Home Health & Beauty ရင်သားကျန်းမာရေးနဲ့ ပတ်သတ်ပြီး အမျိုးသမီးတိုင်းသိထားသင့်တဲ့ အချက် ၁၀ချက်

ရင်သားကျန်းမာရေးနဲ့ ပတ်သတ်ပြီး အမျိုးသမီးတိုင်းသိထားသင့်တဲ့ အချက် ၁၀ချက်

0
136


အမျိုးသမီးတိုင်းကို ချိန်းခြောက်နေတဲ့ အကြီးမားဆုံးကျန်းမာရေး ပြဿနာတစ်ခုကတော့ ရင်သားကင်ဆာပါ။ ယခုလက်ရှိအခြေအနေတွေအရ အမျိုးသမီး ၈ယောက်မှာ ၁ယောက်လောက်က ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေရှိကြောင်း သိရှိရပြီး ကျန်းမာရေးဌာနတိုင်းဟာ ရင်သားကင်ဆာကာကွယ်တားဆီးရေးအတွက်နဲ့ ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အမျိုးသမီးတိုင်းလည်းပဲ ရင်သားကျန်းမာရေးအတွက် ဂရုစိုက်မှုတွေ ပြုလုပ်သင့်ပြီးတော့ ရင်သားကျန်းမာရေးနဲ့ ပတ်သတ်တာတွေကို သိရှိထားဖို့ လိုတဲ့အတွက် ကျန်းမာရေးဗဟုသုတအချို့ကို မျှဝေပေးချင်ပါတယ်။

၁။ လူတိုင်းဟာ ကွဲပြားခြားနားပါတယ်
အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်ဟာ ရင်သားအရွယ်အစား၊ အရောင်၊ ပုံသဏ္ဍာန် စတာတွေ မတူညီကြပဲ ကွဲပြားခြားနားကြတဲ့အတွက် ကိုယ့်ရဲ့ရင်သားပုံစံနဲ့ပတ်သတ်ပြီး စိတ်ဆင်းရဲမှုတွေကို အတတ်နိုင်ဆုံးဖြေဖျောက်ဖို့ ကြိုးစားသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးကောင်းနေဖို့ကသာလျှင် အရေးအကြီးဆုံးဖြစ်ပြီး ကိုယ့်ကိုယ်ကိုပျော်ရွင်အောင် နေသင့်ပါတယ်။ သင့်ရဲ့လူနေမှုပုံစံဟာ သင့်ရဲ့ရင်သားကျန်းမာရေးအပေါ် သက်ရောက်မှုတွေရှိသလို သိုမဟုတ် သက်ရောက်မှုတွေ မရှိခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိပ်စက်တဲ့ပုံစံ၊ ဝတ်ဆင်တဲ့ဘရာစီယာ နဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ရင်သားကြီးခြင်း၊ ကျုံ့ခြင်းအပေါ် သက်ရောက်မှုရှိနေတယ်လို့ ယူဆကြတဲ့အတွက် ကိုယ့်ရဲ့တစ်ကိုယ်ရေကျန်းမာရေးအတွက်ရော၊ လူနေမှုပုံစံပါ အကောင်းဆုံးနေထိုင်ဖို့ လိုပါတယ်။
၂။ ဘရာစီယာ ဝတ်ခြင်းမဝတ်ခြင်း
ဘရာစီယာဝတ်ခြင်းနဲ့ ရင်သားကင်ဆာအကြောင်းကို သင်များစွာဖတ်ဖူးကြားဖူးပါလိမ့်မယ်။ သူတို့တွေဘယ်လိုပဲရေးရေး ဘရာစီယာကြောင့် ရင်သားကင်ဆာဖြစ်ရတယ်လို့ ဘယ်သိပ္ပံပညာရှင်ကမှ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ သက်သေပြခဲ့တာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကျပ်တဲ့ ဘရာတွေကိုဝတ်ရင် သင့်ရဲ့နောက်ကျေနဲ့၊ ပခုံးတွေက သက်တောင့်သက်သာဖြစ်မှာမဟုတ်ပါဘူး။ နို့တိုက်နေတဲ့ မိခင်တွေဆိုရင် ဘရာတင်းကျပ်စွာဝတ်တာကြောင့် နို့လမ်းချောင်းပိတ်ဆို့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဆိုဒ်ကိုသေချာတိုင်းပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ဘ၇ာတွေကိုရွေးချယ်ဝတ်ဆင်မှသာ ရင်သားကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

