Home News ယာဉ်ကြောပိတ်ဆို့လို့ စောင့်ဆိုင်းနေရတဲ့အချိန်မှာ အမှိုက်ဆင်းကောက်နေတဲ့ တက္ကစီဒရိုင်ဘာအမျိုးသမီး

ယာဉ်ကြောပိတ်ဆို့လို့ စောင့်ဆိုင်းနေရတဲ့အချိန်မှာ အမှိုက်ဆင်းကောက်နေတဲ့ တက္ကစီဒရိုင်ဘာအမျိုးသမီး

0
28
တက္ကစီဒရိုင်ဘာအမျိုးသမီး

ဒီအကြောင်းအရာလေးကို မပြောပြခင်မှာ သင့်ရဲ့ တစ်ခဏတာအားလပ်တဲ့အချိန်တွေကို ဘယ်လိုကုန်ဆုံးစေသလဲဆိုတာ အရင်မေးပါရစေ။ များသောအားဖြင့်တော့ ဖုန်းသုံးရင်၊ စကားပြောရင်းနဲ့ဘဲ ဒီအချိန်ခဏတာကို ကုန်ဆုံးလိုက်ကြတာများပါတယ်။ ဒါပေမဲ့ အခုပြောပြမဲ့ အမျိုးသမီးကတော့ သူ့ရဲ့ အားတဲ့ အချိန်ခဏလေးအတွင်းမှာ အများကောင်းကျိုးအတွက် အမှိုက်ကောက်ပြီး အချိန်ကို ကုန်ဆုံးလိုက်ပါတယ်။

ဒီအဖြစ်ပျက်လေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့က စင်္ကာပူနိုင်ငံ မှာဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုဖြစ်ပြီး လူသားအားလုံး လေးစားစံထားရလောက်အောင် ကောင်းတဲ့ အဖြစ်အပျက်တစ်ခုလို့ ဆိုရမလိုပါပဲ။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး Wincent Chua ဆိုသူအမျိုးသမီးက facebook ပေါ်မှာ ဗီဒီယိုတစ်ပုဒ်တင်ခဲ့ပါတယ်။ ဒီ ဗီဒီယိုကို ချန်ဂီလေဆိပ် အမှတ်၄ ဂိတ်မှာရှိတဲ့ ယာဥ်တန်းတွေကြားထဲမှာ ၁နာရီနဲ့ ၄၇မိနစ် (AM) အချိန်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အချိန် ၄၄စက္ကန့်သာ ကြာတဲ့ ဒီဗီဒီယိုဖိုင်မှာ Silvercab မောင်းနှင်တဲ့ တက္ကစီဒရိုင်ဘာအမျိုးသမီးက အရှေ့က ယာဉ်တန်းကြီးကို စောင့်ဆိုင်းနေတဲ့အချိန် ကားပေါ်ကဆင်းပြီး အနီးနားမှာရှိတဲ့ စီကရက်ဖင်စီခံနဲ့ အမှိုက်တိုအမှိုက်စတွေကို လိုက်လံကောက်နေတာပဲဖြစ်ပါတယ်။ ပြီးတဲ့အခါ ဒီအမှိုက်တွေကိုစွန့်ပစ်ဖို့ ပလပ်စတစ်အိတ်တစ်လုံးရှာပြီး အိတ်ထဲထည့်ပါတယ်။

ဗီဒီယိုရိုက်ကူးသူ Wincent Chua ရဲ့ ပြောပုံအရ “ဒီအမျိုးသမီးအမှိုက်ကောက်နေတာ အချိန် ၁၅မိနစ်လောက်ရှိမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ ဗီဒီယိုစစရိုက်ချင်းမှာ ဒီအမျိုးသမီးက တစ်အိတ်ကောက်ပြီးလို့ နောက်ထပ် ပလပ်စတစ်အိတ်တောင် ယူနေပြီ” လို့ဆိုပါတယ်။”ကားတန်းကြီး ရွေ့တဲ့အခါ ကားပေါ်တက်ပြီး သူမရဲ့ကားကိုလည်း ရှေ့ကို လိုက်ရွေ့ပေးတယ်။ ခဏရပ်သွားပြီဆိုရင်တော့ ကားထဲက ပြန်ထွက်ပြီး အမှိုက်ပြန်ကောက်တယ်။”

