ရည္းစားစထားမယ္ဆိုရင္ အသည္းခြဲမခံရဖို႔အတြက္ သိထားသင့္တဲ့အခ်က္ေတြ

0
1688

၁။ အရမ္းခ်စ္မိေၾကာင္း ထုတ္ျပမိတဲ့အခါ

ကိုယ့္ရဲ႕ အျပဳအမူက သူ႔ကို အရမ္းခ်စ္ေၾကာင္း ထုတ္ေဖာ္ျပမိေနရင္ ဒါက ကိုယ္သိပ့္ခ်စ္ရတဲ့သူအတြက္ ႏိုင္ကြက္တစ္ကြက္ရထားသလိုပါပဲ။ လူတိုင္းက အနည္းနဲ႔ အမ်ား အႏိုင္လိုခ်င္ၾကတဲ့သူေတြျဖစ္တာေၾကာင့္ သူကလည္း ကိုယ့္ကို တကယ္ခ်စ္တယ္ဆုိေပမဲ့ ကိစၥတိုင္းမွာ အစစအရာရာ သင့္ကပဲ အေလ်ာ့ေပးလိုက္ရတာမ်ိဳးျဖစ္တတ္ပါတယ္။ ကိုယ့္ကိုလည္း တကယ္မခ်စ္ဘဲ အေပ်ာ္သေဘာတြဲတဲ့သူအတြက္ဆိုရင္ေတာ့ ဒီအခ်က္က သင့္အတြက္ ႀကီးမားတဲ့ ဆုံး႐ႈံးမႈတစ္ခုပဲျဖစ္ပါတယ္။ ကိုယ္သိပ့္ခ်စ္တဲ့သူက ကိုယ္သူ႔ကို အရမ္းခ်စ္ေၾကာင္းသိေနတဲ့ အခါမ်ိဳးမွာ သင့္ကို အစစအရာရာ ျခယ္လွယ္ႏိုင္ပါတယ္။ သူ႔ဘက္က မွားေနမွန္းသိရဲ႕နဲ႔ သင္ဘက္က အေလ်ာ့ေပးလိုက္ရတာမ်ိဳး ခဏခဏ ႀကံဳေတြ႕ေနရပါလိမ့္မယ္။ ဒါ့ေၾကာင့္ သင့္ခ်စ္သူကို သင္အရမ္းခ်စ္ေပမဲ့ အရမ္းခ်စ္ေၾကာင္း အၿမဲထုတ္ေဖာ္မျပပါနဲ႔ ရင္ထဲမွာပဲသိမ္းထားပါ။ တကယ္လိုအပ္တဲ့ အခ်ိန္မ်ိဳးမွာ ထုတ္ေဖာ္ျပသသင့္ပါတယ္။

