ယောက္ခမလောင်းရဲ့ အချစ်ကိုရယူနိုင်ဖို့ ပျိုမေတို့အတွက် နည်းလမ်းကောင်း

0
1152

ပျိုမေတို့တွဲလာခဲ့တဲ့ ချစ်သက်တမ်းကြာလာတာနဲ့အမျှ ချစ်သူကောင်လေးက သူ့မိဘတွေနဲ့ ပျိုမေတို့ကို ဆုံတွေ့ပေးဖို့ ဆန္ဒရှိလာပါလိမ့်မယ်။ ဒါဟာကောင်းတဲ့ အရာဖြစ်ပြီး ယောကျ်ားလေးတွေဟာ relationship အတွက် အကြီးဆုံးမှတ်တိုင်တစ်ခုကိုထူထောင်ဖို့ စတင်စဉ်းစားတဲ့အချိန်လည်း ဖြစ်ပါတယ်။ နောက်ထပ်တဆင့်အနေနဲ့ကတော့ သူ့ရဲ့ဆောင်ရွက်ချက်ကို ပျိုမေကမှန်ကန်တဲ့ ခြေလှမ်းနဲ့ လျှောက်လှမ်းနိုင်မလားဆိုတာပါပဲ။

၁။ အချိန်ကို ဂရုစိုက်ပါ

တကယ်လို့ ယောက္ခမလောင်း ပျိုမေကိုတွေ့ဖို့ချိန်းလိုက်တဲ့အခါ အနည်းငယ်စောစောရောက်ဖို့ လိုအပ်ပါတယ်။ စားသောက်ဆိုင် သို့မဟုတ် ပန်းခြံတစ်ခုခုမှာ တွေ့ဆုံဖို့ချိန်းတဲ့အခါ ၃ နာရီမှာတွေ့ဖို့ချိန်းရင် ၃ နာရီခွဲမှရောက်မလာပါနဲ့ ၃နာရီမတိုင်ခင် အနည်းငယ်စောစောရောက်နေပါစေ။

၂။ ပေါ့ပေါ့ပါးပါးနေပါ

ယောက္ခမလောင်းအထင်ကြီးဖို့အတွက် ပျိုမေက Aခန်းမှာတက်ခွင့်ရတာ၊ ကျောင်းအားကစားမှာ အကောင်းဆုံးခေါင်းဆောင်အားကစားသမားဖြစ်နေတာ၊ စတဲ့အရာတွေကို ပြသဖို့မကြိုးစားပါနဲ့။ တကယ်လို့ ယခုလို ကျောင်းကိစ္စတွေ၊ အားကစား၊ ဝါသနာစတဲ့ ခေါင်းစဉ်တွေအကြောင်း စကားစပ်မိရင် ပျိုမေက ပြုံးရုံပဲပြုံးပြီး “သမီးကျောင်းတက်ရတာအဆင်ပြေပါတယ်” “သမီးအားကစားလုပ်တာ ဝါသနာပါပါတယ်” စတဲ့စကားတွေလောက်သာ ပြောပါ။
သင့်ချစ်သူရဲ့ငယ်ဘဝအကြောင်းတွေကို မေးပြီးသူ့မိဘတွေရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်ဖော်ထုတ်ခွင့် ပေးဖို့ကိုလည်း မမေ့ပါနဲ့။ သင့်ရဲ့အကြောင်းတွေကို ပြောပြခြင်းထက် ယောက္ခမလောင်းရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေကို ပိုမိုလေ့လာဖို့လိုပါတယ်။ တကယ်လို့သင့်ရဲ့အရည်အချင်းကို သိစေချင်တယ်ဆိုရင်တော့ ကျောင်းပြိုင်ပွဲ သို့မဟုတ် သင်အရေးပါတဲ့နေရာတစ်ခုခုကို ဖိတ်လိုက်လို့ရပါတယ်။

