မှားယွင်းနေတဲ့ နှလုံးသားတစ်ခုအတွက် သင်ခန်းစာများ

    0
    324

    သင့်ကို မချစ်တဲ့ သူအတွက် သင်ဘယ်တော့ မျှ လုံလောက်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ နွေးထွေးမှုက သင့်အတွက် မဟုတ်တဲ့ နှလုံးသားတစ်စုံအတွက် ဘယ်တော့မှ မဖျောက်ဖျက်နိုင်ဘူး ၊ တစ်ခြားတစ်ယောက်ယောက်ကို ရှာဖွေနေသော စိတ်၀ိညာဥ်ထဲသို့ သင်ရဲ့ မျက်စိက ဘယ်တော့မှ မမြင်နိုင်တော့ပါဘူး၊ သင် ကြားချင်သော အရာအားလုံးကို ကြားနိုင်သော်လည်း သင့်အရိုးတွင်းချဥ်ဆီထဲတွင်တော့ သင်ခံစားရမည်မဟုတ်ပါဘူး။

    -Advertisement-

    သင်ဟာ အမြဲတမ်းပွေ့ဖက်ကိုင်ထားသောသူဖြစ်လိမ့်မည်။ သင့်နှုတ်ခမ်းပေါ်မှာ သူတို့ရဲ့ အနမ်းတွေဟာ ကြာလာတဲ့ အခါ မေ့ပျောက်သွားလိမ့်မည်။ သင်ဟာ မီလီယံပေါင်းများစွာသော ချစ်မေတ္တာစာတွေ ရေးသားနိုင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ စကားလုံးအတိမ်အနက်တွေကို သူတို့ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ သူတို့ရဲ့ သန်းပေါင်းများစွာသော ခံစားမှုများကို နည်းမျိုးစုံဖြင့် ရှင်းပြနိုင်ပါတယ်။ ဒါပေမယ့် သူတို့က သင့်ကို ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ပါဘူး။

    အဲဒီ့အခါမှာ သင်က သင့်ဆင်ခြေတွေ စတင်ပါလိမ့်မယ်။ ပထမတော့ သင်လုပ်နေတာတွေကို သင်ကိုယ်တိုင်တောင် သတိမထားမိဘူး။ ဆင်ခြေတွေက သင့်ကို ခံစားလို့ ကောင်းစေတယ်လေ။ သူတို့အရမ်းအလုပ်များနေတယ်လို့ သင်ကိုယ်တိုင် ပြောပြလိမ့်မယ်။ သူတို့မှာ အရမ်းအရေးကြီးတဲ့ ဦးစားပေးအစီအစဥ်တွေ ရှိတယ်။ ဒါကြောင့်မို့လို့ သူတို့ထဲက တစ်ယောက်ဖြစ်တဲ့အတွက် သင့်အနေနဲ့ သူတို့ကို ကျေးဇူတင်ဖြစ်သင့်ပါတယ်။ သူတို့ဘ၀မှာ သင့်ရဲ့ သဲလွန်စတွေသာ မရှိခဲ့ဘူးဆိုရင် သူတို့ဟာ တကယ့်ပုဂ္ဂလိကပိုင်ပါပဲ။ သင့်အနေနဲ့ တာ၀န်ယူမှုတွေနှင့် ပြည့်နှက်နေသော ဘ၀နှင့်အတူ သင့်ရဲ့ ဆင်ခြေတွေဟာ အဓိပ္ပာယ်မရှိကြောင်း သင်သေချာလာပါလိမ့်မယ်။

    ထိုအခါ သင်ဟာ ကိုယ့်ကိုယ်ကို အပြစ်တွေစတင်လာပါလိမ့်မယ်။ သင်ကိုယ်တိုင်နှင့် သင်ရဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြဖို့ သင်ကြိုးစားလုပ်ဆောင်ပါလိမ့်မယ်။ သင်မှားတယ်လို့ မခံစားရဘူးဆိုရင်တောင် ပထမဦးဆုံးတောင်းပန်မယ့်သူဖြစ်လာလိမ့်မယ်။ သင်ဟာ သင့်ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ သူတို့ကို တောင်းဆိုခြင်းကို ရပ်တန့်ပြီး သူတို့ရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ သာ အာရုံစိုက်လာပါလိမ့်မယ်။

    မလုံလောက်သေးတဲ့ အခါသင်အံ့အားသင့်သွားပါလိမ့်မည်။ သူတို့က သင့်ရဲ့ ဖြစ်တည်မှုကို တအံ့တဩဖြင့် တစ်နေ့မှ ရုတ်တရက်နှိုးမည်မဟုတ်ပါ။ သူတို့က သင်ရဲ့ ချစ်ခြင်းမေတ္တာနှင့် ကတိက၀တ်ကို ၀န်ခံမည်မဟုတ်ပါဘူး။ တကယ်တော့ တစ်နေ့ မှာ သူတို့ဟာ သင့်အတွက် ဘာမှ လုပ်ပေးမှာ မဟုတ်ပါဘူး။ သူတို့ဟာ သင့်ကို နှုတ်ဆက်စကားလေးတောင် မပြောဘဲ တိတ်ဆိတ်စွာ ရည်ရွယ်ချက်ရှိရှိ ချန်ရစ်ထားခဲ့မယ်။ သူတို့အတွက် သင်ဟာ မလုံလောက်ဘူး၊ ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးဆိုတာ သင့်ကို သတိပေးခဲ့ခြင်းပါပဲ။

    သင့်ကို မချစ်လို့ သူတို့ကို အပြစ်မတင်ပါနဲ့။ ဒီတစ်ခါလည်း သူတို့က သင့်ကို ချစ်တယ်လို့ ထင်ခဲ့ပေမယ့် မလုံလောက်ပါဘူး။
    ချစ်ခြင်းမေတ္တာဆိုတာ သင်စမ်းသပ်ရမယ့် အရာမဟုတ်ပါဘူး။ တစ်ယောက်ယောက်က သင့်ကို ချစ်တဲ့ အချိန်မှာ သင်သိလာပါလိမ့်မယ်။

    တစ်နေ့မှာ တန်ဖိုးထားခံရမယ့် သင်ပေးရမယ့် မေတ္တာအားလုံးကို အာရုံစိုက်ပါ။ ဆက်ဆံရေးကို နောင်တရခြင်းက အချိန်ဖြုန်းတီးရာရောက်ပြီး အတိတ်ကာလက သင့်ကို ပိတ်မိစေပါလိမ့်မယ်။ မင်းအကောင်းဆုံးလုပ်ခဲ့တယ်။ မင်းလုပ်နိုင်သမျှပဲ။


    ကျန်းမာသော ဆက်ဆံရေးဆိုတာ ရိုးရှင်းသော ကတိက၀တ်၊ သနားခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ဖြင့် ဖွံ့စည်းထားခြင်းဖြစ်ပါတယ်။ သူတို့က အမြဲတမ်း အဆင်ပြေမယ့်၊ မပျော်နိုင်ရင်တောင် တစ်ယောက်ကို တစ်ယောက် အမြဲတမ်း ပွင့်လင်းနေသော လူနှစ်ယောက်က ဖန်တီးပါတယ်။ အတူတကွ ဘ၀လှိုင်းများကို စီးကြတယ်။

    Lifestyle_Myanmar

    Nyein_Thu

    sources- thoughtcatalog.

    LEAVE A REPLY

    Please enter your comment!
    Please enter your name here