ယောကျ်ားတစ်ယောက်ကိုနည်းစနစ်ကျကျ အကဲခတ်နည်း

0
161
- Advertisement -

ဘယ်တော့မှ မလှည့်စားတတ်တဲ့လူတစ်ယောက်ဟာ ဒီအပြုအမူတွေကနေတစ်ဆင့် သူ့ရဲ့ စိတ်ရင်းစစ်ကိုပြပါလိမ့်မယ်..
အမျိုးသမီးတစ်ဦးအတွက် သူမရဲ့ခင်ပွန်း သူမအပေါ်လှည့်စားမှုရှိမရှိကို ရှာနေတတ်တာက ဿမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါလို့ နာမည်ကျော်စာရေးဆရာMelissa Bank,ကရေးသားခဲ့ဖူးပါတယ်။

-Advertisement-

အမျိုးသမီးအများစုဟာ စိတ်ပိုင်းဆိုင်ရာခံစားမှုအရ ယောကျ်ားတွေဟာသစ္စာမရှိဘူးလို့ခံစားရတဲ့အခါ သူတို့ဘက်ကလှည့်စားတတ်ကြတယ်လို့လည်းTina B ဆိုသူကဆိုပါတယ်။

ငွေကြေး၊ လိင်ပိုင်းဆိုင်ရာနဲ့ကလေးငယ်တွေအကြောင်းရေးသားနေတဲ့စိတ်ရောဂါကုဆရာ၀န်တစ်ဦးဖြစ်တဲ့Tessinaကသင့်ရဲ့အိမ်ထောင်ရေးကိုပျက်စီးစေနိုင်တဲ့ အရာ၃ခုကိုရှောင်ကြည်ဖို့လည်းပြောထားပါတယ်။

သုတေသနကပြောတဲ့လိမ်လည်လှည့်စားမှု

University of Indiana Study က ဖော်ပြချက်အရမည်သည့်ရည်ရွယ်ချက်ပင်ဖြစ်ပါစေအမျိုးသားနှင့်အမျိုးသမီးများသည်တူညီသောနှုန်းထားဖြင့် ၁၉ ရာခိုင်နှုန်းနှင့် ၂၃ ရာခိုင်နှုန်းခန့်သာလိမ်ညာလေ့ရှိကြသည်လို့ဆိုပါတယ်။

ဒီလေ့လာမှုက Dr. Tessina ရဲ့ပြောဆိုချက်ကိုထပ်လောင်းအတည်ပြုထားတာလည်းဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားမှုနဲ့လိင်မှုကိစ္စဖြစ်ပေါ်စေရန် အစပျိုးတဲ့ အခြေအနေအမျိုးမျိုးရဲ့ အဓိကအကြောင်းမှာ အမျိုးသားတွေဟာမိန်းမတွေထက်စာရင် ကြီးမားတဲ့အခန်းကနေပါ၀င်နေတယ်လို့ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ရေးနဲ့လိင်ပိုင်းဆိုင်ရာကိစ္စမှာပျော်ရွှင်မှုနည်းပါးခြင်းဟာ ဖောက်ပြန်ခြင်းနဲ့ပက်သက်ပြီးကြိုတင်ဟောကိန်းထုတ်နိုင်တဲ့အရာလို့လည်းဆိုပါတယ်။

ဒီလိင်မှုကိစ္စတွေအပြင် သုတေသနတွေကဖော်ပြတဲ့ကြိုတင်ခန့်မှန်းရခက်တဲ့အချက်က မိန်းမတွေကအဲ့ဒီလူကိုသူတို့ဘ၀ရဲ့ အခြားအစိတ်အပိုင်းတွေမှာယုံကြည်စိတ်မချရတဲ့အခါမှာ သူတို့ဘက်က စလှည့်စားတတ်တယ်လို့ဆိုပါတယ်။

အထူးသဖြင့် သူ့အတွက်အရေးပါသူက အခြားတစ်ယောက်နဲ့ဖောက်ပြန်နေလားဆိုတာမျိုးတွေကြောင့်ပါ။ ဒီမယုံကြည်စိတ်ဟာ အခြေအနေတွေကိုပိုမိုဆိုးရွားစေနိုင်ပါတယ်။

