ရင်နင့်ဖွယ် တောမီးလောင်မှုကြောင့် သေကြေပျက်စီးသွားတဲ့ တောရိုင်း တိရိစ္ဆာန်အချို့

0
1
ကယ်လီဖိုးနီးယား
ကယ်လီဖိုးနီးယား

ပြီးခဲ့တဲ့ နို၀င်ဘာလပိုင်းက ကယ်လီဖိုးနီးယား မြောက်ပိုင်းဒေသမှာ တောမီးလောင်မှုကြောင့် တောရိုင်းတိရိစ္ဆာန်အချို့၊ အိမ်မွေးတိရိစ္ဆာန်အချို့နဲ့ လူအချို့ သေကြေပျက်စီခဲ့ရပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တိရိစ္ဆာန်အချို့ကတော့ မီးလောင်ဒဏ်ကြောင့် ဒဏ်ရာကြီးကြီးမားမားတွေ ရရှိခဲ့ပါတယ်။ ထို ဒဏ်ရာရရှိထားတဲ့ တိရိစ္ဆာန်အချို့နဲ့ လူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ပြီး အရေးပေါ်ကုသရေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တောရိုင်းတိရိစ္ဆာန်အချို့ဟာ မီးလောင်မှုကြောင့် မျက်စိ၊ ခြေထောက် နဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ရေကန်ထဲဝင်နေလို့ အသက်ဘေးက လွတ်ခဲ့တဲ့မြင်းလေး
မျက်လုံးနဲ့ အခြားဒဏ်ရာအချို့ရရှိခဲ့တဲ့ကြောင်လေး
မီးလောင်မှုကြောင့် ခြေနှစ်ချောင်း ဒဏ်ရာရရှိသွားတဲ့ခွေးလေး ဆေးကုသမှုခံယူ

ဒီအဖြစ်အပျက်ကြီးဟာ ကယ်လီဖိုးနီးယားနိုင်ငံအတွက် အကြီးမားဆုံး မီးလောင်မှုကြီးဖြစ်ပြီး အိမ်ခြေပေါင်း ရ၁၀၀ လောက်ဆုံးရှုံးခဲ့ရပါတယ်။ နောက်ဆုံးစာရင်းကောက်ယူမှုအရ သေဆုံးသူ ၄၈ယောက်အထိရှိပြီး ဒဏ်ရာရရှိသူ ထောင်ကျော်ရှိပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေ၊ တောရိုင်းတိရိစ္ဆာန်တွေများစွာပါ ပျက်စီးဆုံးရှုံးခဲ့ရတာကြောင့် ဒီအဖြစ်အပျက်ကြီးဟာ ကယ်လီဖိုးနီးယားအတွက် အသေအပျောက်အများဆုံး အဖြစ်အပျက်ကြီးတစ်ခုပဲဖြစ်ပါတယ်။

ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး Sandra Bullock အပါအဝင် စေတနာ့ဝန်ထမ်းများစွာနဲ့ တိရိစ္ဆာန်ကျွမ်းကျင်ပညာရှင်များ အားလုံး တက်နိုင်သမျှငွေအားလူအား ထောက်ပံ့မှုတွေ ရရှိခဲ့ပါတယ်။ The Oceans 8 actress လို့ခေါ်တဲ့ ကမ္ဘာကျော်မင်းသီး ၈လတ်တို့ဟာ သူတို့ရဲ့ facebook စာမျက်နှာပေါ်မှာ အလှူငွေကောက်ခံပေးခဲ့တာကြောင့် လူ့ဘောင်အဖွဲ့အစည်းမှာ ဒေါ်လာ ၁သိန်း လှူဒါန်းမှုရရှိခဲ့ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အခက်မသင့်ရင် ဦးနှောက်ဆဲလ်တွေ ပျက်စီးနိုင်တဲ့ ရုရှားနိုင်ငံက တစ်ယောက်တစ်ချက် ပါးရိုက်ပြိုင်ပွဲ

LEAVE A REPLY

Please enter your comment!
Please enter your name here