၃။ ဝင်ရောပါ

မိဘအများစုဟာ သူတို့ရဲ့သားရှာဖွေထားတဲ့ မိန်းကလေးတစ်ယောက်က သူတို့အမြင်ထက်ပိုပြီး ထက်မြက်နေရင် အရမ်းသဘောကျကြပါတယ်။ သူတို့ရဲ့အမြင်မှာ သင်ကသူတို့ရဲ့သားကို အရမ်းအောက်ကျို့တဲ့ ပုံစံမျိုးပေါက်စရာမလိုပါဘူး။ သူ့ကိုချစ်တဲ့အကြောင်း ပြသလို့ရပါတယ်။ ယောက္ခမလောင်းနဲ့ စတင်တွေ့တဲ့ အချိန်မှာပဲ သင်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း ပြသဖို့အတွက် ရိုးရှင်းပြီးတိုတောင်းတဲ့ မိတ်ဆက်မှုနဲ့ စတင်လိုက်ပါ။

၄။ ချော့ပေါင်းပါ

ပျိုမေတို့ ဆရာမရဲ့ကလေးနဲ့ တည်အောင်ချော့ပေါင်းရသလိုပါပဲ။ ယောက္ခမလောင်းရဲ့စကားထဲမှာ ဟာသပါနေရင် ရယ်မောပေးပါ။ လိုတာထက်ပိုပြီး မရယ်သင့်ပဲ ဘရိတ်ပြန်အုပ်ဖို့လည်းမမေ့ပါနဲ့။ တခါတလေ ယောက္ခမလောင်းရဲ့ဆန္ဒကို ဆန့်ကျင်မိရင်တောင်မှ ဖော်ရွေတဲ့ဆက်ဆံမှုမျိုးကို ပြသပေးပါ၊ သူတို့သင့်ကို စတင်ပြီးနှစ်သက်လာပါလိမ့်မယ်။

၅။ တော်သင့်ရုံ ဝတ်ဆင်ပါ

သူတို့ရဲ့ အဖိုးတန်သားလေးက ကျောင်းကနေအိမ်ပြန်လာတဲ့အခါ သူ့ရဲ့လက်မောင်းကို ချိတ်ပြီးမှီနေတဲ့ မီနီစကတ်လေးနဲ့ ကောင်မလေးတစ်ယောက် ပါလာမှာကို ဘယ်မိဘမှ မြင်လိုမှာမဟုတ်ပါဘူး။ တကယ်လို့ကျောကုန်းမှာတက်တူးတွေ ထိုးထားပြီး ကျောပေါ်နေတဲ့အင်္ကျီမျိုးဝတ်ဆင်ထားတဲ့ မိန်းကလေးဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ ဒီလိုပြောလို ချိတ်ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်သွားရမယ်လို့ မဆိုလိုပါဘူးနော်။ ရိုးရိုးနဲ့အမြင်ဆန်းမယ့် မြန်မာဝတ်စုံတွေ ဂျင်းဘောင်းဘီအရှည် တီရှပ်နဲ့ ပေါ့ပေါ့ပါးပါးလေး ဝတ်ဆင်သွားရင်လည်း အဆင်ပြေပါတယ်။

၆။ ကောင်းမွန်တဲ့စကားတွေပြောပါ

ကျိန်ဆိုပြတာတွေဘာတွေက သင့်ရည်းစားရဲ့မိဘတွေကို အထင်ကြီးစေမှာမဟုတ်သလို အရမ်းကြီးမြှောက်ပင့်ပြီးပြောတာတွေကလည်း လူတိုင်းကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ ဒီအစား သင့်အတွ့အကြုံတွေထဲက ဟာသလေးညှပ်ပြောတာ အိမ်ကမိဘတွေရဲ့အကြောင်း စတဲ့အရာတွေကို အမှားမပါစေအောင်ပြောလို့ရပါတယ်။ သူတို့မေးတဲ့မေးခွန်းတွေကိုတော့ ဂရုတစိုက်နဲ့ ယဉ်ယဉ်ကျေးကျေးပြန်လည်ဖြေဆိုဖို့မမေ့ပါနဲ့။

