ခ်စ္သူစံုတြဲေတြအတြက္ ရည္းစာသက္တန္း ၾကာလာတာနဲ႕ အမ ွ် ရန္ကုန္ၿမိဳ႕ဟာလည္း ေတာ္ေတ္ာေလးကို က်ဥ္းလာသလုိခံစားရလာပါလိမ့္မယ္။ အရမ္းခ်စ္ၾကၿပီး အတြဲညီၾကတဲ့ စံုတြဲတိုင္းဟာ တစ္ပတ္ကို အနည္းဆံုး ပိတ္ရက္ႏွစ္ရက္ေတာ့ မေတြ႕ပဲ မေနႏိုင္ေလ့ရွိၾကၿပီး သူတို႕ရဲ့ အခ်စ္ေတြကို ေပ်ာ္ရြင္မႈေတြ၊ ၾကည္ႏူးမႈေတြနဲ႕တည္ေဆာက္ေလ့ရွိၾကပါတယ္။ ဒါေၾကာင့္လည္း သူတို႕ဟာ ပိတ္ရက္ေတြမတိုင္မီကတည္းက ရံုးပိတ္ရက္ေရာက္ရင္ ဘာလုပ္မယ္၊ ဘယ္သြားမယ္၊ ဘာစားမယ္ဆိုတာကို ႀကိဳတင္ၿပီးစဥ္းစားတိုင္ပင္တက္ၾကပါတယ္။ အဲ့လို အပတ္စဥ္ အပတ္တိုင္း သြားလာေနၾကတဲ့အတြက္ မသြားဖူး၊ မစားဖူးတဲ့ေနရာေတြက ေတာ္ေတာ္ေလးကိုရွားပါလာတဲ့အခါမွာ သူတို႕အတြက္ ပိတ္ရက္ေတြက ၿငီးေငြ႕လာပါေတာ့တယ္။ ဒါေၾကာင့္လဲ ဒီတစ္ပတ္ Lifestyle Myanmar က ခ်စ္သူစံုတြဲေတြကို အေထာက္အကူျဖစ္ေစဖို႕အတြက္ ” ရန္ကုန္ၿမိဳ႕မွ ခ်စ္သူစံုတြဲမ်ား ဒီတစ္ပတ္ ရံုးပိတ္ရက္ သြားလာသင့္ေသာ ေနရာတစ္ခု (October Week One) ” ကိုတင္ဆက္ေပးလိုက္ပါတယ္။
Unicode Version
ချစ်သူစုံတွဲတွေအတွက် ရည်းစာသက်တန်း ကြာလာတာနဲ့ အမ ျှ ရန်ကုန်မြို့ဟာလည်း တော်တေ်ာလေးကို ကျဉ်းလာသလိုခံစားရလာပါလိမ့်မယ်။ အရမ်းချစ်ကြပြီး အတွဲညီကြတဲ့ စုံတွဲတိုင်းဟာ တစ်ပတ်ကို အနည်းဆုံး ပိတ်ရက်နှစ်ရက်တော့ မတွေ့ပဲ မနေနိုင်လေ့ရှိကြပြီး သူတို့ရဲ့ အချစ်တွေကို ပျော်ရွင်မှုတွေ၊ ကြည်နူးမှုတွေနဲ့တည်ဆောက်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ ပိတ်ရက်တွေမတိုင်မီကတည်းက ရုံးပိတ်ရက်ရောက်ရင် ဘာလုပ်မယ်၊ ဘယ်သွားမယ်၊ ဘာစားမယ်ဆိုတာကို ကြိုတင်ပြီးစဉ်းစားတိုင်ပင်တက်ကြပါတယ်။ အဲ့လို အပတ်စဉ် အပတ်တိုင်း သွားလာနေကြတဲ့အတွက် မသွားဖူး၊ မစားဖူးတဲ့နေရာတွေက တော်တော်လေးကိုရှားပါလာတဲ့အခါမှာ သူတို့အတွက် ပိတ်ရက်တွေက ငြီးငွေ့လာပါတော့တယ်။ ဒါကြောင့်လဲ ဒီတစ်ပတ် Lifestyle Myanmar က ချစ်သူစုံတွဲတွေကို အထောက်အကူဖြစ်စေဖို့အတွက် ” ရန်ကုန်မြို့မှ ချစ်သူစုံတွဲများ ဒီတစ်ပတ် ရုံးပိတ်ရက် သွားလာသင့်သော နေရာတစ်ခု (October Week One) ” ကိုတင်ဆက်ပေးလိုက်ပါတယ်။