“ကျွန်မ တကယ် အံ့သြသွားတယ်၊ ကားတန်းကြီးကလည်း ရှည်တော့ စောင့်ရတာလဲ ကြာတယ်လေ။ ဒီအချိန်မှာ ဖုန်းသုံးနေတာပဲဖြစ်ဖြစ်၊ အခြားလုပ်စရာတွေနဲ့ အချိန်ဖြုန်းလို့ရတာပဲ။ ဒါပေမဲ့ သူမက အဲ့ဒီလိုနည်းနဲ့ အချိန်မဖြုန်းဘူး။ ရရင်ရသလောက် ကားထဲကဆင်းပြီး အမှိုက်ထွက်ကောက်တယ်။ အမှိုက်ကောက်တာ သူမ အလုပ်မဟုတ်ပေမဲ့ သူလုပ်ခဲ့တယ်” လို့ဆိုပါတယ်။ ဒီလို ရှားပါပြီး အတုယူစရာ စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို အွန်လိုင်းသုံးစွဲသူတွေကလည်း ချီးမွမ်းတဲ့ မှတ်ချက်တွေ အပြည့်ပေးခဲ့ကြပါတယ်။

#Lifestyle_Myanmar

#Thar_Nage

လမ်းဘေးကနေ ကောက်ယူမွေးစားထားပြီး ကြီးလာမှ ဘာကောင်လဲဆိုတာ သိရ

Zawgyi fonts

ယာဥ္ေၾကာပိတ္ဆို႔လို႔ ေစာင့္ဆိုင္းေနရတဲ့အခ်ိန္မွာ အမွိုက္ဆင္းေကာက္ေနတဲ့ တကၠစီဒရိုင္ဘာအမ်ိဳးသမီး
ဒီအေၾကာင္းအရာေလးကို မေျပာျပခင္မွာ သင့္ရဲ့ တစ္ခဏတာအားလပ္တဲ့အခ်ိန္ေတြကို ဘယ္လိုကုန္ဆုံးေစသလဲဆိုတာ အရင္ေမးပါရေစ။ မ်ားေသာအားျဖင့္ေတာ့ ဖုန္းသုံးရင္၊ စကားေျပာရင္းနဲ႔ဘဲ ဒီအခ်ိန္ခဏတာကို ကုန္ဆုံးလိုက္ၾကတာမ်ားပါတယ္။ ဒါေပမဲ့ အခုေျပာျပမဲ့ အမ်ိဳးသမီးကေတာ့ သူ႔ရဲ့ အားတဲ့ အခ်ိန္ခဏေလးအတြင္းမွာ အမ်ားေကာင္းက်ိဳးအတြက္ အမွိုက္ေကာက္ၿပီး အခ်ိန္ကို ကုန္ဆုံးလိုက္ပါတယ္။

ဒီအျဖစ္ပ်က္ေလးဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂ရက္ေန႔က စကၤာပူနိုင္ငံ မွာျဖစ္သြားခဲ့တဲ့ အျဖစ္အပ်က္ေလးတစ္ခုျဖစ္ၿပီး လူသားအားလုံး ေလးစားစံထားရေလာက္ေအာင္ ေကာင္းတဲ့ အျဖစ္အပ်က္တစ္ခုလို႔ ဆိုရမလိုပါပဲ။ ဒီအေၾကာင္းအရာနဲ႔ပတ္သတ္ၿပီး Wincent Chua ဆိုသူအမ်ိဳးသမီးက facebook ေပၚမွာ ဗီဒီယိုတစ္ပုဒ္တင္ခဲ့ပါတယ္။ ဒီ ဗီဒီယိုကို ခ်န္ဂီေလဆိပ္ အမွတ္၄ ဂိတ္မွာရွိတဲ့ ယာဥ္တန္းေတြၾကားထဲမွာ ၁နာရီနဲ႔ ၄၇မိနစ္ (AM) အခ်ိန္က ရိုက္ကူးခဲ့တာျဖစ္ပါတယ္။