၂။ အခ်စ္ေၾကာင့္ ဦးေႏွာက္က အလုပ္မလုပ္ဘူးဆိုတာ

သင္က ပညာတတ္ဘြဲ႕ရတစ္ေယာက္ျဖစ္ေနေပမဲ့ အခ်စ္ေရးမွာေတာ့ အရမ္းပိန္းလြန္းတယ္လို႔ လူတိုင္းက ထင္ၾကပါလိမ့္မယ္။ ဒါက ဘာလို႔လဲဆိုေတာ့ သင္က အခ်စ္ေရးကို ဦးေႏွာက္ထက္ ႏွလုံးသားကို ၁၀၀ ရာခိုင္ႏႈန္း ဦးစားေပးလို႔ပဲျဖစ္ပါတယ္။ အရာအားလုံးက အရမ္းအစြန္ေရာက္သြားရင္ ဘယ္အရာမွေကာင္းက်ိဳးမရွိပါဘူး။ အကယ္လို႔ သင့္ရဲ႕ ခ်စ္သူက အမ်ားလက္မခံႏိုင္တဲ့ အမွားမ်ိဳး မ်ားစြာရွိေပမဲ့ သင့္က ဒါကို အျပစ္မျမင္ဘူး ခ်စ္တာတစ္ခုပဲသိတယ္ဆိုရင္ေတာ့ တစ္ခ်ိန္ခ်ိန္မွာ သင့္အတြက္ ေနာင္တရစရာေတြျဖစ္္လာပါလိမ့္မယ္။ မိတ္ေဆြ သူငယ္ခ်င္း၊ ညီကိုေမာင္ႏွမ အမ်ားစုက သင့္ခ်စ္သူရဲ႕ လုပ္ရက္ကိုလက္မခံႏိုင္ေပမဲ့ သင္ကေတာ့ မွားေနမွန္းသိရက္နဲ႔ ဒါကို ေက်ေက်နပ္နပ္ႀကီး လက္ခံၿပီး ေရွ႕ဆက္ေနမယ္ဆိုရင္ တစ္ေျဖးေျဖးနဲ႔ လူ႔အသိုင္းအဝိုင္းရဲ႕ အျပင္ဘက္ကုိ သီးသန္႔သင္တစ္ေယာက္တည္း ေရာက္သြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ အခ်စ္ေရးမွာ ဦးႏွာက္ေရာ ႏွလုံးသားပါ ႏွစ္ခုစလုံးနဲ႔ လက္ခံႏိုင္ေအာင္စဥ္းစားၾကဖို႔ လိုအပ္ပါတယ္။

၃။ အခ်စ္သူရဲေကာင္းလား။ မိုက္႐ူးရဲဆန္တာလား။

သူရဲေကာင္းဆိုတာက ေကာင္းတဲ့ လမ္းဘက္ကို ၁၀၀% ဦးတည္ေနေပမဲ့ မိုက္႐ူးရဲဆန္တာေတာ့ ဆိုးတဲ့ဘက္ကို ဦးတည္ေနတာမ်ားပါတယ္။ အခ်စ္အတြက္ သူရဲေကာင္းဆိုတာ သူ႔ဘဝ၊ ကိုယ့္ဘဝ ႏွစ္ခုစလုံးေကာင္းစားဖို႔အတြက္ ေရွ႕ကေန မားမားမတ္မတ္ရပ္တည္ၿပီး ရင္ဆိုင္ေပးတဲ့ အေျခအေနမ်ိဳးမွာရွိေပမဲ့ မိုက္႐ူးရဲဆန္တာေတာ့ သူေကာင္းစားရင္ ၿပီးေရာ ငါဘာပဲလုပ္ေပးရ လုပ္ေပးရ၊ သူအဆင္ေျပရင္ၿပီးေရာ က်န္တဲ့သူ ဘာျဖစ္ျဖစ္ ဆိုၿပီး ၁၀၀ % ကိုယ့္ဘဝကို သူ႔ရဲ႕ လက္ထဲမွာ စေတးခံလိုက္ရသလိုပါပဲ။ ဒါက ခ်စ္တာေတာ့ ခ်စ္တာပဲ ဒါေပမဲ့ အစြန္းအရမ္းေရာက္သြားတဲ့ အခ်စ္မ်ိဳးပဲျဖစ္ပါတယ္။ သင့္ရဲ႕ ဒီလိုအျပဳအမူက သင့္အတြက္ေတာ့ သူရဲေကာင္းဆန္တယ္ထင္ေပမဲ့ အမ်ားအျမင္မွာေတာ့ မိုက္႐ူးရဲဆန္တယ္လို႔ ထင္ျမင္ၾကပါလိမ့္မယ္။ ခံစားခ်က္ကို အရမ္းဦးစားေပတဲ့အတြက္ သင့္ရဲ႕ ရည္မွန္းခ်က္နဲ႔ ရည္ရြယ္ခ်က္ေတြ ေပ်ာက္ဆုံးသြားပါလိမ့္မယ္။

