ယဥ်ကျေးသိမ်မွေ့ပြီး ပေါင်းသင်းဆက်ဆံရေးကို အလေးထားသူတွေ ပြုလုပ်လေ့ရှိတဲ့ အလေ့အကျင့်များ

0
855

ငယ်စဥ်ကတည်းကတော့ မိဘတွေ၊ ဆရာ၊ ဆရာမတွေက ယဥ်ကျေးသိမ်မွေ့ဖို့အတွက် အမြဲတမ်း ပြောဆိုဆုံးမလေ့ရှိကြပါတယ်။ အခုခေတ်မှာဆိုရင်လည်း ဓမ္မစကူးလ်တွေဖွင့်ပြီးတော့ ကိုယ့်ထက်အသက်ကြီးသူတွေကို ဘယ်လိုဆက်ဆံရမယ်ဆိုပြီးတော့ သင်ကြားပေးလျက်ရှိနေပါတယ်။ သို့သော်လည်း တစ်ချို့လူတွေအတွက်ကတော့ ဘယ်လောက်ပြောပြော နားတစ်ဖက်ကဝင်ပြီး နောက်တစ်ဖက်က ထွက်သွားတတ်စမြဲပါပဲ။

အိမ်၊ ကျောင်း၊ သင်တန်း၊ အလုပ်၊ စတဲ့ နေရာမျိုးစုံမှာ လူချစ်လူခင်ပေါပြီးတော့ လူအများက လေးစားသဘောကျရတဲ့သူတွေက လူအများကြားထဲမှာ ပြုမူတတ်တဲ့ အရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

“ကျေးဇူးပြုပြီး” နှင့် “ကျေးဇူးတင်ပါတယ်” ဆိုတာကို အမြဲပြောခြင်း

ကလေးအရွယ်မှာတည်းက လူကြီးတွေအများစုသင်ပေးလေ့ရှိတဲ့ စည်းမျဥ်းတစ်ခုကတော့ ကိစ္စတစ်ခုခုကို သူများကိုလုပ်စေချင်တဲ့အခါ ကျေးဇူးပြုပြီးဆိုတဲ့ စကားလေးနဲ့ အစချီပေးဖို့ရယ်၊ သူများဆီက အကူအညီယူပြီးတဲ့အခါ ကျေးဇူးစကားဆိုတတ်ဖို့ရယ်ပါပဲ။ ငယ်ငယ်ကြီးကြီး ကျေးဇူးတင်ထိုက်ပါက ကျေးဇူးစကားဆိုရမယ်ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။

ခွင့်ပြုချက်မရှိဘဲ သူများပစ္စည်းကိုမကိုင်ခြင်း

ယဥ်ကျေးမှုကို စောင့်ထိန်းသူတွေဟာဆိုရင် ခွင့်ပြုချက်မရှိဘဲနဲ့ သူများပစ္စည်းကို ကိုင်လေ့မရှိကြပါဘူး။ အချို့သူတွေက ကိုယ့်ပစ္စည်းကိုင်ရင် ကြိုက်လေ့မရှိဘူးဆိုတာကို နားလည်တဲ့အတွက်ကြောင့် မပြောမဆို ကိုင်မယ့်အစား အရင်ဆုံးခွင့်ပြုချက်တောင်းလေ့ရှိကြပါတယ်။

အမှားလုပ်မိတိုင်း ဝန်ခံခြင်း

လူတိုင်းက အမှားနဲ့မကင်းပါဘူး။ အမှားလုပ်မိတာဟာ ရယ်စရာမဟုတ်ပေမယ့်လည်း လူမှုရေးသိတတ်သူတွေဟာ ကိုယ်လုပ်မိတဲ့အမှားကို အသိအမှတ်ပြုပြီးတော့ ကိုယ့်အမှားအတွက်လည်း တာဝန်ယူတတ်ကာ အမှန်ကိုပြင်လေ့ရှိကြပါတယ်။

ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မမေးမြန်းခြင်း

လူတစ်ယောက်အကြောင်းကို ပိုသိချင်တဲ့အချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မေးတာဟာ သင့်တော်တဲ့ မေးခွန်းတွေမဟုတ်ပါဘူး။ သူများနဲ့ပတ်သက်လို့ အသေးစိတ်ကို အရမ်းသိချင်နေရင်တောင်မှ တစ်ဖက်လူက လိုလိုလားလားနဲ့ အရင်ပြောပြတာကို စောင့်နေလိုက်ပါ။