၃။ နို့တိုက်ခြင်း
သိပ်မကြာခင်ကာလ လေ့လာမှုတွေအရ နို့တိုက်ခြင်းဟာ မိခင်ကိုရင်သားကင်ဆာဖြစ်ပွားမှု ၂၀% အနည်းဆုံး လျော့ကျစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မိခင်နို့ကိုကောင်းစွာစို့ခဲ့ရတဲ့ မိန်းကလေးတွေဟာလည်းကြီးလာရင် ရင်သားကင်ဆာဖြစ်မှုကို လျော့ကျစေကြောင်း သိရှိရပါတယ်။
နို့တိုက်ခြင်းဟာ မွေးကင်းစကလေးတွေကို ကိုယ်ခံအားကောင်းစေဖို့၊ အာဟာရပြည့်ဝဖို့နဲ့ မိခင်နဲ့ကလေးရဲ့သံယောဇဉ်ကို ပိုမိုခိုင်ခံ့စေဖို့ ဖြစ်ကြောင်း သိရှိပြီးသားဖြစ်ကြပါတယ်။ ဒါကြောင့် ကလေး ၆လလောက်အထိ မိခင်နို့ကိုအသေအချာတိုက်ကျွေးဖို့ လိုအပ်ပါတယ်။

၎။ သန္ဓေတားဆေးပေးခြင်း
ကျန်းမာကြံ့ခိုင်နေတဲ့ အမျိုးသမီးတစ်ယောက်အတွက် မျိုးရိုးဗီဇအရ ရင်သားကင်ဆာဖြစ်မှုက သိပ်ပြီးမခြိမ်းခြောက်နိုင်ပေမယ့်၊ သန္ဓေတားဟော်မုန်းနဲ့ သားအိမ်ထဲသန္ဓေတာပစ္စည်းထည့်ခြင်းတွေဟာလည်း ကင်ဆာဖြစ်မှုကို တိုးပွားစေနိုင်ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေအခွင့်အလမ်းကတော့ အရမ်းနည်းပါတယ်။ မည်သို့ပင်ဖြစ်စေ သင့်အသက် ၄၀ကျော်လာတဲ့အချိန်မှာ သန္ဓေတားနည်းစနစ်တွေကို ပြောင်းလဲဖို့အတွက် စဉ်းစားသင့်ပါတယ်။ ဖြစ်နိုင်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး အန္ဓရာယ်ကင်းတဲ့ ဆေးဝါးတွေနည်းလမ်းတွေကို သုံးစွဲပေးပါ။

၅။ မျိုးရိုးဗီဇ
မျိုးရိုးဗီဇကြောင့် ရင်သားကင်ဆာဖြစ်ရခြင်းဟာ BRCA1 သို့မဟုတ် BRCA2 ဆိုတဲ့ မျိုးရိုးသန္ဓေပြောင်းလဲမှုတစ်ခုကို ဆက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ ထိုဗီဇတွေဟာ ပျက်စီးနေတဲ့ DNA တွေကို ပုံမှန်ပြုပြင်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် တခါတလေမှာ သန္ဓေပြောင်းလဲမှုနှင့် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ဒီလို ဗီဇတွေသန္ဓေပြောင်းလာတာနဲ့အမျှ ၇၀% သောအမျိုးသမီးတွေဟာ အသက်၈၀လောက်မှာ ရင်သားကင်ဆာဖြစ်လာစေပါတယ်။
တကယ်လို့ ကိုယ့်ရဲ့မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်တဲ့သူတွေ ရှိပါက ဆရာဝန်နဲ့တိုင်ပင်ပြီး ကင်ဆာကာကွယ်ဖို့ နည်းလမ်းတွေအစီအစဉ်တွေကို ကြိုတင်ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