ဒီလိုတွေဖြစ်လာတဲ့အခါဘာဖြစ်လာနိုင်လဲဆိုတာနဲ့ပက်သက်ပြီးလိင်မှုကိစ္စနှင့်စုံတွဲကုထုံးကိုအထူးပြုတဲ့စိတ်ပညာရှင် Ian Kerner က “ကိစ္စတစ်ခုလုပ်တော့မယ်ဆိုတိုင်းလိမ်ပြောတာတွေများလာပြီးယုံကြည်မှုကိုအရမ်းကိုခက်ခဲလာစေတယ်” လို့ဆိုပါတယ်။

နောက်ပိုင်းမှာ သူတို့ရဲ့ သံသယစိတ်ကကိုခံစားလာရစေပြီး ငွေကြေးပိုင်းဆိုင်ရာနဲ့မိဘအရေးတွေလိုအခြားသောအစိတ်အပိုင်းတွေမှာလည်း မယုံမကြည်နိုင်တာတွေဖြစ်လာပါတော့တယ်။ ခန့်မှန်းချက်တွေအရ အိမ်ထောင်သည်၇၀ ရာခိုင်နှုန်းလောက်ဟာ ဒီလိုကိစ္စတွေဖြစ်လာကြပြီဆို ပြဿနာတွေတက်ပြီးကွာရှင်းသွားကြတယ်လို့ဆိုပါတယ်။

၀မ်းနည်းစရာကဖာက်ပြန်မှုတွေကြောင့်အလှည့်စားခံရသူတွေမှာကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှုတွေခံစားစေရပြီးသူတို့ရဲ့သားသမီးတွေပါစိတ်ခံစားမှုအန္တရယ်နဲ့ကြုံတွေ့နိုင်တာပါပဲ။

အဲ့ဒီလိုတွေဖြစ်လာရင် လိမ်လည်လှည့်စားခဲ့သူတွေကိုယ်တိုင်လည်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေခံစားရတော့တာပါပဲ။ ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသမီးတွေဟာ သူ့ယောကျ်ားသူ့အပေါ်ဖောက်ပြန်နေလား လိမ်လည်လှည့်စားနေလား ဆိုတဲ့စိုးရိမ်စိတ်တွေလျော့ပါးစေတဲ့ အချက်အလက်တွေကိုဖော်ပြထားပါတယ်။

တနည်းအားဖြင့် အမျိုးသားတစ်ဦးဟာ သင်တို့အပေါ်လိမ်လည်လှည့်ဖျားခြင်းလုပ်မှာမဟုတ်ဘူးဆိုတာကို ပြနေတဲ့ လက္ခဏာနဲ့အမူးအကျင့်တွေကို သင်တို့သိအောင်ပြောပြပေးထားတာပါ။ ကဲသင့်ကို မလိမ်မယ့်ယောကျာ်းဟာ ဘယ်လိုလက္ခတွေရှိလဲဆိုတာ ကြည့်လိုက်ရအောင်။

ရိုးသားစွာလုပ်တယ်

သင့်ဘ၀တစ်လျောက် သင်နဲ့ပက်သက်တဲ့အရာရာတိုင်းမှာ ကိုယ့်စကားကိုတန်ဖိုးထားတဲ့လူဟာ သင့်အတွက် ယုံကြည်စိတ်ချရမှုရှိတဲ့ အိမ်ထောင်ဖက်အဖြစ်သတ်မှတ်နိုင်ပါတယ်။ သူပြုတဲ့အပြုအမူက မရိုးသားဘူးလို့ခံစားရရင်တောင် သူက အဲ့ဒီအကျိုးဆက်ကိုရင်ဆိုင်မယ့်လူစားမျိုးပါ။ သမာဓိခိုင်မာတဲ့ အဲ့ဒီလိုရိုးသားတဲ့လူဟာတခြားမိန်းမတွေနဲ့ဖောက်ပြန်တယ်ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။