အမှန်ပြင်ပေးမှုကို လိုလိုလားလား လက်ခံခြင်း

လူမှုရေးသိတတ်သူတွေဟာ တစ်ခုခုနဲ့ပတ်သက်လို့ သူမသိဘူးဆိုရင် မသိတဲ့အကြောင်းကို အမှန်အတိုင်း ဝန်ခံတတ်ကြပြီး မေးခွန်းမေးတတ်ကြပါတယ်။ ဒီလိုပြုမူလို့ သူများကဲ့ရဲ့ခံရမှာကို ကြောက်နေမယ့်အစား ရဲရဲဝင့်ဝင့် မေးလိုက်ပါ။

သူများစကားပြောနေချိန် ကြားဖြတ်မပြောခြင်း

တစ်ဖက်လူက စကားပြောနေချိန်မှာ ပြီးအောင်မစောင့်ဘဲနဲ့ ကြားဖြတ်ဝင်ပြောခြင်းဟာ တချို့လူတွေအတွက်တော့ ရိုင်းတဲ့အပြုအမူလို့ ယူဆကြပါတယ်။ ကိုယ်ပြောမယ့်စကားကို တွေးနေတာထက် သူများပြောနေတဲ့ စကားကို အာရုံစိုက်နားထောင်ကာ ပြောလို့ပြီးတဲ့အထိစောင့်ပေးပါ။

အတင်းမတုပ်ခြင်း

တစ်ဖက်သားနဲ့ပတ်သက်လို့ ဝေဖန်မှုတွေပြောချင်ကြတာဟာ လူ့သဘာဝပါ။ သူများကို ဝေဖန်ရုံသာမက အခြားသူတွေကိုလည်း လိုက်ပြီးပြောတတ်ကြပါသေးတယ်။ ယဥ်ကျေးမှုရှိသူတွေဟာ ဘယ်လိုဝေဖန်မှုမှမပြောဘဲ တစ်ဖက်လူရဲ့နေရာကနေ နေကြည့်ပြီးတော့ကို နားလည်ပေးတတ်ပါတယ်။

Lifestyle_Myanmar

Thinzar

Source-rd.com

ယဥ္ေက်းသိမ္ေမြ႕ၿပီး ေပါင္းသင္းဆက္ဆံေရးကို အေလးထားသူေတြ ျပဳလုပ္ေလ့ရွိတဲ့ အေလ့အက်င့္မ်ား
ငယ္စဥ္ကတည္းကေတာ့ မိဘေတြ၊ ဆရာ၊ ဆရာမေတြက ယဥ္ေက်းသိမ္ေမြ႕ဖို႔အတြက္ အၿမဲတမ္း ေျပာဆိုဆုံးမေလ့ရွိၾကပါတယ္။ အခုေခတ္မွာဆိုရင္လည္း ဓမၼစကူးလ္ေတြဖြင့္ၿပီးေတာ့ ကိုယ့္ထက္အသက္ႀကီးသူေတြကို ဘယ္လိုဆက္ဆံရမယ္ဆိုၿပီးေတာ့ သင္ၾကားေပးလ်က္ရွိေနပါတယ္။ သို႔ေသာ္လည္း တစ္ခ်ိဳ႕လူေတြအတြက္ကေတာ့ ဘယ္ေလာက္ေျပာေျပာ နားတစ္ဖက္ကဝင္ၿပီး ေနာက္တစ္ဖက္က ထြက္သြားတတ္စၿမဲပါပဲ။
အိမ္၊ ေက်ာင္း၊ သင္တန္း၊ အလုပ္၊ စတဲ့ ေနရာမ်ိဳးစုံမွာ လူခ်စ္လူခင္ေပါၿပီးေတာ့ လူအမ်ားက ေလးစားသေဘာက်ရတဲ့သူေတြက လူအမ်ားၾကားထဲမွာ ျပဳမူတတ္တဲ့ အရာေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

“ေက်းဇူးျပဳၿပီး” ႏွင့္ “ေက်းဇူးတင္ပါတယ္” ဆိုတာကို အၿမဲေျပာျခင္း

ကေလးအ႐ြယ္မွာတည္းက လူႀကီးေတြအမ်ားစုသင္ေပးေလ့ရွိတဲ့ စည္းမ်ဥ္းတစ္ခုကေတာ့ ကိစၥတစ္ခုခုကို သူမ်ားကိုလုပ္ေစခ်င္တဲ့အခါ ေက်းဇူးျပဳၿပီးဆိုတဲ့ စကားေလးနဲ႔ အစခ်ီေပးဖို႔ရယ္၊ သူမ်ားဆီက အကူအညီယူၿပီးတဲ့အခါ ေက်းဇူးစကားဆိုတတ္ဖို႔ရယ္ပါပဲ။ ငယ္ငယ္ႀကီးႀကီး ေက်းဇူးတင္ထိုက္ပါက ေက်းဇူးစကားဆိုရမယ္ဆိုတာကို ဘယ္ေတာ့မွမေမ့ပါနဲ႔။

