လူတိုင်းလူတိုင်းဘဝမှာ စိတ်ဓာတ်ကျရတဲ့ အခိုက်အတန့်မျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ စိတ်ဓာတ်ကျတဲ့ ဝေဒနာဟာ တကယ်ကို ခံရခက်စေပါတယ်။ စိတ်ဓာတ်ကျနေပြီဆိုရင် အရာရာတိုင်းကို အကောင်းမြင်နိုင်စွမ်းမရှိတော့ပဲ ပိုဆိုးတဲ့အခြေအနေဘက်ကို ဦးတည်သွားနေမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ စိတ်ဓာတ်ကျခြင်းကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကိုအားပေးပါ
မိမိကိုယ်သာ အားကိုးရာဆိုတဲ့စကားက အရမ်းကိုအဓိပ္ပါယ် ပြည့်ဝလွန်းပါတယ်။ ကိုယ်လဲကျတဲ့အခါ ကိုယ်တိုင်ပဲပြန်ထကြရတာပါ။ ကိုယ့်ကိုယ်ကိုလောက် ဘယ်သူကမှ ကိုယ့်အပေါ်နားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုချစ်ပါ။ ကိုယ်ကိုယ့်ကိုအားပေးပါ။

(၂) လှုပ်လှုပ်ရှားရှားနေပါ
လူအများစု စိတ်ဓာတ်ကျပြီဆိုရင် အခန်းထဲအောင်းနေတာမျိုး တစ်နေကုန် အိပ်လိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်လှုပ်ရှားမှုမရှိပဲ မှိုင်တွေနေခြင်းက စိတ်ဓာတ်ကျခြင်းကို အဆုံးထိဆွဲခေါ်သွားစေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျတဲ့အခါ မှိုင်မနေပါနဲ့။ အားကစားတစ်ခုခု လုပ်ဆောင်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားလုပ်ပေးပါ။

(၃) မကောင်းတဲ့အတွေးတွေထုတ်ပစ်ပါ
စိတ်ဓာတ်ကျနေချိန်မှာ အရာရာတိုင်းက အဆိုးတွေပဲ မြင်တတ်ကြတာ သဘာဝတစ်ခုပါပဲ။ ဒါပေမယ့် အဲ့ဒီအဆိုးတွေကို မြင်တတ်လာတာကလည်း ကိုယ်ရဲ့ စိတ်ကြောင့်ပါ။ ဒါကြောင့် စိတ်ဓာတ်ကျနေရင် ကိုယ့်ရဲ့စိတ်ကို ဖိအားတွေထပ်မပေးမိပါစေနဲ့။ မကောင်းတဲ့ အတွေးတွေ မကောင်းတဲ့အကြောင်းအရာတွေကို ခေါင်းထဲက တတ်နိုင်သလောက် ထုတ်ပစ်ပါ။

(၄) သူငယ်ချင်းတွေနဲ့ တွေ့ပါ
စိတ်ဓာတ်ကျနေချိန်မှာ တစ်ယောက်တည်း နေထိုင်ရတာပိုပြီး အဆင်ပြေတယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျခြင်းနဲ့အတူ အထီးကျန်ခြင်းဆိုတာကလည်း ကပ်ပါလာတတ်တာကြောင့် တစ်ယောက်တည်းနေတာဟာ သင့်ကိုပိုပြီးခံစားချက်အဆိုးတွေ ဖြစ်ပေါ်စေနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေချိန် ကိုယ်အခင်ရဆုံး သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တွေ့ဆုံပါ။ သူတို့နဲ့ စကားပြောပါ။ အကြံဉာဏ်ကောင်းတွေ တောင်းကြည့်ပါ။

Lifestyle_Myanmar
ref-lifehack