ရည်းစားဟောင်းတွေ မနာလိုဖြစ်စေဖို့အတွက် ကိုယ်လုံးတီးတောင်တက်လှုပ်ရှားမှုတွေကို စတင်ခဲ့တဲ့ အမျိုးသမီး

0
1




#LM_Naung_Nuang

#Lifestyle_Myanmar


ချစ်သူများနေ့အတွက် ကြေးစားချစ်သူအဖြစ် ကိုယ့်ကိုယ်ကိုရောင်းခဲ့တဲ့ အမျိုးသား

Relationship တစ်ခုအဆုံးသတ်ချိန်ဟာ နာကျင်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့အတွက် သင့်အတွက် ပိုကောင်းလာမလား၊ ပိုဆိုးလာမလား သင်ကြိုက်သလို ထင်နိုင်ပေမယ့် အနည်းဆုံးဝမ်းနည်းမှုကိုတော့ သင်ခံစားရနိုင်ပါတယ်။ ဒီလိုရည်းစားနဲ့ ပြတ်ကြတဲ့ သူတွေထဲမှာမှ အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့ကျရှုံးခဲ့တဲ့ relationship ကိုဝမ်းနည်းနေမယ့်အစား ထူးခြားစွာနဲ့ ကိုယ်လုံးတီးတောင်တက် လှုပ်ရှားမှုတွေကို စတင်ခဲ့ပါတယ်။

Megan Marie ဟာ သူမရဲ့အရင်ရည်းစားတွေ မနာလိုဖြစ်စေဖို့အတွက် ကိုယ်လုံးတီးတောင်တက်နေတဲ့ ပုံတွေ၊ မှတ်တမ်းတွေကို ဆိုရှယ်မီဒီယာတွေမှာ ပို့စ်တင်ခဲ့ပြီး သူမရဲ့ထူးခြားတဲ့ဝါသနာကို အားပေးထောက်ခံကြတဲ့ follower တွေလည်း အများအပြားရှိကြပါတယ်။

သူမမှာ အခုဆိုရင် ဖော်လိုဝါ ၂၀၀၀၀ကျော်လောက်ရှိပြီဖြစ်ပြီး သူမရဲ့ပလက်ဖောင်းကို အန္တရာယ်ကင်းစွာတောင်တက်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆွေးနွေးအကြံပေးဖို့ အသုံးပြုပါတယ်။ သူမဟာ သူမရဲ့လွတ်လပ်ခွင့်နဲ့ လွတ်လပ်မှုကို ယခုလိုဖော်ထုတ်ခွင့်ရပြီး ရည်းစားဟောင်းတွေ မနာလိုဖြစ်စေတဲ့အတွက် အရမ်းကိုပျော်ရွင်နေရကြောင်း ပြောခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here