ယာဉ်မရပ်ရနေရာမှာ ရပ်လို့ လစဉ်သုံးဂွမ်းထုပ်တွေနဲ့ ကားတစ်စင်းလုံးကို ကပ်ပြီး သင်ခန်းစာပေး

0
362
ယာဉ်မရပ်ရ
ယာဉ်မရပ်ရ

လူနေမှုအဆင့်အတန်းတွေမြင့်မားလာတာနဲ့အမျှ ကားတွေဆိုတာလည်း လမ်းမတွေပေါ်မှာ မှိုလိုပေါက်အောင် ပေါများနေပါပြီ။ လမ်းသွားလမ်းလာများတဲ့ လူစည်းကားတဲ့ နေရာတွေ၊ လမ်းကျဉ်းတွေမှာ တရားမဝင်ယာဉ်ရပ်နားမှုတွေရှိနေတာကြောင့် ပြဿနာတွေဆိုတာလည်း နေ့စဉ်လိုလို မြင်တွေ့နေရပါတယ်။ တရားမဝင် ယာဉ်ရပ်ထားလို့ ကားကို သံချွန်နဲ့ ခြစ်သွားတာမျိုး၊ ဘက်မှန်ချိုးသွားတာမျိုး၊ လေလျော့ထားတာမျိုး စတဲ့ အဖြစ်အပျက်တွေ ရှေ့မှာ များစွာရှိခဲ့ဖူးပါတယ်။

-Advertisement-

ယခုအဖြစ်အပျက်လေးကတော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပဲဖြစ်ပါတယ်။ ဟနွိုင်းမြို့ရဲ့ လမ်းမတစ်နေရာမှာ Maserati ကားတစ်စီးဟာ တရားမဝင် လမ်းပြောင်းပြန် ရပ်ထားတဲ့လို့ လမ်းသွား လမ်းလာ ယာဉ်တွေအတွက် ယာဉ်ကြောပိတ်ဆို့တဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့် လမ်းသွားလမ်းလာလူအချို့က ထိုကားပိုင်ရှင်ကို သင်ခန်းစားပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

အဲ့ဒီနောက် ကားရဲ့ ဘောနက်ဖုံး၊ ဘန်ပါ၊ အမိုး၊ တံခါ၊ Windscreen ပါမကျန် လက်လှမ်းမှီတဲ့နေရာအကုန်လုံးကို အမျိုးသမီးလစဉ်သုံး ဂွမ်းကပ်အသစ်တွေနဲ့ ကပ်ပြီး ကားပိုင်ရှင်ကို အရှက်ရအောင် သင်ခန်းစာဝိုင်းပေးလိုက်ကြပါတယ်။ ကားပိုင်ရှင် ရောက်လာတဲ့အခါမှာတော့ သူကားပေါ်မှာ လစဉ်သုံးဂွမ်းကပ် တွေ ကပ်ထားတာကို မြင်ပြီး အတော်လေး စိတ်ပျက်သွားပါတယ်။ ခွာဖို့ ကြိုစားပေမဲ့ ကော်က အလွန်ကောင်းနေတဲ့အတွက် ကုန်စင်အောင် မခွာနိုင်ခဲ့ပါဘူး။

အဲ့ဒီနောက် ကားပိုင်ရှက်လည်း ရှက်ကိုးရှက်ကန်းနဲ့ ကုန်စင်အောင် မခွာတော့ဘဲ ကားကို ဒီအတိုင်း မောင်းထွက်သွား ခဲ့ပါတယ်။ အခြားသူတွေအတွက်တော့ တကယ့်ကို ရယ်ရွှင်စရာကောင်းပေမဲ့ ကားပိုင်ရှင်ကတော့ သူ့ရဲ့ တန်ဖိုးကြီး ကားပေါ်မှာ အခုလိုတွေ ဖြစ်ပျက်နေတာကို မြင်ရုံနဲ့ ဒေါသထွက် စိတ်ပျက်မိမှာ အမှန်ပါပဲ။ ဒီအကြောင်းကိုတော့ China Press ဆိုတဲ့ တရုတ်မီဒီယာတစ်ခုက ဖော်ပြပေးထားတာဖြစ်ပါတယ်။

ကဲ မိတ်ဆွေတို့ရော ကားကို တရားမဝင်နေရာတွေမှာ ရပ်ထားတာတွေ့ရင် ဘယ်လိုသင်ခန်စားမျိုး ပေးချင်လဲ။ ဒီနည်းလမ်းလေးက မဆိုးဘူးနော်။

#Lifestyle_Myanmar

ဖိနပ်တွေကို အလစ်သုတ်ဖို့ ကြိုးစားနေတုန်း CCTV ကိုမြင်လို့ ထွက်ပြေးသွားတဲ့ မိန်းကလေးနှစ်ယောက်

