Home Family ရင္နင့္စရာေနာင္တေတြ ႀကံဳရေတာ့မည့္ဆဲဆဲ ကံေကာင္းသြားတဲ့ ကေလးမိခင္

ရင္နင့္စရာေနာင္တေတြ ႀကံဳရေတာ့မည့္ဆဲဆဲ ကံေကာင္းသြားတဲ့ ကေလးမိခင္

0
257
ကေလးမိခင္
ကေလးမိခင္

ဆိုရွယ္မီဒီယာေတြေပၚမွာ ကေလးငယ္ေတြနဲ႔ ပတ္သက္ၿပီး အျဖစ္ဆိုးေတြ ႀကံဳေတြ႕ရတဲ့သတင္းကို မၾကာခဏဆိုသလို ေတြ႕ျမင္ရေနပါတယ္။ ေတာ္ေတာ္မ်ားမ်ားကိစၥေတြဟာ မိဘေတြရဲ႕ ေပါ့ဆမႈေၾကာင့္ျဖစ္ေပၚတာမ်ားပါတယ္။ မၾကာေသးမီကလည္း မိဘေတြရဲ႕ ေပါ့ဆမႈေၾကာင့္ Facebook ေပၚမွာ ကေလးငယ္နဲ႔ ပတ္သက္တဲ့ သတင္းဆိုးတစ္ခုေပၚထြက္ခဲ့ပါေသးတယ္။ ဒါကေတာ့ ေလးဘက္ေထာင့္သြားတတ္တဲ့အရြယ္ကေလးငယ္တစ္ဦးဟာ ေန႔ခင္းဘက္ မိဘေတြ အိပ္ေပ်ာ္ေနတဲ့အခ်ိန္ ကားလမ္းမႀကီးအလယ္ကို ေရာက္သြားတဲ့သတင္းပါပဲ။ ကံေကာင္းစြာနဲ႔ပဲ ထိုလမ္းမမွာ ေမာင္းႏွင္လာတဲ့ ကားသမားေကာင္ေလးတစ္ဦးကေတြ႕လို႔ သူ႔ကားကိုစက္သက္ၿပီး ကေလးကို ေကာက္ယူခဲ့ပါတယ္။ အဲ့ဒီေနာက္ ကားလမ္းေဘးရွိ အနီးနားကအိမ္ေတြကို လိုက္လံေမးၾကည့္ရာ မေမွ်ာ္လင့္ဘဲ အိမ္ေဘးဘက္အဖီေအာက္ သစ္သားကြက္ပ်စ္ေပၚမွာ အိပ္စက္ေနတဲ့ လင္းမယားရဲ႕ ကေလးျဖစ္ေနပါတယ္။

သူ႔ရဲ႕ ကေလးကို လာျပန္ပို႔တဲ့အခါ မိခင္ျဖစ္သူက အလြန္အံ့အားသင့္သြားၿပီး ေၾကာက္လန္႔သြားပါတယ္။ ကေလးဟာ သူမနဲ႔အတူ အိပ္စက္ေနရင္ သူမအိပ္ေပ်ာ္သြားတုန္း ထြက္သြားခဲ့တာျဖစ္ပါတယ္။ အခုလို လူေကာင္းေတြနဲ႔ ေတြ႕ဆုံခဲ့တာ အရမ္းကို ကံေကာင္းၿပီးတကယ္လို႔ သူ႔သားသမီးတာ တစ္ခုခုျဖစ္ခဲ့ရင္ သူ႔ဘဝတစ္ခုလုံး ေနာင္တရလို႔ ဆုံးမွာမဟုတ္ဘူးလို႔ ကေလးရဲ႕ မိခင္ျဖစ္သူက ဆိုပါတယ္။

ေလးဖက္ေထာင့္သြားတတ္တဲ့အရြယ္၊ လမ္းစေလွ်ာက္တတ္တဲ့အရြယ္မွာ ကေလးေတြကို ယခင္ကပိုၿပီး ဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္။ အိမ္ထဲမွာ အတူတူေနရင္းနဲ႔ေတာင္း ခဏေလးသတိလက္လြတ္ျဖစ္မိတာနဲ႔ သင့္ကေလး အနာတရ တစ္ခုခုျဖစ္ေနတတ္ပါတယ္။ ယခင္တုန္းကလည္းအိမ္မွာ ကေလးအခ်င္းခ်င္း ေဆာ့ေနရာကေန သတိမထားမိလိုက္တဲ့အခါ အိမ္မွာရွိတဲ့ စဥ့္အိုးထဲ ျပဳတ္က်ၿပီး ေသဆုံးေနတဲ့ အျဖစ္ဆုိးမ်ိဳးေတြရွိပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ တစ္ခုခုလုပ္ေနတဲ့အခါ၊ အိပ္တဲ့အခါ၊ အျပင္သြားခဏသြားတဲ့အခါ စိတ္ခ်ယုံၾကည္ရတဲ့သူတစ္ဦး ႏွစ္ဦးေလာက္ထံမွာ အပ္ၿပီးမွျပဳလုပ္ပါ။ ဒါေတာင္ အခ်ိန္အၾကာႀကီးပစ္ထားခဲ့လို႔ မရပါဘူး။ မိဘေတြအေနနဲ႔ ကိုယ့္သားသမီးဟာ ကိုယ္ကလြဲၿပီး ဘယ္သူနဲ႔မွ ပိုၿပီး အဆင္မေျပႏိုင္ဘူးဆိုတာ သိထားသင့္ပါတယ္။

#Lifestyle_Myanmar

#Thar_Nage

သင့္ကေလးရဲ႕ အေမွာင္ေၾကာက္တဲ့စိတ္ကို ေက်ာ္လႊားႏိုင္ေအာင္ ဘယ္လိုကူညီေပးမလဲ?