၄။ အခ်စ္နဲ႔ Sex ကိစၥ ဘယ္လိုခြဲျခားလဲ။

Sex ကိစၥလိုခ်င္လို႔ ခ်စ္တာလား။ ရင္ထဲက တကယ္ ျမတ္ျမတ္ႏိုးႏိုးနဲ႔ ခ်စ္တာလား။ ကၽြန္ေတာ္တို႔ႏိုင္ငံမွာေတာ့ ဒီႏွစ္ခုက ေရာေထြးေနပါတယ္။ ဒါေပမဲ့ အျခားႏိုင္ငံေတြမွာေတာ့ Sex ကိစၥက သက္သက္၊ အခ်စ္ေရးက သက္သက္ သီးသန္႔ေတြခြဲထားပါတယ္။ သူတို႔ႏိုင္ငံမွာေတာ့အားလုံးက ရွင္းပါတယ္။ မိန္းကေလးနဲ႔ ေယာက္်ားေလးဟာ အတူေနဖူး႐ုံနဲ႔ အခ်စ္စစ္ဆိုတာ ျဖစ္မလာပါဘူး။ သူတို႔ႏိုင္ငံမွာေတာ့ မိန္းကေလးတစ္ေယာက္ဟာ အပ်ိဳရည္ပ်က္သြားေပမဲ့ သူတို႔အတြက္ အခ်စ္စစ္ဆိုတာ ရွာေတြ႕ႏိုင္ပါေသးတယ္။ သူတို႔ တကယ္ခ်စ္တဲ့သူ ေယာက်္ားေလးေရာ မိန္းကေလးေရာက သူတို႔ အတိတ္မွာ ဘာေတြျဖစ္ခဲ့ ျဖစ္ခဲ့ အားလုံးကို လက္ခံႏိုင္ၾကပါတယ္။ ကိုယ့္မွာ လက္ရွိ ခ်စ္သူ၊ ရည္းစား၊ လက္တြဲမဲ့သူရွိေနၿပီဆိုရင္ေတာ့ အျခားသူနဲ႔ Sex ကိစၥမျဖစ္ေအာင္ ေနၾကပါတယ္။ သူတို႔အတြက္ ျပန္ျပင္လို႔ မရတဲ့ အတိတ္က အေၾကာင္းအရာေတြထက္ ျပဳျပင္ေျပာင္းလဲလို႔ရတဲ့ အနာဂတ္ရဲ႕ အေၾကာင္းအရာကိုပဲပိုၿပီးစိတ္ဝင္စားၾကပါတယ္။ ဒါ့ေပမဲ့ ကၽြန္ေတာ္တို႔ႏိုင္ငံက မိန္းကေလးဆို အပ်ိဳစင္ဘဝကို တန္ဖိုးထားရမယ္၊ ဗိုင္းေကာင္းေက်ာက္ဖိ ေနရမယ္ဆိုတဲ့ ပညက္ခ်က္ေတြရွိတာေၾကာင့္ ဒါကို သိပ့္ၿပီးလက္ခံႏိုင္မယ္ မထင္ပါဘူး။

