Home Health & Beauty ယနေ့ခေတ်လူတွေ ပြုလုပ်ကြတဲ့ ထူးထူးခြားခြား ပလတ်စတစ်ဆာဂျရီများ
ယနေ့ခေတ်လူတွေ ပြုလုပ်ကြတဲ့ ထူးထူးခြားခြား ပလတ်စတစ်ဆာဂျရီများ
0
151
နှုတ်ခမ်းဖူးဖူးလေးဖြစ်အောင် filler(သို့) Botox ထိုးတာ၊ ရင်သားခွဲစိတ်တာ စတဲ့အလှအပဆိုင်ရာ နည်းလမ်းတွေနဲ့ ရေပန်းအစားဆုံး ပလတ်စတစ် ဆာဂျရီတွေအကြောင်းကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာ အလှအပနှင့် ပတ်သတ်လာရင် ထူးဆန်းတဲ့ လုပ်ထုံးလုပ်နည်းတွေ အများကြီးရှိလာကြသလို လူတွေဟာ အလှအပအတွက် ပုံမှန်မဟုတ်သော beauty procedures တွေဖြင့် ပြုပြင်လာကြတာကို တွေ့ရပါတယ်။ ဘယ်လိုအရာတွေကို ခွဲစိတ်ပြုပြင်လာကြသလဲ ဆိုတာ ကြည့်လိုက်ပါဦးနော်။
-Advertisement-
၁။ မျက်တောင် အစားထိုးခွဲစိတ်ခြင်း
ခေါင်းပေါ်က ဆံပင်ကို အစားထိုးတာပဲ ကြားဖူးပါတယ်နော်။ ဒါပေမယ့် ယခု သင့်မျက်ခမ်းပေါ်မှာ မျက်တောင် အစားထိုးလို့ ရနေပါပြီ။ ဒီဝန်ဆောင်မှုက မျက်တောင်ပါးတဲ့သူတွေ၊ အသက်အရွယ်ကြောင့် မျက်တောင်ကျွတ်တဲ့သူတွေ အကြားမှာ ရေပန်းစားနေပါတယ်။
၂။ ခြေချောင်း ပြင်ဆင်ခြင်း
တခြားသူတွေက ခြေချောင်းရှည်ရှည် ဖြောင့်ဖြောင့်လေးတွေ လိုချင်တဲ့အချိန်မှာ တချို့ကာစတန်မာတွေက ခြေချောင်းတိုတိုလေးတွေ လိုချင်ကြပါတယ်။ ခြေဆစ်ကားထွက်နေတဲ့သူတွေ၊ ခြေချောင်းအတိုအရှည် မညီတဲ့သူတွေ ပြုပြင်လို့ရနေပါပြီ။
၃။ ချက် ပလပ်စတစ်ဆာဂျရီလုပ်ခြင်း
လူအများစုက သူတို့ချက်ရဲ့ ပုံသဏ္ဍာန်နှင့်ပတ်သတ်ပြီး ကသိကအောက်ဖြစ်ကြောင်း ဆိုကြပါတယ်။ ချက်စူလို့ ဘယ်သူမှ အခေါ်မခံချင်ကြပါဘူး။ ယနေ့ခေတ်မှာ tummy tuck ကဲ့သို့သော ချက်ကို အတွင်းထဲထည့်ပြီး ခွဲစိတ်ပြုပြင်လို့ ရနေပါပြီ။
၄။ မျက်လုံးအရောင်ပြောင်းခြင်း
ဒါက မျက်ကပ်မှန်အကူအညီနှင့် ပြုလုပ်လို့ ရနိုင်သော်လည်း ခေတ်သစ် ဆေးပညာက သင့်ရဲ့မျက်လုံးအရောင်ကို အပြီးအပိုင် အရောင်ပြောင်းပေးနိုင်ပါပြီ။
၅။ သွားဖုံးမပေါ်ဘဲ ပြုံးလို့ရနေပါပြီ
အဆိုပါ အော်ပရေးရှင်းကို gingivectomy လို့ခေါ်ပြီး အခြေအနေအမျိုးမျိုးမှာ လိုချင်တဲ့ အကျိုးသက်ရောက်မှုကို Botox ထိုးခြင်း၊ နှုတ်ခမ်းခွဲစိတ်ပြုပြင်ခြင်း (သို့) သွားဖုံးတစ်ရှူးအပိုတွေကို ဖယ်ရှားခြင်းဖြင့် ရယူနိုင်ပါပြီ။
၆။ အသံပြောင်းခြင်း
အခြေခံအားဖြင့် အသံကြိုးတွေကို ပင့်ပေးတဲ့ အဆိုပါ procedure ဟာ အသက်အရွယ်ကြီးလာတာနဲ့အမျှ အသံပြောင်းလာတာကို မကြိုက်တဲ့သူတွေ စိတ်ဝင်စားပါလိမ့်မယ်။ သို့သော်လည်း ဒီခွဲစိတ်မှုက ယာယီအကျိုးသက်ရောက်မှုသာ ဖြစ်ထွန်းပါတယ်။
၇။ ခြေထောက်ရှည်အောင် ပြုလုပ်ခြင်း
ဂျပုတွေအတွက်တော့ ဝမ်းသာစရာပါပဲ။ အံသြစရာကောင်းတာက အရပ်ရှည်လာစေတဲ့ ဒီအော်ပရေးရှင်းဟာ အမျိုးသမီးတွေထက် အမျိုးသားတွေကြားမှာ အရမ်းရေပန်းစားပါတယ်။ သို့သော် ဒီလုပ်နည်းက အရမ်း အရမ်းကို နာကျင်ပါတယ်တဲ့။
သင်မြင်တွေ့ရသလိုပါပဲ။ ယနေ့ခေတ်မှာ လုပ်ချင်တဲ့ဆန္ဒနှင့် ပိုက်ဆံသာရှိရင် မည့်သည့်အားနည်းချက်မဆို ဖြေရှင်းနိုင်ပါပြီ။
Lifestyle_Myanmar
LM_Nandar
ZawGyi
ယနေ့ခေတ်လူတွေ ပြုလုပ်တတ်ကြတဲ့ ထူးထူးခြားခြား ပလတ်စတစ်ဆာဂျရီများ
၆။ အသံပြောင်းခြင်း
Lifestyle_Myanmar
LM_Nandar
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here