#Thar_Nage

Zawgyi Fonts

ယာဥ္မရပ္ရေနရာမွာ ရပ္လို႔ လစဥ္သုံးဂြမ္းထုပ္ေတြနဲ႔ ကားတစ္စင္းလုံးကို ကပ္ၿပီး သင္ခန္းစာေပး
လူေနမွုအဆင့္အတန္းေတြျမင့္မားလာတာနဲ႔အမၽွ ကားေတြဆိုတာလည္း လမ္းမေတြေပၚမွာ မွိုလိုေပါက္ေအာင္ ေပါမ်ားေနပါၿပီ။ လမ္းသြားလမ္းလာမ်ားတဲ့ လူစည္းကားတဲ့ ေနရာေတြ၊ လမ္းက်ဥ္းေတြမွာ တရားမဝင္ယာဥ္ရပ္နားမွုေတြရွိေနတာေၾကာင့္ ျပႆနာေတြဆိုတာလည္း ေန႔စဥ္လိုလို ျမင္ေတြ႕ေနရပါတယ္။ တရားမဝင္ ယာဥ္ရပ္ထားလို႔ ကားကို သံခၽြန္နဲ႔ ျခစ္သြားတာမ်ိဳး၊ ဘက္မွန္ခ်ိဳးသြားတာမ်ိဳး၊ ေလေလ်ာ့ထားတာမ်ိဳး စတဲ့ အျဖစ္အပ်က္ေတြ ေရွ႕မွာ မ်ားစြာရွိခဲ့ဖူးပါတယ္။

ယခုအျဖစ္အပ်က္ေလးကေတာ့ ဗီယက္နမ္နိုင္ငံ ဟႏြိဳင္းမွာ ျဖစ္ပ်က္သြားခဲ့တဲ့ အျဖစ္အပ်က္ေလးတစ္ခုပဲျဖစ္ပါတယ္။ ဟႏြိဳင္းၿမိဳ႕ရဲ့ လမ္းမတစ္ေနရာမွာ Maserati ကားတစ္စီးဟာ တရားမဝင္ လမ္းေျပာင္းျပန္ ရပ္ထားတဲ့လို႔ လမ္းသြား လမ္းလာ ယာဥ္ေတြအတြက္ ယာဥ္ေၾကာပိတ္ဆို႔တဲ့ အခက္အခဲေတြ ၾကဳံေတြ႕ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ လမ္းသြားလမ္းလာလူအခ်ိဳ႕က ထိုကားပိုင္ရွင္ကို သင္ခန္းစားေပးဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

အဲ့ဒီေနာက္ ကားရဲ့ ေဘာနက္ဖုံး၊ ဘန္ပါ၊ အမိုး၊ တံခါ၊ Windscreen ပါမက်န္ လက္လွမ္းမွီတဲ့ေနရာအကုန္လုံးကို အမ်ိဳးသမီးလစဥ္သုံး ဂြမ္းကပ္အသစ္ေတြနဲ႔ ကပ္ၿပီး ကားပိုင္ရွင္ကို အရွက္ရေအာင္ သင္ခန္းစာဝိုင္းေပးလိုက္ၾကပါတယ္။ ကားပိုင္ရွင္ ေရာက္လာတဲ့အခါမွာေတာ့ သူကားေပၚမွာ လစဥ္သုံးဂြမ္းကပ္ ေတြ ကပ္ထားတာကို ျမင္ၿပီး အေတာ္ေလး စိတ္ပ်က္သြားပါတယ္။ ခြာဖို႔ ႀကိဳစားေပမဲ့ ေကာ္က အလြန္ေကာင္းေနတဲ့အတြက္ ကုန္စင္ေအာင္ မခြာနိုင္ခဲ့ပါဘူး။

အဲ့ဒီေနာက္ ကားပိုင္ရွက္လည္း ရွက္ကိုးရွက္ကန္းနဲ႔ ကုန္စင္ေအာင္ မခြာေတာ့ဘဲ ကားကို ဒီအတိုင္း ေမာင္းထြက္သြား ခဲ့ပါတယ္။ အျခားသူေတြအတြက္ေတာ့ တကယ့္ကို ရယ္ရႊင္စရာေကာင္းေပမဲ့ ကားပိုင္ရွင္ကေတာ့ သူ႔ရဲ့ တန္ဖိုးႀကီး ကားေပၚမွာ အခုလိုေတြ ျဖစ္ပ်က္ေနတာကို ျမင္႐ုံနဲ႔ ေဒါသထြက္ စိတ္ပ်က္မိမွာ အမွန္ပါပဲ။ ဒီအေၾကာင္းကိုေတာ့ China Press ဆိုတဲ့ တ႐ုတ္မီဒီယာတစ္ခုက ေဖာ္ျပေပးထားတာျဖစ္ပါတယ္။

ကဲ မိတ္ေဆြတို႔ေရာ ကားကို တရားမဝင္ေနရာေတြမွာ ရပ္ထားတာေတြ႕ရင္ ဘယ္လိုသင္ခန္စားမ်ိဳး ေပးခ်င္လဲ။ ဒီနည္းလမ္းေလးက မဆိုးဘူးေနာ္။

LEAVE A REPLY

Please enter your comment!
Please enter your name here