0
651
LM_Naung_Naung
Lifestyle__Myanmar
ရင်သားခွဲစိတ်ပြီးနောက် လက်ဝဲဖက်ရင်သားက စတုရန်းပုံဖြစ်နေလို့ မကျေမနပ်ဖြစ်ခဲ့တဲ့ Beauty blogger
အမျိုးသမီးတစ်ယောက် ရင်သားခွဲစိတ်တာဟာ သူမရဲ့အသွင်အပြင်ကို ပိုမိုကောင်းမွန်စေလိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ Yulia Debbagkh ဆိုတဲ့ ရုရှားနိုင်ငံသူ beauty blogger တစ်ဦးကတော့ ရင်သားခွဲစိတ်မှု ပြုလုပ်ပြီးနောက်ပိုင်းမှ ရင်သားတစ်ဖက်က စတုရန်းပုံဖြစ်နေလို့ မကျေမနပ်ဖြစ်လျှက်ရှိပါတယ်။
ယခုလိုရင်သားတစ်ဖက် ပုံစံယိုယွင်းနေတဲ့ပုံကို သူမရဲ့တွစ်တာအကောင့်မှာ တင်ခဲ့ပြီး သူမရဲ့ဖော်လိုဝါတစ်ယောက်က သူမကို square boobs ဆိုတဲ့နာမည်ပြောင်ပေးခဲ့သလို။ နောက်တစ်ယောက်ကလည်း မင်းရဲ့ရင်သားနောက်တစ်ဖက်ကို တြိဂံပုံဖြစ်ဖို့ ငါမျှော်လင့်ပါတယ်ဆိုပြီး စနောက်ရေးသားခဲ့ကြပါတယ်။
ဒါဟာရင်သားထဲကိုထည့်တဲ့ implants တစ်ရှုးတွေပုံစံယိုယွင်းနေတာကြောင့်ဖြစ်ပြီး နောက်အသစ်တစ်ခုကို ပြန်ထည့်ပေးမယ်လို့ ခွဲစိတ်သူတွေက ကတိပေးတဲ့အပြင် ဘဝတစ်လျှောက်လုံး ယခုလိုမဖြစ်စေဖို့ အာမခံပါပေးလိုက်ပါသေးတယ်။ ဒါပေမယ့် သူမကတော့ ရှေ့နေကနေတဆင့် ဥပဒေအတိုင်းဆောင်ရွက်မှာဖြစ်ပြီး ရုရှာရူဘယ် ၁သန်း(US$17150) ကိုလည်း နစ်နာကြေးတောင်းထားပါတယ်။
LM_Naung_Naung
Lifestyle__Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here