အခ်ိန္ ၄၄စကၠန္႔သာ ၾကာတဲ့ ဒီဗီဒီယိုဖိုင္မွာ Silvercab ေမာင္းႏွင္တဲ့ တကၠစီဒရိုင္ဘာအမ်ိဳးသမီးက အေရွ႕က ယာဥ္တန္းႀကီးကို ေစာင့္ဆိုင္းေနတဲ့အခ်ိန္ ကားေပၚကဆင္းၿပီး အနီးနားမွာရွိတဲ့ စီကရက္ဖင္စီခံနဲ႔ အမွိုက္တိုအမွိုက္စေတြကို လိုက္လံေကာက္ေနတာပဲျဖစ္ပါတယ္။ ၿပီးတဲ့အခါ ဒီအမွိုက္ေတြကိုစြန္႔ပစ္ဖို႔ ပလပ္စတစ္အိတ္တစ္လုံးရွာၿပီး အိတ္ထဲထည့္ပါတယ္။

ဗီဒီယိုရိုက္ကူးသူ Wincent Chua ရဲ့ ေျပာပုံအရ “ဒီအမ်ိဳးသမီးအမွိုက္ေကာက္ေနတာ အခ်ိန္ ၁၅မိနစ္ေလာက္ရွိမယ္ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္မ ဗီဒီယိုစစရိုက္ခ်င္းမွာ ဒီအမ်ိဳးသမီးက တစ္အိတ္ေကာက္ၿပီးလို႔ ေနာက္ထပ္ ပလပ္စတစ္အိတ္ေတာင္ ယူေနၿပီ” လို႔ဆိုပါတယ္။”ကားတန္းႀကီး ေရြ႕တဲ့အခါ ကားေပၚတက္ၿပီး သူမရဲ့ကားကိုလည္း ေရွ႕ကို လိုက္ေရြ႕ေပးတယ္။ ခဏရပ္သြားၿပီဆိုရင္ေတာ့ ကားထဲက ျပန္ထြက္ၿပီး အမွိုက္ျပန္ေကာက္တယ္။”

“ကၽြန္မ တကယ္ အံ့ၾသသြားတယ္၊ ကားတန္းႀကီးကလည္း ရွည္ေတာ့ ေစာင့္ရတာလဲ ၾကာတယ္ေလ။ ဒီအခ်ိန္မွာ ဖုန္းသုံးေနတာပဲျဖစ္ျဖစ္၊ အျခားလုပ္စရာေတြနဲ႔ အခ်ိန္ျဖဳန္းလို႔ရတာပဲ။ ဒါေပမဲ့ သူမက အဲ့ဒီလိုနည္းနဲ႔ အခ်ိန္မျဖဳန္းဘူး။ ရရင္ရသေလာက္ ကားထဲကဆင္းၿပီး အမွိုက္ထြက္ေကာက္တယ္။ အမွိုက္ေကာက္တာ သူမ အလုပ္မဟုတ္ေပမဲ့ သူလုပ္ခဲ့တယ္” လို႔ဆိုပါတယ္။ ဒီလို ရွားပါၿပီး အတုယူစရာ စိတ္ဓာတ္ရွိတဲ့ပုဂၢိဳလ္မ်ိဳးကို အြန္လိုင္းသုံးစြဲသူေတြကလည္း ခ်ီးမြမ္းတဲ့ မွတ္ခ်က္ေတြ အျပည့္ေပးခဲ့ၾကပါတယ္။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here