7Mile Montage (Residence, Cafe and Restaurant)

ဒီေနရာေလးဟာ 7 မိုင္ ဦးစိန္ေမာင္ ေမာင္လမ္းထဲမွာ ရွိၿပီးေတာ့ က်ယ္ဝန္းတဲ့ ျခံဝန္းႀကီးထဲမွာ တည္ေဆာက္ဖြင့္လွစ္ထားတာျဖစ္ပါတယ္။ ဝင္ဝင္လိုက္ျခင္းမွာပဲ ေတာအုပ္ပံုစံေလးဖန္တီးထားတာေၾကာင့္ ရန္ကုန္ၿမိဳ႕ထဲမွာပဲ ရန္ကုန္ၿမိဳ႕မဟုတ္တဲ့ တျခားတစ္ေနရာရာကို ေရာက္ေနသလိုခံစားရေစပါလိမ့္မယ္။ စားေသာက္ဆိုင္ကို ေရကန္ရဲ့ေဘးမွာတည္ေဆာက္ထားတာျဖစ္လို႕ ေအးျမတဲ့ေလကိုရႈရိွဳက္ရင္း Ro လို႕ေကာင္းတဲ့ေနရာေလးပါ။ Staycation ေနလုိတဲ့ခ်စ္သူစံုတြဲေတြအတြက္လဲ ျခံဝန္းေလးထဲမွာ ဘန္ဂလိုေလးေတြပါတည္ေဆာက္ေပးထားၿပီး ေရကူးကန္ေလးပါ ရွိပါေသးတယ္။ Wifi Free ရွိတဲ့အျပင္အ စားအေသာက္ေတြက လည္း ေစ်းႏႈန္းအသင့္အတင့္ ရွိၿပီး Staycation ေနမယ္ဆိုရင္ေတာ့ ညမအိပ္ဘူးဆိုရင္ တစ္ရက္ကို ေလးေသာင္းက်ပ္နဲ႕ ညအိပ္မယ္ဆိုရင္ေတာ့ တစ္ညကို ငါးေသာင္းက်ပ္ပဲ ေပးရမွာ ျဖစ္ပါတယ္။
Unicode Version
ဒီနေရာလေးဟာ 7 မိုင် ဦးစိန်မောင် မောင်လမ်းထဲမှာ ရှိပြီးတော့ ကျယ်ဝန်းတဲ့ ခြံဝန်းကြီးထဲမှာ တည်ဆောက်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဝင်ဝင်လိုက်ခြင်းမှာပဲ တောအုပ်ပုံစံလေးဖန်တီးထားတာကြောင့် ရန်ကုန်မြို့ထဲမှာပဲ ရန်ကုန်မြို့မဟုတ်တဲ့ တခြားတစ်နေရာရာကို ရောက်နေသလိုခံစားရစေပါလိမ့်မယ်။ စားသောက်ဆိုင်ကို ရေကန်ရဲ့ဘေးမှာတည်ဆောက်ထားတာဖြစ်လို့ အေးမြတဲ့လေကိုရှုရှိုက်ရင်း Ro လို့ကောင်းတဲ့နေရာလေးပါ။ Staycation နေလိုတဲ့ချစ်သူစုံတွဲတွေအတွက်လဲ ခြံဝန်းလေးထဲမှာ ဘန်ဂလိုလေးတွေပါတည်ဆောက်ပေးထားပြီး ရေကူးကန်လေးပါ ရှိပါသေးတယ်။ Wifi Free ရှိတဲ့အပြင်အ စားအသောက်တွေက လည်း စျေးနှုန်းအသင့်အတင့် ရှိပြီး Staycation နေမယ်ဆိုရင်တော့ ညမအိပ်ဘူးဆိုရင် တစ်ရက်ကို လေးသောင်းကျပ်နဲ့ ညအိပ်မယ်ဆိုရင်တော့ တစ်ညကို ငါးသောင်းကျပ်ပဲ ပေးရမှာ ဖြစ်ပါတယ်။


#Lifestyle_Myanmar