ရင်ခွင်မှီအရပ်ရှိကြတဲ့ အချက်က ချစ်စရာကောင်းတယ်ဆိုပေမယ့်လည်း အဝတ်အစားဖက်ရှင်တွေနဲ့ ဝတ်ဆင်ပုံတွေကလည်း အရမ်းအဆင်ပြေမှာ မဟုတ်ပါဘူး။ အရပ်ပုတဲ့သူတွေဆိုတာ အဝတ်အစားကိုလည်း သူများတွေဝတ်သလိုမျိုးလည်း ဝတ်လို့မရဘူးလေ။ ချစ်စရာကောင်းတဲ့အရပ်မျိုးလေးနဲ့လိုက်ဖက်ပြီး ပိုပြီးတော့လှသွားစေဖို့ ပိုင်ဆိုင်ထားသင့်တဲ့ အဝတ်အစားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒူးခေါင်းအပေါ်ဖက်ရှင်မျိုး
စကပ်လေးတွေ၊ ဂါဝန်လေးတွေဝတ်တဲ့အခါမှာလည်း ဒူးခေါင်းအပေါ်လောက်နီးပါရှိတဲ့ စကပ်လေးတွေက ပိုပြီးတော့ လိုက်ဖက်မှုရှိစေမှာပဲဖြစ်ပါတယ်။ ခြေမျက်စိနားလောက်ထိ ရှည်နေတဲ့ ဂါဝန်မျိုး စကပ်မျိုးတွေထက်စာရင် ဒီလိုဖက်ရှင်မျိုးလေးတွေက အရပ်ပုတဲ့ကောင်မလေးတွေနဲ့ဆိုရင် ဖက်ရှင်လည်းကျစေပြီး ချစ်စရာလည်းကောင်းနေမှာ အမှန်ပါပဲ။

V ပုံစံအင်္ကျီ
အရပ်ပုတဲ့ အမျိုးသမီးလေးတွေအနေနဲ့က တခြားလည်ပင်းပုံစံ တီရှပ်ဖြစ်ဖြစ် ဘလောက်ဖြစ်ဖြစ် စတာတွေထက် V ပုံစံလည်ပင်းရှိတဲ့မျိုးတွေကို ဝတ်ဆင်မယ်ဆိုရင် သင့်လည်ပင်းအလှလေးတွေကို ပေါ်လွင်စေပြီး အရပ်ပုတာကိုလည်း သိပ်မသိသာစေတော့ပဲ ဖက်ရှင်လည်းကျပြီး လှပနေစေမှာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီ
ဘယ်အချိန်ပဲဖြစ်ဖြစ် ရိုးမသွားနိုင်တဲ့ ဂျင်းဘောင်းဘီတွေကို ဝတ်ဆင်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ အရပ်နဲ့ လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်မျိုးကိုရွေးချယ်တာက အကောင်းဆုံးဖြစ်စေမှာပါ။ ကိုယ်နဲ့တအားပွနေတာ ဒါမှမဟုတ် တအားကြီးတင်းကျပ်နေတာမျိုးတွေမဟုတ်ဘဲ Fit ဖြစ်နေတဲ့ဖက်ရှင်မျိုးက သင့်ကိုဖက်ရှင်ပိုကျစေပြီး ဘာဝတ်ဝတ် အဆင်ပြေနေစေမှာပဲဖြစ်ပါတယ်။

ဒေါင်လိုက်အစင်း
အစင်းတွေပါတဲ့ဖက်ရှင်မျိုးကို ရွေးချယ်ဝတ်ဆင်မယ်ဆိုရင်လည်း အလျားလိုက်အစင်းဒီဇိုင်းထက် ဒေါင်လိုက်အစင်းမျိုးတွေကို ဝတ်ဆင်ဖို့က ပိုပြီးတော့သင့်တော်ပါတယ်။ ဒေါင်လိုက်အစင်းတွေက သင့်ကိုနဂိုရှိတာထက် အရပ်ပိုရှည်သွားတယ်လို့ ထင်ရစေတာကြောင့် အရပ်ပုတဲ့သူတွေနဲ့ ဆောင်ထားသင့်ပါတယ်။

ဒီဖက်ရှင်တွေကတော့ အရပ်ပုပုလေးနဲ့သူတွေ ဝတ်ဆင်ဖို့သင့်တော်ပြီး ဆောင်ထားသင့်တဲ့ဖက်ရှင်မျိုးလေးတွေပဲဖြစ်ပါတယ်။
Lifestyle_Myanmar
ref-whowhatwears