၇။ သင့်ရဲ့အမူအကျင့်တွေကို သတိရပါ

သင့်ရဲ့မိဘအိမ်မှာ ဘယ်လိုပဲနေနေ ယောက္ခမလောင်းတွေနဲ့ ညစာစားပြီးတဲ့အခါ ပန်းကန်တွေကို ကူသိမ်းဖို့ကူဆေးဖို့အတွက် ခွင့်တောင်းဖို့မမေ့ပါနဲ့၊ သူတို့ကတခုခုလုပ်ပေးတဲ့အခါ သို့မဟုတ်သင်က တောင်းဆိုတဲ့အခါ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပြုပြီး စတဲ့အသုံးအနှုန်းတွေကို အရမ်းကြီးမသုံးနှုန်းပဲ လိုအပ်သလောက်ပဲပြောပါ။ သူတို့ရှေ့မှာစားတဲ့အခါ သင့်ပါးစပ်ကိုဟပြီး မဝါးသင့်ပဲ သူတို့စတင်စားပြီးလို့ သင့်ကိုစားဖို့ပြောတဲ့အချိန်မှာစစားပါ။ သူ့မိဘအိမ်ကိုသွားတဲ့အခါမှာလည်း လက်ဆောင်လေးတွေ၊ မုန့်လေးတွေကို ဝယ်သွားဖို့မမေ့ပါနဲ့။
LM_Naung_Naung
Lifestyle_Myanmar

Source

Zawgyi Font

ေယာကၡမေလာင္းရဲ႕ အခ်စ္ကိုရယူႏိုင္ဖို႔ ပ်ိဳေမတို႔အတြက္ နည္းလမ္းေကာင္း
ပ်ိဳေမတို႔တြဲလာခဲ့တဲ့ ခ်စ္သက္တမ္းၾကာလာတာနဲ႔အမွ် ခ်စ္သူေကာင္ေလးက သူ႔မိဘေတြနဲ႔ ပ်ိဳေမတို႔ကို ဆုံေတြ႕ေပးဖို႔ ဆႏၵရွိလာပါလိမ့္မယ္။ ဒါဟာေကာင္းတဲ့ အရာျဖစ္ၿပီး ေယာက်္ားေလးေတြဟာ relationship အတြက္ အႀကီးဆုံးမွတ္တိုင္တစ္ခုကိုထူေထာင္ဖို႔ စတင္စဥ္းစားတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ ေနာက္ထပ္တဆင့္အေနနဲ႔ကေတာ့ သူ႔ရဲ႕ေဆာင္႐ြက္ခ်က္ကို ပ်ိဳေမကမွန္ကန္တဲ့ ေျခလွမ္းနဲ႔ ေလွ်ာက္လွမ္းႏိုင္မလားဆိုတာပါပဲ။
၁။ အခ်ိန္ကို ဂ႐ုစိုက္ပါ
တကယ္လို႔ ေယာကၡမေလာင္း ပ်ိဳေမကိုေတြ႕ဖို႔ခ်ိန္းလိုက္တဲ့အခါ အနည္းငယ္ေစာေစာေရာက္ဖို႔ လိုအပ္ပါတယ္။ စားေသာက္ဆိုင္ သို႔မဟုတ္ ပန္းၿခံတစ္ခုခုမွာ ေတြ႕ဆုံဖို႔ခ်ိန္းတဲ့အခါ ၃ နာရီမွာေတြ႕ဖို႔ခ်ိန္းရင္ ၃ နာရီခြဲမွေရာက္မလာပါနဲ႔ ၃နာရီမတိုင္ခင္ အနည္းငယ္ေစာေစာေရာက္ေနပါေစ။