၅။ အခ်စ္မွာ Second plan ဆိုတာ

လူေတာ္ေတာ္မ်ားမ်ားက အခ်စ္ဦးတုန္းက ကိုယ့္ကို ရက္ရက္စက္စက္ အသည္းခြဲခံလိုက္ရတဲ့အခါ ေနာက္တစ္ခါ ခ်စ္သူရည္းစားထားရင္ အရမ္းမခံစားရေအာင္ အစားထိုးဖို႔အတြက္ Second plan ကို ထားထားၾကပါတယ္။ Second plan ဆိုတာက ကိုယ့္မွာလက္ရွိရည္းစားရွိေနေပမဲ့ ေနာက္ထပ္တစ္ေယာက္ အရံပုံစံမ်ိဳးကို ႀကိဳးရွည္ရွည္နဲ႔ လွန္ထားၾကတာျဖစ္ပါတယ္။ Second plan ရံထားတဲ့သူကို ရည္းစားစကားလဲ မေျပာဘဲ ေရလာေျမာင္းေပး႐ုံေလာက္နဲ႔ ဟိုမက် ဒီမက် နဲ႔ ကိုယ့္ဘက္ပါေအာင္စြဲထားတာမ်ိဳးျဖစ္ပါတယ္။ တကယ္လို ကိုယ့္ရဲ႕ လက္ရွိရည္းစားက ပ်က္သြားတဲ့ အခါမ်ိဳးမ်ာေတာ့ ခ်က္ျခင္း ဒီ Second plan ကို အေကာင္အထည္ေဖာ္ၿပီး အစားထိုးလိုက္ၾကပါတယ္။ သင့္မွာေရာ Second plan ရွိေနၿပီလား။ ဒါမွမဟုတ္ ကိုယ္က သူ႔အတြက္ Second plan ျဖစ္ေနၿပီလား။

#Lifestyle_Myanmar

#Thar_Nage

မိုင္ေတြေဝးေနတဲ့ခ်စ္သူႏွစ္ဦးအတြက္ အဆင္ေျပေစမဲ့ နည္းလမ္းအခ်ိဳ႕

Unicode

ရည်းစားစထားမယ်ဆိုရင် အသည်းခွဲမခံရဖို့အတွက် သိထားသင့်တဲ့အချက်တွေ
၁။ အရမ်းချစ်မိကြောင်း ထုတ်ပြမိတဲ့အခါ
ကိုယ့်ရဲ့ အပြုအမူက သူ့ကို အရမ်းချစ်ကြောင်း ထုတ်ဖော်ပြမိနေရင် ဒါက ကိုယ်သိပ့်ချစ်ရတဲ့သူအတွက် နိုင်ကွက်တစ်ကွက်ရထားသလိုပါပဲ။ လူတိုင်းက အနည်းနဲ့ အများ အနိုင်လိုချင်ကြတဲ့သူတွေဖြစ်တာကြောင့် သူကလည်း ကိုယ့်ကို တကယ်ချစ်တယ်ဆိုပေမဲ့ ကိစ္စတိုင်းမှာ အစစအရာရာ သင့်ကပဲ အလျော့ပေးလိုက်ရတာမျိုးဖြစ်တတ်ပါတယ်။ ကိုယ့်ကိုလည်း တကယ်မချစ်ဘဲ အပျော်သဘောတွဲတဲ့သူအတွက်ဆိုရင်တော့ ဒီအချက်က သင့်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်သိပ့်ချစ်တဲ့သူက ကိုယ်သူ့ကို အရမ်းချစ်ကြောင်းသိနေတဲ့ အခါမျိုးမှာ သင့်ကို အစစအရာရာ ခြယ်လှယ်နိုင်ပါတယ်။ သူ့ဘက်က မှားနေမှန်းသိရဲ့နဲ့ သင်ဘက်က အလျော့ပေးလိုက်ရတာမျိုး ခဏခဏ ကြုံတွေ့နေရပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ချစ်သူကို သင်အရမ်းချစ်ပေမဲ့ အရမ်းချစ်ကြောင်း အမြဲထုတ်ဖော်မပြပါနဲ့ ရင်ထဲမှာပဲသိမ်းထားပါ။ တကယ်လိုအပ်တဲ့ အချိန်မျိုးမှာ ထုတ်ဖော်ပြသသင့်ပါတယ်။

