ယာဥ်မောင်းလိုင်စင်အသိမ်းခံရလို့ ကလေးစီး jeep ကားနဲ့ ကျောင်းသွားတဲ့ကျောင်းသူလေး

0
2527
Monroe
Monroe

တက္ကဆက်တက္ကသိုလ်မှာ စက်မှုအင်ဂျင်နီယာအထူးပြုတက်ရောက်နေတဲ့ အသက် ၂၀ အရွယ် Monroe ဟာ Waka Flocka ဖျော်ဖြေပွဲကနေအိမ်ကိုအပြန် ကားမောင်လာစဥ် ရဲက သူမကို အရက်သေစာ သောက်စားထားလား မစားဘူးလား စစ်ဆေးပြီး သူမရဲ့ ကားလိုင်စဥ်ကို ထိန်းသိမ်းထားခဲ့ပါတယ်။ နောက်ရက်တွေရောက်တော့ လိုင်စင်းအသိမ်းခံရတဲ့အပြင် သူမရဲ့ ဖခင်က သူမရဲ့ ကားကို ယူပြီး ဆန်မားကို့စ် ဘက်ကို ခရီးထွက်ခဲ့ပါတယ်။ သူမအတွက်တော့ ကျောင်းသွားရင် စီးဖို့ စက်ဘီးတစ်စီးချန်ထားခဲ့ပါတယ်။

ယာဥ်မောင်းလိုင်စင်လည်း မရွေးရသေးဘူး၊ အဖေထားခဲ့တဲ့ စက်ဘီးလည်း မစီးချင်တဲ့အတွက် သူမရဲ့ မုန့်ဖိုးတွေနဲ့ စုပြီး၀ယ်စီးလို့ရမဲ့ စျေးပေါပေါနဲ့ စီးစရာကို စဥ်းစားခဲ့ပါတယ်။ အဲ့ဒီနောက် Craigslist ၀က်ဘ်ဆိုဒ်ကနေ ဒေါ်လာ ၆၀ဆယ်တန် ကလေးစီးတဲ့ ဂျစ်ကားလေးကို တွေ့ပြီး၀ယ်ယူခဲ့ပါတယ်။ သူ၀ယ်ယူလိုက်တဲ့ ပန်းရောင်ဂျစ်ကားပိုင်ရှင်ကတော့ Charlene ဆိုတဲ့ကလေးမလေးရဲ့ ကားပဲ ဖြစ်ပါတယ်။

သူမဟာ ကျောင်းသွားကျောင်းပြန် ဒီပန်းရောင်ဂျစ်ကားကို စီးပြီးသွားပါတယ်။ ကျောင်း၀န်းအတွင်းမှာလည်း ဒီကားကို မောင်းပြီး လျှောက်ပတ်သွားလာနေပါတယ်။ ဒီလို ကျောင်းသွား ကျောင်းပြန် ပလက်ဖောင်းလမ်းမှာ ကလေးစီးဂျစ်ကားလေးနဲ့ သူမကို မြင်တော့ လူတွေက ဗီဒီယိုရိုက်ပြီ လိုင်းပေါ်တင်ခဲ့ရင် သူ့မအကြောင်းကို လူသိများလာတာြဖစ်ပါတယ်။ သူမရဲ့ ကားက အမြန်ဆုံး တစ်နာရီကို ၅မိုင်ထိ ခရီးနှင်နိုင်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်တစ်၀န်းလုံးမှာတော့ သူမရဲ့ ပုံစံက အားလုံးထဲမှာ ထင်ရှားနေပြီ ဟာသပုံစံဖြစ်နေပေမဲ့သူမကတော့ ခပ်တည်တည်နဲ့ အေးအေးဆေးဆေးပါပဲ။

#Lifestyle_Myanmar
#Thar_Nage

တကယ့် အပြင်လောကမှာ ဖြစ်ပျက်နေတဲ့ မဖြစ်သင့်တဲ့ အလွဲအမှားတွေ

LEAVE A REPLY

Please enter your comment!
Please enter your name here