အားလုံးပြန်ပြောပြမယ်

တကယ်လို့ သူက သင်တို့ဆက်ဆံရေးအပြင်ဘက်မှာ သူဖြစ်ခဲ့တဲ့ အရာတွေအားလုံးကို up to dateပြောပြဖို့ ကျေနပ်အားရနေတတ်သူဆို အပြင်မှာတခြားသောတစ်စုံတစ်ယောက်နဲ့တွေ့ဆုံချစ်ကြိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေတော်တော်နည်းပါတယ်။

ဒီလိုယောကျ်ားမျိုးက သင်နဲ့ပက်သက်တဲ့အကြောင်းအချက်အလက်တွေကိုလေးစားရုံသာမက သူ့ဘ၀အသေးစိတ်အချက်တွေတိုင်းကိုသင်သိသင့်တယ်ဆိုတဲ့အပေါ်လည်းဂုဏ်ယူတတ်သူပါ။ သင့်ကိုသူ့အကြောင်းအသေးစိတ်ပြန်ပြောပြတဲ့သူကသင့်ကိုလိမ်လည်လှည့်စားမှာမဟုတ်ပါဘူး။

အလုပ်များသူ

သင့်ယောကျာ်းကအလုပ်အရမ်းများသူဖြစ်တဲ့အပြင် မိသားစုကိစ္စတွေဖြစ်တဲ့သူ့ကလေးတွေကျောင်းပို့တာ၊ ကစားတာတွေကိုပါလိုက်လုပ်ပေးနေရသူဆိုရင်တော့ သူဟာအပြင်မှာတစ်စုံတစ်ယောက်နဲ့တွေ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သူနိုးထနေတဲ့အချိန်တွေမှာ အချိန်ပြည့်ပြေးလွှားနေရတဲ့သူတစ်ယောက်အတွက် ဒီလိုကိစ္စမျိုးဆိုတာ သူမအိပ်မှပဲ ဖြစ်နိုင်ချေရှိနိုင်ပါတယ်။

တခါကချည်နှောင်ဖူးတဲ့ကြိုးတွေကိုဖြတ်တောက်ပစ်မယ်

eHarmony ရဲ့ အဆိုအရအမျိုးသား ၂၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၂ရာခိုင်နှုန်းဟာလိမ်လည်လှည့်ဖြားမှုကိုသုံးပြီးရည်းစားဟောင်းတွေနဲ့လိင်ဆက်ဆံခြင်း ကိုပြုမူခဲ့ကြတယ်လို့ဆိုပါတယ်။

ခုလိုဆိုရှယ်မီဒီယာခေတ်မှာဆို အချစ်ဟောင်းနဲ့ပြန်ဆက်သွယ်ဖို့ဆိုတာတော်တော်လေးလလွယ်ကူပါတယ်။ ဒါပေမယ့် သင့်ခင်ပွန်းက သင့်စီးပွားရေးကို၀င်လုပ်ဆောင်နေပြီးစီးပွားရေးပေါ်သာအာရုံစိုက်ထားတဲ့လူဆို သင်စုံစမ်းစစ်ဆေးလည်း တ ခြားလူနဲ့ဖောက်ပြန်တဲ့ဆက်ဆံရေးရှိဖို့မဖြစ်နိုင်သလောက်ပဲ။

