ဒီမေးခွန်းကို မေးလာတဲ့အခါ သင့်အနေနဲ့ လိမ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေက အလိုက်ကန်းဆိုးမသိစွာနဲ့ပဲ ဒီနေရာမှာတင် ရပ်သွားလေ့မရှိပါဘူး။ ”ဘာကြောင့်လဲ” ”ဘာလို့ရည်းစားမထားသေးတာလဲ” တစ်ချို့က ”မရလို့လား”ဆိုတာက ပါပါသေးတယ်။ ပြီးရင် သင်နဲ့ သက်တူရွယ်တူတွေ၊ သင့်အောက်ငယ်တဲ့သူတွေမှာ ကိုယ်စီကိုယ်စီနှင့် ဖြစ်နေကြပြီ။ သင်က ဘာလို့လဲ စသည်ဖြင့်ပေါ့။ အဲ့သလို ကြုံလာတဲ့အခါ သင့်အနေနဲ့ ကိုင်တွယ်ဖြေရှင်းတာက အကောင်းဆုံးပါ။ သင်က သင်ရဲ့ စားပွဲပေါ်မှာ မျက်နှာအပ်ပြီး ပုန်းရှောင်နေဖို့ မလိုပါဘူး။ အဲ့ဒီလို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ Lifestyle Myanmarကနေပြီးတော့ ကူညီဖြေရှင်းပေးပါ့မယ်။
၁။ မေးခွန်းကို ပိတ်ပါ

ဒီမေးခွန်းကို သင့်အဖွားက မေးခဲ့မယ်ဆိုရင် သင့်အနေနဲ့ မေးခွန်းကို ဖြတ်လိုက်ရင် ရိုင်းရာကျပါလိမ့်မယ်။ အဲ့ဒီ့အစား မေးခွန်းကို နူးညံ့သိမ်မွေ့သော ဖြေဆိုဖို့ ပိုကောင်းတဲ့ နည်းလမ်းကို ရှာပါ။ သင့်အဖွားအတွက်လွယ်ကူပါစေ။ သို့သော် ဒီမေးခွန်းနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေသော ၊ စိတ်ပျက်အားငယ်စေသော၊ လူတစ်ချို့ရှိပါတယ်။ သူတို့က သင့်ကို မေးသောအခါ ဒီမေးခွန်းကို ဖြေလို့ မရဘူးလို့ ပြောပါ။
၂။ သင့်ဆီက ပိုကောင်းသော ပိုင်ဆိုင်မှုတွေအကြောင်းပြောပါ

သေချာတာပေါ့။လက်တွဲဖော်ကောင်းရှိခြင်းက ကောင်းပါလိမ့်မယ်။ တကယ်တော့ သင့်ရဲ့ ကမ္ဘာကြီးက crappyဖြစ်နေလို့ သူတို့ရောက်မလာတာမဟုတ်ပါဘူး။ သင်ရဲ့ ဘ၀တစ်သက်တာမှာ ကြွယ်၀မှုတွေကို ဆောင်ကြဥ်းပေးနိုင်သော အရာများစွာရှိပါတယ်။ ဒါကို ဖော်ပြတတ်ဖို့ လိုပါတယ်။ တစ်စုံတစ်ဦးက သင့်အားမေးခွန်းတစ်ခုမေးသောအခါ သင့်မှာ ရည်းစားရှိလား ။ သင်ရဲ့ ဘ၀မှာ သင်ကျေးဇူးတင်အရာများအကြောင်း ပြောဆိုပါ။
၃။ သင်ကိုယ့်သင် သတိထားမိတယ်

သင့်အနေနဲ့ သင်လိုချင်တာကို သင်သိတယ်။ သင်ဟာ ဘယ်လိုလူနဲ့ ထိုက်တန်တယ်ဆိုတာ သင်နားလည်တယ်။ ဒါ့ကြောင့် သင့်နဲ့ အမှန်တကယ်သင့်လျော်မယ်လို့ မထင်တဲ့အရာအတွက် သင်ဘာကြောင့် ကိုယ့်တန်ဖိုးကို လျော့ကျစေမှာလဲ။ သင်နဲ့ တူညီသော ကိုက်ညီတယ်လို့ သင်ထင်တဲ့ တစ်စုံတစ်ယောက်အတွက် အချိန်အတိုင်းအတာ တစ်ခုတော့ လိုမယ် သင်ထင်တယ်။ ဒါ့ကြောင့် တစ်ယောက်ယောက်က သင့်ကို ဒီအကြောင်းပြောလာတဲ့အခါ သင့်တော်တဲ့သူကို မတွေ့မချင်းစောင့်နေတယ်လို့ ပြောပါ။
၄။ အချိန်ကောင်းပါ

သင်ကိုယ်တိုင်အခြားဘယ်သူ့ကိုမှ စဥ်းစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သင်ဟာ တစ်ကိုယ်ရေဘ၀ကို နှစ်သက်ပြီး ကိုယ့်ကိုယ်ကို အာရုံစိုက်ပြီး ဖြုန်းတီးရတာကို ကြိုက်တယ်။ သင့်ကိုယ်သင် အာရုံစိုက်လွန်းတယ်ဆိုရင် အခြားသူတွေနှင့် မျှမျှတတရှိလိမ့်မှာ မဟုတ်ပါဘူး။ အဲ့ဒီ့အတွက် သင့်အချိန်ကို သင်ကိုယ်တိုင်ခံစားနေတယ်လို့ ပြောပါ။
၅။ သင့်မှာ အိမ်မက်တွေရှိနေသေးလို့
သင့်အနေနဲ့ နိုင်ငံခြားသို့ ပြောင်းရွှေ့ချင်တယ်။ ပြီးတော့ ကမ္ဘာတစ်၀ှမ်းခရီးသွားလိုတယ်။ ရည်းစားထားခြင်းက သင်ရဲ့ ပန်းတိုင်ကို ပြောင်းလဲစေနိုင်ပြီး သင့်အိမ်မက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုတာ သင်ကောင်းကောင်းနားလည်ပါတယ်။ သင့်မှာ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို မလိုချင်ဘူး။
၆။ ရယ်မောဖို့

တစ်ခါတစ်ရံ အဆင်မပြေသော အခြေအနေမျိုးတွေမှာ သင်လုပ်ရမှာက ရီမောဖို့ပါပဲ။ ဘာပြောရဦးမှာလဲ။ ဒါဟာ မိုက်မဲသော မေးခွန်းတစ်ခုဖြစ်ပြီး ဒီနေ့အတွက် သင့်အနေနဲ့ ငါးကြိမ်မြောက်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် freakingဖြစ်မယ့်အစား သင်ရယ်မောလို့မရေတော့တဲ့ အထိ ရယ်မောပါ။ ဒါဟာ ငိုတာထက် ပိုကောင်းတဲ့ ကိုင်တွယ်ဖြေရှင်းမှုယန္တရားပါပဲ။
၇။ ချိန်းတွေ့ဖို့ အကြံညဏ်တောင်းပါ

သင့်ကို မေးခွန်းတွေ မေးလာတဲ့ သူအပေါ်မှာ မူတည်ပြီးတော့ ချစ်သူကောင်းတစ်ယောက်ကို ဘယ်လိုရှာရမလဲ မေးပါ။ အခု သင်နဲ့ စကားပြောနေသောသူတို့ရဲ့ အပေါ်မှာမူတည်ပြီး သူတို့ရဲ့ ချိန်းတွေ့ခြင်းအတွေ့အကြုံကို ဖွင့်ပြီးပြောပြပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu
sources-lovepanky.com