ယင္ေကာင္ေတြရဲ႕ ရန္ကကင္းေဝးဖို႔အတြက္ လြယ္ကူတဲ့ေထာင္ေခ်ာက္တစ္ခု ျပဳလုပ္မယ္

0
45

ကိုယ့္ရဲ႕အိမ္မွာ ယင္ေကာင္ေတြရွိေနတာကို လူတိုင္းမႏွစ္ၿမိဳၾကပါဘူး။ ယင္ေကာင္ေတြ ရွိေနတဲ့အတြက္ စိတ္အေႏွာက္အယွက္ျဖစ္႐ုံသာမက က်န္းမာေရးအတြက္လည္း ဆိုးက်ိဳးေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒီလိုယင္ေကာင္ေတြကို ရွင္းလင္းဖို႔အတြက္ ပလပ္စတစ္ေရဗူးတစ္ခုကို အသုံးျပဳၿပီး ေထာင္ေခ်ာက္ျပဳလုပ္ပုံကို မွ်ေဝေပးပါမယ္။
ပထမဆုံး ပလပ္စတစ္ေရဗူးရဲ႕ အေပၚပိုင္းနားေနာက္ကေန ျဖတ္ပါ။ ၿပီးလွ်င္ေခါင္းကိုေဇာက္ထိုးပုံစံနဲ႔ ဗူးထဲမွာစြပ္ၿပီး ေဘးနားေတြကို တိတ္အၾကည္နဲ႔ လုံေအာင္ပိတ္ထားပါ။ ၿပီးလွ်င္ ရွာလကာရည္အျဖဴ သို႔မဟုတ္ သၾကားေဖ်ာ္ရည္ကို ဗူးထဲထည့္ၿပီး ပန္းသီးသို႔မဟုတ္ အခ်ိဳျပင္းတဲ့ အရာသစ္သီးေတြကို အတုံးေလးေတြတုံးၿပီး ဗူးထဲထည့္ထားပါ။

ဗူးထဲက ရွာလကာရည္နဲ႔ ပန္းသီးရဲ႕အနံက ယင္ေကာင္ေတြကို ဆြဲေဆာင္ႏိုင္ၿပီး သူတို႔လြယ္ကူစြာနဲ႔ ဗူးထဲကို ဝင္ပါလိမ့္မယ္။ ဒါေပမယ့္ ျပန္ထြက္ဖို႔အတြက္ေတာ့ သူတို႔အတြက္ အရမ္းကိုခက္ခဲမွာပါ။ ယင္ေကာင္ေတြကို မွ်ားဖို႔အတြက္ ဗူးထဲကိုအစားအစာေတြထည့္တဲ့အခါ ကိုယ့္ရဲ႕အိမ္နဲ႔ ေဘးအိမ္ေတြကိုအနံ႔နဲ႔ အေႏွာက္အယွက္မျဖစ္ေစတဲ့ အရာေတြကိုသာထည့္ဖို႔ မေမ့ပါနဲ႔။

LM_Naung_Naung

Lifestyle_Myanmar

ကိုယ့်ရဲ့အိမ်မှာ ယင်ကောင်တွေရှိနေတာကို လူတိုင်းမနှစ်မြိုကြပါဘူး။ ယင်ကောင်တွေ ရှိနေတဲ့အတွက် စိတ်အနှောက်အယှက်ဖြစ်ရုံသာမက ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုယင်ကောင်တွေကို ရှင်းလင်းဖို့အတွက် ပလပ်စတစ်ရေဗူးတစ်ခုကို အသုံးပြုပြီး ထောင်ချောက်ပြုလုပ်ပုံကို မျှဝေပေးပါမယ်။
ပထမဆုံး ပလပ်စတစ်ရေဗူးရဲ့ အပေါ်ပိုင်းနားနောက်ကနေ ဖြတ်ပါ။ ပြီးလျှင်ခေါင်းကိုဇောက်ထိုးပုံစံနဲ့ ဗူးထဲမှာစွပ်ပြီး ဘေးနားတွေကို တိတ်အကြည်နဲ့ လုံအောင်ပိတ်ထားပါ။ ပြီးလျှင် ရှာလကာရည်အဖြူ သို့မဟုတ် သကြားဖျော်ရည်ကို ဗူးထဲထည့်ပြီး ပန်းသီးသို့မဟုတ် အချိုပြင်းတဲ့ အရာသစ်သီးတွေကို အတုံးလေးတွေတုံးပြီး ဗူးထဲထည့်ထားပါ။ ဗူးထဲက ရှာလကာရည်နဲ့ ပန်းသီးရဲ့အနံက ယင်ကောင်တွေကို ဆွဲဆောင်နိုင်ပြီး သူတို့လွယ်ကူစွာနဲ့ ဗူးထဲကို ဝင်ပါလိမ့်မယ်။ ဒါပေမယ့် ပြန်ထွက်ဖို့အတွက်တော့ သူတို့အတွက် အရမ်းကိုခက်ခဲမှာပါ။ ယင်ကောင်တွေကို မျှားဖို့အတွက် ဗူးထဲကိုအစားအစာတွေထည့်တဲ့အခါ ကိုယ့်ရဲ့အိမ်နဲ့ ဘေးအိမ်တွေကိုအနံ့နဲ့ အနှောက်အယှက်မဖြစ်စေတဲ့ အရာတွေကိုသာထည့်ဖို့ မမေ့ပါနဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here