သူကကိုယ်ကျိုးစွန့်မယ်

သူကစိတ်နှလုံးကောင်းပြီးရိုးသားဖြောင့်မတ်သူဖြစ်တဲ့အတွက် သူ့ကိုသူနဲ့သူချစ်တဲ့သူတွေကို ဂရုစိုက်ပါတယ်။ သူတို့ကမိသားစုအတွက်ဆိုကိုယ်ကျိုးစွန့်တတ်ကြတယ်။ အဲ့ဒီလိုလူမျိုးတွေဆိုလည်း တချို့အမျိုးသမီးတွေကပိုက်ဆံအိတ်တောင်အလွတ်ထားရအောင်လုပ်တတ်ပါတယ်။ အဲ့ဒီလိုလုပ်မိခဲ့ရင်ရပ်တန့်လိုက်ပါ။ တို့ကတစ်စုံတစ်ဦးကို အလွန်နက်နက်ရှိုင်းရှိုင်းအနာတရဖြစ်အောင်လုပ်မယ့်သူတွေမဟုတ်တဲ့အတွက် သူတို့ကံကောင်းမှုတွေဖြစ်အောင် အနည်းငယ်သောပိုက်ဆံတွေတော့အိတ်ဆောင်အဖြစ်ပေးထားပါ။ အဲ့ဒီလိုမလုပ်ဘူးဆိုရင်တော့ သင်ကိုယ်တိုင်ကသူတို့ကို လိမ်လည်တတ်အောင်သင်ပေးလိုက်တာပါပဲ။ ကဲဒီလောက်ဆိုရင် သင့်ကိုလိမ်လှည်လှည့်ဖျားနေတဲ့ ယောကျ်ား ဟုတ်မဟုတ် သင်ကြိုတင်တွက်ဆနိုင်သလို အကဲခတ်လို့ရပါပီနော်..

#Lifestyle_Myanmar

#Mg Htet

REF_Hackspirit.com

Zawgyi Version

ဘယ္ေတာ့မွ မလွည့္စားတတ္တဲ့လူတစ္ေယာက္ဟာ ဒီအျပဳအမူေတြကေနတစ္ဆင့္ သူ႔ရဲ႕ စိတ္ရင္းစစ္ကိုျပပါလိမ့္မယ္..
အမ်ိဳးသမီးတစ္ဦးအတြက္ သူမရဲ႕ခင္ပြန္း သူမအေပၚလွည့္စားမႈရွိမရွိကို ရွာေနတတ္တာက ႆမန္ျဖစ္႐ိုးျဖစ္စဥ္ကိစၥပါလို႔ နာမည္ေက်ာ္စာေရးဆရာMelissa Bank,ကေရးသားခဲ့ဖူးပါတယ္။ အမ်ိဳးသမီးအမ်ားစုဟာ စိတ္ပိုင္းဆိုင္ရာခံစားမႈအရ ေယာက်္ားေတြဟာသစၥာမရွိဘူးလို႔ခံစားရတဲ့အခါ သူတို႔ဘက္ကလွည့္စားတတ္ၾကတယ္လို႔လည္းTina Bဆိုသူကဆိုပါတယ္။ ေငြေၾကး၊ လိင္ပိုင္းဆိုင္ရာနဲ႔ကေလးငယ္ေတြအေၾကာင္းေရးသားေနတဲ့
စိတ္ေရာဂါကုဆရာ၀န္တစ္ဦးျဖစ္တဲ့Tessinaက သင့္ရဲ႕အိမ္ေထာင္ေရးကိုပ်က္စီးေစႏိုင္တဲ့ အရာ၃ခုကိုေရွာင္ၾကည္ဖို႔လည္းေျပာထားပါတယ္။