၂။ ေပါ့ေပါ့ပါးပါးေနပါ
ေယာကၡမေလာင္းအထင္ႀကီးဖို႔အတြက္ ပ်ိဳေမက Aခန္းမွာတက္ခြင့္ရတာ၊ ေက်ာင္းအားကစားမွာ အေကာင္းဆုံးေခါင္းေဆာင္အားကစားသမားျဖစ္ေနတာ၊ စတဲ့အရာေတြကို ျပသဖို႔မႀကိဳးစားပါနဲ႔။ တကယ္လို႔ ယခုလို ေက်ာင္းကိစၥေတြ၊ အားကစား၊ ဝါသနာစတဲ့ ေခါင္းစဥ္ေတြအေၾကာင္း စကားစပ္မိရင္ ပ်ိဳေမက ၿပဳံး႐ုံပဲၿပဳံးၿပီး “သမီးေက်ာင္းတက္ရတာအဆင္ေျပပါတယ္” “သမီးအားကစားလုပ္တာ ဝါသနာပါပါတယ္” စတဲ့စကားေတြေလာက္သာ ေျပာပါ။ သင့္ခ်စ္သူရဲ႕ငယ္ဘဝအေၾကာင္းေတြကို ေမးၿပီးသူ႔မိဘေတြရဲ႕ မွတ္ဉာဏ္ေတြကို ျပန္လည္ေဖာ္ထုတ္ခြင့္ ေပးဖို႔ကိုလည္း မေမ့ပါနဲ႔။
သင့္ရဲ႕အေၾကာင္းေတြကို ေျပာျပျခင္းထက္ ေယာကၡမေလာင္းရဲ႕ ဝါသနာနဲ႔ စိတ္ဝင္စားမႈေတြကို ပိုမိုေလ့လာဖို႔လိုပါတယ္။ တကယ္လို႔သင့္ရဲ႕အရည္အခ်င္းကို သိေစခ်င္တယ္ဆိုရင္ေတာ့ ေက်ာင္းၿပိဳင္ပြဲ သို႔မဟုတ္ သင္အေရးပါတဲ့ေနရာတစ္ခုခုကို ဖိတ္လိုက္လို႔ရပါတယ္။

၃။ ဝင္ေရာပါ
မိဘအမ်ားစုဟာ သူတို႔ရဲ႕သားရွာေဖြထားတဲ့ မိန္းကေလးတစ္ေယာက္က သူတို႔အျမင္ထက္ပိုၿပီး ထက္ျမက္ေနရင္ အရမ္းသေဘာက်ၾကပါတယ္။ သူတို႔ရဲ႕အျမင္မွာ သင္ကသူတို႔ရဲ႕သားကို အရမ္းေအာက္က်ိဳ႕တဲ့ ပုံစံမ်ိဳးေပါက္စရာမလိုပါဘူး။ သူ႔ကိုခ်စ္တဲ့အေၾကာင္း ျပသလို႔ရပါတယ္။
ေယာကၡမေလာင္းနဲ႔ စတင္ေတြ႕တဲ့ အခ်ိန္မွာပဲ သင္ဟာ စိတ္ဝင္စားစရာေကာင္းတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေၾကာင္း ျပသဖို႔အတြက္ ႐ိုးရွင္းၿပီးတိုေတာင္းတဲ့ မိတ္ဆက္မႈနဲ႔ စတင္လိုက္ပါ။

၄။ ေခ်ာ့ေပါင္းပါ
ပ်ိဳေမတို႔ ဆရာမရဲ႕ကေလးနဲ႔ တည္ေအာင္ေခ်ာ့ေပါင္းရသလိုပါပဲ။ ေယာကၡမေလာင္းရဲ႕စကားထဲမွာ ဟာသပါေနရင္ ရယ္ေမာေပးပါ။ လိုတာထက္ပိုၿပီး မရယ္သင့္ပဲ ဘရိတ္ျပန္အုပ္ဖို႔လည္းမေမ့ပါနဲ႔။ တခါတေလ ေယာကၡမေလာင္းရဲ႕ဆႏၵကို ဆန္႔က်င္မိရင္ေတာင္မွ ေဖာ္ေ႐ြတဲ့ဆက္ဆံမႈမ်ိဳးကို
ျပသေပးပါ၊ သူတို႔သင့္ကို စတင္ၿပီးႏွစ္သက္လာပါလိမ့္မယ္။