၆။ ကိုယ့်ကိုယ်ကိုပုံမှန်စစ်ဆေးပါ
ကင်ဆာရောဂါရဲ့အစောပိုင်းမှာ စတင်သတိထားမိတယ်ဆိုရင်ပဲ ကုသဖို့အတွက် လွယ်ကူပြီး သင့်အတွက်ပိုကောင်းစေပါတယ်။ ဒါကြောင့် ရေချိုးတဲ့အချိန်၊ အိပ်ရာပေါ်လဲလျှောင်းတဲ့အချိန်တွေမှာ ရင်သားတဝိုက်စမ်းကြည့်ပြီး ကင်ဆာအဖုရှိမရှိကို ပုံမှန်စစ်ဆေးပါ။ အမျိုးသမီးအများစုရဲ့ ရင်သားမှာ lumpy တစ်ရှုးလို့ခေါ်တဲ့ အရာ ရှိနေပြီး အဆိုပါတစ်ရှုးအဖုအများစုဟာကင်ဆာမဟုတ်ပါဘူး။

၇။ အစောပိုင်းသတိပေးချက်တွေကို အာရုံစိုက်ပါ
ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ပြောင်းလဲမှုလက္ခဏာတွေကို သိရှိနေခြင်းဖြင့် ဆရာဝန်နဲ့ချက်ချင်းပြပြီး ကုသမှုကောင်းစွာခံယူနိုင်ပါတယ်။ ရင်သားဧရိယာတစ်ခုလုံးတင်းမာနေပြီး အနီးအနားကအရေပြားတွေထိ တင်းနေတယ်လို့ ခံစားနေရရင် ဆရာဝန်နဲ့ပြသပါ။ သူ့အလိုလိုပျောက်သွားတဲ့အချိန်ထိ စောင့်မနေပါနဲ့။
ရင်သားတဖက်က နို့သီးခေါင်းဟာ အခြားတစ်ဖက်ထက် အထဲကိုနစ်မြှပ်ဝင်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။
ရင်သားမှာအနာပေါက်ပြီး အနာဧရိယာပိုကျယ်လာခဲ့ရင် ဆေးစစ်မှုခံယူပါ
နီရဲပြီးပူနေမယ်၊ အထိအခိုက်မခံနိုင်ပဲဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ မမေ့ပါနဲ့။
ရင်သားမှာ သွေးပြန်ကြောတွေ အရင်ကထက် ထင်ရှားပြီးပေါ်လွင်လာတယ်ဆိုရင် သမားတော်နဲ့ပြပါ။ ပုံမှန်မဟုတ်ပဲ ကြီးလာမယ်၊ သေးလာမယ်လို့ သတိထားမိရင်လည်း မပေါ့ဆပါနဲ့။

ရင်သားကင်ဆာကိုကာကွယ်ဖို့အတွက် အရေးကြီးဆုံးအရာတွေကတော့ ကျန်းမာမျှတအောင်စားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ ဖြစ်ပြီး ကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံက သင့်ကိုသန်စွမ်းကြံ့ခိုင်နေပြီး ရင်သားပြဿနာတွေကနေ ကင်းဝေးစေပါလိမ့်မယ်။

တနေကုန် လုပ်ငန်းခွင်မှာ ညောင်းညာသမျှ ပြေပျောက်စမဲ့ အလွယ်ကူဆုံး လေ့ကျင့်ခန်း

LM_Naung_Naung

Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here