သုေတသနကေျပာတဲ့လိမ္လည္လွည့္စားမႈေတြ

University of Indiana Study က ေဖာ္ျပခ်က္အရမည္သည့္ရည္႐ြယ္ခ်က္ပင္ျဖစ္ပါေစအမ်ိဳးသားႏွင့္အမ်ိဳးသမီးမ်ားသည္တူညီေသာႏႈန္းထားျဖင့္ ၁၉ ရာခိုင္ႏႈန္းႏွင့္ ၂၃ ရာခိုင္ႏႈန္းခန႔္သာလိမ္ညာေလ့ရွိၾကသည္လို႔ဆိုပါတယ္။ ဒီေလ့လာမႈက Dr. Tessina ရဲ႕ေျပာဆိုခ်က္ကိုထပ္ေလာင္းအတည္ျပဳထားတာလည္းျဖစ္ပါတယ္။ လိင္ပိုင္းဆိုင္ရာစိတ္လႈပ္ရွားမႈနဲ႔လိင္မႈကိစၥျဖစ္ေပၚေစရန္ အစပ်ိဳးတဲ့ အေျခအေနအမ်ိဳးမ်ိဳးရဲ႕ အဓိကအေၾကာင္းမွာ အမ်ိဳးသားေတြဟာမိန္းမေတြထက္စာရင္ ႀကီးမားတဲ့အခန္းကေနပါ၀င္ေနတယ္လို႔ဆိုပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ အိမ္ေထာင္ေရးနဲ႔လိင္ပိုင္းဆိုင္ရာကိစၥမွာေပ်ာ္႐ႊင္မႈနည္းပါးျခင္းဟာ ေဖာက္ျပန္ျခင္းနဲ႔ပက္သက္ၿပီးႀကိဳတင္ေဟာကိန္းထုတ္ႏိုင္တဲ့အရာလို႔လည္းဆိုပါတယ္။ ဒီလိင္မႈကိစၥေတြအျပင္ သုေတသနေတြကေဖာ္ျပတဲ့ႀကိဳတင္ခန္႔မွန္းရခက္တဲ့အခ်က္က မိန္းမေတြကအဲ့ဒီလူကိုသူတို႔ဘ၀ရဲ႕ အျခားအစိတ္အပိုင္းေတြမွာယုံၾကည္စိတ္မခ်ရတဲ့အခါမွာ သူတို႔ဘက္က စလွည့္စားတတ္တယ္လို႔ဆိုပါတယ္။ အထူးသျဖင့္ သူ႔အတြက္အေရးပါသူက အျခားတစ္ေယာက္နဲ႔ေဖာက္ျပန္ေနလားဆိုတာမ်ိဳးေတြေၾကာင့္ပါ။ ဒီမယုံၾကည္စိတ္ဟာ အေျခအေနေတြကိုပိုမိုဆိုး႐ြားေစႏိုင္ပါတယ္။

ဒီလိုေတြျဖစ္လာတဲ့အခါဘာျဖစ္လာႏိုင္လဲဆိုတာနဲ႔ပက္သက္ၿပီးလိင္မႈကိစၥႏွင့္စုံတြဲကုထုံးကိုအထူးျပဳတဲ့စိတ္ပညာရွင္ Ian Kerner က “ကိစၥတစ္ခုလုပ္ေတာ့မယ္ဆိုတိုင္းလိမ္ေျပာတာေတြမ်ားလာၿပီးယုံၾကည္မႈကိုအရမ္းကိုခက္ခဲလာေစတယ္” လို႔ဆိုပါတယ္။ ေနာက္ပိုင္းမွာ သူတို႔ရဲ႕ သံသယစိတ္ကကိုခံစားလာရေစၿပီး ေငြေၾကးပိုင္းဆိုင္ရာနဲ႔မိဘအေရးေတြလိုအျခားေသာအစိတ္အပိုင္းေတြမွာလည္း မယုံမၾကည္ႏိုင္တာေတြျဖစ္လာပါေတာ့တယ္။ ခန္႔မွန္းခ်က္ေတြအရ အိမ္ေထာင္သည္၇၀ရာခိုင္ႏႈန္းေလာက္ဟာ ဒီလိုကိစၥေတြျဖစ္လာၾကၿပီဆို ျပႆနာေတြတက္ၿပီးကြာရွင္းသြားၾကတယ္လို႔ဆိုပါတယ္။