၂။ အချစ်ကြောင့် ဦးနှောက်က အလုပ်မလုပ်ဘူးဆိုတာ
သင်က ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်နေပေမဲ့ အချစ်ရေးမှာတော့ အရမ်းပိန်းလွန်းတယ်လို့ လူတိုင်းက ထင်ကြပါလိမ့်မယ်။ ဒါက ဘာလို့လဲဆိုတော့ သင်က အချစ်ရေးကို ဦးနှောက်ထက် နှလုံးသားကို ၁၀၀ ရာခိုင်နှုန်း ဦးစားပေးလို့ပဲဖြစ်ပါတယ်။ အရာအားလုံးက အရမ်းအစွန်ရောက်သွားရင် ဘယ်အရာမှကောင်းကျိုးမရှိပါဘူး။ အကယ်လို့ သင့်ရဲ့ ချစ်သူက အများလက်မခံနိုင်တဲ့ အမှားမျိုး များစွာရှိပေမဲ့ သင့်က ဒါကို အပြစ်မမြင်ဘူး ချစ်တာတစ်ခုပဲသိတယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ သင့်အတွက် နောင်တရစရာတွေဖြစ််လာပါလိမ့်မယ်။ မိတ်ဆွေ သူငယ်ချင်း၊ ညီကိုမောင်နှမ အများစုက သင့်ချစ်သူရဲ့ လုပ်ရက်ကိုလက်မခံနိုင်ပေမဲ့ သင်ကတော့ မှားနေမှန်းသိရက်နဲ့ ဒါကို ကျေကျေနပ်နပ်ကြီး လက်ခံပြီး ရှေ့ဆက်နေမယ်ဆိုရင် တစ်ဖြေးဖြေးနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို သီးသန့်သင်တစ်ယောက်တည်း ရောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အချစ်ရေးမှာ ဦးနှာက်ရော နှလုံးသားပါ နှစ်ခုစလုံးနဲ့ လက်ခံနိုင်အောင်စဉ်းစားကြဖို့ လိုအပ်ပါတယ်။

၃။ အချစ်သူရဲကောင်းလား။ မိုက်ရူးရဲဆန်တာလား။
သူရဲကောင်းဆိုတာက ကောင်းတဲ့ လမ်းဘက်ကို ၁၀၀% ဦးတည်နေပေမဲ့ မိုက်ရူးရဲဆန်တာတော့ ဆိုးတဲ့ဘက်ကို ဦးတည်နေတာများပါတယ်။ အချစ်အတွက် သူရဲကောင်းဆိုတာ သူ့ဘဝ၊ ကိုယ့်ဘဝ နှစ်ခုစလုံးကောင်းစားဖို့အတွက် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်ပေးတဲ့ အခြေအနေမျိုးမှာရှိပေမဲ့ မိုက်ရူးရဲဆန်တာတော့ သူကောင်းစားရင် ပြီးရော ငါဘာပဲလုပ်ပေးရ လုပ်ပေးရ၊ သူအဆင်ပြေရင်ပြီးရော ကျန်တဲ့သူ ဘာဖြစ်ဖြစ် ဆိုပြီး ၁၀၀ % ကိုယ့်ဘဝကို သူ့ရဲ့ လက်ထဲမှာ စတေးခံလိုက်ရသလိုပါပဲ။ ဒါက ချစ်တာတော့ ချစ်တာပဲ ဒါပေမဲ့ အစွန်းအရမ်းရောက်သွားတဲ့ အချစ်မျိုးပဲဖြစ်ပါတယ်။ သင့်ရဲ့ ဒီလိုအပြုအမူက သင့်အတွက်တော့ သူရဲကောင်းဆန်တယ်ထင်ပေမဲ့ အများအမြင်မှာတော့ မိုက်ရူးရဲဆန်တယ်လို့ ထင်မြင်ကြပါလိမ့်မယ်။ ခံစားချက်ကို အရမ်းဦးစားပေတဲ့အတွက် သင့်ရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားပါလိမ့်မယ်။