ခြင့္ျပဳခ်က္မရွိဘဲ သူမ်ားပစၥည္းကိုမကိုင္ျခင္း

ယဥ္ေက်းမႈကို ေစာင့္ထိန္းသူေတြဟာဆိုရင္ ခြင့္ျပဳခ်က္မရွိဘဲနဲ႔ သူမ်ားပစၥည္းကို ကိုင္ေလ့မရွိၾကပါဘူး။ အခ်ိဳ႕သူေတြက ကိုယ့္ပစၥည္းကိုင္ရင္ ႀကိဳက္ေလ့မရွိဘူးဆိုတာကို နားလည္တဲ့အတြက္ေၾကာင့္ မေျပာမဆို ကိုင္မယ့္အစား အရင္ဆုံးခြင့္ျပဳခ်က္ေတာင္းေလ့ရွိၾကပါတယ္။

အမွားလုပ္မိတိုင္း ဝန္ခံျခင္း

လူတိုင္းက အမွားနဲ႔မကင္းပါဘူး။ အမွားလုပ္မိတာဟာ ရယ္စရာမဟုတ္ေပမယ့္လည္း လူမႈေရးသိတတ္သူေတြဟာ ကိုယ္လုပ္မိတဲ့အမွားကို အသိအမွတ္ျပဳၿပီးေတာ့ ကိုယ့္အမွားအတြက္လည္း တာဝန္ယူတတ္ကာ အမွန္ကိုျပင္ေလ့ရွိၾကပါတယ္။

ကိုယ္ေရးကိုယ္တာ ကိစၥေတြကို မေမးျမန္းျခင္း

လူတစ္ေယာက္အေၾကာင္းကို ပိုသိခ်င္တဲ့အခ်ိန္မွာ ကိုယ္ေရးကိုယ္တာကိစၥေတြကို ေမးတာဟာ သင့္ေတာ္တဲ့ ေမးခြန္းေတြမဟုတ္ပါဘူး။ သူမ်ားနဲ႔ပတ္သက္လို႔ အေသးစိတ္ကို အရမ္းသိခ်င္ေနရင္ေတာင္မွ တစ္ဖက္လူက လိုလိုလားလားနဲ႔ အရင္ေျပာျပတာကို ေစာင့္ေနလိုက္ပါ။

အမွန္ျပင္ေပးမႈကို လိုလိုလားလား လက္ခံျခင္း

လူမႈေရးသိတတ္သူေတြဟာ တစ္ခုခုနဲ႔ပတ္သက္လို႔ သူမသိဘူးဆိုရင္ မသိတဲ့အေၾကာင္းကို အမွန္အတိုင္း ဝန္ခံတတ္ၾကၿပီး ေမးခြန္းေမးတတ္ၾကပါတယ္။ ဒီလိုျပဳမူလို႔ သူမ်ားကဲ့ရဲ႕ခံရမွာကို ေၾကာက္ေနမယ့္အစား ရဲရဲဝင့္ဝင့္ ေမးလိုက္ပါ။

သူမ်ားစကားေျပာေနခ်ိန္ ၾကားျဖတ္မေျပာျခင္း

တစ္ဖက္လူက စကားေျပာေနခ်ိန္မွာ ၿပီးေအာင္မေစာင့္ဘဲနဲ႔ ၾကားျဖတ္ဝင္ေျပာျခင္းဟာ တခ်ိဳ႕လူေတြအတြက္ေတာ့ ႐ိုင္းတဲ့အျပဳအမူလို႔ ယူဆၾကပါတယ္။ ကိုယ္ေျပာမယ့္စကားကို ေတြးေနတာထက္ သူမ်ားေျပာေနတဲ့ စကားကို အာ႐ုံစိုက္နားေထာင္ကာ ေျပာလို႔ၿပီးတဲ့အထိေစာင့္ေပးပါ။

အတင္းမတုပ္ျခင္း

တစ္ဖက္သားနဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြေျပာခ်င္ၾကတာဟာ လူ႔သဘာဝပါ။ သူမ်ားကို ေဝဖန္႐ုံသာမက အျခားသူေတြကိုလည္း လိုက္ၿပီးေျပာတတ္ၾကပါေသးတယ္။ ယဥ္ေက်းမႈရွိသူေတြဟာ ဘယ္လိုေဝဖန္မႈမွမေျပာဘဲ တစ္ဖက္လူရဲ႕ေနရာကေန ေနၾကည့္ၿပီးေတာ့ကို နားလည္ေပးတတ္ပါတယ္။

Lifestyle_Myanmar

Thinzar

Source-rd.com

LEAVE A REPLY

Please enter your comment!
Please enter your name here