၀မ္းနည္းစရာကဖာက္ျပန္မႈေတြေၾကာင့္အလွည့္စားခံရသူေတြမွာႀကီးမားတဲ့စိတ္ပိုင္းဆိုင္ရာထိခိုက္နစ္နာေစမႈေတြခံစားေစရၿပီးသူတို႔ရဲ႕သားသမီးေတြပါစိတ္ခံစားမႈအႏၲရယ္နဲ႔ႀကဳံေတြ႕ႏိုင္တာပါပဲ။အဲ့ဒီလိုေတြျဖစ္လာရင္ လိမ္လည္လွည့္စားခဲ့သူေတြကိုယ္တိုင္လည္းစိတ္ပိုင္းဆိုင္ရာထိခိုက္ခံစားမႈေတြခံစားရေတာ့တာပါပဲ။ ဒါေၾကာင့္ ဒီေဆာင္းပါးမွာ အမ်ိဳးသမီးေတြဟာ သူ႔ေယာက်္ားသူ႔အေပၚေဖာက္ျပန္ေနလား လိမ္လည္လွည့္စားေနလား ဆိုတဲ့စိုးရိမ္စိတ္ေတြေလ်ာ့ပါးေစတဲ့ အခ်က္အလက္ေတြကိုေဖာ္ျပထားပါတယ္။ တနည္းအားျဖင့္ အမ်ိဳးသားတစ္ဦးဟာ သင္တို႔အေပၚလိမ္လည္လွည့္ဖ်ားျခင္းလုပ္မွာမဟုတ္ဘူးဆိုတာကို ျပေနတဲ့ လကၡဏာနဲ႔အမူးအက်င့္ေတြကို သင္တို႔သိေအာင္ေျပာျပေပးထားတာပါ။ ကဲသင့္ကို မလိမ္မယ့္ေယာက်ာ္းဟာ ဘယ္လိုလကၡေတြရွိလဲဆိုတာ ၾကည့္လိုက္ရေအာင္။

သူလုပ္သမွ်အရာတိုင္းမွာ ႐ိုးသားစြာလုပ္တယ္

သင့္ဘ၀တစ္ေလ်ာက္ သင္နဲ႔ပက္သက္တဲ့အရာရာတိုင္းမွာ ကိုယ့္စကားကိုတန္ဖိုးထားတဲ့လူဟာ သင့္အတြက္ ယုံၾကည္စိတ္ခ်ရမႈရွိတဲ့ အိမ္ေထာင္ဖက္အျဖစ္သတ္မွတ္ႏိုင္ပါတယ္။ သူျပဳတဲ့အျပဳအမူက မ႐ိုးသားဘူးလို႔ခံစားရရင္ေတာင္ သူက အဲ့ဒီအက်ိဳးဆက္ကိုရင္ဆိုင္မယ့္လူစားမ်ိဳးပါ။ သမာဓိခိုင္မာတဲ့ အဲ့ဒီလို႐ိုးသားတဲ့လူဟာ တျခားမိန္းမေတြနဲ႔ေဖာက္ျပန္တယ္ဆိုတာ ျဖစ္ႏိုင္ေျခနည္းပါတယ္။

အရာအားလုံးျပန္ေျပာျပမယ္

တကယ္လို႔ သူက သင္တို႔ဆက္ဆံေရးအျပင္ဘက္မွာ သူျဖစ္ခဲ့တဲ့ အရာေတြအားလုံးကို up to dateေျပာျပဖို႔ ေက်နပ္အားရေနတတ္သူဆို အျပင္မွာတျခားေသာတစ္စုံတစ္ေယာက္နဲ႔ေတြ႕ဆုံခ်စ္ႀကိဳက္ဖို႔ဆိုတာ ျဖစ္ႏိုင္ေခ်ေတာ္ေတာ္နည္းပါတယ္။ ဒီလိုေယာက်္ားမ်ိဳးက သင္နဲ႔ပက္သက္တဲ့အေၾကာင္းအခ်က္အလက္ေတြကိုေလးစား႐ုံသာမက သူ႔ဘ၀အေသးစိတ္အခ်က္ေတြတိုင္းကိုသင္သိသင့္တယ္ဆိုတဲ့အေပၚလည္းဂုဏ္ယူတတ္သူပါ။ သင့္ကိုသူ႔အေၾကာင္းအေသးစိတ္ျပန္ေျပာျပတဲ့သူကသင့္ကိုလိမ္လည္လွည့္စားမွာမဟုတ္ပါဘူး။