၄။ အချစ်နဲ့ Sex ကိစ္စ ဘယ်လိုခွဲခြားလဲ။
Sex ကိစ္စလိုချင်လို့ ချစ်တာလား။ ရင်ထဲက တကယ် မြတ်မြတ်နိုးနိုးနဲ့ ချစ်တာလား။ ကျွန်တော်တို့နိုင်ငံမှာတော့ ဒီနှစ်ခုက ရောထွေးနေပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေမှာတော့ Sex ကိစ္စက သက်သက်၊ အချစ်ရေးက သက်သက် သီးသန့်တွေခွဲထားပါတယ်။ သူတို့နိုင်ငံမှာတော့အားလုံးက ရှင်းပါတယ်။ မိန်းကလေးနဲ့ ယောက်ျားလေးဟာ အတူနေဖူးရုံနဲ့ အချစ်စစ်ဆိုတာ ဖြစ်မလာပါဘူး။ သူတို့နိုင်ငံမှာတော့ မိန်းကလေးတစ်ယောက်ဟာ အပျိုရည်ပျက်သွားပေမဲ့ သူတို့အတွက် အချစ်စစ်ဆိုတာ ရှာတွေ့နိုင်ပါသေးတယ်။ သူတို့ တကယ်ချစ်တဲ့သူ ယောကျ်ားလေးရော မိန်းကလေးရောက သူတို့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ အားလုံးကို လက်ခံနိုင်ကြပါတယ်။ ကိုယ့်မှာ လက်ရှိ ချစ်သူ၊ ရည်းစား၊ လက်တွဲမဲ့သူရှိနေပြီဆိုရင်တော့ အခြားသူနဲ့ Sex ကိစ္စမဖြစ်အောင် နေကြပါတယ်။ သူတို့အတွက် ပြန်ပြင်လို့ မရတဲ့ အတိတ်က အကြောင်းအရာတွေထက် ပြုပြင်ပြောင်းလဲလို့ရတဲ့ အနာဂတ်ရဲ့ အကြောင်းအရာကိုပဲပိုပြီးစိတ်ဝင်စားကြပါတယ်။ ဒါ့ပေမဲ့ ကျွန်တော်တို့နိုင်ငံက မိန်းကလေးဆို အပျိုစင်ဘဝကို တန်ဖိုးထားရမယ်၊ ဗိုင်းကောင်းကျောက်ဖိ နေရမယ်ဆိုတဲ့ ပညက်ချက်တွေရှိတာကြောင့် ဒါကို သိပ့်ပြီးလက်ခံနိုင်မယ် မထင်ပါဘူး။

၅။ အချစ်မှာ Second plan ဆိုတာ
လူတော်တော်များများက အချစ်ဦးတုန်းက ကိုယ့်ကို ရက်ရက်စက်စက် အသည်းခွဲခံလိုက်ရတဲ့အခါ နောက်တစ်ခါ ချစ်သူရည်းစားထားရင် အရမ်းမခံစားရအောင် အစားထိုးဖို့အတွက် Second plan ကို ထားထားကြပါတယ်။ Second plan ဆိုတာက ကိုယ့်မှာလက်ရှိရည်းစားရှိနေပေမဲ့ နောက်ထပ်တစ်ယောက် အရံပုံစံမျိုးကို ကြိုးရှည်ရှည်နဲ့ လှန်ထားကြတာဖြစ်ပါတယ်။ Second plan ရံထားတဲ့သူကို ရည်းစားစကားလဲ မပြောဘဲ ရေလာမြောင်းပေးရုံလောက်နဲ့ ဟိုမကျ ဒီမကျ နဲ့ ကိုယ့်ဘက်ပါအောင်စွဲထားတာမျိုးဖြစ်ပါတယ်။ တကယ်လို ကိုယ့်ရဲ့ လက်ရှိရည်းစားက ပျက်သွားတဲ့ အခါမျိုးမျာတော့ ချက်ခြင်း ဒီ Second plan ကို အကောင်အထည်ဖော်ပြီး အစားထိုးလိုက်ကြပါတယ်။ သင့်မှာရော Second plan ရှိနေပြီလား။ ဒါမှမဟုတ် ကိုယ်က သူ့အတွက် Second plan ဖြစ်နေပြီလား။

LEAVE A REPLY

Please enter your comment!
Please enter your name here