၅။ ေတာ္သင့္႐ုံ ဝတ္ဆင္ပါ
သူတို႔ရဲ႕ အဖိုးတန္သားေလးက ေက်ာင္းကေနအိမ္ျပန္လာတဲ့အခါ သူ႔ရဲ႕လက္ေမာင္းကို ခ်ိတ္ၿပီးမွီေနတဲ့ မီနီစကတ္ေလးနဲ႔ ေကာင္မေလးတစ္ေယာက္ ပါလာမွာကို ဘယ္မိဘမွ ျမင္လိုမွာမဟုတ္ပါဘူး။ တကယ္လို႔ေက်ာကုန္းမွာတက္တူးေတြ ထိုးထားၿပီး ေက်ာေပၚေနတဲ့အက်ႌမ်ိဳးဝတ္ဆင္ထားတဲ့ မိန္းကေလးဆိုရင္ေတာ့ ပိုဆိုးႏိုင္ပါတယ္။ ဒီလိုေျပာလို ခ်ိတ္ထမီနဲ႔ ရင္ဖုံးအက်ႌဝတ္သြားရမယ္လို႔ မဆိုလိုပါဘူးေနာ္။ ႐ိုး႐ိုးနဲ႔အျမင္ဆန္းမယ့္ ျမန္မာဝတ္စုံေတြ ဂ်င္းေဘာင္းဘီအရွည္ တီရွပ္နဲ႔ ေပါ့ေပါ့ပါးပါးေလး ဝတ္ဆင္သြားရင္လည္း အဆင္ေျပပါတယ္။

၆။ ေကာင္းမြန္တဲ့စကားေတြေျပာပါ
က်ိန္ဆိုျပတာေတြဘာေတြက သင့္ရည္းစားရဲ႕မိဘေတြကို အထင္ႀကီးေစမွာမဟုတ္သလို အရမ္းႀကီးေျမႇာက္ပင့္ၿပီးေျပာတာေတြကလည္း လူတိုင္းႀကိဳက္ခ်င္မွႀကိဳက္ပါလိမ့္မယ္။ ဒီအစား သင့္အတြ႕အႀကဳံေတြထဲက ဟာသေလးညႇပ္ေျပာတာ အိမ္ကမိဘေတြရဲ႕အေၾကာင္း စတဲ့အရာေတြကို အမွားမပါေစေအာင္ေျပာလို႔ရပါတယ္။ သူတို႔ေမးတဲ့ေမးခြန္းေတြကိုေတာ့ ဂ႐ုတစိုက္နဲ႔ ယဥ္ယဥ္ေက်းေက်းျပန္လည္ေျဖဆိုဖို႔မေမ့ပါနဲ႔။

၇။ သင့္ရဲ႕အမူအက်င့္ေတြကို သတိရပါ
သင့္ရဲ႕မိဘအိမ္မွာ ဘယ္လိုပဲေနေန ေယာကၡမေလာင္းေတြနဲ႔ ညစာစားၿပီးတဲ့အခါ ပန္းကန္ေတြကို ကူသိမ္းဖို႔ကူေဆးဖို႔အတြက္ ခြင့္ေတာင္းဖို႔မေမ့ပါနဲ႔၊ သူတို႔ကတခုခုလုပ္ေပးတဲ့အခါ သို႔မဟုတ္သင္က ေတာင္းဆိုတဲ့အခါ ေက်းဇူးတင္ပါတယ္၊ ေက်းဇူးျပဳၿပီး စတဲ့အသုံးအႏႈန္းေတြကို အရမ္းႀကီးမသုံးႏႈန္းပဲ လိုအပ္သေလာက္ပဲေျပာပါ။ သူတို႔ေရွ႕မွာစားတဲ့အခါ သင့္ပါးစပ္ကိုဟၿပီး မဝါးသင့္ပဲ သူတို႔စတင္စားၿပီးလို႔ သင့္ကိုစားဖို႔ေျပာတဲ့အခ်ိန္မွာစစားပါ။ သူ႔မိဘအိမ္ကိုသြားတဲ့အခါမွာလည္း
လက္ေဆာင္ေလးေတြ၊ မုန္႔ေလးေတြကို ဝယ္သြားဖို႔မေမ့ပါနဲ႔။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here