သူကအလုပ္မ်ားသူ

သင့္ေယာက်ာ္းကအလုပ္အရမ္းမ်ားသူျဖစ္တဲ့အျပင္ မိသားစုကိစၥေတြျဖစ္တဲ့သူ႔ကေလးေတြေက်ာင္းပို႔တာ၊ ကစားတာေတြကိုပါလိုက္လုပ္ေပးေနရသူဆိုရင္ေတာ့ သူဟာအျပင္မွာတစ္စုံတစ္ေယာက္နဲ႔ေတြ႕ဖို႔ဆိုတာမျဖစ္ႏိုင္ပါဘူး။သူႏိုးထေနတဲ့အခ်ိန္ေတြမွာ အခ်ိန္ျပည့္ေျပးလႊားေနရတဲ့သူတစ္ေယာက္အတြက္ ဒီလိုကိစၥမ်ိဳးဆိုတာ သူမအိပ္မွပဲ ျဖစ္ႏိုင္ေခ်ရွိႏိုင္ပါတယ္။

သူတို႔ရဲ႕တခါကခ်ည္ေႏွာင္ဖူးတဲ့ႀကိဳးေတြကိုျဖတ္ေတာက္ပစ္မယ္

eHarmony ရဲ႕ အဆိုအရအမ်ိဳးသား ၂၁ ရာခိုင္ႏႈန္းနဲ႔ အမ်ိဳးသမီး ၃၂ ရာခိုင္ႏႈန္းဟာလိမ္လည္လွည့္ျဖားမႈကိုသုံးၿပီး “ ရည္းစားေဟာင္းေတြနဲ႔လိင္ဆက္ဆံျခင္း” ကိုျပဳမူခဲ့ၾကတယ္လို႔ဆိုပါတယ္။ ခုလိုဆိုရွယ္မီဒီယာေခတ္မွာဆို အခ်စ္ေဟာင္းနဲ႔ျပန္ဆက္သြယ္ဖို႔ဆိုတာေတာ္ေတာ္ေလးလလြယ္ကူပါတယ္။ ဒါေပမယ့္ သင့္ခင္ပြန္းက သင့္စီးပြားေရးကို၀င္လုပ္ေဆာင္ေနၿပီးစီးပြားေရးေပၚသာအာ႐ုံစိုက္ထားတဲ့လူဆို သင္စုံစမ္းစစ္ေဆးလည္း တျခားလူနဲ႔ေဖာက္ျပန္တဲ့ဆက္ဆံေရးရွိဖို႔မျဖစ္ႏိုင္သေလာက္ပဲ။

သူကကိုယ္က်ိဳးစြန္႔မယ္

သူကစိတ္ႏွလုံးေကာင္းၿပီး႐ိုးသားေျဖာင့္မတ္သူျဖစ္တဲ့အတြက္ သူ႔ကိုသူနဲ႔သူခ်စ္တဲ့သူေတြကို ဂ႐ုစိုက္ပါတယ္။ သူတို႔ကမိသားစုအတြက္ဆိုကိုယ္က်ိဳးစြန္႔တတ္ၾကတယ္။ အဲ့ဒီလိုလူမ်ိဳးေတြဆိုလည္း တခ်ိဳ႕အမ်ိဳးသမီးေတြကပိုက္ဆံအိတ္ေတာင္အလြတ္ထားရေအာင္လုပ္တတ္ပါတယ္။ အဲ့ဒီလိုလုပ္မိခဲ့ရင္ရပ္တန္႔လိုက္ပါ။ တို႔ကတစ္စုံတစ္ဦးကို အလြန္နက္နက္ရႈိင္းရႈိင္းအနာတရျဖစ္ေအာင္လုပ္မယ့္သူေတြမဟုတ္တဲ့အတြက္ သူတို႔ကံေကာင္းမႈေတြျဖစ္ေအာင္ အနည္းငယ္ေသာပိုက္ဆံေတြေတာ့အိတ္ေဆာင္အျဖစ္ေပးထားပါ။ အဲ့ဒီလိုမလုပ္ဘူးဆိုရင္ေတာ့ သင္ကိုယ္တိုင္ကသူတို႔ကို လိမ္လည္တတ္ေအာင္သင္ေပးလိုက္တာပါပဲ။ ကဲဒီေလာက္ဆိုရင္ သင့္ကိုလိမ္လွည္လွည့္ဖ်ားေနတဲ့ ေယာက်္ား ဟုတ္မဟုတ္ သင္ႀကိဳတင္တြက္ဆႏိုင္ပါၿပီ။

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here