Unicode

ရင်နင့်စရာနောင်တတွေ ကြုံရတော့မည့်ဆဲဆဲ ကံကောင်းသွားတဲ့ ကလေးမိခင်

ဆိုရှယ်မီဒီယာတွေပေါ်မှာ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အဖြစ်ဆိုးတွေ ကြံုတွေ့ရတဲ့သတင်းကို မကြာခဏဆိုသလို တွေ့မြင်ရနေပါတယ်။ တော်တော်များများကိစ္စတွေဟာ မိဘတွေရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ပေါ်တာများပါတယ်။ မကြာသေးမီကလည်း မိဘတွေရဲ့ ပေါ့ဆမှုကြောင့် Facebook ပေါ်မှာ ကလေးငယ်နဲ့ ပတ်သက်တဲ့ သတင်းဆိုးတစ်ခုပေါ်ထွက်ခဲ့ပါသေးတယ်။ ဒါကတော့ လေးဘက်ထောင့်သွားတတ်တဲ့အရွယ်ကလေးငယ်တစ်ဦးဟာ နေ့ခင်းဘက် မိဘတွေ အိပ်ပျော်နေတဲ့အချိန် ကားလမ်းမကြီးအလယ်ကို ရောက်သွားတဲ့သတင်းပါပဲ။ ကံကောင်းစွာနဲ့ပဲ ထိုလမ်းမမှာ မောင်းနှင်လာတဲ့ ကားသမားကောင်လေးတစ်ဦးကတွေ့လို့ သူ့ကားကိုစက်သက်ပြီး ကလေးကို ကောက်ယူခဲ့ပါတယ်။ အဲ့ဒီနောက် ကားလမ်းဘေးရှိ အနီးနားကအိမ်တွေကို လိုက်လံမေးကြည့်ရာ မမျှော်လင့်ဘဲ အိမ်ဘေးဘက်အဖီအောက် သစ်သားကွက်ပျစ်ပေါ်မှာ အိပ်စက်နေတဲ့ လင်းမယားရဲ့ ကလေးဖြစ်နေပါတယ်။

သူ့ရဲ့ ကလေးကို လာပြန်ပို့တဲ့အခါ မိခင်ဖြစ်သူက အလွန်အံ့အားသင့်သွားပြီး ကြောက်လန့်သွားပါတယ်။ ကလေးဟာ သူမနဲ့အတူ အိပ်စက်နေရင် သူမအိပ်ပျော်သွားတုန်း ထွက်သွားခဲ့တာဖြစ်ပါတယ်။ အခုလို လူကောင်းတွေနဲ့ တွေ့ဆုံခဲ့တာ အရမ်းကို ကံကောင်းပြီးတကယ်လို့ သူ့သားသမီးတာ တစ်ခုခုဖြစ်ခဲ့ရင် သူ့ဘဝတစ်ခုလုံး နောင်တရလို့ ဆုံးမှာမဟုတ်ဘူးလို့ ကလေးရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

လေးဖက်ထောင့်သွားတတ်တဲ့အရွယ်၊ လမ်းစလျှောက်တတ်တဲ့အရွယ်မှာ ကလေးတွေကို ယခင်ကပိုပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်။ အိမ်ထဲမှာ အတူတူနေရင်းနဲ့တောင်း ခဏလေးသတိလက်လွတ်ဖြစ်မိတာနဲ့ သင့်ကလေး အနာတရ တစ်ခုခုဖြစ်နေတတ်ပါတယ်။ ယခင်တုန်းကလည်းအိမ်မှာ ကလေးအချင်းချင်း ဆော့နေရာကနေ သတိမထားမိလိုက်တဲ့အခါ အိမ်မှာရှိတဲ့ စဉ့်အိုးထဲ ပြုတ်ကျပြီး သေဆုံးနေတဲ့ အဖြစ်ဆိုးမျိုးတွေရှိပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ တစ်ခုခုလုပ်နေတဲ့အခါ၊ အိပ်တဲ့အခါ၊ အပြင်သွားခဏသွားတဲ့အခါ စိတ်ချယုံကြည်ရတဲ့သူတစ်ဦး နှစ်ဦးလောက်ထံမှာ အပ်ပြီးမှပြုလုပ်ပါ။ ဒါတောင် အချိန်အကြာကြီးပစ်ထားခဲ့လို့ မရပါဘူး။ မိဘတွေအနေနဲ့ ကိုယ့်သားသမီးဟာ ကိုယ်ကလွဲပြီး ဘယ်သူနဲ့မှ ပိုပြီး အဆင်မပြေနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here