနဲ့ ပြည့်စုံသူဖြစ်ပါတယ်။ သင့်ရဲ့ ကျက်သရေနှင့် သရုပ်ဆောင်စွမ်းရည်တွေဟာ ချီးကျူးစရာမလိုတဲ့အတွက် သင်ဟာရုပ်ရှင်ကြယ်တစ်ပွင့်အထိဖြစ်နိုင်ပါတယ်။

    Virgo(August 23-September 22)

    သင်ကတော့ ဂုဏ်သိက္ခာကို တန်ဖိုးထားလွန်းခြင်းပဲဖြစ်ပါတယ်။ သင့်ကိုဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး အောင်နိုင်၊ ကျော်နိုင်ဖို့မလွယ်ကူပါဘူး။ သင့်ထက် သစ္စာစောင့်သိတဲ့ သစ္စာရှိသူလည်း တစ်ဦးတစ်ယောက်မှ မရှိတော့ပါဘူး။

    Libra( September 23- October 22)

    ဒီရာသီခွင်လေးတွေကတော့ ဆွဲဆောင်မှုရှိခြင်းပါပဲ။ သင်ဟာ ရိုးရှင်းသော အ၀တ်အစားလေးကို ၀တ်ဆင်ထားရင်တောင်မှတော်၀င်မင်းသားလေးတွေက ငေးကြည့်ရလောက်အထိ ဆွဲဆောင်မှုရှိတဲ့သူလေးတွေပါ။

    Scorpio(October 23- November 21)

    Scorpioလေးတွေဟာ လူတွေကို စာအုပ်တွေလို ဖတ်နိုင်ပါတယ်။ လူတွေရဲ့ မျက်လုံး၊ ကိုယ်အမူအရာကတဆင့် စိတ်ဖတ်နိုင်စွမ်းက သင့်အား ခက်ခဲသော အခြေအနေများမှ အကြိမ်ပေါင်းများစွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ စိန်ကဲ ကျောက်ကဲထက် လူကဲခတ်ရတာ ပိုခက်ပါတယ်။ အင်မတန်ကံကောင်းသူလေးတွေပါ။

    Sagittarius(November 22-December 21)

    Sagittariusလေးတွေဟာ အရမ်းကို ရက်ရောတတ်လွန်းကြပါတယ်။ သင်ဟာ အရမ်းကြင်နာပြီး ဧည့်၀တ်ကျေတတ်ပုံကတော့ နောက်ဆုံး ဧည့်သည်ရဲ့ ရှပ်အင်္ကျီကို ချွတ်ပေးချင်ကြတဲ့အထိပါပဲ။

    Capricon(Demcember 22-January 19)

    လူတွေက သင့်ကို သင်ဟာ ယုံကြည်စိတ်ချရသူတစ်ဦး နောက်ပြီး သူတို့ကို ဘယ်တော့မှ အထင်သေးနှိမ့်ချတဲ့သူဖြစ်မှာမဟုတ်ဘူးလို့ ယုံကြည်ကြတယ်။ သင်ဟာ လူတွေရဲ့ ယုံကြည်ခြင်းခံရသူလေးပါ။ ယုံကြည်မှုဆိုတာ လွယ်လွယ်နဲ့မရဘူးနော်။

    Aquarius (January 20- February 18)

    ဒီရာသီခွင်လေးတွေကတော့ တီထွင်ဖန်တီးနိုင်စွမ်းအား မြင့်မားသူလေးတွေပါ။ ဒါပေမယ့် တစ်နေရာတည်းမှာ ကြာကြာထိုင်နေလို့ မရပါဘူး။ သင့်ရဲ့ဖန်တီးမှု ပြီးမြောက်ဖို့ အဆက်မပြတ်ပြောင်းရွှေ့နေဖို့ လိုအပ်ပါတယ်။

    Pisces (February 19- March 19)

    သင့်အနေနဲ့ အံ့ဩစရာအကောင်းဆုံးပင်ကိုယ်စွမ်းရည်က အလိုလိုသိခြင်းပဲဖြစ်ခြင်းပဲဖြစ်ပါတယ်။ သင့်ရဲ့ ၀ိညာဥ်ရေးရာလောကနှင့် ထူးခြားသော ဆက်နွယ်မှုတစ်ခုရှိပါတယ်။ ၎င်းက သင့်အား ဒီလောကကို ပိုမိုကောင်းမွန်သောနေရာဖြစ်စေဖို့ ကူညီပေးပါတယ်။


    သင့်မှာရှိတဲ့ ဂုဏ်ယူစရာတွေအကြောင်း သင်သိသွားပြီ။ ဘာလို့ သင့်သူငယ်ချင်းတွေကို ဒီအကြောင်းတွေ မပြောသေးတာလဲ။

    Lifestyle_Myanmar

    Nyein_Thu

    sources-mambee

    - Advertisement -

    LEAVE A REPLY

    Please enter your comment!
    Please enter your name here